Chapter 2
Viewers 4k

Volume 1 : ဆေးပညာဌာန


Chapter 2 (စာကြည့်တိုက် ၀၂)


ယွဲ့ရှင်းဝမ်သည် တစ်နေ့တာ စာပေများကို စစ်ဆေးခဲ့ပြီး သူ့နားထင်များ နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ယင်နေခဲ့သည်။ သူ့အရှေ့တွင် ပေါ်လာသော ထူးဆန်းသည့် ခန်းမနှင့် သူ့နားထဲတွင် ပေါ်လာသည့် အေးစက်သော စက်ရုံအသံက သူ့ဦးနှောက်ကို ထင်ယောင်ထင်မှားဖြစ်စေသည်။ သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ညစ်လိုက်ပေမဲ့ နာကျင်မှုကြောင့် ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာကို ပြသနေသည်။


ယွဲ့ရှင်းဝမ်က အသံဩဩဖြင့် မေးသည်။

"မင်းက ဘယ်သူလဲ?"


စက်ရုံအသံ: "မင်္ဂလာပါ… ငါက စာကြည့်တိုက်စနစ်ကျူတာပါ…"


စနစ်ကျူတာလား။ အနီးနားတွင် မည်သူမျှမရှိသော်လည်း အသံက သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်နေသည်။ ယွဲ့ရှင်းဝမ်က မျက်ခုံးပင့်ကာ သူတတ်နိုင်သမျှ ယဉ်ယဉ်ကျေးကျေး ဆိုသည်။

"ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ… ငါအရမ်းအလုပ်များနေပြီး မနက်ဖြန် စာတမ်းထပ်ရမှာမို့ မင်းနဲ့ ဂိမ်းဆော့ဖို့ အချိန်မရှိဘူး…"


စက်ရုံအသံ: "စိတ်မကောင်းပါဘူး… 〈စာကြည့်တိုက်မှ လွတ်မြောက်ခြင်း〉ရှင်သန်ခြင်းဂိမ်းကို ဝင်ရောက်ခဲ့တဲ့ ကျောင်းသားတွေက အဆင့်ကို ရှင်းလင်းလို့မပြီးမချင်း စာကြည့်တိုက်ကနေ ထွက်သွားလို့မရပါဘူး…"


ယွဲ့ရှင်းဝမ်က သူ့ဒေါသကို ထိန်းလိုက်သည်။

"ဒါက အတင်းအကြပ်ဂိမ်းပေါ့… ငါ ထွက်သွားလို့ရရင် ဘယ်လိုလုပ်မလဲ?"

 

စက်ရုံအသံ: "ကြိုးစားကြည့်လို့ရပါတယ်…"


ယွဲ့ရှင်းဝမ်သည် သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ရုတ်တရက် လှည့်ကြည့်ကာ သူ့နောက်က မှန်တံခါးကို လျှပ်စီးလက်သလို ကျရောက်လာသည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ နားထဲတွင် ကျယ်လောင်သောအသံ ထွက်ပေါ်လာသော်လည်း မှန်တံခါးသည် မလှုပ်မယှက်ဖြစ်နေကာ အက်ရာတစ်ခုပင် မပေါ်ခဲ့သည်။


ဤနေရာက ကျောင်းစာကြည့်တိုက် မဟုတ်ချေ။


စာကြည့်တိုက်၏ မှန်တံခါးကို သာမန်ပစ္စည်းများဖြင့် ပြုလုပ်သော်လည်း ယခုချက်ချင်း ထိုးလိုက်သောအခါ မာကျောသော နံရံကို ထိမိသွားသကဲ့သို့ လက်က စူးရှသော နာကျင်မှုကြောင့် အခိုင်အမာ အတည်ပြုနိုင်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် ထူးဆန်းသော အလုံပိတ်နေရာဆီ သူ မှားဝင်လာပြီး အပြင်ထွက်မရတော့ပေ။


ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူရင်း သူ့ရှေ့က ခန်းမကို လှည့်ကြည့်ကာ တည်ငြိမ်စွာ မေးသည်။

"ဂိမ်းရဲ့ စည်းမျဉ်းတွေက ဘာလဲ"


သူ အပြင်မထွက်နိုင်တော့သည့်အတွက် သူ့စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထိန်းပြီး နောက်ဆုံးမှာ ဤစာကြည့်တိုက်က ဘာလဲဆိုတာ ကြည့်ရမည်။


စက်ရုံအသံ: "အောက်ပါအချက်အလက်တွေက ကျောင်းသားသစ်တွေအတွက် ကျောင်းဝင်ခွင့် လိုအပ်ချက်တွေဖြစ်ပါတယ်——


1. စာကြည့်တိုက်က အမှတ်ပေးစနစ်ကို လက်ခံသည်။ သင်ရိုးညွှန်းတမ်းတွင် မသင်မနေရသင်တန်းနှင့် စိတ်ကြိုက်သင်တန်းတွေ ပါဝင်သည်။ မသင်မနေရသင်တန်းများသည် ကျောင်းသားတစ်ဦးစီ အောင်မြင်သွားရမည်ဖြစ်ပြီး ကျော်သွားလို့မရပေ။ စိတ်ကြိုက်သင်တန်းများကိုတော့ လွတ်လပ်စွာရွေးချယ်နိုင်သည်။ မသင်မနေရသင်တန်းအားလုံးကို ပြီးမြောက်ပြီး စုစုပေါင်း credit 100 ကို ရယူပြီးနောက် သင်သည် စာကြည့်တိုက်မှ အောင်မြင်စွာ ဘွဲ့ရပြီး မူလကမ္ဘာသို့ ပြန်သွားနိုင်ပါသည်။


2. စာကြည့်တိုက်ဓာတ်လှေကားသည် သင့်အား မတူညီသောအထပ်များသို့ ပို့ပေးမည်ဖြစ်ပြီး အထပ်တစ်ခုစီသည် မတူညီသောဌာန သို့မဟုတ် လုပ်ငန်းသဘောအရဧရိယာနှင့် သက်ဆိုင်ပါသည်။ သင်၏လက်ရှိအထပ်သည် အနုတ်ပထမထပ် လုပ်ငန်းသဘောအရဧရိယာ၊ စာကြည့်တိုက်ဒေတာဘေ့စ်ဖြစ်ပါသည်။


3. သင်တန်းပြီးဆုံးပါက စနစ်တကျရမှတ်များရရှိမည်ဖြစ်ပြီး နောက်ဆုံးရမှတ်မှာ credit x ရှင်းလင်းရေးရမှတ်ဖြစ်သည်။ ဥပမာအားဖြင့် သင်အောင်မြင်သွားသောသင်တန်းသည် credit 2 မှတ်ဖြစ်ပြီး ရှင်းလင်းရေးအမှတ်မှာ 75 မှတ်ဖြစ်လျှင် သင်ရရှိသည့်နောက်ဆုံးရမှတ်များမှာ 2 x 75 = 150 မှတ်ဖြစ်သည်။ credit များလေ သင်တန်းပိုခက်လေဖြစ်ပြီး သင့်ကိုယ်ပိုင်အားသာချက်များနှင့်အညီ သင်တန်းကို ဘယ်လိုရွေးချယ်ရမလဲ စဉ်းစားပါ။


4. bonus ရရှိသော အမှတ်များကို လေ့လာခြင်းဆိုင်ရာ စွမ်းရည်စာအုပ်များနှင့် လေ့လာခြင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများအပါအဝင် စာကြည့်တိုက်ဒေတာဘေ့စ်တွင် သင်ကြားရေးပစ္စည်းများကို ဝယ်ယူရန်အတွက် အသုံးပြုနိုင်သည်။ ကျန်ရှိသောအမှတ်ပိုများကို သင်တန်းအောင်မြင်ရန် အခြားကျောင်းသားများနှင့် သုတေသနအဖွဲ့တစ်ခုဖွဲ့ရန်လည်း အသုံးပြုနိုင်သည်။


5. မသင်မနေရသင်တန်းစာမေးပွဲတွင် သေဆုံးခြင်းသည် semester ပြီးဆုံးချိန်တွင် စာမေးပွဲကျခြင်းနှင့် ညီမျှပြီး စာမေးပွဲဖြေရန် အခွင့်အရေးမပေးတော့ပေ။ စာမေးပွဲ ကျသူများအား စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက် ပထမထပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။ စာမေးပွဲပြန်လည်ဖြေဆိုပြီးနောက် ထပ်မံ ကျရှုံးပါက စာကြည်တိုက်စနစ်ကနေ သင့်ကို အပြီးတိုင်လုံးဝဖျက်ဆီးပစ်မည်ဖြစ်ပြီး မူလကမ္ဘာတွင် အမျိုးမျိုးသောမတော်တဆမှုကြောင့် သေဆုံးသွားမည်ဖြစ်သည်။


6. ကျောင်းသားများ ကျေးဇူးပြု၍ ကြိုးစားလေ့လာကြပါ။ creditများ အမြန်ဆုံးရအောင် ကြိုးစားပြီး စာကြည့်တိုက်မှ ဘွဲ့ရပါစေ။

 

ယွဲ့ရှင်းဝမ်: "…"


သူ့ဦးနှောက်က တုန်ခါနေပြီး သူ့ခေါင်းထဲက အသံကို လုံးလုံးလျားလျား မောင်းထုတ်ရန် သူ့လက်နှစ်ဖက်ကို အသုံးပြုပြီး ဦးနှောက်ကို ဖွင့်ချင်နေသည်။


ယွဲ့ရှင်းဝမ်သည် မျက်လုံးများကိုမှိတ်ထားပြီး ဆက်တိုက် အသက်ပြင်းပြင်းရှူကာ သူ့စိတ်ထဲတွင် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။


လွတ်မြောက်ခြင်းဂိမ်းကို သူအရင်က ကြားဖူးသည်။ လက်တွေ့တွင် လွတ်မြောက်ခြင်းအခန်းများ၊ ဇာတ်ညွှန်းအရသတ်ဖြတ်ခြင်းစသည်ဖြင့် အလားတူဂိမ်းများစွာရှိပေမဲ့ ဂိမ်းကို မကျော်ဖြတ်နိုင်လျှင် လူအစစ်အား သတ်ပစ်သည့်ဂိမ်းမျိုး သူတစ်ခါမှမကြုံဖူးချေ။ ဒီအချိန် သူဝင်ခဲ့မိသည့် ထူးဆန်းသောနေရာဟာ တကယ်တော့ ‘လက်တွေ့ဘဝလွတ်မြောက်ခြင်းဂိမ်း’များလား။


စာကြည့်တိုက်၏ စည်းမျဉ်းစည်းကမ်းများကို သူနားလည်သည်။ ဖြစ်စဉ်တစ်ခုက သင်တန်းတစ်ခုနှင့် ညီမျှသည်။ ထိုဖြစ်စဉ် ပြီးမြောက်သွားပါက creditများ ရရှိနိုင်သည်။ credit 100 ထိ စုဆောင်းပြီးနောက် သူဘွဲ့ရနိုင်သည်။ ယခု သူသည် ဤ"စာကြည့်တိုက်စနစ်"ကို အကန့်အသတ်ဖြင့် နားလည်ထားသောကြောင့် သူသည် တစ်ဖက်၏ နှိုးဆောက်ချက်ကိုသာ လိုက်နာပြီး ရှေ့ဆက်သွားရမည်။ ၎င်းသည် "credit စနစ်"ဖြစ်သောကြောင့် စာကြည့်တိုက်သို့လာရောက်သော အခြားဘာသာရပ်များမှ ကျောင်းသားများလည်း ရှိရမည်။ ဤနေရာမှ အမြန်ဆုံး မည်သို့ထွက်ရမည်ကို အခြားသူများအား နောက်မှမေးကြည့်ရမည်။


ဒီအရာကို စဉ်းစားရင်း ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်းပဲ မေးသည်။

"ကောင်းပြီ… ငါဘာဆက်လုပ်ရမှာလဲ"


စနစ်ကျူတာ: "ကျေးဇူးပြုပြီး တရုတ်ဘာသာစကားဌာနရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပါ… ကိုယ့်ရဲ့ကိုယ်ပိုင်ဘာသာရပ်အတွက် ဝင်ခွင့်စာမေးပွဲကိုတောင် မအောင်မြင်နိုင်ရင် အခြားဌာနရဲ့သင်တန်းတွေမှာ ပိုဆိုးပြီး ကျသွားနိုင်ပါတယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ကောင်းပြီ… မင်းက ကျူတာပဲ မင်းပြောတဲ့အတိုင်းပဲ လုပ်ရမှာပေါ့… စာမေးပွဲစာရွက်က ဘယ်မှာလဲ"


သူပြောပြီးသည်နှင့် အကျယ် 3 မီတာ နှင့် အမြင့် 2 မီတာ ကျယ်သော LCD ဖန်သားပြင်ကြီးသည် ခန်းမအလယ်၌ ထွက်ပေါ်လာသည်။ မျက်နှာပြင်ပေါ်တွင် ထင်ရှားသော စာလုံးတန်းတစ်ခု ပေါ်လာသည်။ 

[စာကြည့်တိုက် တရုတ်ဘာသာစကားဌာန၏ ဝင်ခွင့်စာမေးပွဲ၊ စာမေးပွဲစာရွက်ကို ရွေးပါ: 

စာရွက် A, စာရွက် B, စာရွက် C, စာရွက် D, စာရွက် E, စာရွက် F]


ယွဲ့ရှင်းဝမ်သည် စာမေးပွဲတွင် သူနားမလည်နိုင်သောမေးခွန်းတစ်ခုကို တွေ့သောအခါ အမြဲတမ်း C ကို ရွေးချယ်ခဲ့သည်။ ဒီတစ်ကြိမ်မှာလည်း သူက တွန့်ဆုတ်ခြင်းမရှိဘဲ

"စာရွက် C ကို ရွေးမယ်…"


LCD ဖန်သားပြင်ပေါ်တွင် အဖြူရောင် စာမေးပွဲစာရွက်ကို ဖြည်းညှင်းစွာ ဖြန့်ထုတ်လိုက်ပြီး တစ်ချိန်တည်းတွင် စကားလုံးများ ပေါ်လာသည်: [စာမေးပွဲ စတင်ပါပြီ]


"မေးခွန်း 1: နံပါတ်များပါသော idiom တွေကို ကျေးဇူးပြုပြီး 5 စက္ကန့်အတွင်း ပြောပြပါ၊ နံပါတ်များလေလေ ပိုကောင်းလေလေပါပဲ၊ အချိန်ရေတွက်ပါပြီ——"


5 စက္ကန့်! ဖန်သားပြင်ကြီးပေါ်တွင် ပေါ်လာသည့် 5 စက္ကန့် အချိန်ရေတွက်တာကို ကြည့်ပြီး ယွဲ့ရှင်းဝမ်သည် စဉ်းစားရန် အချိန်မရှိသဖြင့် နှုတ်မှလွှတ်ခနဲ ထွက်သွားသည်။

"စီးပွားရေးအရကော လူမှုရေးအရကော နောက်ပြန်ဆုတ်သွားတယ်၊ ကိုယ့်ကျင့်တရား သုံးပါးနဲ့ သူတော်ကောင်းတရား လေးပါး၊ အရောင်စုံတိုင်းက နေရောင်အောက်မှာ၊ ခုနစ်အပေါ် ရှစ်အောက်၊ သေချာပေါက် ကိုးဆယ်ရာခိုင်နှုန်း"


『TK: စီးပွားရေးအရရော လူမှုရေးအရရော နောက်ပြန်ဆုတ်သွားတယ်(一穷二白); 一 = 1; 二 = 2

ကိုယ်ကျင့်တရား သုံးပါးနဲ့ သူတော်ကောင်းတရား လေးပါး(三从四德); 三 = 3 ; 四 = 4

အရောင်စုံတိုင်းက နေရောင်အောက်မှာ(五颜六色); 五 = 5; 六 = 6

ခုနစ်အပေါ် ရှစ်အောက်(七上八下); 七 = 7; 八 = 8

သေချာပေါက် ကိုးဆယ်ရာခိုင်နှုန်း(十拿九稳); 十 = 10; 九 = 9』


အချိန်ရေတွက်တာက 1 ပဲ ရှိတော့သည်။


မျက်နှာပြင်ပေါ်တွင် စကားလုံးများ ပေါ်လာသည်။

"အဖြေမှန်တယ်… အဖြေတွင် ဂဏန်းဆယ်လုံးပါဝင်ပြီး အမှတ် 20 ရရှိပါတယ်…"


"မေးခွန်း 2: ‘人’(လူ)စကားလုံးပါရှိသော အက္ခရာရှစ်လုံးတွဲ idiom ကို ကျေးဇူးပြုပြီး ပြောပြပါ… 10 စက္ကန့် အချိန်ရေတွက်ပါပြီ——"


ယွဲ့ရှင်းဝမ်က ခပ်မြန်မြန်ပြောသည်။

"လူတွေကယစ်ပူဇော်တဲ့ ဓားကဲ့သို့ ငါက ငါးအသေဖြစ်တယ်;(‘人’为刀俎我为鱼肉)

သစ်ပင်တစ်ပင်ကိုပျိုးထောင်ဖို့ ဆယ်နှစ်ကြာသော်လည်း လူတစ်ယောက်ကိုလေ့ကျင့်ပေးဖို့ အနှစ်တစ်ရာအချိန်ယူရတယ်;(十年树木百年树‘人’)

အခြားလူတွေ ငါ့ကို မနှောင့်ယှက်ရင် ငါလည်း အခြားလူတွေကို မနှောင့်ယှက်ဘူး;(‘人’不犯我我不犯‘人’)

စဦးသူမရှိရင် ဆက်ခံသူဆိုတာလည်း မရှိဘူး;(前无古‘人’后无来者)

လူတစ်ယောက်က အစိုးရဌာနမှာ ရာထူးရသွားရင် သူ့သူငယ်ချင်းတွေလည်း ရာထူးရသွားမယ်;(一‘人’得道鸡犬升天)

ယုတ္တိရှိတဲ့အရာတွေကို ရည်ညွှန်းပြောဆိုရင် လူတိုင်းက အတွေးတူသွားလိမ့်မယ်;(‘人’同此心心同此理)

လိမ်ဖို့ကြိုးစားတဲ့ လူကို ကောင်းကင်ဘုံက ဒဏ်ခတ်လိမ့်မယ်;(谋事在‘人’成事在天)

လူတစ်ယောက် သေတော့မယ်ဆိုရင် ထိုလူရဲ့ စိတ်ရင်းအမှန်ပေါ်လာတယ်(‘人’之将死其言也善)!"


သူသည် အက္ခရာရှစ်လုံးပါသော idiom ရှစ်ခုကို ဆက်ရွတ်ဆိုရတာက အသက်ရှူရန် အချိန်မရှိသလောက်ပင်ဖြစ်သည်။


အချိန်စေ့သောအခါ မျက်နှာပြင်ပေါ်တွင် အချက်ပြတစ်ခုပေါ်လာသည်။

"အဖြေမှန်တယ်… သင် 32 မှတ် ရပါတယ်…"


"မေးခွန်း 3: ရွှေ(金)၊ သစ်သား(木)၊ ရေ(水)၊ မီး(火)၊ မြေကြီး(土)ပါရှိသော idiom ငါးခုကို ပြောပြပါ… 5 စက္ကန့် အချိန်ရေတွက်ပါပြီ——"


ယွဲ့ရှင်းဝမ်က မဆိုင်းမတွ ပြောခဲ့သည်။

"ရွှေပုစဉ်းရင်ကွဲခွံ;(‘金’蝉脱壳)

နှလုံးသားမရှိသူ;(‘木’石心肠)

လှိုင်းပုတ်ခြင်းမရှိ;(‘水’波不兴)

မီးလောင်ရာဆီလောင်း;(‘火’上浇油)

ငြိမ်းချမ်းစွာအနားယူပါ;(入‘土’为安)


"အဖြေမှန်ပါတယ်… သင် 10 မှတ်ရရှိပါတယ်…"


—— စာမေးပွဲစာရွက် C သည် အမှန်တကယ်တွင် idiom မေးခွန်းများနှင့် ပြည့်နေသည်။


ယွဲ့ရှင်းဝမ်သည် စာရွက် C ကို ယူခဲ့သည့်အတွက် အနည်းငယ် ကံကောင်းသည်။ တကယ်တော့ တရုတ်ဘာသာစကားဌာနမှ ကျောင်းသားများအတွက် idiom များ စမ်းသပ်ရန် မခက်ခဲပေ။ သူတို့တွေ ဖြည်းညင်းစွာရေးနိုင်ရန် အချိန်ပေးပါက idiom အများအပြားရေးနိုင်သည်ဟု သူယုံကြည်သည်။


သို့သော် စက္ကန့်အနည်းငယ်အတွင်း လူများသည် သက်ဆိုင်ရာ idiom များကို လျင်မြန်စွာ ပြောနိုင်ရန် နှေးကွေးသော တုံ့ပြန်မှုရှိသည့် ကျောင်းသားများကတော့ ကျရှုံးသွားနိုင်သည်။ ဤစစ်ဆေးမှုသည် အဓိကအားဖြင့် ဦးနှောက်မြန်ဆန်မှုဖြစ်ပြီး ဦးနှောက်ကို လျင်မြန်စွာအလုပ်လုပ်ကာ လိုအပ်သလို idiom များများပြောရန် ကြိုးစားပါက ရမှတ်ပိုမြင့်လိမ့်မည်။


ယွဲ့ရှင်းဝမ်သည် ကျောင်း၏ စကားရည်လုပွဲအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ၏ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်နေကာ စကားရည်လုပွဲများတွင် လူတွေကို မကြာခဏ အံ့အားသင့်အောင် ပြုလုပ်နိုင်သည်။ ထိုသို့သောစာမေးပွဲစာရွက်က သူ့အတွက် မခက်ခဲဘဲ မေးခွန်း 4 ခုတည်းဖြင့် အမှတ် 60 ကျော်ရခဲ့သည်။


စနစ်ကျူတာ: "ကျောင်းသားယွဲ့ရှင်းဝမ်က ဝင်ခွင့်စာမေးပွဲကို အောင်မြင်သွားပါပြီ… ကျေးဇူးပြုပြီး စာမေးပွဲအောင်မြင်မှုအတွက် ဆုကို ရယူပါ…"


ယွဲ့ရှင်းဝမ်က ခဏတာ အံ့အားသင့်သွားသည်။ စာမေးပွဲတစ်ခုလုံးကို ပြီးအောင်ဖြေရမည်ဟု သူထင်ခဲ့သော်လည်း အမှတ် 60 ရပြီးနောက် ကျန်မေးခွန်းများကို ဖြေရန် မလိုအပ်တော့ဘဲ စာမေးပွဲအောင်လျှင် ဆုများ ရှိလာမည်ကို သူ မမျှော်လင့်ခဲ့ပေ။ ဤနည်းဖြင့် လူအများစုသည် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်သော်လည်း မေးခွန်းတစ်ခုအတွက် 2 မှတ်သာရလျှင် စာမေးပွဲစာရွက်ရှိ မေးခွန်းအားလုံး မကုန်သ၍ အမှတ် 60 ရအောင် မေးခွန်း 30 ကို ဖြေဆိုရမည်။ ၎င်းသည် ဂိမ်းထဲရှိ ‘လူသစ်တာဝန်’နှင့် တူညီသည်။ ပြီးလျှင် လူသစ်များအတွက် ပစ္စည်းတွေ ရှိမည်လား။


ယွဲ့ရှင်းဝမ်က ပတ်ပတ်လည်ကိုကြည့်လိုက်သည်။

"ဆုက ဘာလဲ"


မှော်ပညာဖြင့် ခြယ်လှယ်နေသကဲ့သို့ ခန်းမလွတ်တစ်ဝိုက်ရှိ စာအုပ်စင်ပေါ်ရှိ စာအုပ်အထူကြီးတစ်အုပ်သည် ရုတ်ချည်းဆိုသလိုပင် ယွဲ့ရှင်းဝမ်ရှေ့သို့ ဖြည်းညှင်းစွာ လွင့်ပျံလာသည်။


ယွဲ့ရှင်းဝမ်က အနီးကပ်လေ့လာကြည့်သည်။ ထိုစာအုပ်က တကယ်တော့ 〈ခေတ်သစ် idiom အဘိဓာန်〉ဖြစ်သည်။ 


ဤအဘိဓာန်သည် အထက်တန်းကျောင်းတွင် သူကျက်မှတ်ခဲ့သော အဘိဓာန်နှင့် မတူညီပေ။ အုတ်ခဲကဲ့သို့လည်း ထူသလို သေသည်အထိ ထုရိုက်နိုင်ကာ အဘိဓာန်၏ မျက်နှာဖုံးတွင် "စာကြည့်တိုက်မှထုတ်ဝေသည်" ဟူသော စကားလုံးများကို ရွှေရောင်ဖြင့်ရေးထားကာ အနီရောင်ဖြင့် မာကျောသော အဖုံးက အလွန်အဆင့်မြင့်လှသည်။


ယွဲ့ရှင်းဝမ်က အဘိဓာန်ကိုဖွင့်ပြီး အဘိဓာန်၏ပထမစာမျက်နှာတွင် ပုံနှိပ်စာလုံးတန်းများစွာကို တွေ့လိုက်ရသည်——


[ခေတ်သစ် Idiom အဘိဓာန်]


အထောက်အထား: ဝင်ခွင့်စာမေးပွဲမှ ရရှိခြင်း သို့မဟုတ် စာကြည့်တိုက်ဒေတာဘေ့စ်တွင် အမှတ်များဖြင့် လဲလှယ်နိုင်သည်။


ထုတ်လုပ်သူ: စာကြည့်တိုက်


စွမ်းရည်စာအုပ်ကန့်သတ်ချက်: တရုတ်ဘာသာစကားကျောင်းသားများ


စွမ်းရည်စာအုပ်အဆင့်: အဆင့် 1 (အမှတ်ဖြင့် အဆင့်မြင့်နိုင်သည်)


သော့ဖွင့်ထားသော idiom များအတွက် နောက်ဆက်တွဲ အကြောင်းအရာကို စစ်ဆေးကြည့်ပါ။


ယွဲ့ရှင်းဝမ်က စာမျက်နှာတစ်ခုကို လှန်လိုက်သည်။


ဒုတိယစာမျက်နှာ၏ ဘယ်ဘက်အပေါ်ထောင့်တွင် "မြေပြင်ပေါ်၌ လဲလျောင်းနေသော ကလေးငယ်များ" ၏ Qဗားရှင်း ရုပ်ပုံဖြင့် အနီရောင် စကားလုံးများကို မျဉ်းကြောင်းဖြင့် ရိုက်နှိပ်ထားသည်။


လေးစားမှုဖြင့် ဝပ်တွားခြင်း: သတ်မှတ်ထားသောပစ်မှတ်ကို လဲလျောင်းစေပြီး သင့်အား 'လေးစားမှုဖြင့် ဝပ်တွားခြင်း'ဖြစ်စေရန် ဒီစွမ်းရည်ကို အသုံးပြုနိုင်သည်။ စောင့်ဆိုင်းချိန် 5 မိနစ်


နောက်တစ်မျက်နှာလှန်ကြည့်တော့ ဤစာမျက်နှာတွင် Qဗားရှင်းလေးတွေ 15 ယောက် ရှိပြီး လေထဲတွင် 7 ယောက် ပျံသန်းနေကာ အောက်တွင် တွားသွားနေသော 8 ယောက်ကို ရိုက်နှိပ်ထားသည်။ ပုံ၏နောက်တွင် စာသားဖြင့်ဖော်ပြချက် ပါရှိသည်——


ခုနစ်အပေါ် ရှစ်အောက်: သင်၏ပတ်ဝန်းကျင်ရှိ ပစ်မှတ် 15 ခုကို ရွေးချယ်ပြီး ဒီစွမ်းရည်ကို အသုံးပြုကာ သူတို့အနက် 7 ခုကို လေပေါ်ပျံစေကာ 8 ခုကို မြေပြင်ပေါ်သို့ လဲကျသွားစေမည်။ စောင့်ဆိုင်းချိန် 1 နာရီ


စတုတ္ထစာမျက်နှာတွင် အခွံချွတ်ထားသော ထွားကြိုင်းသည့် ရွှေရောင်ပုစဉ်းရင်ကွဲတစ်ကောင်ရှိသည်။


ရွှေပုစဉ်းရင်ကွဲခွံ: သင့်ကို ထိန်းချုပ်ထားသည့်အခါ ဒါမှမဟုတ် ဝိုင်းရံထားသည့်အခါ ထိန်းချုပ်မှုကနေ လွတ်မြောက်စေပြီး သတ်မှတ်ထားသည့် 10 မီတာအကွာမှာရှိသော နေရာကို ရွှေ့ပြောင်းသွားစေမည်။ စောင့်ဆိုင်းချိန် 24 နာရီ


တဖန် နောက်တစ်ရွက်လှန်ကြည့်တော့ "စွမ်းရည်စာအုပ်ကို အဆင့်မြင့်ပြီးမှ နောက်ထပ် idiom များကို သော့ဖွင့်နိုင်သည်" ဆိုသော စာကြောင်းတစ်ခုရှိနေသည်။


ယွဲ့ရှင်းဝမ်: "…"


ဒါက ဟာသလား… Idiom ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က လုံးဝသွေဖယ်သွားပြီး ထူးဆန်းတဲ့စွမ်းရည်တစ်ခုအဖြစ်ကို ပြောင်းလဲသွားပြီး ချစ်စရာကောင်းတဲ့ Qဗားရှင်းရုပ်ပုံနဲ့ အတူပါရှိနေတာလား…


လက်ရှိတွင် "ခေတ်သစ် idiom အဘိဓာန်"စာအုပ်ထူထူတစ်အုပ်၌ ပထမစာမျက်နှာသုံးမျက်နှာတွင် idiom သုံးခုသာ ပေါ်လာပြီး နောက်ကျောတွင် စာရွက်အလွတ်များနှင့် ပြည့်နေသည်။ သေချာတာကတော့ သူရရှိလိုက်သော စွမ်းရည်စာအုပ်ကို အမှတ်များဖြင့် အဆင့်မြင့်တင်နိုင်သည်။ အဆင့်မြင့်ပြီးနောက် နောက်ထပ် idiom များပါဝင်လာပြီး စာအုပ်က ပို၍အစွမ်းထက်လာမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က စိတ်ဝင်တစား မေးသည်။

"ငါရွေးချယ်တဲ့ စာရွက် C က idiom မေးခွန်းတွေဖြစ်ပြီး နောက်တော့ “ခေတ်သစ် idiom အဘိဓာန်”ကို ဆုအဖြစ် ပေးခဲ့တယ်… ဝင်ခွင့်စာမေးပွဲရဲ့ စာရွက် A,B,D,E,F တွေရဲ့ မေးခွန်းတွေက ဘာတွေလဲ… ဆုလာဘ်တွေက မတူဘူးလား"


စာကြည့်တိုက်ကျူတာ: "စာရွက် A က ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတဖြစ်ပြီး ဆုက〈ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွယ်စုံကျမ်း〉ပါ၊ စာရွက် B က သတ်ပုံမှန်ဖြစ်ပြီး ဆုက〈တရုတ်ဘာသာစကားအဘိဓာန်〉ပါ၊ စာရွက် D က ကဗျာရသခံစားနိုင်မှုဖြစ်ပြီး ဆုက〈ထန်ကဗျာ〉၊〈စုန့်ကဗျာ〉၊〈ယွမ်ကဗျာ〉တို့ထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်၊ စာရွက် E က ခေတ်ပြိုင်စာပေဖြစ်ပြီး ဆုလာဘ်က ခေတ်ပြိုင်စာရေးဆရာများ၏ လက်ရာများစုစည်းမှုဖြစ်ပါတယ်၊ စာရွက် F က ဂန္တဝင်တရုတ်ဘာသာစကားစာပေဖြစ်ပြီး ဆုလာဘ်က ဂန္တဝင်သမိုင်းနှင့် သက်ဆိုင်ရာရှေးဟောင်းစာများကို ဆုလာဘ်အဖြစ်ပေးပါတယ်"


ဆုများက တော်တော်ပေါများ၏။ ထို့နောက် ယွဲ့ရှင်းဝမ်က မေးသည်။

"စာကြည့်တိုက်ဒေတာဘေ့စ်မှာ အမှတ်တွေနဲ့ ဒီစာအုပ်တွေကို ငါလဲလှယ်လို့ရလား"


စာကြည့်တိုက်ကျူတာ: "ရပါတယ်… စာကြည့်တိုက်ဒေတာဘေ့စ်ကို ဒီဘာသာရပ်ရဲ့ ကျောင်းသားတွေအတွက် အမြဲဖွင့်ထားပြီး အမှတ်တွေကို ရည်ညွှန်းစာအုပ်အားလုံးနဲ့ လဲလှယ်နိုင်ပါတယ်…"


ယွဲ့ရှင်းဝမ်သည် ခန်းမအတွင်းရှိ နံရံလေးခုကို ပတ်ထားသော စာအုပ်စင်များကို တစ်ချက်ကြည့်လိုက်သည်။ “လူရွှင့်၏လက်မြောက်စာအုပ်များ”၊ “ကျန်းအိုက်လင်၏လက်ရာမြောက်စာအုပ်များ”နှင့် အခြားသော နာမည်ကြီး ခေတ်ပြိုင်စာရေးဆရာများ၏ လက်ရာမြောက်စာအုပ်များပါဝင်သည်။ “ကွန်ဖြူးရှပ်၏ analects”၊ “ကဗျာများစာအုပ်”၊ “ဂန္တဝင်စာအုပ်များ”နှင့် အခြားသောရှေးဟောင်းစာအုပ်များလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သည်။


စာကြည့်တိုက်ကျူတာက ဤသို့သတိပေးသည်။

"ရည်ညွှန်းစာအုပ်များစွာကို လဲလှယ်ဖို့အမှတ်များ လုံလောက်မှုမရှိပါ… အကြောင်းကတော့ တရုတ်ဘာသာစကားဌာနရှိ ရည်ညွှန်းစာအုပ်အများစုအတွက် လဲလှယ်ဖို့အမှတ်တွေက အမှတ် 2,000 ကျော်ပြီး ရည်ညွှန်းစာအုပ်များကို အဆင့်မြင့်တင်ဖို့ အမှတ် 300 လိုအပ်ပါတယ်… အများအားဖြင့် ငါတို့က ကျောင်းသားတွေ အသုံးပြုဖို့ ကနဦးအဆင့်မှာရရှိတဲ့ ရည်ညွှန်းစာအုပ်တွေကို အဆင့်မြင့်တင်ဖို့ အကြံပြုပြီး စာအုပ်တစ်အုပ်ချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေရှိပြီး အများကြီးလေ့လာတာထက် ကျွမ်းကျင်အောင်လေ့လာတာက ပိုကောင်းပါတယ်…"


ယွဲ့ရှင်းဝမ်က တည်ငြိမ်အောင်နေကာ သူ၏ထင်မြင်ချက်ကို မေးသည်။

"စာကြည့်တိုက်ကို ဝင်ရောက်ခဲ့တဲ့ အခြားဘာသာရပ်တွေက ကျောင်းသားတွေကိုလည်း ရည်ညွှန်းစာအုပ်တွေ ဆုအဖြစ်ပေးတာလား"


စာကြည့်တိုက်ကျူတာ: "မတူညီတဲ့ဘာသာရပ်တွေကြောင့် ဆုတွေက ကွဲပြားပါတယ်… သိပ္ပံဘာသာရပ်တွေမှာ အသုံးဝင်တဲ့ ကိရိယာတွေ အများကြီးရှိပေမဲ့ တရုတ်ဘာသာစကားဌာနရဲ့ ကျောင်းသားတွေအတွက်တော့ စကားလုံးတွေက သင့်ရဲ့အကောင်းဆုံး လက်နက်ပဲ မဟုတ်ဘူးလား"


ယွဲ့ရှင်းဝမ်: "ဒါအမှန်ပဲ"


သူ့ခန့်မှန်းချက်က မှန်နေသည်။ သူ့အပြင် စာကြည့်တိုက်ထဲကို ဆွဲသွင်းခံရသည့် အခြားကံမကောင်းအကြောင်းမလှသော ကျောင်းသားများစွာလည်း ရှိပါသေးသည်။ ယွဲ့ရှင်းဝမ်က ခဏရပ်ကာ မေးသည်။

"ဒါဆို ငါ မသင်မနေရသင်တန်းတက်တော့မှာ မဟုတ်လား"


"ဟုတ်ပါတယ်… ဓာတ်လှေကားရောက်ပါပြီ… သင့်ရဲ့ခရီးစလိုက်ပါ…"


ယွဲ့ရှင်းဝမ်သည် အဘိဓာန်ကို ပိတ်လိုက်ပြီး ဖယ်ထားလိုက်သည်။ အုတ်ခဲအရွယ်အစားရှိသော အဘိဓာန်သည် ပိုင်ရှင်၏ အတွေးအမြင်များကို ခံစားသိရှိနိုင်ပုံရပြီး ၎င်းသည် သူ၏လက်ဖဝါးပေါ်တွင် ရိုက်နှိပ်ထားသော စာအုပ်ငယ်လေး၏ သင်္ကေတအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့လက်ကို မြှောက်ဖို့ ကြိုးစားလိုက်တော့ အဘိဓာန်က ပြန်ပေါ်လာသည်။ သူ့စိတ်ထဲတွင် စာအုပ်ကို ဖယ်ထားချင်သောအခါ ၎င်းသည် နာခံမှုဖြင့် သင်္ကေတတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏လက်ဖဝါးဆီသို့ ပြန်သွားမည်ဖြစ်သည်။


မဆိုးဘူး… ဒီအဘိဓာန်က သယ်ရလွယ်ကူပြီး နာခံမှုရှိတယ်…


ယွဲ့ရှင်းဝမ်သည် လက်ဖဝါးများကို ဆုပ်ကာ ရှေ့သို့ အမြန်လျှောက်သွားသည်။


ခန်းမအလယ်တွင် ဓာတ်လှေကားတစ်ခုပေါ်လာပြီး ယွဲ့ရှင်းဝမ်သည် ဓာတ်လှေကားထဲသို့ လျှောက်သွားကာ နူးညံ့သိမ်မွေ့သော အမျိုးသားစက်အသံတစ်ခုက သူ့နားထဲတွင် ထွက်ပေါ်လာသည်။ 

"ကျောင်းသားယွဲ့ရှင်းဝမ်၊ သင့်ရဲ့လက်ရှိအထပ်က စာကြည့်တိုက်ဒေတာဘေ့စ်ရဲ့ အနုတ်ပထမဆုံးအထပ်ဖြစ်ပါတယ်… သင့်ကို ပို့ပေးမယ့်အထပ်က ပထမထပ်— ဆေးပညာဌာန ဖြစ်ပါတယ်…"


အမြင်အာရုံက အမှောင်ထဲသို့ ကျသွားသည်။


ယွဲ့ရှင်းဝမ်သည် ဓာတ်လှေကားက လျင်မြန်စွာ တက်သွားတာကို ခံစားလိုက်ရသည်။ 3 စက္ကန့်လောက်ကြာတော့ ဓာတ်လှေကားတံခါးက သူ့ရှေ့မှာ ဖြည်းညှင်းစွာပွင့်လာသည်။


စနစ်သတိပေးချက်က ထပ်မံထွက်ပေါ်လာသည်။

"ဆေးပညာဌာနအထပ်ကနေ ကြိုဆိုပါတယ်… မသင်မနေရသင်တန်း “ဆေးပညာဌာန”၊ Credit 2 မှတ်၊ စိန်ခေါ်မှု စတင်ပါပြီ…"


#TK