အပိုင်း ၄၁
Viewers 29k

Chapter 41


ဝန်ထမ်းတစ်ယောက်က ရှအန်း၏ ခရီးဆောင်အိတ်ကို တစ်ကြိမ်ထပ်မံ စစ်ဆေးပြန်သည်။ ထို့အပြင်  သူမ လက်လွှဲပေးလိုက်သည့် ခရီးဆောင်အိတ် အားလုံးကိုလည်း စစ်ဆေးပြီးသားဖြစ်သည်။


သို့သော် ထိုအိတ်များထဲတွင် အစာပြေမုန့်များမှလွဲ၍ ဘာမှ မရှိပေ။


ဝန်ထမ်းများသာမက အမျိုးသားပါဝင်သူများပါ ဘာပြောရမည်မသိပဲ ဆွံ့အကုန်သည်။


ရိုးသားစွာပြောရလျှင် သူတို့ထံတွင် ရှအန်းထက်ပင် skincare productများ ပို၍ပါလာသည်။


" ဟန်ဆောင်နေတာပဲ ..."


ရှအန်းကို သာမန်မျှသာ သဘောထားသော ဟယ့်ရှောင်ရှောင်က ရှအန်း၏ ခရီးဆောင်အိတ်ကို ဝန်ထမ်းက ကြာမြှင့်စွာ စစ်ဆေးနေသည်ကို မြင်သောအခါ ရည်ရွယ်ချက်ရှိရှိ လုပ်ထားသည်ဟု ထင်လာသည်။


ရှအန်း၏ တောက်ပကြည်လင်သော အသားအရည်မှာ ချွေးပေါက်တစ်ခုမျှ မရှိသည့်အတွက် ဟယ့်ရှောင်ရှောင် မနာလိုဖြစ်လာသည်။


ကလေးတစ်ယောက်ရှိတဲ့ မိန်းမတစ်ယောက်အတွက် သူ့ အသားအရည်က ကောင်းလွန်းမနေဘူးလား ...


Skincare products တွေလည်း တစ်ခုမှ မသုံးဘူးပေါ့လေ ...

 

သူမက သဘာဝအလှလို့ထင်အောင် ဟန်ဆောင်နေတာပဲ ...


ဟယ့်ရှောင်ရှောင်၏ ထင်မြင်ချက်က မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။ သို့ရာတွင် အမျိုးသားဝန်ထမ်းများသာမက အမျိုးသားပါဝင်သူ အများအပြားသည်ပင် ရှအန်းလုပ်သမျှကိစ္စတိုင်းကို အာရုံစိုက်ခံချင်၍ အပိုလုပ်သည်ဟုသာ တွေးနေကြသည်။


" ရှအန်း skincare products တွေ တစ်ခုမှ မယူခဲ့ဘူးလား ..."


ဟန်ယွဲ့က ရှအန်းကို မယုံကြည်နိုင်စွာကြည့်ပြီး ထပ်မေးပြန်သည်။

  

မည်သည့် skincareမျှ မသုံးသည့်အတွက် အားလုံးက သူမကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။


  အမျိုးသမီးဝန်ထမ်းတစ်ယောက်ချင်းသီးကလည်း သူမကို မနာလို၍ မုန်းတီးလာသဖြင့် ရှအန်း အခြေအနေကို ချက်ချင်းသဘောပေါက်လာသည်။ အကယ်၍ ထိုသို့ ဆက်သွားနေပါက သူတို့ ဒေါသကို မီးမြှိုက်မိသွားနိုင်သည်။


ရိုးရိုးသားသား ပြောရမယ်ဆို ကမ္ဘာပျက်ကပ်နေ့ရက်တွေတုန်းက လူတွေအားလုံး အသက်ရှင်ဖို့တောင် မနည်းရုန်းကန်နေရတာလေ ... ဘယ် skincareကို သွားသုံးရမှာလဲ ...


အရေးကြီးဆုံးအရာမှာ ရှအန်းက သူမ၏ အလှအပကို တိုးမြှင့်နိုင်သည့်အတွက် ပို၍ ပြဿာနာဖြစ်စေသည်။


ထို့ကြောင့် ရှအန်းက သူမအသားအရည်ကို မရုမစိုက်ပဲ လျစ်လျူရှု့ထားမိသည်။

ကမ္ဘာပျက်ကပ်နေ့ရက်တွေတုန်းက skincareမသုံးတာ သာမန်ဆိုပေမယ့် ဒီလိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးမှာ ဘာမှမသုံးပဲ အသားအရည်ကောင်းနေတာတော့ နည်းနည်းမှားနေတဲ့ပုံပဲ ...


ထို့ကြောင့် ဟန်ယွဲ့ ထပ်မံမေးသည့်အချိန်တွင် ရှအန်း လိမ်ပြောရန် ဆုံးဖြတ်လိုက်သည်။


ဘယ်လိုပဲဖြစ်ဖြစ် အသားအရည်က skincare products မသုံးပဲဆော့ မကောင်းနိုင်ဘူးလေ ... ယုံချင်စရာမကောင်းဘူး ...


" မဟုတ်ပါဘူး ... ကျွန်မမှာ ကိုယ်တိုင်လုပ်ထားတဲ့ skincare အဆီအနှစ် တစ်ခုပဲရှိတယ် ... အဲ့တာက သယ်ရလွယ်တော့ အိတ်တွေထဲ မထည့်ထားမိတာ ..."


ရှအန်းက ရေမှပြုလုပ်ထားသည့် skincareတစ်ခုကို ထုတ်လိုက်သည်။ တခြားအရာများကို ထုတ်ရန် သူမ အလွန်ပျင်းနေသည်။  အနာဂတ်တွင် ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံနိုင်သည့်အတွက် သူမ skincare seriesလိုက်ကို အဆင်သင့် ဆောင်ထားရမည်။


အဲ့အကြောင်း တွေးနေရတာကိုက ပြဿနာများလိုက်တာ ...


ရှအန်းskincareအသုံးပြုကြောင်း ပြောလိုက်သည့်အခါမှ အမျိုးသမီးဝန်ထမ်းများ၏ စိတ်အခြေအနေက ပြောင်းလဲသွားသည်။


 အခုတော့ မနာလိုမဖြစ်တော့ပါဘူး လောဘတကြီးနဲ့ပဲ ကြည့်နေတော့တယ် ...


" သူမ အဲ့အဆီအနှစ်ကို ဘယ်လိုလုပ်ထားတယ်ဆိုတာ သိချင်လိုက်တာ ..."


" ငါလည်း အဲ့တာကိုဝယ်ချင်တယ် ကောင်းမယ့်ပုံပဲ ..."


" ရှအန်းရဲ့ အဆီအနှစ်က အသုံးဝင်လား မဝင်လားတော့မသိဘူး ... ဒီရှိုးမှာ သူမနဲ့သာ ဆက်ဆံရေးကောင်းကောင်းရှိရင် ကိုယ်တိုင်လုပ်ထားတဲ့ အဆီအနှစ်တစ်ပုလင်း ပေးလောက်မယ်ထင်တယ်နော် ..."


ရလဒ်အနေဖြင့် ရှအန်း၏ အလိမ်အညာကြောင့် သူမက programတစ်ခုလုံးတွင် အကျော်ကြားဆုံး ပါဝင်သူ ဖြစ်လာခဲ့သည်။


 နာမည်အကြီးဆုံး ဆယ်လီဖြစ်သည့် ရှုကျင်းယန်သည်ပင် ရှအန်းလောက် နာမည်မကြီးတော့ပေ။

 

နောက်ရက်များတွင် အမျိုးသမီးဝန်ထမ်းအဖွဲ့ဝင်များက ရှအန်းအတွက် ပြင်ဆင်ရာတွင် လုံ့လစိုက်ထုတ်ခဲ့ကြသည်။


 ရှအန်း အခြေအနေကို နားမလည်သည့်အတွက် တအံ့တဩ ဖြစ်နေသည်။

  

ရှအန်း၏ ခရီးဆောင်အိတ်ကို ဖွင့်ရသည်မှာလည်း ရှိုးပွဲအဖွဲ့သားများအတွက် အချိန်အလွန်ကြာခဲ့သည်။ ခဏကြာသည်အခါ  အခြားခရီးဆောင်အိတ်များအားလုံးလည်း ဖွင့်ပြီးသွားသည်။


ပါဝက်သည့် ပစ္စည်းများအားလုံးက ဟန်ယွဲ့တွေးထားသည်နှင့် ထပ်တူဖြစ်နေသည်။


ရွယ်ယုကဲ့သို့ အမျိုးသားတစ်ယောက်သည်ပင် skincare productsကို အတွဲလိုက်ယူလာသည်။


လျှို့နမ်ကဲ့သို့ သက်လတ်ပိုင်းအရွယ် သရုပ်ဆောင်တစ်ယောက်သည်လည်း ထိုကဲ့သို့ပင်။


အခြား အမျိုးသမီးပါဝင်သူဖြစ်သည့် ဟယ့်ရှောင်ရှောင်သည်ပင် skincare productsများ ယူလာသည်။ သူမ၏ လက်ဆွဲအိတ်က မည်သည့်နေရာမဆို သယ်ဆောင်နိုင်သည့် စားပွဲကြီးတစ်လုံးနှင့်ပင် တူနေသည်။ သူမက skincareများနှင့်အလှကုန်ပစ္စည်းများကို အိတ်အပြည့် ယူလာသည်။


ထို့ကြောင့် ရှအန်းက ပါဝင်သူများထဲတွင် ရွှံ့ကျောက်တုံးကဲ့သို့ ဖြစ်နေသည်။ 


တကယ် လတ်ဆတ်ပြီး ကြံဖန်မှုကင်းတာပဲ ...


" ကျွန်တော်အသိပေးရမှာ အားနာပေမယ့် အလှကုန်ပစ္စည်းတွေအားလုံးကို ရှိုးရဲ့ရိုက်ကူးမှုအတွက် သိမ်းယူထားမှာပါ skincareကိုတော့ တစ်ခုကိုပဲ ရွေးချယ်ပြီး ယူထားလို့ရပါတယ် ..."


ဟန်ယွဲ့၏ စကားများကြားရသည့်အခါ ရှအန်းမှလွဲ၍ အခြားပါဝင်သူများ ထိတ်လန့်သွားသည်။


" ဘာ ... အားလုံးကို သ်ိမ်းမယ် တစ်ခုတည်းရွေးတဲ့လား ..."

  

" အခုက စက်တင်ဘာလလေ ... နေရောင်အောက်ထဲကို skincareတစ်ခုတည်းနဲ့ ဘယ်လိုထွက်မလဲ ... ကျွန်မ မျက်နှာက အဖိုးတန်တယ်နော် ..."


ပါဝင်သူများထဲတွင် ဟယ့်ရှောင်ရှောင်က အတုံ့ပြန်ဆုံး ဖြစ်သည်။


  အားလုံး၏ တုံ့ပြတ်ချက်က သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည့်အခါ ဟန်ယွဲ့ ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သို့သော် မကြာမီပင် ရှအန်းက ဤမြင်ကွင်းကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်ကို မြင်သွား၍ သူ၏ရင်ထဲမှ ဂုဏ်ယူမှုက ချက်ချင်းပျောက်ကွယ်သွားသည်။ 


အသည်းကွဲသွားသည့် ခံစားချက်မျိုးပင်။ ရှအန်းထံမှ စိတ်ကျေနပ်စရာ တုံ့ပြန်ချက် မရသည့်အခါ သူ၏ခန္ဓာကိုယ်ပေါ်သို့ ရေခဲရေများလောင်းချလိုက်သည်ဟု ခံစားမိလာသည်။


ဟုတ်ပြီ နောက်တစ်ခေါက်ကျရင်တော့ ကြယ်ပွင့်လေးရှအန်းရဲ့ မျက်နှာပျက်သွားပုံကို သေချာရိုက်ထားရမယ် ... ဓာတ်ပုံဆရာကို သေချာပြောပြီး သူမပုံကို ရိုက်ထားမယ် ...


ထိုအတွေးများက သူ့ကို အားပေးလိုက်သကဲ့သို့ပင်။


ဟန်ယွဲ့က  ပါဝင်သူများ၏ ပစ္စည်းအားလုံးကို သေတ္တာတစ်ခုအတွင်း အမြန်ထုပ်ပိုးရန်နှင့် နောက်ရိုက်ကူးရေးလုပ်ငန်းစဉ်အတွက် ပြင်ဆင်ရန် ဝန်ထမ်းများအား ပြောခဲ့သည်။


 ပရိုဂရမ်အဖွဲ့က သေတ္တာတွေကို ပိတ်ခါနီးမှာ အတားအဆီးတွေ ကြုံတွေ့ရမယ်ဆိုတာ ဘယ်သူကြိုသိမှာလဲ ...