Chapter 27
ထိုစားသောက်ဆိုင်၏ ပင်လယ်စာများမှာ အလွန်အရသာရှိသည့်အတွက် ရှအန်း မထိန်းချုပ်နိုင်တော့ဘဲ ငါးယောက်စာခန့် စားပစ်လိုက်သည်။
ခြောက် ပွဲမြောက်ရောက်ချိန်တွင် အများကြီးစားလိုက်မိသည့်အတွက် သူမ ပို၍လှလာမည်ကို သတိရသွားတော့သည်။
စိတ်ရှုပ်စွာနှင့် ရှအန်း သူမဘေးတွင်ထိုင်ကာ စားနေဆဲဖြစ်သည့် ရှရှင်းချန်အား မေးလိုက်သည်။
‘’ရှောင်ရှင်း… သားရဲ့မာမား ပိုလှလာတယ်လို့ ထင်လား…’’
အကောင်ပေါက်လေးမှာ မျက်တောင်ခတ်လိုက်ပြီး လေးနက်စွာဖြင့်ပြောလိုက်သည်။
‘’ မာမားက အမြဲတမ်းလှနေတာပဲကို...’’
‘’မဟုတ်ဘူးလေ… မဟုတ်သေးဘူး… မာမား သားကိုမေးတာက အစာစားပြီးတာနဲ့ မာမား ပိုလှလာလားလို့..."
ရှအန်း သူမနှလုံးသားထဲမှ ဝမ်းနည်းစွာဖြင့် ရှရှင်းချန်အား စိုက်ကြည့်နေသည်။
ကမ္ဘာပျက်ကပ်မှ ရောက်လာသည့်လူတစ်ယောက်နေနှင့် သူမ၏ စားသောက်ချင်စိတ်ကို ဘယ်လိုများ ထိန်းနိုင်မည်နည်း။
အကောင်ပေါက်လေးမှာ အသက် ငါးနှစ်သာရှိသေးသော်လည်း ရှအန်းမေးခွန်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်နိုင်စွမ်းရှိလေသည်။
သူ့ခေါင်းကို ငြင်သာစွာယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
‘’ အခု မာမားက အရမ်းကြီးလှလာတဲ့ ပုံမပေါ်ပါဘူး...."
အကောင်ပေါက်လေး၏ စကားကို ကြားလိုက်ရသည်နှင့် ရှအန်း နှလုံးသားထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်ဟု ခံစားလိုက်မိသည်။
သူမ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
လျင်မြန်စွာဖြင့် သူမအိတ်ထဲမှ ဖုန်းကိုထုတ်ယူလိုက်ကာ ဓါတ်ပုံတစ်ပုံရိုက်ယူလိုက်သည်။ သူမ ပိုလှမလာသည်ကို တွေ့လိုက်ရသည်။
ပင်လယ်စာ?.... ကယ်လိုရီနည်းလို့လား?....
ပင်လယ်စာ စားပြီးတာနဲ့ သူမ ပိုလှမလာဘူးပေါ့…
ထိုသုံးသပ်ချက်ကို နားလည်သွားသည့်နောက် ရှအန်း စိတ်အားထက်သန်စွာဖြင့် ထပ်မှာလိုက်သည်။
‘’ဝိတ်တာ… ဂဏန်းပေါင်း ၃ ပွဲချပေးဦး’’
ဂဏန်းပေါင်းကို ကိုင်ထားရင် ရှအန်း စိတ်ထဲမှ တွက်ချက်နေသည်။
သူမက အရသာရှိသည့်အစားအစာများကို နှစ်သက်သော်လဲ ဤပင်လယ်စာ စားသောက်ဆိုင်၏ ဟင်းပွဲများက တကယ်ကို အရသာရှိလွန်းသည်။
ပါဝင်ပစ္စည်းကြောင့်လား စားဖိုမှုးကြောင့်လား မသိသော်လဘ်း အရသာလေးလေးပင်ပင်ကြိုက်သည့် သူမတွက်တော့ ဤဆိုင်သည် အလွန်ကောင်းမွန်လေသည်။
အရေးအကြီးဆုံးအပိုင်းမှာ သူမအား ပို၍ မလှပစေသောကြောင့်ဖြစ်သည်။
ဒီစားသောက်ဆိုင်သည် သူမ စားဖူးခဲ့သမျှဆိုင်ထဲတွင် ဈေးအကြီးဆုံး ဆိုင်ဖြစ်သည်။
သူမကို ပိုမို လှပမလာစေဘူးဆိုလျှင် စားရသည်မှ တန်သည်ဟု သတ်မှတ်လိုက်သည်။
ပင်လယ်စာအကုန်လုံးစားပြီးနောက် သူမ၏ ပြားချပ်နေသောဗိုက်လေးကို ကိုင်လိုက်သည်။
‘ဒီစားစရာတွေက အရမ်းလတ်ဆတ်တာပဲ...
ပင်လယ်စာ လူဆယ်ယောက်စာခန့် စားလိုက်သော ရှအန်းကို ရှရှင်းချန် စိုက်ကြည့်ပြီး သံသယဖြစ်စွာ ပြောလိုက်သည်။
‘’ မာမား… အစာအိမ်က အကြီးကြီးပဲရှိတာလား...."
သူ၏ နတ်သမီးမေမေ အစားအများကြီး စားနိုင်သည်ကိုသိသော်လည်း တစ်ခါမှ သူမဒီလောက်ထိ အများအပြားစားသည်ကို သူ မမြင်ဖူးပေ။
‘’မာမားက ဗိုက်အိုးကျယ်အစားဘုရင်ကြီးလား…’’
သူမ၏ အစာအိမ်တွင် တွင်းပေါက်ကြီးတစ်ခု ရှိနေသည်ဟု ရှအန်း တွေးလိုက်မိသည်။ သူမ ဘယ်လောက်ပဲစားစား တင်းတိမ်သည်ဟူ၍ မရှိပေ။
‘’မဟုတ်သေးဘူး… မာမားက အွန်လိုင်းပေါ်မှာ ပြနေတဲ့ ဗိုက်အိုးကျယ်အစားဘုရင်တွေထက်တောင် ပိုစားနိုင်တယ်လို့ သားထင်တယ်...."
အကောင်ပေါက်လေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
နားပါးသောရှအန်းက ထိုအကောင်ပေါက်လေး ပြောလိုက်သည်အားလုံးကို ကြားလိုက်သည်။
‘’အွန်လိုင်း… ဗိုက်အိုးကျယ်အစားဘုရင်…?’’
ရုတ်တရက် ရှအန်း မျက်ဝန်းထဲ အလင်းတန်းဖြတ်ပြေးသွားသည်။
ငြိမ်းချမ်းသောကမ္ဘာ၏ လူနေထိုင်မှုစရိုက်ကို သူမ ရုတ်တရက် သတိရသွားသည်။
အဲ့ဒါက-
စားသောက်ပြမယ်… ထုတ်လွှင့်ပြမယ်…
သူမတွင် အောက်ခြေမဲ့သည့်အစာအိမ်ရှိသည့်အတွက် အောင်မြင်မည်မှာ အသေအချာပင်။
ဟီးဟီး…
သူမ ကမ္ဘာပျက်ကပ်မစခင်က ထိုအရာများကို မှတ်မိသွားသည်။
သူမတွင် ထိုကဲသို့သော စွမ်းရည်ရှိသည့်အတွက် ပျော်ရွှင်စွာပြုံးလိုက်သည်။
ဒီနေ့က တကယ်ကိုနေ့ကောင်းတစ်နေ့ပဲ…
ဟက်…. အခု သူမ ပိုက်ဆံတွေ ရှာနိုင်မယ်လို့ မမျှော်လင့်ခဲ့မိဘူး… ပိုက်ဆံအတွက် စိတ်ပူစရာမလိုတော့ဘူး…
ဆယ်လီတစ်ယောက် မဟုတ်ရင်တောင်မှ သူမ အနေဖြင့် စားသောက်ပြပြီး ပိုက်ဆံရှာလို့ ရနိုင်တယ်လေ…
ပြီးတော့ အဲ့အရာနှစ်ခုလုံးကလဲ သူမကြိုက်တဲ့အရာတွေကြီးပဲ....
သူမအနေနဲ့ အိမ်မှာထိုင်ပြီး ပိုက်ဆံရှာနေရုံပဲဖြစ်သည်။
ပိုက်ဆံရှာရတာ လွယ်လိုက်တာနော်….
‘’မာမားပျော်နေလို့ သားကိုဆုချပေးမယ်.. မာမားတို့…’’
သူမ စကားမဆုံးခင်မှာပင် အကောင်ပေါက်လေးက ကြားမှဖြတ်ပြောလိုက်သည်။
‘’မာမား.. အများကြီးထပ်စားချင်လို့လား… မာမားအများကြီးစားပြီးသွားပြီနော်… အရမ်းစားရင် ကျန်းမာရေးအတွက် မကောင်းပဲနေဦးမယ်..."
အကောင်ပေါက်လေးသည် သူ၏ နတ်သမီးမေမေ အရင်က အများအပြားစားသည်ကို မြင်ဖူး၍ စိတ်ထဲမရှိသော်လည်း သူမအတွက် စိတ်ပူနေဆဲဖြစ်သည်။
‘’ဟားဟား… သားရဲ့မာမားက ညစာနဲ့ ဆုချပေးမှာမဟုတ်ဘူး အစာကြေအောင် ညဈေးကိုသွားပတ်ကြမယ်လေ… အရင်တစ်ခေါက်တုန်းက ငါးလေးတွေမျှားရတာ သားသဘောကျတယ်မဟုတ်လား… ခုတစ်ခေါက်လဲ ငါးထပ်သွားမျှားရအောင်...."
ထူးဆန်းစွာဖြင့် ညဈေးမှ အကောင်ပေါက်လေးနှင့် အတူဖမ်းလာခဲ့သည့် ရွှေငါးလေးများသည် သေဆုံးမသွားခဲ့ပေ။
ထိုရွှေငါးလေးများသည် အလွန်နူးညံ့သော်လည်း အလွယ်တကူမသေသွားသည့်အတွက် သူမ အံ့ဩခဲ့ရသည်။
‘’အိုကေ..."
ညဈေးတန်းသို့ သွားရမည်ဟု ကြားလိုက်သည်နှင့်တပြိုင်နက် အကောင်ပေါက်လေး၏ မျက်ဝန်းအစုံမှာ ကောင်းကင်ယံရှိ ကြယ်များကဲ့သို့ လင်းလက်တောက်ပသွားသည်။
သူ မေမေနှင့်အတူ ရွှေငါးလေးများ ဖမ်းရသည်ကို အလွန်နှစ်သက်သည်။
ထို့ကြောင့် စိတ်ကောင်းဝင်နေသည့် ရှအန်းက ပျော်ရွှင်နေသည့် အကောင်ပေါက်ကို ခေါ်ကာ ထွက်ခွာသွားတော့သည်။
ပင်လယ်စာဆိုင်တွင်တော့ အလွန်အင်မတန် ပျော်ရွှင်သွားခဲ့ရသည့် ဆိုင်ပိုင်ရှင် တစ်ဦးရှိလေသည်။
ညဈေးမှာ ယခင်အတိုင်းပင် စည်ကားနေပြီး မီးရောင်များဖြင့် တောက်ပနေသည်။
အရင်တစ်ခါက သူမ ညဈေးထဲတွင် လည်ပတ်ဖူးသည့်အတွက် ယခုအချိန်တွင် သူမနှင့် ထိုနေရာမှာ မစိမ်းတော့ပေ။
ထို့ကြောင့် သူမတို့သည် အရင်တစ်ခါက မဆော့ခဲ့ရသည့် တခြားကစားနည်းများကိုပါ ကစားကြသည်။
အရုပ်ကောက်၊ ဘောလုံးပစ်၊ 3D ဂိမ်း စသည်တို့ကို ရှအန်းနှင့် အကောင်ပေါက်လေးမှာ အရူးအမူးဆော့ကြတော့သည်။
တစ်နေ့ကုန်သွားသည်တိုင်အောင် ဆော့ကစားကြပြီး ရှအန်းသည်ချွေးများထွက်နေကာ အကောင်ပေါက်လေး၏ မျက်နှာမှာ နီရဲနေတော့သည်။
‘’ပင်ပန်းလာပြီ… တက္ကစီနဲ့ အိမ်ပြန်ရအောင်...’’
ရှအန်း အကောင်ပေါက်လေး၏ နဖူးပေါ်မှ ချွေးများကိုသုတ်ပေးရင်း အပြုံးနှင့် ပြောလိုက်သည်။
‘’ဟုတ်ပြီလား..."
အကောင်ပေါက်လေးမှာ ပျော်ရွင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအချိန်တွင် ရှရှင်းချန်သည် သူ၏ဆွေမျိုးများမှ သူ့က စွန့်ပစ်ခဲ့သည်ကို လုံးဝ သတိမရတော့ပေ။
သူ အရမ်းကံကောင်းတာပဲ… ကံကောင်းစွာနဲ့ သူ့အဖေက သူ့ကို သားအရင်းမဟုတ်မှန်းသိပြီး မိသားစုကစွန်ပစ်ခဲ့လို့ပေါ့...
မဟုတ်ရင် သူ့ရဲ့ နတ်သမီးမေမေနဲ့ ဘယ်လိုလုပ်ပြီး တွေ့ဆုံပါတော့မလဲ....