အပိုင်း ၃၈
Viewers 29k

Chapter 38


ပါဝင်သူအမျိုးသားနှစ်ယောက် ပျောက်နေသည်ကို ရှအန်း သတိထားလိုက်မိသည်။


သူမနှင့် ဟယ့်ရှောင်ရှောင် , နောက်ထပ်နှစ်ယောက် နှင့် တခြားနှစ်ဦးမှာ လမ်းတွင်ရှိနေသေးသည်။


သူတို့ကို ရှအန်း ဂရုမစိုက်ချေ။ သူမမျက်လုံးထဲတွင် သူမသည် ရှိုးရိုက်ကူးရန်လာခြင်းမဟုတ်ပဲ ယှဉ်ပြိုင်ရန်ရောက်လာခြင်းဖြစ်သည်ဟုသာ မြင်သည်။


သူမ၏ လောကအမြင်တွင် ခင်မင်ရင်းနှီးမှုဆိုတာမရှိပဲ ပြိုင်ဆိုင်မှုသာရှိသည်။


ရိုက်ကူးရေးထဲရောက်လိုက်သည်နှင့် လူတိုင်းသည် သူမ ရန်သူဖြစ်သွားပေလိမ့်မည်။


‘’ဟန်ယွဲ့… ခဏလောက်စောင့်ပါဦး… ငါတို့ရဲ့ကြယ်ပွင့်လေးတွေက အနာဂါတ်မှာ ပိုဒုက္ခရောက်ကြဦးမှာလေ...."


ရှုလင်းတစ်ယောက်တည်းသာ ရှအန်းကို သတိထားမိသည်။


ရှအန်းမျက်နှာကိုမြင်လိုက်သည်နှင့် ရှုလင်းတစ်ယောက် သူ့သူငယ်ချင်း ဘာကြောင့် သူမနှင့်စာချုပ်တွင် လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သည်ကို နားလည်သွားသည်။


ဒါရိုက်တာတစ်ယောက်အမြင်တွင် ရှအန်မျက်နှာသည် တကယ်ကို အံ့မခန်းလှပသည်။ ဟုတ်ပါသည် သာမန်အလှဆိုလျှင် အဆင်ပြေသည်။


သို့သော်လည်း ရှအန်းသည် လှရုံသာမက နာမည်ကြီးများအားလုံးလိုချင်သည့် မျက်နှာလည်း ပိုင်ဆိုင်ထားသေးသည်။


ရှအန်း၏ ချွန်နေသောမေးရိုး နှင့်ပျော့ပြောင်းသောလိုင်းများက သူမမျက်နှာကို သေးသွယ်ကာ နူးညံ့စေသည်။ သို့သော်လည်း သူမ မျက်လုံးများသည် ခေါင်းမာဟန်ဖော်ပြောနေပြီး ထိုသည်ကပင် သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။


ဒီမျက်နှာ.. ဒီပုံစံ နဲ့ မင်းသမီးမဖြစ်သေးတာ နှမြောဖို့ကောင်းလိုက်တာ… 


သူ သူမ၏ သရုပ်ဆောင်စကေးကို စိတ်ဝင်စားမိသည်။


ရှုလင်း ရှအန်းကိုကြည့်လိုက်သည်နှင့် ဟန်ယွဲ့မှ သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။


‘’လောင်ရှု… ဒါက ငါမင်းကိုပြောဖူးတဲ့ ရှအန်းလေ… ‘’


‘’ရှအန်း.. ဒါက ငါ့ရဲ့လုပ်ဖော်ကိုင်ဘက် အထွေထွေဒါရိုက်တာ ရှုလင်းတဲ့....’’


ဟန်ယွဲ့၏ မိတ်ဆက်ပေးမှုကြောင့် ရှအန်းနှင့် ရှုလင်း လက်ဆွဲနှုတ်ဆက်လိုက်သည်။


‘’ ဟဲလို.. မစ္စရှ… ရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားလားဗျ..."


ရှအန်း နှုတ်ဆက်လိုက်ရုံဖြင့် ထိုသူဘက်မှ မေးခွန်းကိုကြားလိုက်ရသည်။


ဟုတ်ပါသည်.. သူမ ပြတ်ပြတ်သားသားပင် ခေါင်းခါပြလိုက်သည်။


‘’ စိတ်မဝင်စားဘူး...."


လာနောက်နေတာလား… ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့လား… 


သူမသည် မူလပိုင်ရှင်မဟုတ်ပေ။ မူလပိုင်ရှင်၏ သရုပ်ဆောင်စကေးသည် မကောင်းသော်လည်း ရုပ်ရှင်ရိုက်ကူးခြင်းတွင် အတွေ့အကြုံရှိသည်။


သူမအတွက်တော့ ဒီတစ်ခုက နောက်ဆုံးသရုပ်ဆောင်ခြင်းပင်။


အရေးအကြီးဆုံးအချက်မှာ ရုပ်ရှင်ရိုက်ကူးခြင်းသည် အချိန်အတော်ပေးရပြီး သူမ အနားယူဖို့အချိန်မရှိပေ။


ရှအန်းဆီမှ ပြတ်သားစွာအငြင်းခံလိုက်ရသည့် ရှုလင်း အတော်လေး စိတ်ပျက်သွားသည်။ 


ဟန်ယွဲ့ ရှုလင်းပုခုံးကို ပုတ်လိုက်သည်။ သူ ရှအန်းအကျင့်ကိုသိသည်။ ထို့ကြောင့် ရှုလင်း စမပြောခင်မှာပင် အဆုံးသတ်ကို မှန်းဆပြီးဖြစ်သည်။


‘’အိုကေ… လောင်ရှု… မင်း ရှအန်းနဲ့ပူးပေါင်းချင်တယ်ဆို ငါတို့ရှိုးမှာရှအန်းနဲ့အတူတူရိုက်နိုင်တယ်.. ဘာပဲဖြစ်ဖြစ် ငါတို့ရှိုးက ဟောလိဝုဒ်ကားတွေကို အခြေခံထားတာပဲ...."


ထိုကိစ္စနှင့်ပတ်သတ်ပြီး ဟန်ယွဲ့ အပိုပြောခြင်းမဟုတ်ပေ။


Variety show တွင် ဘာတွေဖြစ်လာမလဲဆိုတာ သူတို့မသိနိုင်ပေ။ ပြောရရင် စပွန်ဆာတွေ အများအပြားရောက်လာနိုင်ချေရှိသည်။ ထို့ကြောင့်ပင် သူတို့အစီအစဉ်အားလုံးသည် ဖြစ်နိုင်ချေရှိသည်။


ဉပမာအားဖြင့် အကောင်းဆုံးပစ္စည်းကရိယာများ… အကောင်းဆုံး effects production အဖွဲ့


ရှအန်း ဟန်ယွဲ့နှင့်စကားပြောနေပြီး ရှုလင်းသည် အကောင်ပေါက်လေးကိစ္စနှင့် အလုပ်ရှုပ်နေစဉ် ရွာငယ်လေးသည် ရုတ်တရက် အသက်ဝင်လာသည်။


အလုပ်ရှုပ်နေသော ဝန်ထမ်းများသည်လည်း နေရာတစ်ခုတည်းတွင် စုဝေးလာကြသည်။


အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများသည် အတော်လေး စိတ်လှုပ်ရှားနေကြသည်။


ဟန်ယွဲ့နှင့် ရှုလင်းသည် စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို ကြည့်ရုံဖြင့် ရှုကျင်းယန်ရောက်လာပြီဆိုသည်ကို ခန့်မှန်းလိုက်ကြသည်။ သူသည် ရုပ်ရှင် ဧကရာဇ်ဖြစ်ထိုက်ပါပေသည်။


ရှုကျင်းယန်မှ သူတို့ရှိုးတွင် ပါဝင်မည်ဟု ကြေငြာပြီးသည့်နောက် ရိုက်ကူးရေးကို စောင့်နေချိန်တွင် ရုပ်ရှင်ဧကရာဇ်နာမည်ကို ရရှိသွားခဲ့သည်။


ထိုသည်ကပင် ရှုကျင်းယန်၏တန်ဖိုးကို မြင့်တက်သွားစေသည်။


“Come on, Challenger!” မှ ဝန်ထမ်းများအားလုံး ပန်းပွင့်လေးများကဲ့သို့ ပျော်ရွှင်သွားကြသည်။


‘’ ကြည့်ရတာ ရှုကျင်းယန် ရောက်လာပြီထင်တယ်… သွားရအောင် လောင်ရှု… ငါတို့ရဲ့ ရုပ်ရှင်ဧကရာဇ်အသစ်ကို ကြိုဆိုရအောင်...."


ရုပ်ရှင်ဧကရာဇ်ကို လူတိုင်းသွားကြိုရန်ပြင်ချိန်တွင် ရှအန်း လုံးဝလှုပ်မလာချေ။ သူမသည် ကြယ်ပွင့်များ၊ ရုပ်ရှင်ဧကရာဇ်များကို စိတ်ဝင်စားသူမဟုတ်ပေ။


သို့သော်လည်း သူမ မမျှော်လင့်ထားသည်မှာဖြစ်လာသည်။ သူမ တခြားသူကို စိတ်မဝင်စားလျင်တောင်မှ တခြားသူက သူမကို စိတ်ဝင်စားလေသည်။


လူတိုင်းကို နှုတ်ဆက်နေသည့် ရုပ်ရှင်ဧကရာဇ်သည် လူအုပ်ကြီးကိုဖြတ်ကျော်၍ သူမဆီသို့ တည့်တည့်လျောက်လာမည်ဟု မမျှော်လင့်မိပေ။


‘’မင်းက… ရှအန်းလား…’’ 


ရှအန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။


ဒီလူက ဘယ်သူကြီးတုန်း...


ဘာလဲ.. သူက ရှအန်းကိုသိတာလား....


ရှအန်း မျက်မှောင်ကြုတ်ပြီး ဇာတ်ကြောင်းကိုတွေးလိုက်မိသည်။ အချိန်အနည်းငယ်စဉ်းစားပြီးနောက် သူမ ခေါင်းထဲတွင် ဇာတ်ပို့များ၏အကြောင်းကို ပေါ်လာသော်လည်း များပြားလှသည့် အချက်အလက်များတော့ မပါဝင်ပေ။


သူမ ဒီဝတ္တုကိုမဖတ်ဖူးပေ။ ဇာတ်ကောင်၊ ဇာတ်ကွက်များအားလုံးသည် သူမ ညီမပြောသလောက်သာ သိသည်။


ရှုကျင်းယန်သည် မူလရှအန်းနှင့် ဘာမှမဆိုင်သူဟု တွေးလိုက်မိပြီး ယုံကြည်စွာဖြင့်..


‘’ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်သိလို့လား...."


သူ၏မျက်ဝန်းထဲတွင် သူမပုံရိပ်သည် သူစိမ်းတစ်ယောက်ကဲ့သို့ဖြစ်နေသည်ကို သူမမြင်လိုက်သည။


တခြားနည်းပြောရလျင် သူ သူမကို မသိလောက်ပေ။