အပိုင်း ၂၈
Viewers 29k

Chapter 28


ရှအန်းနှင့် အကောင်ပေါက်လေး တစ်ယောက်လက် တစ်ယောက်တွဲထားကြသည်။ marshmallow ကိုလည်း သူတို့လက်ထဲတွင်ကိုင်ထားရင်း ပြုံးပျော်စွာဖြင့် စားသောက်နေကာ မျက်နှာမှာလဲ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။


ညဈေးတန်းမှ ထွက်ခွာဖို့ပြင်လိုက်စဉ်မှာပင် သူမသည် ကျောက်စိမ်းလည်ဆွဲတစ်ခုကို အမှတ်မထင် ထပ်တွေ့လိုက်ရသည်။


‘’စန်းယုံအော်ပရာပုတီးစေ့လား…’’


သူမလည်ပင်းတွင် ဆွဲထားသည့် စန်းယုံအော်ပရာပုတီးစေ့လည်ဆွဲကို ငုံံ့ကြည့်လိုက်သည်။ ထို့နောက် သူမနှင့်သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် နောက်ထပ် စန်းယုံအော်ပရာပုတီးစေ့လည်ဆွဲအား ကြည့်လိုက်မိသည်။


ဘယ်လိုဖြစ်နိုင်မှာလဲ….


ရှအန်း စိတ်ရှုပ်ထွေးနေပြီး ကောင်ပေါက်လေးလက်ကို ဈေးတန်းထဲသို့ လျောက်သွားသည်။


ထိုလည်ဆွဲနှစ်ခုကို ယှဉ်ကြည့်လိုက်ရာတွင် အမှန်တကယ်ပင် တစ်ခုနှင့်တစ်ခု ချွတ်စွပ်တူနေသည်ကို တွေ့လိုက်ရသည်။


သူမ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး လေးနက်သည့်လေသံဖြင့် ပြောလိုက်သည်။

‘’ သူဌေး… ရှင်ဒီမှာ ဆိုင်ဖွင့်ပြီး ဈေးရောင်းတာ ဆယ်နှစ်ရှိနေပြီမဟုတ်လား...."


ဆိုင်ရှင်မှာ ရှအန်းအား အံ့ဩစွာဖြင့် ကြည့်လိုက်ပြီး ပြန်မေးလာသည်။

 ‘’အိုး.. မိန်းကလေး… ဘယ်လိုသိသွားတာလဲ…’’


ထို့နောက် ရှအန်း သူမမှန်နေသည်ကို သိလိုက်ရသည်။


‘’ဒီကျောက်စိမ်းလည်ဆွဲက ဘယ်လောက်လဲ…’’


‘’မိန်းကလေး… ကျွန်တော်ဒီလည်ဆွဲကို မရောင်းရတာ နှစ်အတော်ကြာနေပြီ… ဒီလည်ဆွဲက မင်းနဲ့ကံစပ်နေမှတော့ ကြိုက်တယ်ဆိုရင် ၂ ဆင့်ပဲပေးတော့...."


ဆိုင်ရှင်၏စကားကြောင့် ရှအန်း အေးခဲသွားသည်။


သူမ လက်အားပွတ်သပ်လိုက်မိသည်။ ဒါဆို ဒီလည်ဆွဲကမှ အမျိုးသမီးဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းဖြစ်မယ်…


ဒါဆို သူမ အရင်ရထားတဲ့ ဆွဲကြိုးကကော… အတုလား… အတုကြီးလား…


ဒါပေမယ့် အဲ့ဒီနဂါးနှစ်ကောင်ပါတဲ့ပုတီးစေ့လည်ဆွဲက အရမ်းအသုံးဝင်တယ်လေ… သူက တကယ်ပဲ သူမရဲ့ခန္ဓာကိုယ်ကျန်းမာရေးကို အားဖြည့်ပေးတယ်…


သူမ နှင့် ရှရှင်းချန်တို့နှစ်ယောက်လုံး ထိုလည်ဆွဲအား ရက်ပေါင်းများစွာဝတ်ဆင်ပြီးနောက် ကျန်းမာရေးမှာ သိသာစွာကောင်းမွန်လာသည်။


ဒါက ဘယ်လိုကြီးလဲ…


တူညီတဲ့ ညဈေးတန်းကဆိုင်နှစ်ဆိုင်မှာ တူညီတဲ့ကျောက်စိမ်းလည်ဆွဲက ဘာလို့ရှိနေရတာလဲ…


မဖြစ်နိုင်ဘူး.. သူတို့က ဘာလို့ ညဈေးမှာ လိမ်ရောင်းနေရတာလဲ…


ပြီးတော့ နှစ်ခုတောင်မှလေ…


ဘာတွေဖြစ်ကုန်တာလဲ…


အကယ်၍ ရှအန်းညီမလေးသာ ဒီနေရာမှာ ရှိနေမယ်ဆိုလျင် သူမအား ဝတ္ထုထဲတွင် ရွှေလက်ချောင်း နှစ်ချောင်းရှိသည့်အကြောင်းကို ပြောပြမည်မှာ အမှန်ပင်ဖြစ်သည်။


ကျောက်စိမ်းလည်ဆွဲနှစ်ခုမှာ အတော်လေးဆင်တူသည့်အတွက် ပုံစံအတူတူဟုပင်ထင်ရသော်လည်း အနီးကပ်ကြည့်မည်ဆိုလျှင် လည်ဆွဲနှစ်ခု၏ အလည်မှနေရာတစ်ချို့မှာ မတူညီသည်ကို တွေ့ရမည်ဖြစ်သည်။


တစ်ခုတွင် ကြည်လင်နေသည့်အဖြူရောင်ပုတီးစေ့ပါဝင်ပြီး နောက်တစ်ခုတွင်တော့ သွေးအနည်းငယ်စွန်းနေသည်ကို တွေ့ရသည်။


အဓိကဇာတ်ဆောင် ဖုအန်းချီ ရွေးသည့်ဆွဲကြိုးမှာ အဖြူရောင်ပုတီးစေ့လည်ဆွဲလား သို့မဟုတ် မကောင်းသည့်လည်ဆွဲလား…


ဟုတ်ပါသည်.. အဓိကဇာတ်ဆောင်၏ ရွေးချယ်မှု မဟုတ်ပဲ စာရေးဆရာ၏ ရွေးချယ်မှုပင်ဖြစ်လိမ့်မည်။


သိပ်မကြာခင်မှာပင် ထိုလည်ဆွဲနှစ်ခု၏ ပုတီးစေ့နှစ်ခုမှာ အနည်းငယ်ကွာခြားသည်ကို ရှအန်း ရှာဖွေတွေ့ရှိသွားသည်။


ရှအန်း သွေးအနည်းငယ်စွန်းနေသည့် ပုတီးစေ့အား ကြည့်ရင်းသုံးသပ်လိုက်သည်။


ရွှေလက်ချောင်းနှစ်ခုဘာကြောင့်ရှိနေမှန်း သူမ နားမလည်သော်လည်း သွေးစွန်းနေသည့်လည်ဆွဲထက် သူမတွင်ရှိနေသည့် လည်ဆွဲက ပို၍ကောင်းသည်ဟု တွေးလိုက်သည်။


မူလက သူမသားအတွက် ထိုလည်ဆွဲကို ဝယ်ရန်စိတ်ကူးထားသော်လည်း ပုတီးစေ့ထဲမှ သွေးအားတွေ့ပြီးနောက် သူမ လက်လျော့လိုက်သည်။


ထားလိုက်ပါတော့ အဲ့ဒါကို ဖုအန်းချီအတွက်ထားလိုက်တော့မယ်… 

သူမတွင် သူမနှင့် သူမသားလေး ညီတူညီမျှအသုံးပြုနိုင်သည့် လည်ဆွဲရှိသည်မဟုတ်ပါလား။


ထိုသို့ဖြင့် ရှအန်းသည် သွေးစွန်းနေသောစန်းယုံအော်ပရာ ပုတီးစေ့အား ပစ်ထားခဲ့ကာ သူမသားလေးလက်ကိုဆွဲပြီး ထွက်ခွာသွားတော့သည်။


သိပ်မကြာခင်မှာပင် သူမနှင့်အကောင်ပေါက်လေးတို့အိမ်ပြန်ရောက်သွားကြသည်။


အကောင်ပေါက်လေး၏ အဝတ်အစားများကို လဲပေးပြီးနောက် သူမ၏ ကွန်ပျုတာကိုဖွင့်လိုက်ကာ အစားအသောက်ထုတ်လွှင့်မှုဈေးကွက်အား ရှာဖွေလိုက်သည်။


ရှာဖွေပြီးနောက် ဒီကမ္ဘာ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းသည် အရင်သူမနေထိုင်ခဲ့သည့် ကမ္ဘာထက် ပိုမိုကောင်းမွန်သည့် ဈေးကွက်ရှိနေသည်ကို အံ့ဩစိတ်လှုပ်ရှားစွာဖြင့် သိလိုက်ရသည်။


နာမည်ကြီး အင်တာနက်ဆယ်လီတစ်ချို့၏ ဗီဒီယိုများအား ကြည့်ပြီးနောက် ရှအန်း ယုံကြည်ချက်များ တိုးလာသည်။


ဟမ့်ဟမ့်… 

ထို အင်တာနက်ဆယ်လီဆိုသည့်သူတွေအားလုံး သူမကဲ့သို့မစားနိုင်ကြပေ။


‘’ဟုတ်ပြီလေ… အဲ့လောက်လေးစားရုံနဲ့ ထုတ်လွှင့်ပြသလို့ရတယ်ပေါ့… ဒီပမာဏလောက်နဲ့တော့ ငါ့ကိုပိုလှပလာစေမှာမဟုတ်ဘူး...."


အရင်က ထိုကဲ့သို့ အစားအသောက်စားခြင်းအား ရိုက်ကူးကာ ထုတ်လွှင့်ပြသခြင်း မလုပ်ခဲ့မိသည့်အတွက် သူမ အတော်လေး ဝမ်းနည်းသွားမိသည်။


‘’စားနေတဲ့အချိန် ထုတ်လွှင့်ပြသနိုင်ဖို့အတွက် ဘုရားသခင်က ငါ့ကိုဒီလိုမျိုး အစာအိမ်ပေးထားတာထင်တယ်...."

 ရှအန်း ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။


သူမ ခေါင်းကိုငုံ့ကာ ပြားကပ်နေသည့် သူမဗိုက်လေးအား ထိလိုက်သည်။


‘’အစာအိမ်လေး… ငါ့ရဲ့အစာအိမ်လေးရေ… အနာဂါတ်မှာ ပိုက်ဆံတွေရှာနိုင်ဖို့က နင့်အပေါ်မူတည်သွားပြီ...."


သူမ အိမ်တွင်ထိုင်ကာ စားနေရုံဖြင့် မရေတွက်နိုင်သည့် ပိုက်ဆံများဝင်လာမည်ကို စဉ်းစားမိပြီး ရှအန်း အလွန်အမင်း စိတ်ကျေနပ်သွားသည်။ 

ဘဝကြီးက ပြီးပြည့်စုံလွန်းတယ်...


ရှအန်းသည် အစားအသောက်ထုတ်လွှင့်ရန်အတွက် မှတ်ပုံတင်နည်းနှင့် ထိုလောကထဲသို့မဝင်ခင် လိုအပ်သည်များကိုရှာဖွေလိုက်သည်။


..............


[😊 ငါကအလှဆုံး V : ဒီနေ့ ဓါတ်ပုံအကြိုရိုက်ကူးရေးသွားခဲ့တယ်… ပြီးတော့ အဲ့ကဝန်ထမ်းတွေက ငါ့ကိုအရမ်းလှတယ်လို့ ဝိုင်းချီးကျူးကြတယ်… ရှိုးပွဲက အမျိုးသမီးပါဝင်သူတွေထဲမှာ ငါက အလှဆုံးလားဆိုတာ ကျေးဇူးပြုပြီး ငါ့ရဲ့ ပုံစံအသစ်လေးကို ကြည့်ပေးကြပါဦး…]


[ဓါတ်ပုံ]