အပိုင်း ၂၁
Viewers 29k

Chapter 21


ရှအန်း  သူမလိုအပ်သည့်အရာများအားလုံး ဝယ်ပြီးနောက် အကောင်ပေါက်လေးကို ကျန်းမာသည့်ဘဝ ရရှိစေရန် အိမ်သို့ပြန်သွားလေသည်။


ရိုက်ကူးရေးလုပ်ရမည်ရက်မှာ နီးကပ်လာပြီဖြစ်၍ ဟန်ယွဲ့က ပါဝင်သူအားလုံးကို ပြန်လည်သုံးသပ်နေသည်။


ဟန်ယွဲ့သည် ရှုလင်းကဲ့သိုမဟုတ်ပဲ ဇာတ်ညွန်းရေးသူဖြစ်ကာ အနည်းငယ်သာကျော်ကြားသည်။


ထို့ကြောင့် သူတို့တွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုသာ မရရှိခဲ့လျှင် ဖန်အများအပြားရှိသည် နာမည်ကြီးကြယ်ပွင့်များကို ဖိတ်ခေါ်နိုင်မည်မဟုတ်ပေ။ ကြီးမြတ်လှသည့် ဒါရိုက်တာ ရှုလင်းကြောင့်သာလျှင် နာမည်ကြီးသည့် ဒုတိယနှင့် တတိယအဆင့် ကြယ်ပွင့်များကို ပါဝင်သူအဖြစ် ဖိတ်ခေါ်နိုင်ခြင်းဖြစ်သည်။


နောက်ဆုံးရိုက်ကူးရေးတွင် ရှုလင်းသည် ပရိတ်သတ်များကြားတွင်ရေပန်းစားနေကာ သရုပ်ဆောင်လည်းကောင်းသည့် အမျိုးသားကြယ်ပွင့် ရှုကျင်းယန်ကို ဖိတ်ခေါ်ထားလေသည်။


ရှုကျင်းယန် ပါဝင်လိုက်သည့် ရှိုးပွဲအစီအစဉ်တိုင်းသည် သူပါဝင်လိုက်ရုံဖြင့် နက်ဝဘ်တစ်ခုလုံး ပေါက်ကွဲမတတ်ကျော်ကြားသွားကြသည် ချည်းသာဖြစ်သည်။


အထူးသဖြင့် သူတို့၏ outdoor reality show အကြောင်းကြေငြာလိုက်မည်ဆိုလျှင် ပို၍ စိတ်ဝင်စားလာကြမည်ဖြစ်သည်။


သူတို့ထဲတွင် ရှုကျင်းယန်၏ ဖန်များမှာ ပို၍ပင်ရူးသွပ်ကြလေသည်။


အမှတ်တကယ်တွငခ သရုပ်ဆောင်သင်တန်းမှ အိုင်ဒေါဖြစ်သည့် ရှုကျင်းယန်က variety show ပွဲတွင် တခြားပါဝင်သူများလောက် မလုပ်ဆောင်ရသည်ကို ဘုရားသခင်သာသိပေလိမ့်မည်။


သူ့ ရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်သည့်အချိန်မှလွဲလျင် ရှိုးပွဲအစီအစဉ်တွင် အမှန်တကယ် ပါဝင်ခြင်းမရှိပေ။


ရှုချင်းယန်၏ဖန်များကမူ သူတို့၏အိုင်ဒေါလ်သည် သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတစ်ဦးကဲ့သို့ နေထိုင်တတ်ကြောင်း ဟာသလုပ်တတ်ကြသည်။ ထို့ကြောင့် သူတို့၏သက်ကြီးပိုင်းသရုပ်ဆောင်အိုင်ဒေါလ်သာ reality show တွင် ယှဉ်ပြိုင်သူအဖြစ်ပါဝင်မည်ကို သိသွားမည်ဆိုပါက ….


လူတိုင်းပေါက်ကွဲသွားကြမှာ အမှန်တကယ်ပင် ဖြစ်သည်။


ဤရှိုးတွင် ရှုချင်းယန်ပါဝင်သည့်အတွက် ‘’Come on, Challenger!’’ဟူသော သူတို့၏ လူသိပ်မသိသည့် ရှိုးပွဲလေးမှာ အင်တာနက်ပေါ်တွင် ပေါ်ပြူလာဖြစ်ကာ Weibo ၏ hot search နေရာတွင်ဆူညံလို့နေသည်။


(ဘုရားရေ… ကျင်းယန်က ‘’Come on, Challenger!’’ မှာပါတယ်တဲ့… အရမ်း အံ့ဩဖို့ကောင်းတာပဲ)


(မြတ်စွာဘုရား… ငါ့ရဲ့နတ်ဘုရားက ရှိုးပွဲကြေငြာတဲ့အထဲမှာ ပါတယ်တော့… အဲ့ရှိုးကို ကြည့်မှဖြစ်မယ်)


(ရှုသရုပ်ဆောင်လူအိုကြီး က ရှိုးပွဲကြော်ငြာထဲအထဲမှာတဲ့ ငါတို့သူ့ကိုပံ့ပိုးပေးမှဖြစ်မယ်)


(‘’Come on, Challenger!’’ ကြည့်ရအောင် … အဲ့ရှိုးက ယှဉ်ပြိုင်ချင်းတွေပါဝင်တဲ့ အစီအစဉ်တဲ့… ပထမတုန်းက အဲ့ဒါက ကြမ်းတမ်းတဲ့အစီအစဉ်တစ်ခုပဲ ဒါပေမယ့် ပရိုဂရမ်စီစစ်သူတွေက ပိုကောင်းအောင်ဆိုပြီး လုပ်လိုက်တာတဲ့ …. ငါသိသလောက်ဆို အဲ့ဒီပွဲက ယှဉ်ပြိုင်မှုတွေပါတဲ့ ‘’ဇွန်ဘီမြို့က လွတ်မြောက်ခြင်း’’ တဲ့… ပြီးတော့ အဲ့ဒါက ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ ဇွန်ဘီတွေပေါ်ပေါက်လာတဲ့ အကြောင်းဆိုပဲ)


(မိုက်မဲ့ပုံပဲဟ)


(ဝိုး… ငါ အဲ့ရှိုးကိုကြိုက်တယ်)


(ငါအဲ့ရှိုးအကြောင်းကို Wikipedia မှာ အခုလေးတင်‌တွေ့လိုက်တယ်… အပြင်အဆင်တွေက အရမ်းအရမ်းမိုက်တာ… လူသားတွေအတွက် ကြိုက်ရာလက်နက်ကိုလဲ ရွေးလို့ရတယ်… အဲ့ဒါက တကယ့် Resident Evil ဂိမ်းလိုပဲ… တကယ်ကိုမိုက်မှာဟ)


(ရှုကျင်းယန် ဘေးနားကတစ်ယောက်ဘယ်သူလဲ ငါမသိဘူးဟေ့)


(ပါဝင်သူတွေဘယ်နှစ်ယောက်လဲ ငါမသိပေမယ့် ရှုကျင်းယန် ကတော့ အကြီးမားဆုံးပဲ)


(သူတို့ပြောတာတော့ ပါဝင်သူက အားလုံးခြောက်ယောက်ဆိုလားပဲ… အမျိုးသမီးနှစ်ယောက်ပါမယ်တဲ့… အဲ့ထဲက တစ်ယောက်က အင်တာနက်ဆယ်လီလို့ပြောတယ်)


(အမျိုးသမီး အင်တာနက်ဆယ်လီလား… ကြည့်ရတာ ပရိုဂရမ်အဖွဲ့က ငွေရှာတာပဲနေမယ်… အဲ့ကိစ္စအတွက်ဆို ထုတ်လုပ်သူက ရှုကျင်းယန်ကိုပဲ မေးသင့်တယ်)


(ရှုကျင်းယန်ရဲ့ ဖန်အကြီးစားပေါ်လာပါပြီ….  ငါတို့ရဲ့ဝါရင့်အနုပညာရှင်ကြီးကိုသာ ဂရုစိုက်ပေးကြပါ.. ဒီရှိုးပွဲမှာ ငါ့အိုင်ဒေါလ်ကိုသာ မထိခိုက်စေရဘူးဆိုတဲ့ ကတိလေးတစ်ခုပဲ ပေးလိုက်… ငါ ရှိုးပွဲကို စပွန်ဆာပေးမယ်…)


ရိုက်ကူးရေး မစတင်မီမှာပင် ရှုကျင်းယန်၏ အမည်မှာ မမျှော်လင့်ပဲ နာမည်ကြီးနေသည်။


ရှိုးပွဲမှာ ထုတ်လွှင့်မှု မစတင်ခင်ကပင် အရှိန်အဟုန်ကောင်းနေသည်။ ထိုသည်မှာ ကောင်းမွန်သည့်လက္ခဏာမဟုတ်ပါလေလော။


ထိုသတင်းမှာ ဟန်ယွဲ့အတွက် ဝမ်းသာစရာဖြစ်၍ သူပါးစပ်မစိနိုင်အောင်ဖြစ်နေမိသည်။


‘’ဟားဟားဟား… လောင်ရှု မင်းကတော့တကယ်ပဲ… နာမည်ကြီးဆယ်လီ ရှုကျင်းယန်ကို ဖိတ်လိုက်တယ်…. ဒီတစ်ကြိမ်တော့ ငါတို့ပရိုဂရမ်က ဆက်တိုက်အောင်မြင်တော့မှာပဲ’’


ဟန်ယွဲ့သည် hot search ပေါ်မှ သူ၏ပရိုဂရမ်ကို ကြည့်ရင်း သူ့မျက်နှာပေါ်မှ အပြုံးမှာ မရပ်တန့်နိုင်တော့ပေ။


ရှုကျင်းယန် ပါဝင်မှတော့ သူတိုဘက်ကလဲ လိုအပ်တဲ့ ပစ္စည်းကောင်းတွေနဲ့ ရှိုးပွဲမှာ သေသေချာချာတင်ဆက်ရတော့မှာပေါ့..


‘’ရှုကျင်းယန် ပါမယ်လို့ ငါထင်တောင်မထင်လိုက်မိဘူး.... ’’


ရှုလင်းသည် သူ၏သူငယ်ချင်းမျက်နှာကို ကြည့်ရင်း ရယ်လိုက်သည်။


အမှန်တကယ်တော့ သူ ရှုကျင်းယန်ကို မဖိတ်လိုက်ခဲ့ပေ။ သို့သော် သူ၏ကိုယ်ပိုင်ပရိုဂရမ်တွင် ရှုကျင်းယန် ကိုယ်တိုင်ပါဝင်မည်ဟု ရှုကျင်းယန်၏အေးဂျင့်မှ သူ့ကို့ ဖုန်းဆက်လာခြင်းဖြစ်ပြီး သူ့ဘက်မှလဲ အချိန်အတော်ကြာ တုန့်ဆိုင်းခဲ့ရသေးသည်။ သူသည် ယခုလတ်တလောတွင် ‘’Come on, Challenger!’’ အစီအစဉ်အတွက် ပါဝင်မည့်ဆယ်လီများကို ရှာဖွေနေသည်ဖြစ်သော်လည်း ‘’Come on, Challenger!’’ ရိုက်ကူးမည်ဟု သတင်းထွက်လိုက်သည်နှင့် ရှုကျင်းယန်ဘက်မှသူ့ကို ဦးစွာ ဆက်သွယ်လာသည့်အတွက် မယုံနိုင်စရာကောင်းသည်ဟု ခံစားခဲ့မိသည်။


ဘာပဲဖြစ်ဖြစ် လွန်ခဲ့သည့်နှစ်တွေကတည်းက သူတို၏သူငယ်ချင်းဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်တာပဲ ရှိခဲ့သည်မဟုတ်ပါလား....


‘’မဟုတ်ဘူး… ငါတို့ကံကောင်းသွားတာ… ငါတို့ရဲ့ကံတရားက အခုကစပြီလို့ ခံစားနေရတယ်....’’


ကံကောင်းတာပဲ… ဟန်ယွဲ့သည်လဲ သူတို့၏ရှိုးမှာ အမှန်တကယ်ပင် အောင်မြင်မည်ဟု ခံစားနေမိသည်။


အမျိုးသားနတ်ဘုရား ရှုကျင်းယန်နှင့် မမျှော်လင့်ပဲပါဝင်လာသည့် ရှအန်းတို့ကြောင့် သူတို့ရှိုးရဲ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးတွင်ရှိနေမည်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။


ကြည့်ရတာ ငါတို့ရှိုးလေးက အရမ်းကိုနာမည်ကြီးနေတော့မှာပဲ....


‘’ကြည့်ရတာ ငါတို့ pre shooting အတွက်ပြင်ဆင်ရတော့မယ်ထင်တယ်....’’


လတ်တလော ရှိုးပွဲ၏နာမည်ကြီးနေမှုကြောင့် သူတို့၏အရောင်းမြှင့်တင်ရေးကိုလည်း လုပ်ဆောင်သင့်နေပြီဟု  ဟန်ယွဲ့နှလုံးသားမှနေ၍ စဉ်းစားလိုက်မိသည်။


‘’ဟုတ်ပြီ… ပထမဆုံး pre-shoot ဓါတ်ပုံတွေနဲ့ အရင်စကြတာပေါ့...."


ဟန်ယွဲ့သည် ပြောပြီးသည်နှင့်တပြိုင်နက် ဓါတ်ပုံဆရာ၊မိတ်ကပ်ဆရာ၊ စတိုင်လစ် တို့အတွက် ဝန်ထမ်းများနှင့် စတူဒီယိုကို စတင်ဆက်သွယ်တော့သည်။ အားလုံးဆက်သွယ်ပြီးသည်နှင့် ဟန်ယွဲ့သည် ပါဝင်သူ ၆ ဦးကို တစ်ယောက်ချင်းစီ ဖုန်းဆက်လိုက်သည်။


‘’ဓါတ်ပုံရိုက်ကူးရေ’’


ဟန်ယွဲ့ဆီမှာ ဖုန်းရသည်နှင့် ရှအန်း ပဟေဠိ ဖြစ်သွားသည်။


Variety show အတွက် အဘယ့်ကြောင့် ဓါတ်ပုံရိုက်ကူးရေး လုပ်ရသလဲဆိုသည်ကို သူမ နားမလည်နိုင်ပေ။ ထိုကဲ့သို့ မိတ်ကပ်ဓါတ်ပုံရိုက်ကူးရေးဆိုသည်မှာ အဓိက ရုပ်ရှင်ရိုက်ကူးရေးတွင်သာ ပြုလုပ်လေ့ရှိသည်မဟုတ်ပါလေလော။


ဘာလို့များ ဒီလိုလုပ်နေကြပါလိမ့်…


‘’ကျွန်မတို့က variety show ရိုက်မှာမဟုတ်ဘူးလား… ဘာလို့ မိတ်ကပ်ဓါတ်ပုံရိုက်ကူးရေး လုပ်ရတာလဲ...."


ရှအန်းသည် သူမ၏အတွေးများကို တိုက်ရိုက်ပြောချလိုက်သည်။


‘’ဒီ reality show က အပြင်အဆင်တွေပါတယ်လေ… ဒါကြောင့် ကျွန်တော်တို့က မိတ်ကပ်တွေနဲ့ အကြိုဓါတ်ပုံရိုက်ကူးရေးကပုံတွေကို ထုတ်ပြန်ရတာပေါ့...."


ဟန်ယွဲ့၏အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။


ရှအန်း ပုခုံးတွန့်လိုက်ကာ ရေရွတ်၍မေးလိုက်သည်။


‘’အဲ့ဒီ ဓါတ်ပုံရိုက်ကူးရေးအတွက် ပိုက်ဆံရမှာလား...."


‘’…..’’


ရှအန်း၏ ပြောစကားကြောင့် ဖုန်းတဖက်မှ ဟန်ယွဲ့ မည်သို့ဖြေရမည်မှန်း မသိတော့ပေ။


သူမ အရူးကဲ့သို့ ပိုက်ဆံလိုနေသည်ဟူ၍ သူ၏နှလုံးသားထဲမှ တွေးလိုက်မိသည်။


‘’အကျိုးရလဒ်တွေသာ ကောင်းမယ်ဆိုရင်.. ကျွန်တော်ပေးပါ့မယ်...."


ဟန်ယွဲ့က ဟာသအဖြစ်ပြောလိုက်သော်လဲ ရှအန်းသည် အတည်မှတ်ယူလိုက်မည်ဟု မည်သူကထင်ပါမည်နည်း


‘’အဲ့ဒါဆို ရှင်ပြောသလိုပဲပေါ့....’’


ပိုက်ဆံအကြောင်းကြားလိုက်သည်နှင့် ရှအန်း အတော်လေးပျော်ရွှင်သွားတော့သည်။