အပိုင်း ၃၃
Viewers 29k

Chapter 33


‘’အိုကေ… ဒါဆို ကျွန်မ လုံးဝစိတ်မဆိုးဘူး..."


‘’…..’’


ထိုစကားကြားပြီးနောက် ဟန်ယွဲ့ ရုတ်တရက်တုန်လှုပ်သွားသည်။


‘’ဟုတ်ပြီလေ… ငါတို့ရဲ့ နောက်ထပ်အမျိုးသမီးပါဝင်သူ တစ်ယောက်ကြောင့် အခု မင်းနာမည်က hot sarch မှာ သတင်းကြီးနေတယ်...."


ရုတ်တရက်ဘယ်ကထွက်လာမှန်းမသိသည့် ထိုအခြေအနေကြောင့် ရှအန်း နားမလည်သလိုဖြစ်သွားသည်။


‘’ဒါပေမယ့် အဲ့ဒါက မင်းအတွက် မကောင်းတဲ့အရာမဟုတ်လို့ ငါတို့ဘက်က သေသေချာချာသာ ထုတ်ဖော်ပြလိုက်မယ်ဆိုရင် နာမည်ပိုကြီးလာနိုင်တယ်...."


ထိုကိစ္စသည် မကောင်းသည့်အရာမဟုတ်မှန်း ဟန်ယွဲ့သိသော်လည်း ရှအန်းဘက်မှ နားမလည်ပဲ စိတ်ဆိုးမည်ကို စိုးရိမ်မိသည်။ ‘ဘာပဲဖြစ်ဖြစ် ဟဲရှောင်ရှောင် ပိုစ့်က နည်းနည်းတော့လွန်တယ်လေ’


သို့သော်လည်း ရှအန်းသည် ထိုကိစ္စများအပေါ် အကျင့်ဖြစ်နေသည်ကို သူမေ့သွားတာဖြစ်သည်။


‘’အိုကေ.. ကျွန်မ နားလည်ပြီ’’


ဟန်ယွဲ့၏ရှင်းပြချက်အပြီး ရှအန်းဘက်တွင် မည်သည့်ပြောင်းလဲခြင်းမျှ မရှိပေ။ သူမ ထိုကိစ္စအား အလေးအနက်မရှိသည့်အတွက် အသာလေးပင် ခေါင်းငြိမ့်လိုက်သည်။


ရှအန်း၏အမူအယာကို ဟန်ယွဲ့ မမြင်ရသော်လည်း သူမအသံကိုနားထောင်ရင်းဖြင့် သိလိုက်သည်မှာ ‘ သူမ ဉီးနောက်လည်ပတ်ပုံက ပုံမှန်လူတွေနဲ့ အတော်လေးကွာခြားတာပဲ’


‘’ရှအန်း… ငါတို့အဖွဲ့က အဲ့ဒီကိစ္စကို ရှင်းလင်းဖို့အတွက် ကူညီပေးပါ့မယ်… အစတုန်းကတော့ မင်းကို လျှိုဝှက်ဆန်းကြယ်တဲ့ပါဝင်သူအဖြစ် စိတ်ကူးထားပေမယ့် တခြားပရိတ်သတ်တွေရဲ့ သိချင်စိတ်နဲ့ ထောက်ခံမှုတွေကြောင့် အခုအချိန်မှာတော့ မင်းကိုငါတို့က ‘ဒုတိယ အမျိုးသမီးပါဝင်သူ’ အဖြစ် ကြေညာမှဖြစ်တော့မယ်’’


ဟန်ယွဲ့ဘက်မှ စကားမဆုံးသေးခင် ရှအန်း၏ပေါ့ပေါ့ပါးပါးပြောသံကိုကြားလိုက်ရသည်။


‘’ရတယ်.. ကိစ္စမရှိဘူး.. ရှင်ပဲ အဆင်ပြေသလိုစီစဉ်လိုက်ပါ’’


ရှအန်း၏ ဆန့်ကျင်ဘက်သဘောထားအပြုအမူတွေကြောင့် ဟန်ယွဲ့၏သိချင်စိတ်ကို ထိန်းမထားနိုင်တော့ပဲ


‘’ရှအန်း… ငါ မင်းကိုအမြဲတမ်းမေးချင်နေတာရှိတယ်… မင်း ဆယ်လီအဖြစ်ဆက်ပြီးမနေချင်ဘူးလား’’


တကယ်လို့ သူမသာ နာမည်ကြီးချင်တယ်ဆိုရင် ဒီအပြုအမူတွေကို ပြင်ဆင်မှဖြစ်မည်။


သူမနေရာမှာ တစ်ခြားတစ်ယောက်သာဆိုလျင် လက်တလောအခြေအနေအရ ရှိုးသို့မှတ်တမ်းတင်ရန်ရောက်လာပြီး သူ့ဘက်မှအခကြေးငွေ ၁ သိန်းပေးရုံဖြင့် ရိုက်ကူးရေးကို လက်ခံလိမ့်မည်ဖြစ်သည်။


ထို့အပြင့် သူမသည် ဓါတ်ပုံဆရာအယ်လန်ဆီမှ ဖိတ်ခေါ်ခြင်းခံထားရပြီး ဓါတ်ပုံရိုက်ခပါ တောင်းဆိုလိုက်သေးသည်။


ရှအန်း၏ သဘောထားမှာ ‘ ငါ ပိုက်ဆံပဲလိုတယ်.. တခြားဘာမှမလိုဘူး’ ဟူ၍ဖြစ်သည်။


သူမ၏အဖြေသည် ဖျော်ဖြေရေးလောကထဲမှ လူတစ်ယောက်နှင့် လုံးဝမတူပေ။


ဟန်ယွဲ့ မေးခွန်းကြောင့် ရှအန်းသည် တိုက်ရိုက်ပင်ဖြေလိုက်သည်။ ‘’ အင်း.. ဟုတ်တယ်လေ’’


သူ့နှလုံးသားထဲတွင် ထိုသံသယအား အမြဲတမ်းရှိသော်လည်း မဖြစ်နိုင်ဘူးဟု တွေးခဲ့မိတာဖြစ်သည်။ သို့သော်လည်း ရှအန်း၏ အဖြေအားကြားပြီးနောက် မည်သို့ပြန်ဖြေရမှန်း မသိတော့ပေ။


‘’ဘာလို့ နာမည်ကြီးတစ်ယောက် မဖြစ်ချင်ရတာလဲ’’


ဟန်ယွဲ့သေချာစွာမေးလိုက်သည်။ တကယ်တမ်း သူမ၏အလှတရားနှင့်သာဆိုလျင် ခွန်အားမရှိသည့် အလှပန်းအိုးတစ်လုံးဖြစ်နေရင်တောင် ပြည့်စုံသည့်သူတစ်ယောက်ဖြစ်နေမည်မှာ အသေအချာပင်။


သူမ၏အလှတရားသည် ဘာမှမလုပ်ဘဲ ရပ်နေရုံဖြင့် လူအများကို ဆွဲဆောင်နိုင်လေသည်။


ဟန်ယွဲ့ သူမ၏လက်ရှိအခြေအနေနှင့် သူမသားလေးအပေါ်ကြည့်ရုံဖြင့် သူမတို့အကြောင်းကို ခန့်မှန်းနိုင်သည်ဟု အထင်မှားခဲ့မိသည်။


မိခင်ဖြစ်သူ၏အလုပ်ကြောင့် သားအပေါ်တွင် မည်သည့်ပြဿနာမျှ မဖြစ်စေလိုသည့် နူးညံ့သောစိတ်နှလုံးသားရှိသည့် မိခင်တစ်ယောက်ဟု သူတွေးခဲ့မိသည်။


သို့သော်လည်း ရှအန်းသည် ကမ္ဘာပျက်ကပ်မှကူးပြောင်းလာသည့်အတွက် တခြားသူများနှင့် မတူညီသည်ကိုတော့ သူ မသိနိုင်ပေ။


‘’နာမည်ကြီးတစ်ယောက်ဖြစ်ရတာက အရမ်းပြဿနာများတယ်လေ’’


ရှအန်းသည် ပုံမှန်အတိုင်းပင်ပြောလိုက်သည်။ သူမ ဆယ်လီတစ်ယောက် မဖြစ်ဖူးသလို မည်သို့သရုပ်ဆောင်မည်ကိုလဲ မသိပေ။ 


‘နာမည်ကြီးဖြစ်ဖို့လား… ထားလိုက်စမ်းပါ’


နာမည်ကြီးတစ်ယောက်ဖြစ်ဖို့က ပျော်ရွှင်နေသည့်သူဖြစ်ရမည်ဖြစ်ပြီး … နေရာတိုင်းကိုပျံသန်းသွားရမည်… နေရာတိုင်းမှာ အလုပ်လုပ်နိုင်ရမည်ဖြစ်သည်။


သူမ၏  စံပြအလုပ်မှာ ဘာမှမလုပ်ပဲ အိပ်မည်, ဆော့မည်, စားမည် ဖြစ်ပြီး ပိုက်ဆံရှာမည်ဖြစ်သည်။ 


သူမ သေချာစဉ်းစားပြီးသည့်နောက် အစားစားရင်းဖြင့် ထုတ်လွှင့်ပြသလို့ရသည်ကို သတိရလိုက်သည်။


‘မဟုတ်သေးဘူး… တကယ်တော့ ဓါတ်ပုံရိုက်တာက ပိုတောင် အကျိုးရှိသေးတယ်… ‘


‘’ရှအန်း.. မင်းသာ တကယ် မင်းရဲ့သားလေးအတွက် စိတ်ပူနေတာဆိုရင် အဲ့ဒါက ပြဿနာကြီးလို့ ငါမထင်ဘူး… ကလေးက မင်းနဲ့တူပြီး ကြယ်ပွင့်လေးလိုပဲ… တကယ်လို့ သူ့ကို အနိုင်ကျင့်ခံရမှာ စိုးရိမ်လို့ ရှိုးပွဲကိုသာခေါ်လာမယ်ဆိုရင်လဲ သူ့အတွက်ဖန်တွေအများကြီးရလာနိုင်တာပဲ’’


‘’ပြီးတော့ မင်းရဲ့အလုပ်ချိန်တွေကလဲ မင်းဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ်ဆိုတော့ variety show နဲ့ကြော်ငြာရိုက်ကူးတဲ့အချိန်ကို ညှိလို့ရတာပေါ့’’


ဟန်ယွဲ့သည် သူမအတွက်မဟုတ်ပဲ သူ့အတွက် ရှအန်းကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးပမ်းအားထုတ်နေရသည့်အတွက် သူ့ဘဝသူ ခါးသီးလာမိသည်။


ဖျော်ဖြေရေးနယ်ပယ်တွင် သူမသည် နာမည်ကြီးတစ်ယောက်ဖြစ်လာနိုင်သည်ဟု တွေးထားသည့်အတွက် ရှအန်းသာ ဒီရှိုးတွင်ပေါက်သွားပါက အနာဂါတ်တွင် သူမနှင့်အတူတွဲပြီး သူ့အလုပ်များပိုမိုအောင်မြင်အောင် အလုပ်ဆက်လုပ်နိုင်မည်ဖြစ်သည်။


ထို့ကြောင့်ပင်


‘’အဲ့တော့ ရှအန်း.. ဆုံးဖြတ်ချက်ကို အလျင်စလိုမချနဲ့ဦး… ငါတို့တွေ ရှိုးပြီးတဲ့အထိ အခြေအနေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်လဲ နောက်မကျပါဘူး…’’


ဟန်ယွဲ့၏ စိတ်ရင်းမှန်ဖြင့် ပြောသောစကားကို နားထောင်ပြီးနောက် ထိုဆုံးဖြတ်ချက်မှန်ကန်သည်ဟု သူမ စဉ်းစားလိုက်မိသည်။


စီးပွားရေးကြော်ငြာများနှင့် variety show ရိုက်ကူးရေးများက အချိန်သိပ်မကြာပေ။ ထို့အပြင် တကြိမ်လုပ်ဆောင်ရုံဖြင့် အချိန်အတော်ကြာသုံးနိုင်မည့် ငွေပမာဏကိုလဲ ရနိုင်သည်။


‘’အိုကေလေ… အဲ့ဒါဆို နောက်မှပြောကြတာပေါ့…’’ ပြောပြီးနောက် ရှအန်း ဖုန်းချလိုက်သည်။