အပိုင်း ၄၂
Viewers 29k

Chapter 42


ပါဝင်သူခြောက်ယောက်တွင် ဟယ့်ရှောင်ရှောင်က အသေးငယ်ဆုံးဖြစ်နေသည်မှာ သိသာသည်။ သူမက အင်တာနက်ပေါ်မှစွဲလမ်းသူ တစ်ယောက်သာဖြစ်ပြီး သူမ၏ နောက်ကွယ်မှ ကုမ္ပဏီကို အားကိုးကာ ဤဆင်းရဲသားရှိုးပွဲအတွက် ပိုက်ဆံများပေးရန် ပြုလုပ်နိုင်သည့်လူလည်း မဟုတ်ပေ။


ရှုကျင်းယန်က ဤအဖွဲ့ထဲတွင် နာမည်အကြီးဆုံးဖြစ်သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ ဘာမှမပြောပေ။ သို့ရာတွင် ဘာမှမဟုတ်သည့် အင်တာနက်စွဲလမ်းသူက ပေါက်ကွဲလာသည်။


" မရဘူး ... ကျွန်မ ဒါတွေမရှိပဲ တစ်ရက်တောင် မနေနိုင်ဘူး ... ရာသီဥတုက ခြောက်သွေ့လွန်းတယ် ... Skincareတစ်ခုပဲသုံးပြီး ဘယ်လိုနေရမှာလဲ .. ပြီးတော့ ဒီရှိုးပွဲကို မိတ်ကပ်မပါပဲ ဘယ်လိုရိုက်မတုန်း ..."


ဟယ့်ရှောင်ရှောင်ကို ကြည့်ရသည်မှာ သူမဘဝတစ်ခုလုံးကို ကာကွယ်နေသည်နှင့်ပင် တူနေသည်။ ဝန်ထမ်းများကို သူမ၏ "ကလေးလေးများ" အနားပင် ကပ်ခွင့်မပြုပေ။


ဟန်ယွဲ့က  ဟယ့်ရှောင်ရှောင်ကို စိတ်အနှောင့်အယှက် ဖြစ်လာသည်။ ဤမိန်းကလေးငယ်လေးက မပူးပေါင်းသည့်အတွက် သူမကို ပို၍ မုန်းတီးလာသည်။


" စိတ်မကောင်းပါဘူး  ...ကျွန်တော်တို့ရှိုးက မိတ်ကပ်မလိုဘူး ..."


" ရှိုးတစ်ခုကို မိတ်ကပ်မပါပဲ ဘယ်လိုရိုက်မှာလဲ ... ဘယ် မိန်းကလေးဆယ်လီက အဲ့လိုလုပ်လို့တုန်း ... ဒီလိုပူပြင်းတဲ့ရာသီဥတုကြီးမှာ နေလောင်ခံခရင်မ်နဲ့ တခြား အသားအရည်ထိန်းသိမ်းတာတွေ မလိမ်းရရင် ရက်အနည်းငယ်ကြာရင် အသားကို နေလောင်ကုန်လိမ့်မယ် ..."

ဟယ့်ရှောင်ရှောင် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောနေသည်။ သူမ၏ အကြီးမားဆုံး အမြတ်အစွန်းက မျက်နှာဖြစ်သည့်အတွက် ၎င်းကို သူမကာကွယ်ရမည်။ 


သူမ မျက်နှာတစ်ခုခု ဖြစ်သွားရင် နောက် ဘယ်လိုနေရတော့မလဲ ...


ထို့ကြောင့်  skincareနဲ့ အလှကုန်ပစ္စည်းများက်ိုသူမ အသက်ရှုသည့်လေကဲ့သို့ အရေးကြီးဆုံးအရာဟု သတ်မှတ်ထားခြင်းဖြစ်သည်။

  

ဟန်ယွဲ့ နောက်ထပ်ပြောလိုက်သည့်စကားက သူမကို မူးမေ့လဲမတတ် ဖြစ်သွားစေသည်။


" ရှအန်းတောင်မှ ဘာမိတ်ကပ်မှမပါဘူး သူမ မလှဘူးလား ..."

ဟန်ယွဲ့ ဒေါသထွက်စွာ ပြောလိုက်သည်။


ထိုကိစ္စကြောင့် ဘာမှမလုပ် ဘာမှမပြောပဲနေသည့် ရှအန်းက ဟယ့်ရှောင်ရှောင်ထံမှ အမုန်းများစွာကို လက်ခံလိုက်ရသည်။


ဟယ့်ရှောင်ရှောင် စိတ်အားထက်သန်စွာဖြင့် အားလူးကို ယူထားခဲ့ချင်သော်လည်း နောက်ဆုံးတွင် skincare တစ်မျိုးကိုသာ ယူထားလိုက်ရသည်။  ၎င်းက လုပ်ဆောင်ချက်အမျိုးမျိုးရှိသော ဇိမ်ခံအမှတ်တံဆိပ် ခရင်မ်တစ်မျိုးဖြစ်သည်။


" ကောင်းပါပြီ ... အခုအားလုံးက ပစ္စည်းတွေကို လက်လွှဲပေးပြီးပြီဆိုတော့ ကျွန်တော်တို့ ဝန်ထမ်းတွေက နေ့စဉ်လိုအပ်တာလေးတွေ ပေးသွားမှာပါ ..."


 ဟန်ယွဲ့ လက်ဝှေ့ယမ်း ပြလိုက်သည့်အခါ များစွာသော ဝန်ထမ်းများက ပါဝင်သူခြောက်ယောက်ရှေ့ တွင် သေတ္တာခြောက်လုံးကို ချပေးလိုက်သည်။


ထိုခရီးဆောင်အိတ်ခြောက်လုံးမှာ ပုံစံနှင့်အရောင်များကွဲပြားသည့်အတွက် နားလည်ရခက်စေသည်။ 

သူတို့ဘာလို့ မတူတဲ့ ခရီးဆောင်အိတ်ခြောက်လုံး ပြင်ဆင်ထားတာပါလိမ့် ...


" ခရီးဆောင်အိတ်ခြောက်လုံးက ဘာလို့မတူလဲဆိုတာ  အားလုံး ရှုပ်ထွေးသွားမယ်လို့ ကျွန်တော်ထင်ပါတယ် ... "


 ဟန်ယွဲ့၏စကားများကြောင့် ပါဝင်သူများ၏ မျက်နှာက သိလိုစိတ်ဖြင့် အသက်ဝင်သည်။


ထိုလူများက အတွေ့အကြုံမရှိသည့် လူသစ်များမဟုတ်ပဲ ယခင်က veriety showများ ရိုက်ကူးဖူးကြသည်။


သို့သော် ယခုကဲ့သို့variety showကို ရိုက်ကူးရသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။


  သူတို့ကို ဘာမှမပြောထားသည့်အပြင် ဇာတ်ညွှန်းလည်း မပေးထားပေ။ ထို့ကြောင့် ဤအစီအစဉ်အတွက် ယျေဘုယျနည်းလမ်း မရှိပေ။


ဟန်ယွဲ့ပြောသည့် စည်းမျဉ်းများကိုသာ လိုက်နာရမည်ဖြစ်သည်။ သူတို့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် ဝန်ထမ်းများက သေတ္တာခြောက်လုံးယူလာသည်။


" ဒီသေတ္တာခြောက်လုံးမှာ နောက်ရိုက်ကွင်းမှာ မင်းတို့ရဲ့ မတူညီတဲ့ ဇာတ်ကောင်တွေအတွက် အဝတ်အစားတွေနဲ့ ပစ္စည်းကိရိယာတွေရှိတယ် ... မင်းတို့ ရွေးချယ်လိုက်တဲ့ သေတ္တာက နောက် ရိုက်ကူးရေးမှာ ဘယ်နေရာက ပါရမယ်ဆိုတာ ဆုံးဖြတ်ပေးလိမ့်မယ် ... ဇာတ်ကောင်တစ်ယောက်စီရဲ့ ပစ္စည်းကိရိယာတွေက လုပ်ဆောင်ချက်တစ်ခုကို ကိုယ်စားပြုတယ် ..."

ဟန်ယွဲ့ပြောလိုက်သည့်အခါ ရှအန်းအပါအဝင် တခြားပါဝင်သူများ ထိတ်လန့်သွားသည်။


ဒီရှိုးကို အဲ့လောက် စိတ်ဝင်စားစရာကောင်းမယ်လို့ ဘယ်သူမှ မထင်ထားဘူး ...


သူတို့စိတ်ကူးထားတာနဲ့ ကွာခြားနေလွန်းတယ် ...


အငယ်ဆုံးအမျိုးသားပါဝင်သူနှစ်ယောက်က လှုပ်ရှားရန် အသင့်ဖြစ်နေသည်။

  

" ကဲ အခု သေတ္တာခြောက်ခုထဲက တစ်ခုကို ရွေးကြပါ ... ကံကောင်းကြပါစေ ..."


ဟန်ယွဲ့စကားဆုံးသည်နှင့် ပါဝင်သူခြောက်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။


ပါဝင်သူခြောက်ယောက်ထဲတွင် နာမည်အကြီးဆုံးဖြစ်သော ရှုကျင်းယန်က စတင်ပြောလိုက်သည်။

" Ladies first ..."


" ဟုတ်တယ် မိန်းကလေးတွေ အရင်ရွေးပါစေ ..."


ရှုကျင်းယန်၏ အကြံပြုချက်ကို အခြားအမျိုးသားပါဝင်သူများလည်း ထောက်ခံကြသည်။


ထိုစကားကို ကြားပြီးနောက် ရှအန်းလည်း အားနာမနေတော့ပဲ ရှေ့ကိုထွက်လာသည်။