အပိုင်း ၂၂
Viewers 29k

Chapter  22


ရှုတင်သို့သွားရန် သူမဘက်က တက္ကစီငှားခပေးရမည်ဖြစ်သည့်အတွက် အမှန်တကယ် အဆင်မပြေလှပေ။


ဘီမြို့တော်၏ တက္ကစီငှားခတွေ မည်မျှဈေးကြီးသည်ကို ဘုရားသခင်သာသိပေလိမ့်မည်။


ထို့ကြောင့် ပိုက်ဆံပြန်ရအောင် လုပ်ရမည်မှာ အသေအချာပင်။


‘’ဘယ်လောက်တောင် အကြွေးတင်နေတာလဲ ရှအန်းရေ… မင်းက ငါ့ကိုသွေးခန်းခြောက်ပြီး သေအောင်လုပ်နေတာပဲ...."


သူအတွက် ပိုက်ဆံအလွန်ချစ်သော ကြယ်ပွင့် ရှအန်းကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။

 ပိုက်ဆံကိုအဲ့လောက်ချစ်ပြီး ဓါတ်ပုံရိုက်ဖို့အတွက်ပါ တောင်းတယ်… အံ့ဩလွန်းလို့ သေနိုင်တယ်....တကယ်...


‘’အကြွေးရှိတာနဲ့ဘာဆိုင်လို့လဲ… ဒါမှမဟုတ် ကားခပြန်ပေးချင်လို့လား....."


သူမ၏ တဲ့တိုးကျကာပွင့်လင်းလွန်းသည့် သဘောထားကြောင့် ဟန်ယွဲ့နှင့်ရှအန်း၏ ဆက်ဆံရေးသည် ပို၍နက်ရှိုင်းကာ အစစ်အမှန်ဖြစ်လာသည်။


ဟန်ယွဲ့ဘက်မှ အချိန်နှင့် ရိုက်ကူးရေးလုပ်မည့် နေရာကို သတ်မှတ်ပြီးနောက် ရှအန်း ဖုန်းချလိုက်သည်။


ထို့နောက် မိတ်ကပ်အပြင်အဆင်ကို လှပအောင် မည်သို့လုပ်သင့်သလဲဟု သူမ စဉ်းစားလိုက်သည်။ သူမ တစ်ခါမှ ကြယ်ပွင့်မဖြစ်ဖူးပေ။ ထို့ကြောင့် ဓါတ်ပုံရိုက်ကူးရေးအကြောင်း မသိပေ။ 


သူမ၏ အဖိုးတန်သားလေးရှောင်ရှင်းကို tablet တစ်ခုဝယ်ပေးပြီးနောက် ကလေးက ရုပ်ပြစာအုပ်များမဖတ်တော့ပဲ သူ၏ကိုယ်ပိုင်ကွန်ပျူတာလေးနှင့်သာ နေ့တိုင်းဆော့နေတတ်သည်။ ရှအန်း ခဏတွေးပြီးနောက် စိတ်ရှုပ်စွာဖြင့်  သူမ၏သားလေးကို မေးလိုက်သည်။

 ‘’ ရှောင်ရှင်း… ဓါတ်ပုံရိုက်တာကြည့်ကောင်းအောင် ပိုစ့်ဘယ်လိုပေးရမလဲသိလားဟင်..."


ကမ္ဘာပျက်ကပ်တွင် ဓါတ်ပုံရိုက်ရန်မလိုအပ်သည့်အတွက် သူမ တစ်ခါမှ မရိုက်ဖူးပေ။ ထို့ကြောင့်  ဓါတ်ပုံရိုက်ကူးရေးအတွက်သာမက ရိုးရိုးသာမန်ဓါတ်ပုံပင် သူမ မရိုက်တတ်ခြင်းဖြစ်သည်။


ကွန်ပျူတာနှင့်ဆော့နေသော ရှရှင်းချန်က ရှအန်း၏မေးခွန်းကြောင့် ချက်ချင်းပင်မော့ကြည့်လာသည်။ သူ၏ ဝိုင်းစက်ကာအရည်လဲ့နေသည့် မျက်ဝန်းအစုံဖြင့် သူမကိုစိုက်ကြည့်ကာ ရိုးသားစွာပြောလိုက်သည်။

 ‘’ မာမား ဓါတ်ပုံရိုက်ချင်လို့လား… မာမားသာဓါတ်ပုံရိုက်မယ်ဆိုရင် ဘယ်လိုနေနေ လှနေမှာပဲ...."


သူမသား၏ အဖြေကိုကြားပြီးနောက် ရှအန်းခေါင်းယမ်းလိုက်သည်။ သူမ၏သားလေးက သားလိမ္မာလေးဖြစ်သည့်အတွက် မေးခွန်းတိုင်းကို ကောင်းသည်ဟုသာ ဖြေမည်ကိုတွေးမိပြီး အွန်လိုင်းပေါ်မှ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့် ရှအန်းက သူမ၏အမွှေးပွခေါင်းအုံးလေးကိုယူပြီး ကွန်ပျုုတာစားပွဲပေါ်တွင်ထိုင်ကာ သူမ၏ tablet ကိုဖွင့်လိုက်သည်။


သူမ သိလိုသည့်မေးခွန်းကို ရိုက်သွင်းပြီး ရှာလိုက်သည့်အတွက် လူအများနှစ်သက်သည့် အဖြေများထွက်ပေါ်လာသည်။


(မေး - ကြည့်ကောင်းအောင် ဓါတ်ပုံဘယ်လိုရိုက်သင့်လဲ....

ဖြေ - လှပတဲ့မျက်နှာရှိဖို့ပဲလိုတယ်)


‘’အိုး…’’


ထိုအဖြေကိုကြည့်ပြီးနောက် ရှအန်း အသံထွက်အော်ရယ်မိသည်။


သူမ မျက်နှာကိုလက်ဖြင့်ထိလိုက်ပြီး စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

 ဒီမျက်နှာနဲ့ဆို အဆင်ပြေမှာပါ....


ထိုစကားများကိုသာ ဟန်ယွဲ့ကြားမည်ဆိုလျင် သေချာပေါက် သွေးအန်မည်မှာ အမှန်ပင်။ ဟန်ယွဲ့အနေဖြင့် ကိုယ့်အလှအကြောင်း ကိုယ်တိုင်မသိသည့်သူကို မကြားဖူးသော်လည်း ရှအန်းကဲ့သို့ ကိုယ့်အလှကိုယ်မနှစ်မြို့သောလူမျိုးကို မတွေ့ဖူးပေ။


သို့သော်လည်း ရှအန်း၏ အခြေအနေက အခြားသူများနှင့် မတူညီပေ။ သူမသည် ကမ္ဘာပျက်ကပ်မတိုင်ခင်က သာမန်ရုပ်ရည်နှင့် ရိုးရှင်းသော မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ကမ္ဘာပျက်ကပ်ဖြစ်ပွားပြီးနောက် သူမတွင် အလှစွမ်းရည်ရှိလာပြီး သူမမျက်နှာမှာ လူအများကို ဆွဲဆောင်နိုင်ခဲ့သည့်အတွက် အတော်လေးဒုက္ခရောက်ခဲ့သည်ဖြစ်ရာ ထိုအဖြစ်အပျက်များကြောင့် သူမခံစားချက်ကို ရွံ့ရှာစေခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် အလှတရားအပေါ် စိတ်မဝင်စားတော့ပေ။


‘’ဒီလောက်ဆို အဆင်ပြေမှာပါ...."


…..


နောက်တစ်နေ့တွင် ဟန်ယွဲ့နှင့်အတူ စတူဒီယိုသို့ ရောက်သွားချိန်တွင် ရှအန်း အတွေးလွန်နေမှန်း သိလိုက်ရသည်။ သူမ၏ အသွင်အပြင်သည် လူတိုင်းအတွက် အံ့အားသင့်စရာဖြစ်သွားသည်။


‘’အိုး… ဘုရားရေ… သူက မင်းပရိုဂရမ်ရဲ့ ပါဝင်သူလား...."


ဖျော်ဖြေရေးလောက၏ နာမည်ကြီး မဂ္ဂဇင်းဓါတ်ပုံဆရာ အယ်လန်သည် ရှအန်းကို မြင်မြင်ချင်း အံ့အားသင့်သွားခဲ့သည်။


‘’ဟုတ်တယ်လေ… သူမကို မသိဘူးလား....'


ရှအန်းကို လုံးဝမသိသည့်သူတစ်ယောက်ကဲ့သို့ အံ့ဩစွာကြည့်နေသည့် အယ်လန်ကို မေးလိုက်သည်။


‘’အာ… သူမက ဘယ်သူလဲ.....’’


ရှအန်းသည် ဟန်ယွဲ့ရှာဖွေ့တွေ့ရှိခဲ့သော ပွဲဦးးထွက်မည့် လူသစ်တစ်ဦးဟု အယ်လန်ထင်မှတ်သွားပြီး ပြောလိုက်သည်။

‘’ မဖြစ်နိုင်တာ… သူမက ပွဲဦးထွက်ပြီးသားဆိုရင် ငါမသိပဲဘယ်လိုနေမှာလဲ… သူမက အရမ်းကို မေ့လွယ်တဲ့ပုံစံမှ မဟုတ်တာ…’’


အယ်လန်၏ မြှောက်ပင့်စကားများကြောင့် ဟန်ယွဲ့သည် ရှအန်း၏မျက်နှာမှာ တကယ်ကိုပင် မယုံနိုင်စရာကောင်းဟု တွေးလိုက်မိသည်။ သို့သော်လည်း တံခါးဝမှဝင်လာသည့် ရှအန်း​၏အလှတရားကို တွေ့မြင်လိုက်ပြီးနောက် သူ့နှလုံးသားထဲတွင် ထိတ်လန့်သွားသည်။ သူမကို ခဏလောက် မတွေ့လိုက်ရုံနှင့် ပိုမိုလှပလာသည်။ 


‘’ဟွန်ယွဲ့… သူမက ဘယ်သူလဲ....’’


ရှအန်း လမ်းလျောက်ရင်း သူတို့အနား နီးကပ်လာသည်နှင့်တပြိုင်နက် သူမမျက်နှာကို ပိုရှင်းလင်းစွာမြင်ရပြီး အယ်လန် နှလုံးသားသည်လည်း ရှအန်း၏ခြေသံနှင့်အတူ အဆက်မပြတ်ခုန်ပေါက်လာသည်။ 


‘’သူမက ရှအန်းလေ....’’


ဟန်ယွဲ့၏ မိတ်ဆက်စကားအဆုံးမှာတော့ အယ်လန်သည် နေရာတွင်အေးခဲသွားတော့သည်။


‘’မဖြစ်နိုင်တာ … မင်းငါ့ကိုနောက်နေတာမဟုတ်လား… ငါရှအန်းကိုမြင်ဖူးပါတယ်… သူမ ဘယ်တုန်းက ဒီလောက်လှသွားရတာလဲ…’’


‘’အာ… ဒါက ရှအန်းသားလေးလေ....’’


ဟန်ယွဲ့ ရှအန်းလက်အားတွဲထားသည့် အဖြူရောင်ရှပ်အကျီနှင့်ဂျင်းဘောင်းဘီအရှည်ဝတ်ထားသော အကောင်ပေါက်လေးကို ညွှန်ပြလိုက်သည်။ 


‘’ရှအန်း… ဒီမှာ....’’


ဟန်ယွဲ့ အလှနတ်ဘုရားမကို လှမ်းခေါ်လိုက်ချိန်တွင် အယ်လန့်ခေါင်းကို ဆယ်ပေါင်တူဖြင့် ထုသကဲ့သို့ခံစားသွားရသည်။

 ‘’ ဒါ တော်တော်လေးလွန်သွားပြီ....’’


ရှအန်း ရှရှင်းချန်လက်ကို တွဲလျက်နှင့် ဟန်ယွဲ့ဆီသို့လျောက်လာရင်း သူမဒီကိုလာရသည့်လမ်းမှာ ဝေးလွန်းလှပြီး တက္ကစီလည်း အတော်လေးကုန်ကျသည်ကို ညည်းညူနေလေသည်။


‘’ဟုတ်ပါပြီ ဟုတ်ပါပြီ… နောက်တစ်ခါကျရင် ဒီရုံးချုပ်ကိုလာဖို့ မင်းကိုကားနဲ့လာခေါ်ပေးပါ့မယ်....’’


ရှအန်း၏ အနှောက်အယှက်ပေးတတ်သောစိတ်ကို မြင်ဖူးသော ဟန်ယွဲ့က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။ 


‘’ကောင်းပြီလေ.. နောက်တစ်ခါကျရင် ရှင်ကျွန်မကို လာကြိုပေး....’’


ရှအန်း ယဉ်ကျေးမနေပဲ ထိုဆုံးဖြတ်ချက်ကို ပျော်ရွှင်စွာဖြင့် လက်ခံလိုက်သည်။


ရှအန်းသည် အယ်လန်၏သန့်စင်သောနတ်ဘုရားမဖြစ်သော်လည်း သူမ စကားကိုကြားပြီးနောက် သူ့စိတ်ထဲမှ ကျက်သရေရှိသော ထိုပုံရိပ်က ရုတ်တရက်ကွဲကြေသွားသည်။ 


‘’မင်းတို့ကိုမိတ်ဆက်ပေးပါရစေ… ဒါက ငါတို့ရှိုးရဲ့ ဓါတ်ပုံဆရာ အယ်လန်ပဲ...."


‘’အယ်လန်.. ဒါက ငါတို့ရှိုးရဲ့ ပါဝင်သူ ရှအန်း...’’


‘’မင်္ဂလာပါ...."


‘’မင်္ဂလာပါ..."


ရှအန်း၏ အကျင့်စရိုက်သည် သူမ၏အသွင်အပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အလွန် ခြေခံကျလေသည်။ 


ရှအန်း၏ ဆွဲဆောင်မှုရှိသော မျက်နှာကြောင့် အယ်လန်မှာ အရွယ်ရောက်ကာစ ကောင်လေးတစ်ယောက်ကဲ့သို့ ရှက်ရွံ့သွားသည်။


 ‘’ဟယ်လို… ဒီနေ့ ဓါတ်ပုံလှလှလေးတွေ ထွက်ဖို့ ကျွန်မကို ကူညီပေးပါဦး မဟုတ်ရင် ကျွန်မ ပိုက်ဆံမရပဲနေလိမ့်မယ်...."


ရှအန်းသည် အယ်လန်လက်ကို ဆုပ်ကိုင်ရင်း လေးနက်စွာပြောလိုက်သည်။ ရှအန်း၏စကားများသည် ဟန်ယွဲ့နှင့်အယ်လန်ကို တောင့်တင်းသွားစေသည်။


ဟန်ယွဲ့မှာ ရှအန်းက သူ၏နောက်ပြောင်သည့် စကားအပေါ် အတည်မှတ်ယူလိုက်သည့်အတွက်ဖြစ်သည်။ 

ပိုက်ဆံဘယ်လောက်တောင်မှလဲဟ… သူမက အမျိုးသမီးဆယ်လီ မို့လို့လား…


အယ်လန် အေးခဲရသည့်အကြောင်းမှာတော့ ဤသို့သာဖြစ်သည်။

ဖူး…. ငါဘာလုပ်သင့်လဲ… နတ်ဘုရားမက အရမ်းတဲ့တိုးပြောတတ်တာပဲ....


‘’စိတ်ချပါ … ကျွန်တော့်ရိုက်ချက်တွေက ၁၀၀ ရာခိုင်နှုန်းလှပနေစေရမယ်လို့ အာမခံတယ်...." အယ်လန် ရှအန်းကိုလေးနက်စွာ ပြောလိုက်သည်။


‘’…..’’


ဟန်ယွဲ့ : ‘’ ဒီအရူးနှစ်ကောင်ကတော့…’’


အယ်လန်သည် ရိုက်ကူးရေးကို သူငယ်ချင်းအတွက် ပေါ့ပေါ့ပါးပါးရိုက်ကူးပေးဖို့သာ စိတ်ကူးခဲ့သော်လည်း ရှအန်းကို မြင်ပြီးသည့်နောက် သူ၏ကျွမ်းကျင်မှုများကို ရှအန်း၏အလှတရားအပေါ် ရာခိုင်နှုန်းအပြည့် အသုံးချမည်ဟု ဆုံးဖြတ်လိုက်သည်။


‘’ရှအန်း… စရိုက်ရအောင်...."