အပိုင်း ၁၇
Viewers 29k

Chapter 17


ဟန်ယွဲ့သည် ရှအန်းကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။

‘’ရှအန်း.. ထိုင်ပါ .. ထိုင်ပါ..’’


ဟန်ယွဲ့၏ စိတ်အားထက်သန်မှုကို ကြည့်ပြီး ရှအန်း သတိဝင်သွားသည်။


ရှအန်းက နေရာသေးသေးလေးမှ ဟောင်းနွမ်းနေသည့် ကုမ္ပဏီကို အစောကတည်းက သံသယဝင်နေပြီးဖြစ်သည်။ ယခုတွင် ဥက္ကဋ္ဌဟန် ၏ သူမကို စိတ်အားထက်သန်စွာ ကြိုဆိုနေသည့်ပုံက သူမကိုပို၍အတွေးပွားစေမိသည်။


သို့သော် ပိုက်ဆံလိုနေသော ရှအန်းက နောက်သို့လှည့်ကာ ထွက်ခွာရန် မစဉ်းစားချေ။ သူမသည် ရှရှင်းချန်၏ လက်လေးအားကိုင်လျက်ပင် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။


ထိုအချိန်မှ ရှအန်းကို တချိန်လုံးအာရုံထားနေသည့် ဟန်ယွဲ့က သူမ ကလေးနှင့်အတူလာမှန်း သတိထားမိသွားသည်။


‘’ဒါက..’’

ရှအန်းဘေးတွင် လက်ရာမြောက်သောအလှတရားဖြင့် ထိုင်နေသော အကောင်ပေါက်လေးကို တွေ့လိုက်သည်။ ထိုကလေးသည် တရားမဝင်ကလေးဖြစ်မည်ဟု ဟန်ယွဲ့ နားလည်လိုက်သည်။


‘’ ကျွန်မသားပါ…’’ 

ရှအန်း ရှက်ရွံ့မှုမရှိပဲ တိုက်ရိုက်ပြောလိုက်သည်။


ရှအန်း၏ တဲ့တိုးဆန်သည့်အပြောများကြောင့် သူမသည် သတင်းတွင်ဖော်ပြထားသည်နှင့် အတော်လေးမတူညီသည်ကို ဟန်ယွဲ့ ရုတ်တရက်ခံစားလိုက်ရသည်။


သူရှေ့မှ ရှအန်းသည် ကောလဟာလများနှင့် လုံးဝကွဲပြားသည်။

‘’ကလေး… နာမည်ဘယ်လိုခေါ်လဲ…’’


ထိုကလေးက အရမ်းချစ်ဖို့ကောင်းသည့်အတွက် ဟန်ယွဲ့သည် အပြုံးဖြင့် စလိုက်သည်။


ရှရှင်းချန်သည် ရှအန်းမှလွဲ၍ တခြားသူများအား ဂရုမစိုက်သည်ဖြစ်ရာ ဟန်ယွဲ့ကို လှည့်ပင်မကြည့်ပေ။


‘’….. ‘’


သူ ဟန်ယွဲ့ကို တိတ်တဆိတ်တစ်ချက်ကြည့်လိုက်ပြီး ရှအန်းကို ပြန်ကြည့်ပြီးမှ ပြောလိုက်သည်။

 ‘’ ဟိုင်း အန်ကယ်… သားနာမည်က ရှရှင်းချန်ပါ… ပြီးတော့ သားမာမားက အဲ့နာမည်ကို ပေးထားတာ..’’


ထိုစကားလုံးအနည်းငယ်ဖြင့် ထိုအကောင်ပေါက်လေးသည် သူ၏နာမည်အပေါ် အလွန်အမင်းဂုဏ်ယူနေသည်မှာ သိသာထင်ရှားသည်။


ဟန်ယွဲ့သည် ရှအန်းနှင့် ရှရှင်းချန်က်ုကြည့်ပြီး သူတို့သားအမိနှစ်ယောက်၏ ဆက်ဆံရေးသည် အတော်လေးကောင်းမွန်သည်ဟု ခံစားလိုက်မိသည်။


လုံလောက်ပြီ … သတင်းမှာပါတာတွေက အရမ်းအန္တရယ်ရှိတာပဲ… သူတို့တွေအားလုံးက ထင်ရာတွေ ရေးနေကြတာပဲ…


ဟန်ယွဲ့၏ ရှအန်းအပေါ် မြင်က အတော်လေးတိုးတက်သွားသည်။


‘’မစ္စတာဟန်… အလုပ်အကြောင်းကိုပဲ တိုက်ရိုက်ပြောကြရအောင်...."


သူမ အနေဖြင့် စာချုပ်ကို အနီးကပ်ကြည့်ဖို့ ဆုံးဖြတ်ကာ ဟန်ယွဲ့ဆီမှ ကြိုတင်ငွေ အနည်းငယ် တောင်းဆိုရန် စဉ်းစားလိုက်သည်။

ထိုနည်းလမ်းကသာ သူမကို လုံခြုံသည်ဟု ခံစားစေမည်ဖြစ်သည်။


‘’ဟားဟား… ရှအန်း… မင်းကတော့ အတော်လေး မလွယ်တဲ့လူပဲ…’’


အစက ရှအန်းဘက်မှ စာချုပ်မချုပ်မည်ကို သူစိုးရိမ်မိနေခြင်းဖြစ်ပြီး ရှအန်းက သူ့ထက်ပို၍ စိတ်အားထက်သန်နေသည်ကို မြင်လိုက်ရသည့်အတွက် သူ့နှလုံးသားလေး ချက်ချင်း တည်ငြိမ်သွားတော့သည်။


သူမ ပိုက်ဆံလိုနေတာကို သူဘာလို့မေ့သွားရတာပါလိမ့်… ရှအန်းက ပိုက်ဆံလိုနေသ၍တော့ သူတို့နဲ့စာချုပ်ချုပ်မှာ အသေအချာပဲကို…

ဒါပေမဲ့....


‘’အား…..’’


သူတို့၏ရှိုးမှာ အတော်လေး ခက်ခဲပြင်းထန်သည်ကို တွေးလိုက်မိသည်။ သူတို့၏ ရှိုးက အမျိုးသားများအတွက်ပင် အတော်လေး ခက်ခဲသည့် အပိုင်းများပင်ပါဝင်လေသည်။

ရှအန်းကဲ့သို့ အမျိုးသမီးငယ်လေးအတွက်ဆိုလျှင် ပို၍ဆိုးပေလိမ့်မည်။ … အဟမ်း …


"ရှအန်း… ကျွန်တော်တို့ဘက်က မင်းကို မလိမ်ချင်တဲ့အတွက် ရှင်းရှင်းပြောရဦးမယ်… ကျွန်တော်တို့ရှိုးရဲ့ ပတ်ဝန်းကျင်က တစ်ခုချင်းစီကို ခက်ခဲတယ်… အရေးအကြီးဆုံးက ရှိုးပွဲစတာနဲ့ ရပ်လိုက်လို့မရဘူး… တစ်ကယ်လို့ တစ်ယောက်ယောက်က ရှိုးပွဲကနေ နှုတ်ထွက်မယ်ဆိုရင် လျော်ကြေးပေးရလိမ့်မယ်…’’

ပြောပြီးနောက် ဟန်ယွဲ့ သူ၏ပရိုဂရမ်သည် အတော်လေးခက်ခဲသည်ဟု ခံစားလိုက်မိသည်။


သူသည် ရှအန်း လက်မှတ်မထိုးမည်အား စိုးရိမ်ကာ ခပ်မြန်မြန်ဖြင့် ဆက်ပြောလိုက်သည်။

 ‘’ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကလွဲလို့ပေါ့.. ပြီးတော့ အထူးကုသမှုတွေလဲ ကျွန်တော်တို့ဘက်က ပေးမှာပါ… တကယ်လို့ ထွက်မယ်ဆိုရင် ကျွန်တော်တို့ဘက်က ခင်ဗျားကို လျော်ကြေးမတောင်းပါဘူး...."

ဟန်ယွဲ့၏ စကားက ရှအန်းကို သိချင်စိတ်ဖြစ်ပေါ်လာစေသည်။


ထိုလူက ပရိုဂရမ်အကြောင်း လေးလေးနက်နက်ပြောနေသည့်အတွက် မည်ကဲ့သို့သော ပရိုဂရမ်ဖြစ်သည်ကို သူမ သိချင်သွားသည်။


‘’အဲ့ဒါ အရမ်းခက်လို့လား…’’


လွန်ခဲ့သည့်ရက်များမှ ဖြစ်ပျက်ခဲ့သည်များကို ရှအန်းတွေးပြီးနောက် …

မည်သို့ပင်ဆိုစေ သူမလက်ထဲတွင် အဓိကဇာတ်လိုက်မ၏ ရွှေလက်ချောင်းရှိနေပြီဖြစ်သည်။ သူမတွင် ရုပ်ပိုင်းဆိုင်ရာကျန်းမာခြင်းရှိနေသ၍ ဘယ်အရာမှ သူမအား တားဆီးနိုင်မည်မဟုတ်ဟု ယုံကြည်သည်။


‘’ ကျွန်တော်တို့ ရှိုးပွဲရဲ့ အစီအစဉ်ကိုပြပေးပါ့မယ်..."

ထို့နောက် ဟန်ယွဲ့က ရှအန်းကို သူတို့ပရိုဂရမ်၏ အစီအစဉ်များကို ပရိုဂျက်တာဖြင့် ပြလေသည်။


ရှအန်း အံ့ဩသွားသည်။

‘’ဇွန်ဘီတွေလား…’’


ဓါတ်ပုံထဲတွင်ဖြစ်သော်လဲ ထိုဇွန်ဘီများမှာ အတော်လေး အသက်ဝင်လှသည်။ ဟန်ယွဲ့ ပြုံးရင်း ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။ 

‘’ ဟုတ်တယ် … ဇွန်ဘီတွေပဲ…’’


ဟန်ယွဲ့၏ စကားအဆုံးတွင် ရှအန်း သံသယဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

‘’အဲ့ဒါတွေက ရှိုးနဲ့ဘာဆိုင်လို့လဲ...."


ကမ္ဘာကြီးက ပျက်ဆီးတော့မှာမို့လို့လား….

မဟုတ်ရင် ဒီပုံတွေနဲ့ ရှိုးမှာ ဘာလုပ်ရမှာလဲ…


‘’Resident Evil ကြည့်ဖူးလား....’’


‘’အင်း ကြည့်ဖူးတယ်လေ...’’


သူမ နှုတ်ခမ်းထောင့်များတွန့်သွားပြီး ရယ်ချင်စဖွယ်ကောင်းလှသည်ဟု တွေးလိုက်မိသည်။ သူမတွင် ထိုဇွန်ဘီများကို မြင်ဖူးရုံမျှမက ကိုယ်တိုင်ကြုံဖူးသည့် အတွေ့အကြုံပါ ရှိပေသည်။


‘’ ကျွန်တော်တို့ရဲ့ တောရိုင်းထဲ၌ရှင်သန်ခြင်း ရှိုးက အရင်တုန်းက လုပ်ဖူးတဲ့ ရှိုးပွဲတွေနဲ့ မတူညီဘူး....’’


ဟန်ယွဲ့ သူအစီအစဉ်ဆွဲထားသည့် ရှိုးပွဲအကြောင်းကို ရှအန်းကို စိတ်လှုပ်တရှား ပြောပြနေသည်။ ထိုအရာသည် လောကအသစ်တစ်ခုကဲ့သို့ အပြင်အဆင်နှင့် outdoor reality show တစ်ခုဖြစ်သည်။


ဤနှစ်များတွင် reality show များက အတော်လေး ပေါ်ပြူလာဖြစ်နေပြီး ဆယ်လီများ၏အချစ်ရေး ဆယ်လီ၊ ဆယ်လီ၏စားသောက်ဆိုင် ဖွင့်လှစ်ခြင်း၊ ဆယ်လီများ၏နေ့စဉ်နေထိုင်မှုဘဝ ဆယ်လီများ၏ကျွန်းပေါ်သို့ခရီးစဉ်များ .. စသည်ဖြင့် များပြားလွန်းလှသည်။


သို့သော် တီဗီရှိုးများမှာ အတော်လေးဆိုးရွားလှသည်။ ဤတစ်ကြိမ်တွင် သူ၏ variety show မှာ ထိုရှိုးများထက် လုံးဝကွဲထွက်ကာ သာလွန်နေမည်ဖြစ်သည်။


သူ့တွင် အားထားရမည့်ပါဝင်သူများနှင့် လုံလောက်သည့်ငွေကြေးသာရှိမည်ဆိုလျင် သူ၏အထူးရှိုးပွဲသည် အောင်မြင်မှာ အသေအချာပင်ဖြစ်သည်။


‘’ကျွန်တော်တို့ရဲ့ ရှိုးမှာ လိုအပ်တဲ့ပစ္သည်းတွေ ထည့်ထားပေးမှာဆိုပေမဲ့ … အချိန်တိုင်းတောထဲမှာ ရှင်သန်အောင်နေရမှာမို့  ရန်သူနဲ့တွေ့တံအခါကျရင် ကွဲပြားသွားပါလိမ့်မယ် ..."


‘’တစ်ယောက်ယောက်က ပါဝင်သူတွေကို တောထဲမှာ ထားပေးခဲ့မှာဖြစ်ပြီး ဘယ်သူကမှ ခင်ဗျားအတွက် အစားအစာတွေ အိပ်ဖို့တွေ လုပ်ပေးမှာမဟုတ်ဘူး..."


‘’ကျွန်တော်တို့ရဲ့ ကွာခြားချက်က.. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကို ရင်ဆိုင်ရုံမဟုတ်ပဲ အကြီးမားဆုံးအခက်အခဲကတော့ တိုက်ခိုက်ဖို့ပါပဲ… ရှိုးမှာ အသက်ရှင်နိုင်ဖို့ နောက်ဆုံးဘော့စ်ကို တိုက်ခိုက်ရမယ်....’’


သူ ပြောလေလေ စိတ်လှုပ်ရှားလေဖြစ်ပြီး ပါးစပ်မှာ တံတွေးများပင် ထွက်လာလေသည်။


"ပထမဆုံးက … ဇွန်ဘီဘော့စ်က ကျွန်တော်တို့က ကမ္ဘာကြီးကို ကပ်ဘေးကျအောင် လှုံ့ဆော်လိုက်ပြီး ခင်ဗျားက များပြားလှတဲ့ ဇွန်ဘီတွေကြားမှာ အသက်ရှင်အောင် နေရမှာ.. ဘယ်လိုလဲ.. အဲ့ဒါ မမိုက်ဘူးလား...."


‘’…..’’


ဟန်ယွဲ့၏ စကားများကို နားထောင်ပြီးနောက် ရှအန်း ခံစားမိသည်မှာ..

ဘုရားရေ… ကြည့်ကြပါဦး… ဒီလူက ချမ်းသာခြင်းနတ်ဘုရားပဲ…


သူမက ခက်ခဲလိမ့်မည်ဟု ထင်ထားသော်လည်း ပထမဆုံးအပိုင်းမှာ သူမအကောင်းဆုံးလုပ်နိုင်သည့် အပိုင်းဖြစ်နေလေသည်။


ဒါ သူမကို ပိုက်ဆံတွေ အလကားပေးနေတာပဲ မဟုတ်လား…ဇွန်ဘီအစစ်ကိုတောင် သူမ မကြောက်ခဲ့တာ အတုတွေကို ဘယ်လိုလုပ်ပြီး ကြောက်ရမှာလဲ… ထို့အပြင့် သူမ ချန်ပီယံဆုတောင် ရနိုင်သေးတယ်...


ဟန်ယွဲ့က ရှအန်း ဘာမှပြန်မပြောသည့်အတွက် သူ၏စကားများကြောင့် ထိတ်လန့်သွားသည်ဟု ထင်မှတ်သွားသည်။


ထို့ကြောင့် အကြိမ်တစ်ချို့ ချောင်းဆိုးလိုက်ပြီး အနည်းငယ်အပြစ်ရှိသည့် လေသံဖြင့် ပြောလိုက်သည်။

‘’ အဲ့တော့.. ရှအန်း… ဇွန်ဘီပုံတွေ ကြည့်မနေပါနဲ့တော့.. ဓါတ်ပုံနဲ့ပြင်ထားတာကကြောက်စရာကောင်းနေမယ် … မင်းနဲ့တွေ့မယ့် ဇွန်ဘီတွေက လူတွေသရုပ်ဆောင်ထားမှာပဲဆိုတော့ ရမ်းကြီးကြောက်ဖို့မလိုပါဘူး…အဲ့လောက်လဲ ကြောက်ဖို့မကောင်းဘူး…’’


သူ၏စကားကို ကြားပြီးနောက် ရှအန်း ရယ်ချင်သွားမိသည်။


ဇွန်ဘီကို ဘာလို့ကြောက်ရမှာလဲ… ကမ္ဘာပျက်နေ့ရက်တွေမှာ ကြောက်စရာအကောင်းဆုံးက လူသားတွေပဲ...တစ်ခါတစ်လေဆိုရင် ဇွန်ဘီတွေကတောင် လူသားတွေထက် ပိုပြီးချစ်ဖို့ကောင်းတယ်လို့ သူမ ထင်မိသေးတယ်...


‘’စာချုပ်ကဘယ်မှာလဲ… ကျွန်မ စာချုပ်ကြည့်ချင်တယ်....’’


ရှအန်းသည် ပျော်ရွှင်စွာဖြင့် ကော်ဖီစားပွဲကိုခေါက်ပြီး ပြောလိုက်သည်။


ရှအန်းဘက်မှ စာချုပ်အကြောင်းပြောလိုက်သောအခါ ဟန်ယွဲ့က အံ့အားသင့်စွာ ကြည့်လာသည်။ သူမကိုကြည်ရသည်မှာ ကြောက်ရွံ့သွားပုံမပေါ်ပဲ စိတ်ဝင်စားပုံပေါ်နေလေသည်။


သူ လက်ယမ်းပြလိုက်သည်နှင့် ရှုထျန်းထျန်းက စာချုပ်သွားယူလေသည်။


‘’စိတ်မပူပါနဲ့...ကျွန်တော်တို့ရှိုးက မင်းကို ဂရုစိုက်ပေးမှာပါ...."


ဟန်ယွဲ့ ကော်ဖီတစ်ငုံသောက်လိုက်ပြီး ရှအန်းကို ပြုံးပြလိုက်သည်။


ပထမတွင် သူက ရှအန်တစ်ယောက် ရှိုးအတွက်ခံစားနေရမည်ကို ကိုကြည့်ချင်သော်လည်း သူမအားလူချင်းတွေ့ပြီးနောက် ရှအန်း ရှိုးပြီးသည်အထိနေနိုင်မည်ဆိုလျှင် သူအနေဖြင့် သူမကို ကူညီမှဖြစ်မည်ဟု ခံစားလိုက်ရသည်။