အပိုင်း ၂၉
Viewers 29k

Chapter 29


ရှောင်ရှောင် ပိုစ်တင်လိုက်သည်။ သူမ၏ အမည်အရင်းမှာ ဟယ့်ရှောင်ရှောင်ဖြစ်ပြီး သူမငယ်ရွယ်စဉ်အချိန်မှာ အရာအားလုံးကိုလုပ်ရခဲ့သည်။ အမျိုးသမီးအွန်လိုင်းဆယ်လီဖြစ်လာချိန်တွင်လဲ သူမသည် အဟော့ဆုံးထဲတွင်ပါဝင်ခဲ့သည်။


ထို့အပြင့် Crook Live မှလဲ မျက်နှာသာပေးခြင်းကို ခံခဲ့ရသည်။


သူမတွင် ဖန်အမြောက်အများရှိသည့်အတွက် အသက် ၁၈ နှစ်သာရှိသေးသော ငယ်ရွယ်သည့်အမျိုးသမီးလေးအား ထောက်ပံ့ပေးဖို့ ကောင်းမွန်သည့်အရင်းအမြစ်တွေ ပြည့်ဝနေခဲ့သည်။


ဖျော်ဖြေရေးလောကထဲသို့ ကူးပြောင်းခြင်းသည် ထိုအချိန်တွင်ချောမွေ့နေခဲ့သည်။ ယေဘုယျအားဖြင့် အွန်လိုင်းဆယ်လီအဖြစ်မှ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ကူးပြောင်းသူတိုင်းအတွက် အရမ်းအဆင်မပြေတတ်ကြပေ။


ဟယ့်ရှောင်ရှောင်ပင်လျင် ထိုကဲ့သို့တူညီသော အခြေအနေရှိခဲ့ပြီး ကံကောင်းစွာပင် Crooke Live မှ စီအီးအိုက သူမအပေါ်အကောင်းမြင်ခဲ့သည့်အတွက် သိပ်မရုန်းကန်ခဲ့ရပေ။


ဒီတစ်ကြိမ် ‘’Come on challenger’’ တွင် အမျိုးသမီးပါဝင်သူ နှစ်ဦးသာရှိသည့်အတွက် ထိုအခွင့်အလမ်းကို ဟဲရှောင်ရှောင်သာရရှိခဲ့ပြန်သည်။


ထို့နောက် အခုတစ်ခါ သူမတင်ထားသည့်ပုံမှာ တခြားမဟုတ်ပေ။ ‘’Come on challenger’’ ၏ နောက်ခံအပြင်အဆင်ပါဝင်သည့် ပထမအပိုင်းဓါတ်ပုံဖြစ်သည်။


လှပသောမျက်နှာ ဆွဲဆောင်မှုရှိစွာဖြင့် ပေါက်ကွဲစေတတ်သောအဝတ်အစားများက မရေတွက်နိုင်သောဖန်များ၏ အာရုံအား ဖမ်းစားသွားခဲ့သည်။


သူမ ပရိတ်သတ်အားလုံးသည် ဝေ့ပေါ် ပေါ်တွင် သူမကိုအရမ်းလှသည်ဟု အော်ဟစ်နေကြလေသည်။


သို့သော်လည်း သိပ်မကြာခင်မှာပင် အက်တာနက်အသုံးပြုသူ များက ဟယ့်ရှောင်ရှောင်၏ အဝတ်အစားသည် ‘’Come On, Challenger’’ ရှိုးပွဲမှ ဇွန်ဘီပထမအပိုင်းတွင် ပါဝင်သည့်ဝတ်စုံဖြစ်သည်ကို တွေ့ရှိသွားကြသည်။


အချိန်ကိုက်ပဲ…


နဂိုကတည်းကပင် ‘’Come On, Challenger’’ သည် ရှုကျင်းယန်ကြောင့် ပွက်လောရိုက်နေတာဖြစ်ပြီး ယခုဆိုလျင် မီးတောက်ကဲ့သို့ပင် ဆက်လက်တောက်လောင်နေတော့သည်။


‘’Come On, Challenger’’ ရှိုးသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး မည်သည့်သတင်းအချက်အလက်မှ ထွက်ပေါ်မလာပေ။ ထို့သည်က netizen များကို ပို၍စိတ်ဝင်စားလာစေတာဖြစ်သည်။


သိချင်စရာအကောင်းဆုံးကတော့ ရှုကျင်းယန်နှင့်အတူ ရှိုးတွင်မည်သူပါဝင်မည်ဆိုသည်ကို မသိကြသေးတာဖြစ်သည်။


[ပြုံးလိုက်ပါဦး… နတ်ဘုရားမက တကယ်လှလိုက်တာ… ဒီလိုရိုးရှင်းတဲ့ဝတ်စုံလေးနဲ့ကို အရမ်းလှနေတာ]


[အပြုံးလေးက အရမ်းမိုက်တာပဲ…ဝိုး…]


[ငါ့ရဲ့အပြုံးက ရှိုးပွဲမှာပါဝင်တဲ့အမျိုးသမီးတွေထဲ အလှဆုံးပဲ…]


[အပြုံးနတ်ဘုရားမရဲ့မျက်နှာက နတ်သမီးလေးလိုပဲ … မကောင်းဆိုးဝါးအပြင်အဆင်နဲ့တောင် သူမက ဒီလောက်လှနေတာ… အံ့ဩဖို့ကောင်းလိုက်တာ]


[ဝိုး… ဒီပုံတွေက ‘’Come On, Challenger’’ ထဲကပုံတွေ မဟုတ်လောက်ပါဘူး… အဲ့ဒါ အကြိုဓါတ်ပုံရိုက်ကူးထားတာမဟုတ်လား… ငါသိပြီး ‘’Come On, Challenger’’ ရဲ့ ဆက်တင်အပြင်အဆင်က ဇွန်ဘီတွေနဲ့ပတ်သတ်တာပဲ... ပြီးတော့ အမျိုးသမီးပါဝင်သူတစ်ယောက်က အင်တာနက်ဆယ်လီဆိုလား…]


မကြာခင်မှာပင် netizen များက ဟယ့်ရှောင်ရှောင်၏ ဓါတ်ပုံမှာ ‘’Come On, Challenger’’ တွင်ပါဝင်သည့် ဇွန်ဘီပထမအပိုင်းမှ ပုံများဖြစ်သည်ကို ရှာတွေ့သွားကြသည်။ သူတို့သည် အမျိုးသမီးပါဝင်သူ ဟုတ်မဟုတ်ကိုလဲ ထင်မြင်ချက်များပေးနေကြပြီး ဟဲရှောင်ရှောင်သည်လည်း ချက်ချင်းပဲ hot search တွင် နေရာယူသွားသည်။


အချိန်တိုအတွင်းမှာပင် ဟဲရှောင်ရှောင်၏ ဝေ့ပေါ် သည် မရေတွက်နိုင်အောင် မြင့်တက်သွားသည်။


သို့သော်လဲ လူအများ၏စိတ်ထဲတွင် ကျန်နေသေးသည်မှာ ဟဲရှောင်ရှောင်သည် အလှဆုံးအမျိုးသမီးပါဝင်သူ ဟုတ်မဟုတ်ဟုပင်ဖြစ်သည်။


ထို့ကြောင့် သူတို့သည် ဟယ့်ရှောင်ရှောင်မှာ အလှဆုံးဟုတ်မဟုတ်ကို အချင်းချင်း ငြင်းခုံနေကြသည်။


အငြင်းပွားရင်းနှင့်ပင် နောက်ဆုံးတွင် မေးခွန်းတစ်ခုထွက်လာသည်မှာ-


‘’ဒါဆို ဒုတိယ အမျိုးသမီးပါဝင်သူက ဘယ်သူလဲ...."


ဒုတိယအမျိုးသမီးပါဝင်သူအကြောင်းဆွေးနွေးရင်းနှင့်ပင် လူတိုင်းသည် ဟဲရှောင်ရှောင်အား မေ့သွားကြပြန်သည်။ ထို့သို့ဖြင့် ဟယ့်ရှောင်ရှောင်သည် hot search မှ လျော့ကျသွားလေသည်။


ဟယ့်ရှောင်ရှောင် အနေဖြင့် သူမ weibo ပေါ်တွင် ပိုစ့်တင်ပြီးနောက်ပိုင်း ယခုကဲ့သို့ တခါမှမဖြစ်ဖူးခဲ့သည့်အတွက် အလွန်စိတ်ပျက်သွားသည်။


ထို့ကြောင့်သူမသည် ချက်ချင်းပင် မိတ်ကပ်ခန်းထဲမှ ဓါတ်ပုံကို သတ္တိရှိရှိဖြင့် ထပ်တင်လိုက်ကာ 


[😊 ငါကအဟော့ဆုံး V- ဒုတိယအမျိုးသမီးပါဝင်သူကိုတော့ ကျွန်မ မတွေ့ဖူးသေးလို့ သူမ လှလား မလှလားတော့ မသိဘူး… ဒါပေမယ့် ကျွန်မရဲ့ အသွင်အပြင်ပုံစံကိုအခြေခံပြီးပြောရမယ်ဆိုရင် အနိုင်ရမှာက ကျွန်မပဲဆိုတာ သေချာတယ်]


[selfie ဓါတ်ပုံ]


ဟဲရှောင်ရှောင် ထိုဓါတ်ပုံတင်လိုက်သည်နှင့် သူမသည် hot search ပေါ်သို့နောက်တကြိမ်ရောက်သွားပြန်သည်။


ရှိုးပွဲမစတင်သေးသော်လည်း အမျိုးသမီးပါဝင်သူ တစ်ယောက်တည်းကသာလျင် ဆွဲဆောင်မှုရှိရှိနှင့် ပေါ်လွင်နေသည်။


ဟဲရှောင်ရှောင်၏ ဓါတ်ပုံများသည် အလွန်ဆက်ဆီဖြစ်ကာ ထင်ပေါ်လွန်းလေသည်။


သူမတင်ထားသည့်ပုံတစ်ပုံဆိုလျင် သူမ၏ရင်ဘတ်တဝက်ခန့်ဟနေသော အကျီအားဝတ်ထားသည်။ ထို့အပြင့် သူမ၏ပန်းရှောင်ချယ်ရီလေးပေါ်လုပေါ်ခင်အထိ အကျီစကိုဆွဲချထားသည်။


ထိုကဲ့သို့သောဓါတ်ပုံသည် မရေတွက်နိုင်သော အမျိုးသား အင်တာနက်အသုံးပြုသူ များကို စွဲလမ်းစေပြီး အမျိုးသမီး အင်တာနက်အသုံးပြုသူ များအတွက်မူ အတော်လေး မသက်မသာဖြစ်သွားစေသည်။


သို့သော်လည်း မည်သူမျှ ဟဲရှောင်ရှောင်၏ ကောင်းမွန်သည့်ကိုယ်လုံးကိုယ်ပေါက်ကိုတော့ မငြင်းနိုင်ပေ။


အမျိုးသမီးများပင်လျင် ထိုကဲ့သို့သော စိတ်ဝိညဏ်သန့်စင်နေ့သည့် ယုန်ဖြူလေးအား ထိကိုင်ချင်စိတ်ကို ထိန်းမရကြပေ။


ထို့ကြောင့်ပင် သူမ၏ဓါတ်ပုံသည် အနည်းငယ်လွန်ကျူးနေသော်လဲ အလုပ်ဖြစ်လေသည်။


ထိုသို့ဖြင့် ရှုကျင်းယန်အား အမှီအခိုပြုရင်း အသားရောင်းချလိုက်သည့် ဟယ့်ရှောင်ရှောင်သည် ရှိုးပွဲမထုတ်လွှင့်မီကပင် ရှုကျင်းယန်ထက် ပေါ်ပြူလာဖြစ်သော အမျိုးသမီးပါဝင်သူ ဖြစ်လာသည်။