အပိုင်း ၃၅
Viewers 29k

Chapter 35


‘’ဒါ ရှအန်းလား’’


ဖုရှန်း ကွန်ပျူတာစခရင်တွင် ဖော်ပြနေသည့် သတင်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


စခရင်တွင်ပေါ်လာသည့် popped up သည် သေးငယ်သော်လည်း ရှအန်းနှင့်ကြီးပြင်းလာသည့် ဖုရှန်းသည် သူမကိုမှတ်မိလေသည်။


သူမကို ဒီလိုပုံစံနဲ့ တွေ့မြင်ရမည်ဟု တစ်ခါမှ မတွေးဖူးပေ။


လက်ထဲမှ ဘောပင်ကိုချလိုက်ပြီး မျက်ခုံးကိုလက်ဖြင့်ပွတ်လိုက်ကာ သတင်းပေါ်သို့ မောက်စ်ကိုတင်လိုက်သည်။


စခရင်ပေါ်တွင် သူမ၏ နောက်ထပ်ဓါတ်ပုံ တစ်ပုံကိုတွေ့လိုက်ရပြီး သူမျက်ခုံးတွေ ပိုတွန့်သွားသည်။


‘’ဒါဘယ်လို ဟာသလဲ....’’


ဆက်ဆီကျကျ ဝတ်ဆင်ထားသည့် ရှအန်းဓါတ်ပုံကို ကြည့်ရင်း ဖုရှန်း မျက်ဝန်းထဲ ဒေါသများဖြတ်သန်းသွားသည်။


မတော်တဆမှုဖြစ်ပြီးတာတောင်မှ ရှအန်းသည် ဖျော်ဖြေရေးနယ်ပယ်ထဲမှ ထွက်ခွာမသွားသေးပေ။ သူ့မျက်ဝန်းထဲ မသက်မသာဖြစ်မှုများ ဖြတ်သန်းသွားသည်။


ဖုရှန်း လက်ထောက်ကို ခေါ်လိုက်သည်။


‘’ဟေး.. လက်ထောက်ချီ… ငါ့အခန်းထဲကို လာဦး...."


ဖုန်းချလိုက်သည့်နှင့် တပြိုင်နက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။


‘’အိုး..."


‘’ဝင်လာခဲ့’’


မကြာခင်မှာပင် ရင့်ကျက်ပြီး အရည်အချင်းရှိဟန်ပေါ်သည့် မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ယောက် ဖုရှန်း ရုံးခန်းထဲသို့ဝင်လာသည်။


‘’မစ်စတာဖု… တစ်ခုခု ပြောစရာရှိလားရှင့်...."


‘’အဲ့မှာဘာတွေဖြစ်နေတာလဲ… သူမ ဖျော်ဖြေရေးလောကထဲက ထွက်သွားပြီလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား...."


ဖုရှန်း လက်သီးကိုဆုပ်လိုက်ရင်း ဒေါသထွက်နေသည့်လေသံဖြင့် ပြောလိုက်သည်။


‘’ဒါက… မစ်ရှက တကယ်ပဲ ဖျော်ဖြေရေးနယ်ပယ်ထဲက ထွက်သွားတာပါ… ကုမ္ပဏီကလဲ စာချုပ်ရပ်လိုက်ပြီလို့ သူမအေးဂျင့်ကပြောတယ်...."


သူမ သူဌေးဘက်မှ ရှအန်းအကြောင်း ဘာကြောင့်ပြောလဲဆိုသည်ကို သူမ မသိသော်လည်း အမှန်အတိုင်းပြောခဲ့တာဖြစ်သည်။


‘’ထွက်တယ် ဟုတ်လား… အခု သူမ နောက်ထပ်ရှိုးတစ်ခု ရိုက်ဖို့ပြင်နေပြီ...."


ဖုရှန်းရှန် စခရင်ကို ချီလင်းဘက်လှည့်ပြလိုက်ပြီး သူ့အသံမှာ ပို၍စိတ်မရှည်ဖြစ်လာသည်။


ချီလင်း ခေါင်းကိုငုံံ့ကာ လက်တော့ပ်စခရင်ပေါ်ရှိ သတင်းများကို သေချာကြည့်လိုက်သည်။


မည်သူမှန်းမသိနိုင်သည့် ဓါတ်ပုံနှစ်ပုံကိုကြည့်ရင်း သတင်းဖတ်လိုက်ပြီးနောက် သူမ ပိုရှုပ်ထွေးသွားသည်။


သတင်းတွင် ရှအန်းအမည်ကို‌ ဖော်ပြမထားသည့်အပြင့် ဓါတ်ပုံနှစ်ပုံမှာလဲ အတော်လေး မရှင်းလင်းပေ။


ဒါဆို ဒီဓါတ်ပုံထဲက အမျိုးသမီးက ရှအန်းလား…


မဟုတ်နိုင်ဘူး… သူမ ဘောစ့်က ရှအန်းကို ဒီလိုဓါတ်ပုံလေးကြည့်ရုံနဲ့ မှတ်မိနိုင်တာလား…


ဒါက အချစ်စစ်ပဲလား..


‘’တောင်းပန်ပါတယ်… ဥက္ကဌဖု… ဒီကိစ္စကို သေသေချာချာစုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်...."


ချီလင်း အခန်းထဲမှ ထွက်ရန်ပြင်လိုက်စဉ်မှာပင် အနောက်မှထွက်ပေါ်လာသည့် ဖုန်ရှန်းရှန်၏ အသံကို ကြားလိုက်ရသည်။


‘’ဒါနဲ့…  'Come on, Challenger.'အစီအစဉ်က အတော်လေးကောင်းတယ်လို့ ငါထင်တယ်… အဲ့ဒါအတွက် စပွန်ဆာ ကိစ္စကိုကြည့်လုပ်လိုက်ဦး....."


‘’…..’’


ဖုရှန်းရှန်စကားများနားထောင်ပြီးနောက် ချီလင်း တိတ်ဆိတ်သွားသည်။


‘’ကောင်းပါပြီ ဉက္ကဌဖု … ကျွန်မ နားလည်ပါပြီ....’’


ရုံးခန်းတံခါးပိတ်သွားသည်နှင့် တပြိုင်နက် ချီလင်း တိတ်တဆိတ်သက်ပြင်းချလိုက်မိပြီး သူမ၏ မျက်နှာပေါ်တွင်လဲ အကူအညီမဲ့စွာဖြင့် ရှုပ်ထွေးနေတော့သည်။


သူမ ဘောစ့်၏စိတ်ကို တကယ်ပဲထွင်းဖောက် မမြင်နိုင်ပေ။


သူသည် ရှအန်းကိုမလိုချင်သူဖြစ်ပြီး လက်ရှိဇနီးအပေါ်တွင် ချစ်ခင်နှစ်သက်သောသူဖြစ်သည်။ သို့သော်လည်း သူမ သူဌေးသည် အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိသည်တိုင်အောင် ရှအန်းအကြောင်းကိုတော့ ဂရုစိုက်နေဆဲဖြစ်သည်။


သူ၏လက်ထောက်အဖြစ်လုပ်ကတည်းက ရှအန်းအတွက်ပါ လုပ်ပေးခဲ့တာဖြစ်သည်။


ရှအန်း ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ရောက်ချိန်တွင် သူမသည် တစ်စုံတစ်ယောက်ကိုရှာကာ relationship အကြောင်းများကိုရှင်းလင်းစေပြီး နောက်ကွယ်မှ ရှအန်းကို ထိခိုက်မည့်အရာများမှ ကာကွယ်ပေးခဲ့သည်။


သူမက ရှအန်း၏ အရင်းအမြစ်များကိုပင် ထိန်းချုပ်ထားခဲ့ပြီး ရှအန်းအလုပ်များအားလုံးကို စီစစ်ခဲ့သည်။ ရှအန်း ဆက်ဆီကျကျဝတ်ဆင်ခြင်းများသာမက အနမ်းခန်းများကိုပါ မပါဝင်စေရန် သူမဘက်မှ ဂရုတစိုက် စီစဉ်ခဲ့သည်။


စီအီးအိုဖု၏ သားကြောင့်သာ မဟုတ်လျှင် သူမသည် ရှအန်းကို ဆက်လက်စောင့်ကြည့်နေနိုင်သည်။


သူမ မှားခဲ့သည်။


ချီလင်းခေါင်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။


ရှအန်းတစ်ယောက် (celebrity love show) အချစ်ရှိုးရိုက်ကူးမည့်အချိန်တွင် သူမ ဘော့စ်မပျော်မရွှင်ဖြစ်နေပြီး ရှအန်းကိုလည်း ဖျော်ဖြေရေးနယ်ပယ်ထဲမှ ထွက်ခွာစေချင်ခဲ့သည်ကို သတိရလိုက်သည်။ 


ရှအန်းရှိုးသို့ မဝင်နိုင်ရန် သူမ မတားနိုင်လိုက်သလို … ဘော့စ်၏သားမဟုတ်သည်ကိုလဲ ဖော်ထုတ်ခံလိုက်ရသည့်အပြင့် အဖြစ်အပျက်များစွာဖြစ်ပျက်ခဲ့သည်။


သူမ ထိုအကြောင်းကိုတွေးလေလေ ထူးဆန်းသည်ဟု ပိုခံစားရလေလေဖြစ်သည်။


ဥပမာ ကလေးအကြောင်း အမှန်တရားကို ဖော်ထုတ်ခံလိုက်ခြင်းသည်လဲ အလွန်တိုက်ဆိုင်နေသည်ဟု ခံစားမိသည်။


အဲ့ဒါက…


ချီလင်းစိတ်ထဲ မျက်နှာပေါ်တွင်အပြုံးတစ်ခုဆင်မြန်းတတ်သည့် နူးညံ့သိမ့်မွေ့သော အမျိုးသမီးတစ်ဉီးပုံ ပေါ်လာသည်။


မဟုတ်လောက်ပါဘူး…


ထားလိုက်ပါတော့… သူမ ဘော့စ်က အမိန့်ပေးမှတော့ သူမ လိုက်လုပ်ရမှာပဲပေါ့…