အပိုင်း ၄၀
Viewers 29k

Chapter 40


ဖျော်ဖြေရေး‌လောကထဲ အခြေအမြစ်မရှိသော ရှအန်း၊ သူမသားလေးနှင့် ရှုကျင်းယန်အကြောင်းသည် ချက်ချင်းပင် ဝန်ထမ်းများကြား ပျံ့နှံ့သွားပြီး စိတ်ဝင်စားစရာ ခေါင်းစဉ်တစ်ခုဖြစ်လာသည်။


လူအုပ်ကြီးမှာ အလုပ်လုပ်နေစဉ်အတွင်း စကားစမြည်ပြောရင်း အတင်းတုပ်ကြစဉ်မှာပင် ရိုက်ကူးရေးအတွက်အပြင်အဆင်များ ပြီးစီးသွားတော့သည်။


ဟန်ယွဲ့က ပရိသတ်များကို လက်တွေ့ကျကျ တင်ဆက်ပြသချင်သည့်အတွက် ပါဝင်သူများ၏ အချက်အလက်များကို မပေးခဲ့ပေ။


ဟန်ယွဲ့သည် ရှိုးမှ ပါဝင်သူအားလုံးကို သူတို့၏ကိုယ်ပိုင်အစွမ်းအစဖြင့် အတတ်နိုင်ဆုံးပါဝင်နိုင်အောင် မျှော်လင့်ထားသည့်အတွက် လူတိုင်းကို ဇာတ်ညွန်း မပေးခဲ့ပေ။


ရှိုးအတွက် များပြားလှသည့်ပါဝင်သူများ မရှိသော်လည်း သတ်မှတ်နှုန်းထားဖြင့် လူ ၆ ဉီးကိုသာရွေးချယ်ခဲ့သည်။


ဉပမာ အမျိုးသားပါဝင်သူ ၄ ယောက်လုံးတွင် မတူညီသည့် ကိုယ်ပိုင်စရိုက်လက္ခဏာများရှိကြပြီး တစ်ယောက်နှင့်တစ်ယောက် လုံးဝဆန့်ကျင်ဖက်များဖြစ်ကြသည်။


ထိုလေးယောက်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိသော လူငယ်လေး ရွယ်ယု ၊အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် လျိုနမ်၊ ရောခ့်ချစ်သူ တုန့်ကျန်းချန် နှင့် ဘာလုပ်လုပ်တင့်တယ်သူကြီး ရှုကျင်းယန်တို့ဖြစ်သည်။


ထိုကဲ့သို့မတူညီသော လူ၄ယောက်ပေါင်းစပ်လိုက်သည့်အခါတွင် ထွက်ပေါ်လာမည့် ရလဒ်သည် လုံးဝပြည့်စုံနေမည်ဟု ဟန်ယွဲ့ယုံကြည်မိသည်။


ဟုတ်ပါသည်… စိတ်ဝင်စားစရာအကောင်းဆုံးမှာ အမျိုးသမီးပါဝင်သူနှစ်ယောက်ဖြစ်သည်။


မူလက အင်တာနက်ဆယ်လီဖြစ်သည့် ဟယ့်ရှောင်ရှောင်အပေါ် စိတ်ကျေနပ်မှုသိပ်မရှိသော်လည်း သူမက ရှိုးပွဲအတွက် စပွန်ဆာအဖြစ် ပါဝင်လာသောကြောင့် ဝန်လေးစွာဖြင့် သဘောတူခဲ့ရသည်။


သူ မျှော်လင့်မထားမိသည်က သူမသည် အလွန်မိုက်မဲသော မိန်းကလေးဖြစ်သည်ကိုပင်။


ရှိုးပွဲမစတင်ခင်မှာပင် သူမဘက်က ရှအန်းအကြောင်းကို ဖော်ထုတ်ခဲ့သည်။


သူတို့ရှိုးမှာ မစတင်ကတည်းကပင် နာမည်ကြီး ရေပန်းစားပြီးဖြစ်သည်။ ထို့ကြောင့် ဟယ့်ရှောင်ရှောင်နှင့် ရှအန်းတို့အတွဲက အသုံးမဝင်တော့ပေ။


အရေးအကြီးဆုံးအရာမှာ သူမတို့နှစ်ယောက်ကြား သဘောထားကွဲလွဲမှုများ ရှိသင့်သည်ပင်။


သူရိုက်ကူးမည့်ရှိုးသည် ရှင်သန်ခြင်း reality show ဖြစ်သည့်အတွက် ပါဝင်သူများ အချင်းချင်းကြားတွင် ကတောက်ကဆများ ရှိရန်လိုအပ်လေသည်။


ဟန်ယွဲ့ သူ့ရှေ့တွင်ရှိနေသော ပါဝင်သူ ၆ ဦးကိုကြည့်ပြီး စူးရှသည့်အပြုံးပြုံးပြလိုက်သည်။


ရိုက်ကူးရေးစတင်ဖို့ကို မစောင့်နိုင်တော့ပေ။


‘’အားလုံးပဲ အခု သယ်လာတဲ့ခရီးဆောင်အိတ်တွေကို ချထားလိုက်ပါ… ကျွန်တော်တို့ ပရိုဂရပ်အဖွဲ့က ခင်များတို့ယူသွားလို့မဖြစ်တာတွေကို ဖယ်ထားလိုက်ပါတော့မယ်… ပြီးတော့ အဲ့ဒါတွေအားလုံးကိုလဲ သိမ်းဆည်းပေးထားမှာမို့ စိတ်မပူပါနဲ့.....’’


ဟန်ယွဲ့စကားပြောပြီးသည်နှင့် တခြားပါဝင်သူများအားလုံး အေးခဲသွားသော်လည်း တုန့်ပြန်မှုများများစားစားမရှိဘဲ သူတို့၏ ခရီးဆောင်အိတ်များကို ပေးလိုက်ကြသည်။


ရိုက်ကူးရေးအဖွဲ့၏ ကင်မရာသမားသည် ကြယ်ပွင့်များယူလာသော အိတ်များကိုဖွင့်ပြီး ဗီဒီယိုစတင်ရိုက်ကူးတော့သည်။


ထို့နောက် အိတ်တစ်ခုကိုဖွင့်လိုက်ရာတွင် လူတိုင်းတိတ်ဆိတ်သွားလေသည်။


အိတ်ထဲတွင် များပြားလှသော အဆာပြေမုန့်များရှိနေပြီး အားကစားဝတ်စုံအနည်းငယ်မှလွဲ၍ ကျန်သည့်အရာများမှာ အစားအသောက်များသာဖြစ်သည်။


‘’…..’’


ထိုမြင်ကွင်းကြောင့် ဝန်ထမ်းများသာမက ပါဝင်သူ တခြား ၅ ယောက်ပါတိတ်ဆိတ်သွားသည်။


‘’ရှအန်း.. ဒါအကုန်ပဲလား...."


ပရိုဂရမ်အဖွဲ့၏ ဖန်ငွေနည်းပါးမှုကြောင့် host ငှားဖို့ရာမတတ်နိုင်ကြပေ။ ထို့အပြင့် ရှိုးအစပိုင်းမှလွဲ၍ ကျန်သည့်အပိုင်းများတွင်  host ပါဖို့ရာမလိုအပ်သည့်အတွက် ထိုတာဝန်ကို ဟန်ယွဲ့ပင် ယူလိုက်သည်။


‘’အင်း… အဲ့ဒါအကုန်ပဲ....’’


လူတိုင်း၏ အကြည့်များအောက်တွင် ရှအန်း တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။


‘’ဒီအစားအစာတွေနဲ့ ဒီအားကစားဝတ်စုံတွေကလွဲပြီး တခြားဘာမှ ယူမလာဘူးလို့ ငါ့ကို မပြောနဲ့နော်....’’


‘’ဟုတ်ပြီလေ… ပရိုဂရမ်အဖွဲ့က လိုအပ်တာတွေအားလုံးထောက်ပံ့ပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား.. အဲ့အတွက် ကျွန်မက ဘာလို့သယ်လာရမှာလဲ…’’


ရှအန်း မျက်မှောင်ကြုတ်ရင်း ဟန်ယွဲ့ကိုကြည့်လိုက်သည်။


ရှအန်း ဘာတစ်ခုမှ သယ်ဆောင်မလာဘူးဟု သူလုံးဝ မထင်ထားခဲ့မိပေ။


သူမဆီမှ အသားအရေထိန်းသိမ်းသည့်ပစ္စည်းများ အလှကုန်များကို သိမ်းထားရမည်ဟု သူထင်မှတ်ခဲ့သေးသည်။ ပါဝင်သူများ၏ ပစ္စည်းများကို သူ့ဘက်မှသိမ်းယူလိုက်သည့်အခါ သူတို့ဖြစ်သွားမည့်အပြုအမူများကို သူလိုချင်ခဲ့တာဖြစ်သည်။


ပါဝင်သူများ၏ မည့်သည့်တုန့်ပြန်ချက်ကိုမဆို ပရိတ်သတ်များက ကြည့်ချင်ကြမည်မှာ အသေအချာပင်။


သို့သော်လည်း ထိုထဲတွင် ရှအန်းကဲ့သို့ ထူးဆန်းသည့်ပါဝင်သူတစ်ယောက် ပါလာမည်ဟု မထင်ခဲ့မိပေ။


သူမက အစားအသောက်တွေယူလာရုံမက အားကစားဝတ်စုံတွေကိုပါ သယ်လာသေးတယ်… အဲ့ဒီအိတ်ထဲမှာ အလှကုန်တွေကော အသားအရေထိန်းသိမ်းတဲ့ထုတ်ကုန်တွေ တစ်ခုမှ မပါလာဘူး….


ရှအန်းက မိန်းမကော ဟုတ်ရဲ့လား....


ဒီလောက်လှပပြီး အသားအရေကောင်းတဲ့ သူမ အနေဖြင့် များပြားလှသည့် အလှကုန်ပစ္စည်းများကို သယ်ဆောင်လာသင့်သည် မဟုတ်ပါလား…


ဒီလောက်များပြားလွန်းတဲ့ အစားအစာပုံကြီးက ဘာလဲဟ...


ဒီလိုအသင့်စား အစားအစာတွေစားပြီး သူမ အရမ်းလှလာတာများလား… 

(╯ ‵ □ ′) ╯︵┻━┻


သနားစရာကောင်းသောဟန်ယွဲ့က သူ၏ အဓိပ္ပာယ်မရှိသည့် အတွေးမှာ မှန်ကန်နေမည်ဟု ထင်မိမည် မဟုတ်ပေ။


သူမ၏ အလှတရားကို ထိုအလှကုန်များဖြင့် ထိန်းသိမ်းထားသည်မဟုတ်ပဲ ကယ်လိုရီမြင့်သည့် အစားအစာများကြောင့်သာ လှပလာခြင်းဖြစ်သည်ပင်။


ဖြောင့်စင်းနေသည့် အဖိုးကြီးကဲ့သို့သော ဟန်ယွဲ့သည် ထိုကိစ္စအပေါ် အမှန်တကယ်ပင် တုန်လှုပ်သွားသည်။


‘’မင်းက အမျိုးသမီးကြယ်ပွင့်ဖြစ်ပြီး ဘာအလှကုန်မှ ယူမလာဘူးလား… မင်းက ကြယ်ပွင့်ကောဟုတ်ရဲ့လား....’’


ပါဝင်သူ အမျိုးသား ၄ ယောက်၏ အလှကုန်များသည်ပင် သူမထက်များနေမည်ကို ဟန်ယွဲ့ ယုံကြည်နေမိသည်။