Chapter 26
ရုတ်တရက်ပင် အယ်လန်ခေါင်းပေါ်သို့ ရေအေးများဖြင့်လောင်းချ ခံလိုက်ရလေသည်။
‘’ဒါဖြင့်.. လက်တွေ့ကျတဲ့ ကိစ္စကိုပဲပြောကြရအောင်...."
ရှအန်းသည် ကြီးကျယ်ခမ်းနားစွာပြောတတ်သူများအား အမြဲလျစ်လျူရှုတတ်ပြီး လက်တွေ့ကိုသာ စိတ်ဝင်စားသူဖြစ်သည်။
လတ်တလောတွင် အသက်ရှင်ဖို့သာ အရေးအကြီးဆုံးဖြစ်သည်။
သူမ ဘာတွေလုပ်ရမယ်… အနာဂါတ်မှာ ဘယ်လောက်ရလာမယ် … အဲ့ဒါတွေကနေ သူမ ဘာတွေပြန်ရမယ်… ဘလာ….ဘလာ… ဘလာ … ဒါတွေအားလုံးက သူမအတွက် ဘာမှအဓိပ္ပာယ်မရှိပေ။
သူမသည် အလွန်လက်တွေဆန်သူ ဖြစ်သည်။
‘’ဒါဆို ရှအန်း… ငါ မင်းကို ယွမ် ၁ သိန်း စရုံပေးမယ်ဆိုရင်ကော … ဆုမရခင် မင်းကို ဓါတ်ပုံရိုက်ဖို့အတွက် ယွမ် ၁ သိန်းပေးပြီး ဆုကြေးကိုစောင့်နေမယ်.. ပြီးရင် ယွမ် ၄ သိန်းပေးမယ်.. မင်း ဘယ်လိုထင်လဲ…’’
ထိုသို့ပြောနေရင်း အယ်လန် တစ်ယောက် အကူအညီမဲ့သလို ခံစားနေရသည်။
တခြားသူများအား ဓါတ်ပုံရိုက်ကူးပေးကာ ငွေကြေးလက်ခံရရှိသည့် သူ့အတွက်တော့ …..
(╯ ‵ □ ′) ╯︵┻━┻
ထို့အပြင် သူ၏ ဓါတ်ပုံရိုက်ကူးပေးခကလည်း လုံးဝမနည်းပေ။
နာမည်ကြီးဆယ်လီများမှာ သူ့ကို မည်မျှငွေကြေးများ ပေးခဲ့ပါစေ သူ စိတ်မပါလျဗင် ရိုက်ကူးပေးမည် မဟုတ်ပေ။
သို့သော်လည်း ရှအန်းကဲ့သို့သော လူမျိုးကတော့ သူ့အတွက် အတော်လေးခက်ခဲ့သည်ပင်။
သူ၏နာမည်အား ဂရုမစိုက်ပဲ ငွေကြေးအပေါ်သာ တောင်းဆိုသည့်သူမအားကြည့်ကာ သူဆွံ့အနေမိသည်။
ထိုကိစ္စသာ အပြင်သို့ပေါက်ကြားခဲ့မည်ဆိုလျင် ဖျော်ဖြေရေးလောကထဲတွင် မည်သူမှ မယုံကြည်နိုင် ဖြစ်သွားပေလိမ့်မည်။
(ဟန်ယွဲ့သည် သူ၏ ပုခုံးအား ပုတ်ကာ ‘’ မဖြစ်နိုင်တာ… ငါတော့ မယုံပါဘူး…’’)
စိတ်ခံစားချက်ကင်းမဲ့နေသည့် ရှအန်း၏မျက်ဝန်းနက်များထဲတွင် မရေတွက်နိုင်သည် ကောင်းကင်မှ ကြယ်များကျဆင်းလာသကဲ့သို့ပင် လင်းလက်တောက်ပသွားသည်။ သူမသည် အယ်လန်အား စူးစူးရဲရဲကြည်ကာ ပြောလိုက်သည်။
‘’ကောင်းပြီလေ....."
ဓါတ်ပုံရိုက်ရုံနဲ့ ပိုက်ဆံရမှာပဲကို…. ဘယ်လောက်တောင် ကောင်းလိုက်လဲ…
သူမသာ ပထမနေရာအား ရရှိခဲ့ပါက ရှိုးပွဲတွင်ပို၍ အမြတ်အစွန်းများပေလိမ့်မည်။ ထို့နောက် အရာအားလုံး ပို၍ လွယ်ကူလာပေမည်။
‘’တကယ်လား...."
အယ်လန်သည် ရှအန်း၏ တောက်ပနေငေါ မျက်ဝန်းများကို မြင်တွေ့လိုက်ရပြီး သူမ၏အလှတရားကို ရှာတွေ့သွားသည်။ သူမ၏အပြုအမူက စိတ်အနှောက်အယှက် ဖြစ်စရာကောင်းနေသော်လည်း ထိုအလှတရားသည်က သူမကို မတူညီသည့်အလှတစ်မျိုးထပ်ပေါင်းထည့်ပေးသကဲ့သို့ ပိုကြည့်ကောင်းလာစေသည်။
သူမနေရာတွင် တခြားတစ်ယောက်သာဆိုပါက သူ သေချာပေါက်ပင် အထင်သေးသွားမည်ဖြစ်သည်။
သို့သော်လည်း ပိုက်ဆံကိုသာမြင်သည့် ရှအန်းအား တွေ့လိုက်ချိန်တွင် အယ်လန် ခံစားလိုက်မိသည်က….
အဲ့လောက်ကြီး ချစ်ဖို့ကောင်းမနေနဲ့လေ… အရမ်းချစ်ဖို့ကောင်းနေတယ်ဟ…...
ထိုနောက် ရှအန်း၏ နောက်ဆက်တွဲ စကားသံကြောင့် သူ၏အသိစိတ်တို့ ပြန်လည်ဝင်ရောက်လာသည်။
‘’ဟုတ်ပြီလေ… ရှင် စာချုပ်အကြမ်း မြန်မြန်လေးရေးလိုက်တော့… ဒါနဲ့ စာချုပ်မချုပ်ခင် ကျွန်မ ဘဏ်အကောင့်ထဲကို ယွမ် ၁ သိန်း စရံအရင်လွှဲပေးရမယ်နော်…’’
သူမ သူ့ကို လက်တွေ့ကျကျပင် ပြောလိုက်သည်။
ဟးဟီး… ဓါတ်ပုံရိုက်လိုက်တာနဲ့ ဒီလိုမျိုး မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရလိမ့်မယ်လို့ မထင်ထားမိဘူး....
ကြည့်ပါဦး ဓါတ်ပုံလေးရိုက်လိုက်ရုံနဲ့ ပိုက်ဆံတွေအများကြီးရတော့မယ်....
ငါလေး ဉာဏ်တော်တော်ကောင်းတာပဲ....
‘’…..’’
‘’ကောင်းပြီလေ… အခု ကျွန်မတို့နှစ်ယောက် ဖုန်းနံပါတ်လဲကြရအောင်… စာချုပ်အဆင်သင့်ဖြစ်တာနဲ့ ရှင်ကျွန်မကို ဖုန်းခေါ်လိုက်ပေါ့..."
‘’ကောင်းပြီလေ...’’
အယ်လန်၏ စကားမဆုံးခင်မှာပင် ရှအန်းမှ ဆက်ပြောလာသည်။
‘’ တစ်ခုခုဖြစ်ရင် ကျွန်မကို ဆက်သွယ်လိုက်ပါ… စရံငွေပေးမယ်ဆိုရင်လဲ ဖုန်းဆက်လိုက်ပေါ့…’’
‘’စိတ်ချပါ… မင်းကို ဖုန်းမဆက်ခင် ငွေအရင်လွှဲပေးမှာပါ..."
သာမန် ဓါတ်ပုံဆရာ မဟုတ်သည့် အယ်လန်တစ်ယောက် သူမအရှေ့တွင်တော့ ကိုယ်ကိုကိုယ် လေးစားမှုများ ပျောက်ဆုံးသွားသလို ခံစားလိုက်ရကာ အနည်းငယ် စိတ်ရှုပ်သွားသည်။
ရှအန်း သူနှင့်ဖုန်းနံပါတ်လဲပြီးသည့်နောက် ထွက်ခွာသွားသည်။
ရှအန်းသည် အပြုံးမျက်နှာဖြင့် ဟန်ယွဲ့ဆီသို့ လမ်းလျောက်သွားသည်။
ထို့နောက် ဟန်ယွဲ့ရှေ့တွင် ရပ်လိုက်ကာ သူမ လက်ဖဝါးကို ဖြန့်လိုက်သည်။
‘’မင်း ဘာလုပ်နေတာလဲ…’’
ဟန်ယွဲ့ သူ့ရှေ့တွင် မတ်တပ်ရပ်နေသော ရှအန်းအား နားမလည်စွာဖြင့် မေးလိုက်သည်။
‘’ပိုက်ဆံပေးရမယ်လေ… ကျွန်မရဲ့ ဓါတ်ပုံရိုက်ခ...."
ရှအန်း ဟန်ယွဲ့ဆီမှ ပိုက်ဆံတောင်းသည်မှာ မှန်ကန်သည်။
‘’…..’’
ဟန်ယွဲ့အနေဖြင့် ရှအန်းဘက်မှ ထိုကိစ္စအား အတည်မှတ်ယူမည်ဟု မထင်မှတ်ထားပေ။
ရှိုးပွဲများ ရုပ်ရှင်များအတွက် အကြိုဓါတ်ပုံရိုက်ကူးရာတွင် အခကြေးငွေမယူကြောင်း ဖျော်ဖြေရေးလောကရှိ လူတိုင်းသိလေသည်။
‘’အကောင့်နဲ့ပေးဖို့ အဆင်မပြေလို့လား… ကျွန်မပြောမယ် … ကျွန်မနဲ့ဓါတ်ပုံရိုက်မယ်ဆိုရင် အရမ်းဈေးကြီးတာနော်… အခုလေး ကျွန်မကို ဓါတ်ပုံရိုက်ပေးတဲ့ အယ်လန်တောင် တစ် setစာ ဓါတ်ပုံရိုက်ကြေး ယွမ် ၁ သိန်းပေးတယ်....’’
ဟန်ယွဲ့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားလိုက်မိသည်။
အယ်လန်က သူမနဲ့ရိုက်ဖို့အတွက် သူမကိုပိုက်ဆံပေးလိုက်တယ်… ဓါတ်ပုံတစ် set စာအတွက် ယွမ် ၁ သိန်းတောင်လား… ကြားရတာရူးချင်သွားသလိုပဲ…..
‘’…..’’
ဟန်ယွဲ့ အော်ဟစ်၍သာ ငိုချင်စိတ်ပေါက်သွားတော့သည်။
‘’ကျွန်မတို့ရဲ့ ရင်းနှီးမှုကို ထောက်ထားပြီး ဈေးလျော့ပေးလိုက်မယ်… ဒီနေ့ရိုက်ခဲ့တဲ့ နှစ်ဆက်စာအတွက် ၁၈,၈၈၈ ယွမ်ပဲပေး...."
နံပါတ် ၁၈,၈၈၈ အားကြားပြီးနောက် ရှအန်းသည် တော်ရုံစိတ်အနှောက်အယှက် ဖြစ်ရုံသည်မက ငွေတိုးချေးသူနှင့်ပါ တူနေသည်ကို သိရှိသွားသည်။
‘’ ငါ မင်းကို ကျေးဇူးကော တင်ဖို့လိုသေးလား...."
ဟန်ယွဲ့ ရွဲ့စောင်းပြောလိုက်သည်။
သူ့အနေဖြင့် ဤမျှကပ်စေးနည်းလွန်းသည် ဆယ်လီအား တွေ့ဆုံဖူးသည်မှ ပထမဆုံးဖြစ်သည်။
သူမ ငွေ ၁ သောင်းကိုတောင် အဆုံးရှုံးမခံနိုင်ပေ။
‘’ကျေးဇူးတင်ဖို့မလိုပါဘူး… ကျွန်မတို့က သူငယ်ချင်းတွေပဲကို.. ဟုတ်တယ်မဟုတ်လား…’’
ရှအန်း အရှက်မရှိစွာဖြင့် ဟန်ယွဲ့ကို ပြုံးပြလိုက်သည်။
သူမ၏ အပြုအမူက အတော်လေးမျက်နှာပြောင်တိုက်လေသည်။
‘’ကျွန်မ အရင်သွားနှင့်တော့မယ်… ကျွန်မ ဘဏ်အကောင့်ထဲကို ပိုက်ဆံလွှဲပေးဖို့ မမေ့နဲ့ဦးနော်…’’
ပြောရင်းဖြင့် ရှအန်းက စတူဒီရိုထဲတွင် သူမကို လိမ်လိမ်မာမာလေး ထိုင်စောင့်နေသည့် အကောင်ပေါက်လေးလက်ကိုဆွဲကာ ထွက်ခွာသွားတော့သည်။
‘’ရှောင်ရှင်း.. သွားရအောင်… ပိုက်ဆံတွေအများကြီးရှာနိုင်လို့ မာမားက သားကို အများကြီးစားဖို့ခေါ်သွားမယ်.. ‘’
‘’ဝါး… မာမားက အတော်ဆုံးပဲ’’
‘’ဟေး… အဓိကက လူတွေက ပိုက်ဆံပိုချမ်းသာလာကြလို့ပဲလေ....’’
ဟက်.. ငြိမ်းချမ်းတဲ့ကမ္ဘာမှာ ဓါတ်ပုံရိုက်နေရုံပဲကို… ပိုက်ဆံချမ်းသာတဲ့သူတွေ အများကြီးရှိတာ အရမ်းကောင်းတာပဲ....
သူမ အတွေးထဲတွင်တော့ ‘ တုံးအပြီး ပိုက်ဆံရှိတဲ့သူတွေ… လာကြစမ်း’ ဟုပြောနေမိသည်။
နောက်ထပ် ပိုက်ဆံများရှာဖွေနိုင်သည့်အတွက် ရှအန်းသည် တုန့်ဆိုင်းခြင်းမရှိပဲ သူမ၏ ချစ်လှစွာသော သားလေးလက်ကိုဆွဲကာ ဈေးကြီးပြီး luxury ဆန်သည့် ပင်လယ်စာစားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားကြသည်။