အပိုင်း ၂၃
Viewers 29k

Chapter 23


‘’ဘုရားရေ… ဘာလို့ဒီလောက်တောင် လှနေရတာလဲ....’’


‘’အရမ်းမိုက်တာပဲ’’


ရှအန်းသည် ‘’Come on, Challenger’’ နောက်ခံအပြင်အဆင်၏ ‘’ဇွန်ဘီများဝိုင်းထားသည့်မြို့’’ ပထမပိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး များပြားလှသည့် တီးတိုးသံများအား ကြားလိုက်ရသည်။


‘’…..’’


ကောင်းမွန်သည့်တုန့်ပြန်ချက်များ ပြသနေသည့် ဝန်ထမ်းများနှင့် ဆန့်ကျင်စွာ ရှအန်းက တွေးလိုက်မိသည်။


ဒါက ဘယ်လိုဝတ်စုံကြီးလဲဟ… ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာမှာ ဒီလိုမျိုးဝတ်ကြလို့လား… ဇွန်ဘီအကိုက်ခံရမှာ မကြောက်ဘူးလား....


မှန်ထဲမှ အနက်ရောင်လည်သာဘောင်းဘီနှင့် အကျီလက်တိုဝတ်ဆင်ထားသည့် သူမပုံရိပ်ကို ကြည့်ရင်း မျက်လုံးကိုလှိမ့်လိုက်မိသည်။


ဝတ်စုံက ကြည့်ကောင်းပြီး လှပေမယ့် ဒီလိုဝတ်စုံမျိုးကို ကမ္ဘာပျက်ကပ်မှာ ဘယ်သူက ဝတ်လို့လဲ…


သူတို့ အသက်ရှည်ရှည် မနေချင်ကြဘူးလား…


ဒါလုံးဝ အဓိပ္ပာယ်မရှိဘူး… 


အကယ်၍သာ  မတော်တဆဇွန်ဘီများနဲ့ ထိတွေ့မိပါက သင်သည်လည်း သူတို့ထဲမှ တစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်သည်။


သူမသည် ဆယ်လီများ၏ ဓါတ်ပုံရိုက်ကူးခြင်း၊ရုပ်ရှင်ရိုက်ကူးခြင်းများကို နားလည်သော်လည်း ဝတ်စုံအပေါ်တွင်တော့ မကျေနပ်ပေ။


ထို့ကြောင့် ဝတ်စုံအားဝတ်ဆင်လျက် မကျေမနပ်ဖြင့် အဝတ်လဲခန်းထဲမှ ထွက်လာသည်။


အခန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအားလုံး၏ မျက်ဝန်များမှာ သူမ အပေါ်သို့ ကျရောက်လာသည်။


ကမ္ဘာပျက်ကပ်မှ ရှအန်း၏ ရွှေလက်ချောင်းကြောင့်လား မူလပိုင်ရှင်၏ခန္ဓာကိုယ်ကြောင့်လား မသေချာသော်လည်း ထိုဝတ်စုံကိုဝတ်လိုက်သည်နှင့် သူမခန္ဓာကိုယ်မှာ လူတိုင်းရှေ့တွင် ပေါ်လွင်နေသည်။


ရှည်လျားဖြူဖွေးနေသော‌ခြေထောက်၊ လက်တစ်ဖက်တည်းဖြင့်ပွေ့ဖက်နိုင်သော သေးသွယ်သည့်ခါး၊  ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပုံစံသည် ပိန်ပါးနေသော်လည်း သန်မာသည့်ပုံပေါက်နေသည်။


‘’ကျွန်မ ဒီဝတ်စုံမကြိုက်ဘူး....’’


ဟန်ယွဲ့ဆီသို့ လမ်းလျောက်လာရင်း သူမ၏မကျေနပ်ချက်များကို တိုက်ရိုက်ဖော်ပြလိုက်သည်။


ဝတ်စုံမှာ ခန္ဓာကိုယ်ကိုဖော်ပြနေသလို နောက်ခံအပြင်အဆင်နှင့်လည်း လိုက်ဖက်ညီမှုမရှိပေ။ 


ဒီဝတ်စုံက သူမအတွက်လုပ်ထားတာ လုံးဝမဟုတ်ဘူး....


‘’ဝတ်စုံမှားနေတာ… အဲ့ဒါက မင်းအတွက်မဟုတ်ဘူး....’’


အလွန်ဆွဲဆောင်မှုရှိစွာဖြင့် ဆက်စီကျကျ ဇာတ်ဝင်ခန်းဝတ်စုံဝတ်ထားသည့် ရှအန်းကို ကြည့်ပြီး ဟန်ယွဲ့မျက်လုံးများ ပြုတ်ကျမတတ်ဖြစ်သွားသည်။


ထို့ဇာတ်ဝင်ခန်းဝတ်စုံသည် အမျိုးသမီး အင်တာနက်ဆယ်လီခြောက်ဦးအတွက် လျာထားတာဖြစ်ပြီး ရှအန်းတစ်ယောက် မတော်တဆဝတ်မိသွားခြင်းဖြစ်သည်။


သို့သော်လည် ရှအန်းဝတ်ဆင်လိုက်သောအခါ သူမ၏ဖြူစင်သန့်ရှင်းသည့်ပုံစံကြောင့် မထင်မှတ်စွာပင် လိုက်ဖက်မှုရှိနေသည်။


ရှအန်း ထိုဝတ်စုံကို သဘောမကျသော်လည်း သူမနှင့်အမှန်ပင်လိုက်ဖက်ညီကာ ဓါတ်ပုံရိုက်ကူးရန် အလွန်သင့်တော်သည်။


‘’ဟ… မှားနေတာလား…’’ 

ရှအန်း သူမ၏အဝတ်များအားတချက်ကြည့်လိုက်ပြီး


‘’ဒါဆို ကျွန်မပြန်လဲဖို့ ဝန်ထမ်းကို တစ်ချက်ပြောပေးပါဦး....."


ရှအန်း အဝတ်လဲခန်းထဲသို့ ဝင်ရန်ပြင်နေစဉ် အယ်လန် သူမကို လှမ်းတားလိုက်သည်။


‘’နေပါဦး… အခုဝတ်ထားတဲ့ဝတ်စုံလဲ ကောင်းပါတယ်… ဓါတ်ပုံနည်းနည်းလောက် အရင်ရိုက်လိုက်ရအောင်လေ....."


ရှအန်း ငြင်းဆန်ချင်သော်လည်း အယ်လန်မှ သူမပုံအား ရိုက်နှင့်နေပြီဖြစ်သည်။


‘’ကလစ်…ကလစ်....’’


‘’အိုကေ…. အခု သွားလဲလို့ရပါပြီ’’


‘’အရမ်းမြန်တာပဲ… ကောင်းကောင်းကော ရိုက်လိုက်ရဲ့လား....’’


ရှအန်း အယ်လန်ကို ကြည့်ရင်း စဉ်းစားလိုက်မိသည်။ 

ကြယ်ပွင့်တစ်ယောက်ကို ဓါတ်ပုံရိုက်တာ အဲ့လောက်လွယ်တာလား…


သူမတွင် အတွေ့အကြုံမရှိသည့်အတွက် ဓါတ်ပုံရိုက်ကူးရေးတွင် အလွန်ခက်ခဲနိုင်သည်ဟု တွေးခဲ့သော်လည်း ဓါတ်ပုံဆရာက ပုံမှန်လိုပဲ ပေါ့ပေါ့ပါးပါးပဲ ရိုက်သွားတာဖြစ်သည်။


‘’မင်းက ကြည့်ကောင်းပြီးသားလေ… အဲ့တော့ ငါဘယ်လိုရိုက်ရိုက် လှနေမှာပဲ....."


အယ်လန် အပြုံးလေးဖြင့် ရှအန်းကို ပြန်ဖြေလိုက်သည်။


အယ်လန်စကားကို နားထောင်ပြီးနောက် မနေ့ညက အင်တာနက်ပေါ်မှ သူမရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်ကို ပြန်စဉ်းစားမိသွားသည်။


ကောင်းပြီလေ… အဲ့ဒါက ဓါတ်ပုံရိုက်တာပဲဆိုတော့ မျက်နှာပေါ်မှာပဲ မူတည်နေမှာပေါ့…


သူမ မျက်နှာက အရမ်းကောင်းနေပြီးသားလေ…


အဝတ်လဲခန်းသို့ ပြန်သွားချိန် သူမ ထပ်တွေ့လိုက်ရသည့် ဝတ်စုံကြောင့် ပြောစရာစကားမဲ့သွားသည်။


‘’Sailor ဝတ်စုံလား…’’


Sailor ဝတ်စုံဝတ်ထားသည့် မှန်ထဲမှ သူမကိုယ်သူမ ပြန်ကြည့်ပြီး တွေးလိုက်မိသည်။ 


ဒါကြီးက reality show ရဲ့ ပြိုင်ပွဲဝတ်စုံနဲ့မတူဘူးလေ… အဲ့ဒါက Otaku ပွဲတွေမှာတွေ့ရတတ်တဲ့ အမျိုးသမီးဇာတ်ဆောင်ပုံစံကြီးပဲကို...


အဖြူရောင်ရှပ်အကျီပေါ်တွင် သူမအမည်ကိုရေးထွင်းထားပြီး မီးခိုးရောင် လေးထောင့်ကွက်ဖဲပြားလေးက ရင်ဘတ်ထိတ်နားတွင်တပ်ထားသည်။ အကျီနှင့်လိုက်ဖက်ညီစွာ မီးခိုးရောင်လေးထောင့်ကွက်ပါသည့် စကတ်အတိုလေးကို ဝတ်ဆင်ထားသည်။


ဇွန်ဘီတိုက်ခိုက်မှုတွေကြားထဲက ရှင်သန်ခြင်းလား… အဲ့ဒါက ကလေးကစားတာနဲ့တောင် ပိုတူနေသေးတယ်…


ကြောက်စရာအကောင်းဆုံးအရာမှာ အရွယ်ရောက်လူကြီးတစ်ယောက်က ကျောင်းယူနီဖောင်းဝတ်ထား သကဲ့သို့ဖြစ်နေသည်ပင်။


ကျေးဇူးပြုပြီး… ထပ်မမှားပါနဲ့တော့....


အန်ချင်စိတ်တစ်ဝက်ဖြင့် အဝတ်လဲခန်းမှ လူကြားထဲသို့ ရှအန်း နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။


အရင်ဝတ်စုံသည် ဆက်ဆီကျသည့်မကောင်းဆိုးရွားဆန်နေလျင် ယခုဝတ်စုံသည် သန့်စင်သောနတ်သမီးတစ်ပါးကဲ့သို့ လှပနေသည်။


ဖြူစင်အပြစ်ကင်းသည့် မျက်နှာလေးနှင့်ရှအန်းသည် sailor ဝတ်စုံ၏ကောင်းမှုဖြင့် သူမ၏သန့်စင်မှုကို ဖော်ပြလို့နေသည်။