အပိုင်း ၃၁
Viewers 29k

Chapter 31


[☺️ ငါကအဟော့ဆုံး V : ဟီးဟီး…. အဲ့ခွေးရူး ဘယ်ကနေပေါ်လာလဲတော့မသိဘူး… ကျွန်မ အဲ့မှာ လက်မှတ်ထိုးပြီး ကတည်းကရှိနေခဲ့တာပါနော်… ပြီးတော့ ပုံထဲက ဝတ်စုံကလည်း ကျွန်မအတွက်ကွက်တိလုပ်ထားတာကို ဘာကြောင့်တခြားတစ်ယောက်က ခိုးသွားလဲဆိုတာတော့ နားမလည်မိဘူး… လူတွေကို ဒီလိုမှုန်ဝါးနေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ အရူးလုပ်လို့ရမယ်ထင်နေတာလား…]


ဟယ့်ရှောင်ရှောင်သည် အသက် ၁၈ နှစ်သာရှိသေးသည့် မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် ထိုကဲ့သို့အရာများကို မကိုင်တွယ်နိုင်ပေ။


သူမသာ ဝေ့ပေါ် ပေါ်က ပိုစ့်ကိုမသိချင်ယောင်ဆောင်ခဲ့မည်ဆိုလျင် လက်ထောက်လေးတင်ခဲ့သည့် ရှအန်း၏ပုံမှာ သိပ်ပျံ့နှံ့မည်မဟုတ်ပေ။


မူလက ခိုးရိုက်ထားသည့် ရှအန်းဓါတ်ပုံကို လူအနည်းငယ်သာ မြင်လိုက်သော်လည်း ဟဲရှောင်ရှောင်တင်လိုက်သည့် ပိုစ့်ကြောင့် လက်ထောက်လေး၏ ဝေ့ပေါ် အကောင့်သည် ရှအန်း၏ဓါတ်ပုံတစ်ပုံတည်းဖြင့် ဆူညံပေါက်ကွဲသွားသည်။


‘‘Come on Challenger’’ က လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက ဘယ်သူလဲ…


ထိုအရာများအတွက် ရှအန်းဘက်မှ မည်သည့်မာကတ်တင်းကို မလုပ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းသိသည့် ဟန်ယွဲ့သည်ပင် ထို့အဖြစ်အပျက်အား မသိခဲ့ပေ။


ရှအန်း၏ မှုန်ဝါးနေသော ဓါတ်ပုံသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး ဓါတ်ပုံပြုပြင်တတ်သည့်သူတစ်ချို့သည် သူမ၏ပုံအား ပိုကြည်လင်အောင် လုပ်ဆောင်လိုက်ကြသည့်အတွက် 


[ချောင်ပင်းက နေ့တိုင်း V ကိုပြင်နေတယ် - ငါ့ရဲ့လေ့လာသုံးသပ်ချက်အရ ဒီပုံက ဖြတ်ညှပ်ကပ်လုပ်ထားတာလုံးဝမဟုတ်ဘူး… ပြီးတော့ ဒီပုံက အရမ်းမှုန်ဝါးနေပေမယ့်လဲ ငါက ကြည်လင်အောင်လုပ်ပေးနိုင်တယ်]


ဓါတ်ပုံပြုပြင်သည့်လူက အင်တာနက်ပေါ်တွင် အလွန်နာမည်ကြီးသည်။ သူ၏ နာမည်ပြောင်မှာ ချောင်ရီရှို့ (big touch)ဖြစ်သည်။


Big touch ၏ retouching စကေးသည် ကျွမ်းကျင်ရုံသာမက သူသည် အပြည်ပြည်ဆိုင်ရာဆုတံဆိပ်ကိုပါ ရရှိထားသူဖြစ်သည်။


ထို့ကြောင့် သူက ရှအန်း၏ပုံကို ပြုပြင်ထားခြင်းမရှိသောဓါတ်ပုံ ဟုပြောလိုက်သည်နှင့် လူတိုင်းက ယုံကြည်ကြခြင်းဖြစ်သည်။


အရေးအကြီးဆုံးအချက်မှာ ပုံအကြည်ထွက်အောင် ပြန်ပြင်ဆင်ပြီး တင်ထားပေးသည့် ဓါတ်ပုံသည် ရုပ်ထွက်ကောင်းမွန်ရုံသာမက အင်တာနက် တစ်ခုလုံးကိုပါ ဆူညံပွက်လောရိုက်သွားစေသည်။


[လှလိုက်တာ… အဲ့အလှလေးက ဘယ်သူလဲဆိုတာ ပြောပြကြပါဦး]


[ဘုရားရေ… ဒီလိုအလှမျိုးကို နတ်ဘုရားမလို့တောင် ခေါ်သင့်တယ်… ဟယ့်ရှောင်ရှောင်ထက် အကုန်သာနေတာ အသိသာကြီးပဲ]


[ပြောရရင် ဟယ့်ရှောင်ရှောင်ရဲ့ မျက်နှာနဲ့ကိုယ်လုံးကိုယ်ပေါက်က တခြားသူတွေလောက်တောင် မကောင်းပဲနဲ့များ…. ]


…..


ချောင်ရီရှို့၏ ရုပ်ထွက်ကြည်လင်သည့်ဓါတ်ပုံသည် လူအများကို ပိုဆွဲဆောင်သွားသည်။


​ရုပ်ထွက်ကြည်အောင်ပြုပြင်ထားသောပုံသည် နဂိုပုံနှင့်သိပ်မကွာသော်လည်း တစ်ခုတည်းသော ကွာခြားချက်မှာ ရုပ်ထွက်ကြည်လင်နေပြီး မျက်နှာ၊ နှာခေါင်း၊ ပါးစပ် စသည်တို့ကို ရှင်းလင်းစွာမြင်ရသည်။


မရေတွက်နိုင်သော အင်တာနက်အသုံးပြုသူများသည် ထို့နတ်ဘုရားမ၏ အချက်အလက်ကို မေးမြန်းကြတော့သည်။


[ရှိုးကနေ ဟယ့်ရှောင်ရှောင်ကို ထုတ်ပြီး နတ်ဘုရားမကို ပါဝင်သူအဖြစ် ငါ့ဘက်က ပြင်းပြင်းထန်ထန် တောင်းဆိုပါရစေ]


ကြီးမားသော အင်တာနက်ပေါ်မှ လှိုင်းလုံးကြီးသည် ဟယ့်ရှောင်ရှောင်အား လူစားလဲရန် တောင်းဆိုလာကြသည်။


တူညီသည့်ဝတ်စုံဝတ်ထားသည့် သူမတို့နှစ်ယောက်လုံးကို နှိုင်းယှဉ်လိုက်သည့်အချိန်တွင် ဟဲရှောင်ရှောင်၏ ဓါတ်ပုံသည် အလွန်ကြည်လင်ပြတ်သားသော်လည်း အပြတ်အသတ်ပင် ရှုံးနိမ့်သွားလေသည်။