အပိုင်း ၃၀
Viewers 29k

Chapter 30


ဟယ့်ရှောင်ရှောင်သည် သူမ၏ဆက်ဆီကျသည့်ဓါတ်ပုံများဖြင့် လူအများ၏အာရုံကို ဆွဲဆောင်နိုင်သည်။ 


သို့သော်လည်း သူမအား သဘောမကျသည့် သူများရှိနေဆဲဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာ မိတ်ကပ်ပညာရှင်၏လက်ထောက်ဖြစ်ပြီး သူမအား မနာလိုမုန်းနေသူမဟုတ်ခဲ့သလို သူမ၏ဖန်လဲမဟုတ်ပေ။


ထိုလက်ထောက်သည် ရှုကျန်းယန်၏ အမာခံပရိတ်သတ်ဖြစ်နေသောကြောင့်ပင်။


လက်ထောက်မှာ ဟယ့်ရှောင်ရှောင်တစ်ယောက် ထင်ပေါ်ကျော်ကြားစေရန် သူမအိုင်ဒေါလ်၏ အောင်မြင်မှုအပေါ်အသုံးချနေသည့်အတွက် ဒေါသထွက် ရွံရှာနေခြင်းဖြစ်သည်။


ထို့ကြောင့် လက်ထောက်လေးသည် ကိုယ့်ကိုကိုယ်ဖြောင့်မတ်ချင်ယောင်ဆောင်နေသော အောက်တန်းကျသည့်အမျိုးသမီးကို အနည်းငယ်လက်တုံ့ပြန်ရန်အတွက် ကြံစည်လိုက်သည်။


‘’ဟမ့်… ဘာလဲ… အလှဆုံးပါဝင်သူအမျိုးသမီးဟုတ်လား… ပေါက်ကရတွေ...."


လက်ထောက်လေးသည် လှောင်ရယ်ရင်း ဖုန်းထုတ်လိုက်သည်။ gallery ထဲမှ တခြားအမျိုးသမီးတစ်ယောက်၏ပုံကို ကြည့်လိုက်ပြီး ထိုဓါတ်ပုံကို တိတ်တဆိတ်ရိုက်ကူးထားမိသည့်အတွက် သူမအတော်လေးဝမ်းသာသွားမိသည်။


ဓါတ်ပုံမှာ ခိုးကြောင်ခိုးဝှက်နှင့် ရိုက်ထားသောကြောင့် မကြည်မလင်ဖြစ်နေသော်လဲ ကိစ္စမရှိပေ။


ဓါတ်ပုံ၏အရည်အသွေး မကောင်းသော်လည်း ပုံထဲရှိအမျိုးသမီး၏ ပုံသဏ္ဍာန်မှာ ဟိုအောက်တန်းကျသည့် ဟယ့်ရှောင်ရှောင်ထက် များစွာသာလွန်သည်။


အဓိကအချက်မှာ ပုံထဲမှဝတ်စုံဝတ်ထားသည့်အမျိုးသမီးကို ကြည့်လိုက်လျင် ရှင်းမပြနိုင်သည့်ခံစားချက်မျိုးဖြစ်ပေါ်လာစေပြီး ထိုအချက်သည် ဟယ့်ရှောင်ရှောင် လိုက်မတုနိုင်သောခံစားချက်ဖြစ်သည်။


လက်ထောက်လေး၏ အကူအညီဖြင့် အမျိုးသမီးပုံသည် ဝေ့ပေါ်စာမျက်နှာပေါ်တွင် ရေပန်းစားနေတော့သည်။


[ငါ့ရဲ့အမျိုးသားနတ်ဘုရားက သရုပ်ဆောင်အဟောင်းပဲ : ဟားဟား အလှဆုံး အမျိုးသမီးပါဝင်သူတဲ့… အဓိပ္ပာယ်မရှိတာတွေ… ဘာတဲ့.. အကောင်းဆုံး ကိုယ်နေဟန်ထား ဟုတ်လား… 🤮…. နင့်ရဲ့ခွေးမျက်လုံးတွေကိုဖွင့်ပြီး အလှဆုံးပါဝင်သူက ဘယ်သူလဲဆိုတာ သေချာကြည့်လိုက်ဦး… PS: ဒီနတ်သမီးလေးနဲ့ယှဉ်လိုက်ရင် နင့်ရဲ့ပုံကတော်တော်ဆိုးဆိုးပဲနော်…. ကျေးဇူးပြုပြီး ပုံတွေထပ်မတင်ပါနဲ့တော့…]


[ဓါတ်ပုံ]


ဟယ့်ရှောင်ရှောင်၏ Weibo သည် လူဝင်လူထွက်အများဆုံးဖြစ်သည်။ လက်ထောက်လေးသည် ထို့ပိုစ့်အား ကိုယ်တိုင်မတင်ခဲ့သော်လည်း reply ပြန်ဖို့အတွက်တော့ လက်လွက်မခံပေ။


ထပ်ပေါင်းပြောရလျင် လက်ထောက်လေးသည် ဖျော်ဖြေရေးနယ်ပယ်မှဖြစ်သည်။ သူမ၏ ပိုစ့်အောက်မှ မှတ်ချက်သည် ထိပ်ဆုံးသို့မရောက်သလို မည်သူမျှမြင်မည်မဟုတ်မှန်းသိသည်။


ထို့ကြောင့်ပိုစ့်တင်ပြီးသည်နှင့် ထိုမှတ်ချက်အား ထိပ်ဆုံးသို့ရောက်အောင် Weibo သူငယ်ချင်းများဆီမှ like များကိုဝယ်လိုက်သည်။ ဝန်ဆောင်မှုမှာ အလွန်တန်ပြီး ထိုမှတ်ချက်မှာလဲ ချက်ချင်းပင် ပေါ်ပြူလာဖြစ်ကာ Weibo ပေါ်တွင် ဆူပူသွားသည်။


[ကြည့်ပါဦး… ဒီလောက်လှပနေတဲ့ အလှတရားက ဘယ်သူလေးပါလိမ့်… သူမ ပုံစံလေးက အရမ်းကောင်းတာပဲ....]


[အဲ့ဒါကမှ တကယ့်နတ်ဘုရားမပဲ… ဓါတ်ပုံအရည်အသွေးမကောင်းတာတောင် သိသာနေတယ်… ဒီနတ်ဘုရားမက အရမ်းလှတာပဲ ပြီးတော့ ကိုယ်လုံးကိုယ်ပေါက်ကလဲ ပြေပြစ်လိုက်တာ… အဲ့ဒီခြေထောက်ရှည်ရှည်လေးတွေ.. ခါးသိမ်သိမ်လေးတွေက … အား…… ဒီနတ်သမီးလေးက ဘယ်သူလဲဆိုတာ ငါ့ကိုပြောပြကြပါဦး....]


[ပထမတော့ ဒီပုံတင်တဲ့သူကို အပြစ်ပြောမလို့ပဲ ဒါပေမယ့် ပုံကိုကြည့်ပြီးတော့ အဲ့နတ်သမီးလေးကဘယ်သူလဲဆိုတာပဲ သိချင်တော့တယ်….အရမ်းလှလွန်းလို့ စခရင်ကိုလျှာနဲ့ပါ လျက်ချင်လာပြီ....]


[အဲ့နတ်ဘုရားမက ဘယ်သူလဲမသိပေမယ့် ဒီကိုယ်နေဟန်ထားအရဆို ရှိုးရဲ့ ဒုတိယမြောက်ပါဝင်သူကသာ အလှဆုံးလို့ ငါပြောနိုင်တယ်.....]


[“Come on, Challenger!” က နတ်သမီးတွေပါဝင်တဲ့ ရှိုးများလား… ဒီလောက်လှတဲ့ အမျိုးသမီးပါဝင်သူကို ဘယ်ကနေများ ရှာလာကြတာလဲ… တကယ်လို့ ဒီအလှလေးသာ ရှိုးပွဲမှာပါဝင်သူဆိုရင် အဲ့ဒီရှိုးရဲ့ rating က ထိပ်ဆုံးမှာရှိနေမယ်ဆိုတာ သေချာပေါက်ပြောရဲတယ်.....]


[သူမက ဒုတိယမြောက်ပါဝင်သူမဖြစ်သင့်ဘူး… ငါတော့ သူတို့အဖွဲ့က ပါဝင်သူတွေကို မိတ်ကပ်ပုံစံအတူတူပြင်ပေးမယ်လို့မထင်ဘူး......]


[သူတို့တွေက ဟယ့်ရှောင်ရှောင်နဲ့ ဒီအလှလေးကို ရွေးချယ်ဖို့ပြင်နေကြတာလား....]


[ဟယ့်ရှောင်ရှောင်က စာချုပ်မှာ လက်မှတ်မထိုးရသေးဘူးနဲ့တူတယ်...]


သူမ၏အလှတရားပေါ် ဂုဏ်ယူနေသော ဟယ့်ရှောင်ရှောင်သည် ဝေ့ပေါ် ပေါ်မှ ထူးဆန်းသည့် မှတ်ချက်များကို တွေ့ရှိသွားခဲ့သည်။


Review ကြည့်လိုက်သောအခါ သူမ၏ မှတ်ချက်အား ထိပ်ဆုံးတွင် တွေ့လိုက်ရသည်။


သူမ ထိုပုံအားနှိပ်ကာ ကြည့်ပြီးနောက် အလွန်တုန်လှုပ်သွားသည်။


‘’အဲ့မိန်းမက ဘယ်သူလဲ… သူမလဲ ရိုက်ကွင်းမှာ ဝတ်စုံစမ်းဝတ်ကြည့်နေတာလား...."


ဟန်ယွဲ့သည် များပြားလှသည့် ပါဝင်သူများအား နေရာအချိန်ခွဲကာ အားလုံးကို ဓါတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရိုက်ကူးရေးမစတင်ခင်အချိန်အထိ ပါဝင်သူအချင်းချင်းပင် သိနိုင်မည်မဟုတ်ပေ။


ထိုကြောင့်ပင် ဟယ့်ရှောင်ရှောင်သည် တခြားအမျိုးသမီးပါဝင်သူအား မည်သူဖြစ်သည်ကို မသိပေ။


သို့သော်လည်း သူမသည် “Come on, Challenger!” အတွက် စာချုပ်ချုပ်ဆိုပြီးဖြစ်ကာ ဝတ်စုံမှာလဲ သူမကိုယ်တိုင်းနှင့်ကွက်တိဖြစ်နေသည့်အတွက် ပရိုဂရမ်မှလူများသည် တခြားတစ်ယောက်အား ရွေးချယ်မည် မဟုတ်ဟု နားလည်လိုက်သည်။


ဟဲရှောင်ရှောင်သည် စိတ်ပျက်စွာဖြင့် သူမ၏နောက်ထပ်ဓါတ်ပုံတစ်ပုံအားဝေ့ပေါ် ပေါ်သို့ ထပ်တင်လိုက်တော့သည်။