အပိုင်း ၃၇
Viewers 29k

Cuapter 37


ရှအန်းကားပေါ်မှဆင်းလိုက်သည်နှင့် တခြားပါဝင်သူများကို လေ့လာရန်အချိန်မရှိသေးပေ။ သူမသည် မှတ်တမ်းတင်ရှိုးရိုက်မည့်နေရာကို လေ့လာပြီး ဆုရယူရန် ကြိုးစားမည်ဖြစ်သည်။


သို့သော်လည်း မိန်းကလေးတစ်ယောက်က သူမမြင်ကွင်းကို ပိတ်ဆို့လိုက်သည်။


ဖော်ရွေမှုမရှိသည့်စကားလုံးများကြောင့် ရှအန်း မျက်ခုံးပင့်ကာ သူမရှေ့တွင်ရပ်နေသော ထိုမိန်းကလေးကို ကြည့်လိုက်သည်။


ထိုမိန်းကလေးသည် ဟန်ယွဲ့ပြောပြထားသည့် တစ်ယောက်မှန်း ရှအန်း တန်းသိလိုက်သည်။


ရှအန်း ဟယ့်ရှောင်ရှောင်ကိုမြင်သည်နှင့် တပြိုင်နက် ပြုံးပြလိုက်သည့်အတွက် မူလက မောက်မာပြီးပြဿနာရှာရန်လာသည့် သူမသည် ရုတ်တရက်ထိတ်လန့်သွားကာ မျက်လုံးထဲတွင်လည်း မနာလိုမှုများပေါ်ပေါက်လာသည်။


ဟယ့်ရှောင်ရှောင် ဝေ့ပေါ်တွင် သူမအလှအပကို တင်ရဲသည်မှာ သူမကိုယ်သူမ ယုံကြည်မှုရှိသောကြောင့်ဖြစ်သည်။


သူမသည် ငယ်စဉ်ကတည်းက လှပစွာဖြင့်ကြီးပြင်းခဲ့သူဖြစ်သည်။ သူမ ဒေါသကြီးပြီး မိုက်မဲသည့်အပြုအမူများ လုပ်ခဲ့လျှင်တောင် သူမတွင် ပရိသတ်များ ရှိနေဆဲဖြစ်သည်။


သူမ လိုချင်တာမှန်သမျှ ရခဲ့သူဖြစ်သည်။


ထို့ကြောင့် အထက်တန်းကျောင်းအောင်ကတည်းက ကျောင်းဆက်တက်ရန် လက်လျော့ခဲ့ပြီး သူမ၏လှပသော မျက်နှာလေးကို အသုံးပြု၍ အင်တာနက်ပေါ်တွင်ကျော်ကြားသော ဆယ်လီတစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့သည်။


သူမ အသက်၁၈နှစ်သာရှိသေးသော်လည်း အချိန်တိုအတွင်း ကိုယ်ပိုင်အိမ်တစ်လုံး၊ ကားတစ်စီးဝယ်စီးနိုင်သည်။


သူမ မျက်နှာကိုအားကိုး၍ ဖျော်ဖြေရေးနယ်ပယ်ထဲသို့ အခြေချခဲ့ပြီး ယခုဆိုလျင် လူသိအတော်များသည့် အနုပညာရှင်တစ်ဉီးဖြစ်နေပြီ ဖြစ်သည်။


“Come on Challenger! “ reality show တွင် ပါဝင်သူမှာ အမျိုးသမီးအားကစားသမားဖြစ်မည်ဟု ခန့်မှန်းခဲ့သည်အတွက် သေချာပေါက် သူမသာလျှင် အချောဆုံးဖြစ်မည်ဟု ထင်ခဲ့မိသည်။


ဝေ့ပေါ်တွင် ဓါတ်ပုံနှစ်ပုံ တက်လာခဲ့သော်လည်း ထိုပုံများသည် ပြုပြင်ထားသည်ဟုသာ ထင်ခဲ့သည်။


သို့သော်လည်း သူမ မမျှော်လင့်ထားသည်က ထိုပါဝင်သူအမျိုးသမီးသည် အမှန်တကယ်လှပနေပြီး သူမနှင့်နှိုင်းယှဉ်ကြည့်လျင် သူမအလှသည် မြေကြီးထဲတွင် မြုပ်နေမည်ဖြစ်သည်။


ရှအန်းကို ရန်စမည့် ဟယ့်ရှောင်ရှောင် ထိတ်လန့်သွားကာ ရှိုးမှလဲ နှုတ်ထွက်ချင်စိတ်ပေါက်သွားသည်။


သို့သော်လည်း သူမ မျှော်လင့်မထားသည်မှာ ရှအန်း ပြောလိုက်သည့် စကားများကြောင့် သူမ အန်ထွက်မတတ်ဖြစ်သွားသည်ကိုပင်…


‘’အိုး… နင် ကအလှဆုံးပါပဲ...."


ရှအန်း ဟယ့်ရှောင်ရှောင်ကို ပြုံးပြီးကြည့်နေသည်။ ဟန်ယွဲ့က သူမကို အင်တာနက်ပေါ်မှအဖြစ်အပျက်များ ပြောပြီးနောက် ရှအန်းသည် အွန်လိုင်းပေါ်တွင် ထိုကိစ္စများကို ရှာဖွေခဲ့ပြီးဖြစ်သည်။


ထို့ကြောင့် ကလေးမလေးအကြောင်းကို သူမ နည်းလည်သွားသည်။


ထို့ကဲသို့သော အသေးအဖွဲ့အရာများကို သူမ ဂရုမစိုက်သော်လည်း ရှအန်းတွင် အဆိပ်ရှိသောပါးစပ်ရှိပြီး နူးညံ့သည့်နှလုံးသားလည်း မရှိပေ။ အထူးသဖြင့် သူမပေါ်ဆန့်ကျင်ပြီး နှောက်ယှက်တတ်သည့်သူများ အပေါ်တွင်ဖြစ်သည်။


ထိုစကားလုံးများ ရှအန်းပါးစပ်မှ ထွက်ပေါ်လာပြီးနောက် ဟယ့်ရှောင်ရှောင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။


ထိုဖြစ်ရပ်ကြောင့် ဝေ့ပေါ်တစ်ခုလုံး သူမကိုလှောင်ပြောင်ခြင်းများနှင့် ပြည့်နှက်နေပြီး သူမ၏ ပရိသတ်များစွာလည်း‌ လျော့ကျသွားသည်။


ယခု ရှအန်းဆီမှ လူကိုယ်တိုင်လှောင်ပြောင်ခြင်းကို ခံလိုက်ရသည့်အတွက် မသိစိတ်မှနေ၍ သူမလက်ဖဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။


ထို့နောက် ရှအန်းကိုရိုက်ရန် ဟယ့်ရှောင်ရှောင် လက်ဖဝါးမြှောက်လိုက်စဉ်ရုံ ရှအန်းဘက်မှ ပထမဆုံးကန်ချက်ကို သူမ ခံလိုက်ရသည်။


ထို ကန်ချက်မှာ  ပြင်းထန်ပြီး ကျွမ်းကျင်လွန်းလှသည်။


ရှအန်းမှ ပေါ့ပေါ့ပါးပါးပင် ကန်လိုက်သော်လည်း တဖက်ခံရသူအတွက်မှာတော့ အလွန်ပင်ချွေးပြန်သွားစေသည်။


ကမ္ဘာပျက်ကပ်တွင် ထိုကဲ့သို့သော ကြာပန်းဖြူ လဖ္ဘက်စိမ်းမများကို ဤနည်းလမ်းများဖြင့်ပင် ရှအန်း ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။


‘‘အား…’’


ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများဆီမှ အာရုံစိုက်မှုရအောင် ဟယ့်ရှောင်ရှောင် အော်လိုက်သည်။


သူမ အော်ဟစ်သံကြောင့် အလုပ်ရှုပ်နေသော ဝန်ထမ်းများရပ်တန့်သွားပြီး နားမလည်ဟန်ဖြင့် လှည့်ကြည့်လာကြသည်။


‘’ဟယ့်ရှောင်ရှောင်… ဘာဖြစ်တာလဲ…’’


တစ်ချို့သောကြင်နာတတ်သည့် ဝန်ထမ်းများက ဟယ့်ရှောင်ရှောင်ကိုမေးလိုက်သည်။


‘’သူ ငါ့ကိုရိုက်တယ်...."


တခြားဝန်ထမ်းများက ရှအန်းကိုကြည့်လိုက်ကြသည်။


သို့သော်လည်း ရှအန်းမျက်နှာထက်က ရိုးသားသည့်အကြည့်ကြောင့် ဘာမှမပြောဘဲ တိတ်တဆိတ် ရပ်ကြည့်နေကြသည်။


ရုတ်တရက်ဘာဖြစ်သွားလဲမသိလိုက်သည့် ဝန်ထမ်းများသည် ဝေ့ပေါ်မှ ရှအန်း၏ နူးညံ့သိမ်မွေ့ပြီး ပျော့ညံ့သည့်အသွင်အပြင်ကြောင့် ရှအန်းသည် လူများအပေါ်ရိုက်နှက်တတ်သည့်သူဟု မည်သူမျှမထင်ကြပေ။


ထို့ကြောင့်ပင် ဟယ့်ရှောင်ရှောင်၏ မကျေမနပ်တိုင်တန်းချက်ကို ဝန်ထမ်းအားလုံးက လစ်လျူရှုလိုက်ကြသည်။


ဟယ့်ရှောင်ရှောင်သည် တုံးအသော်လည်း တခြားသူများသူမကို မည်ကဲ့သို့သောအဓိပ္ပာယ်ဖြင့် ကြည့်နေကြသည်ကို နားလည်သည်။


ထိုအချက်ကိုကြည့်ပြီး သူမ၏ အားနည်းချက်ကိုသိသွားသည်။ သူမ ရှအန်းကို လေးလေးနက်နက် တစ်ချက်စိုက်ကြည့်လိုက်ပြီး စိန်ခေါ်ရန် အနည်းငယ်ထိတ်လန့်သွားသည်။


ရှအန်း တစ်ခစ်ခစ်ရယ်ရင်း အကောင်ပေါက်လေးလက်ကိုဆွဲကာ ဟန်ယွဲ့ဆီသို့ လမ်းလျောက်သွားသည်။


ထိုအချိန်တွင် ရှအန်း ကလေးကို ရှိုးသို့ခေါ်လာကြောင်းသတိထားမိသွားသည်။


‘’နေပါဦး… မဟုတ်လောက်ပါဘူး…’’


ရှအန်းလား…


ရှအန်းနောက်ကျောကို ဟယ့်ရှောင်ရှောင် အံ့ဩစွာဖြင့် စိုက်ကြည့်လိုက်မိသည်။ ထို့နောက် သူမမျက်ဝန်းထဲ မာနာကြီးဟန်ရှိသည့် အလင်းတန်းတစ်ချက်ဖြတ်သန်းသွားသည်။


ဟမ့်… ဘာ အလှလေးလဲ… သူမက အဆင့်၁၈သာသာပဲရှိတဲ့ အရှုပ်ထုတ် မင်းသမီးကိုများ…


………….


‘’ရှုကျင်းယန် ဘာလို့မရောက်သေးတာလဲ…. ရှိုးက ရိုက်ကူးရေးစတော့မှာကို...."


ဟန်ယွဲ့ဆီသို့ အကောင်ပေါက်လေးလက်ကိုဆွဲရင်း လမ်းလျောက်သွားသည့်ရှအန်းတစ်ယောက် လမ်းတစ်ဝက်မှာတင် သက်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ယောက်၏ ညည်းညူသံကိုကြားလိုက်ရသည်။


‘’ဟန်ယွဲ့ စိတ်လျော့ပါ… ငါ ရှုကျင်းဟန်ရဲ့အေးဂျင့်နဲ့ ဆက်သွယ်ပြီးပါပြီ… သူတို့လေယာဉ်ကနောက်ကျမှာမို့လို့ နည်းနည်းနောက်ကျမယ်တဲ့....’’


‘’ဒါဆို ကျန်းချန်ကရော… သူလဲ လေယာဉ်နောက်ကျတာပဲလား…’’


ဟန်ယွဲ့ ဒေါသတကြီး ဆူပူလိုက်ပြန်သည်။ သူအမုန်းဆုံးအရာမှာ တခြားသူများ အချိန်မီရောက်မလာခြင်းပင်ဖြစ်သည်။


‘’အာ… ဟန်… မင်းထင်တာ မှန်တယ်သိလား… ကျန်းချန်နဲ့ ရှုကျင်းယန်က လေယာဉ်တစ်စီးတည်း....."