Chapter 49
ထိုညတွင် လသည် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေပြီး ဝေးလံခေါင်သီသော တောင်တန်းထဲမှတောအုပ်ထဲတွင် သူတို့ရှိနေသေးသည်။
ကုန်ကျစရိတ်လျှော့ချရန်အတွက် ရွာငယ်လေးမှ ရွာသားများနှင့် အိမ်နီးချင်းရွာများကို “Come on Challenger” အစီအစဉ်အတွက် ဇွန်ဘီများအဖြစ် သရုပ်ဆောင်ပေးရန် ငှားရမ်းထားကြသည်။
ထို့ကြောင့် သစ်တောထဲတွင် ပျောက်ဆုံးသွားသည့်ရှအန်းကို ရှာရန်အတွက် ထိုရွာသားဇွန်ဘီများက အကူအညီဖြစ်လာလိမ့်မည်။
သူတို့က အဲ့နေရာက မြေအနေအထားနဲ့လည်း ရင်းနှီးတယ်လေ ...
သို့မဟုတ်ပါက လူများက သူတို့လက်ချောင်းကိုပင် မမြင်ရသည့် မှောင်မည်းနေသည့် သစ်တောထဲသို့ ဝင်ရဲမည်မဟုတ်ပေ။
ရှအန်းကိုရှာရန်အတွက် ရိုက်ကူးရေးအဖွဲ့က သန်မာသည့် ယောကျာ်းသားများကို စုစည်းထားပြီး droneများနောက်လိုက်ရန် သစ်တောထဲ ဝင်စေလိုက်သည်။
" အဲ့ဒီ ရှအန်းကတော့လေ ... ဘာလို့ ဒီထဲ ဝင်သွားပါလိမ့် ..."
" အင်းလေ ... သူက မိန်းကလေးပဲ မကြောက်ဖူးလားမသိဘူး ... ငါတောင် ဒီနေရာမှာ တစ်ယောက်တည်း လမ်းလျှောက်နေရင် ကြောက်တယ် ..."
ဝန်ထမ်းများ၏ စကားကို ကြားသည့်အခါ သန်မာသည့်ရွာသားများက အထူအဆန်းကဲ့သို့ ခံစားလိုက်ရသည်။
သူတို့က အရမ်းပျင်းနေလို့ အိမ်သာတောင်တစ်ယောက်ထဲ မသွားရဲတဲ့ နေရာကိုလာပြီး တစ်ခုခုကို ရိုက်ကူးရေး လာလုပ်တာလား ...
ပြီးတော့ မိန်းကလေးပါဝင်သူတစ်ယောက်ကလည်း ညဘက်အိပ်မပျော်လို့ တောထဲမှာလျှောက်သွားနေတယ်တဲ့ ရဲတင်းလိုက်တာ ...
သူတို့ရွာက အမျိုးသမီးတွေတောင် ညလယ်ခေါင်မှာ ဒီတောထဲကို တစ်ယောက်တည်းသွားဖို့ သတ္တိမရှိကြဘူး ...
ဒီမှာ သားရဲကောင်ကြီးတွေ နည်းနည်းပဲရှိပေမယ့် လူတွေကို အန္တရာယ်ပြုနိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေ ရှိနေသေးတယ်လေ ... ဒါ့အပြင် သူမ လူဆိုးတစ်ယောက်ယောက်နဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ ...
သို့သော် ဤလူအုပ်စုက ရှအန်း၏နာမည်ကို ပါးစပ်မှဖြစ်စေ စိတ်ထဲတွင်ဖြစ်စေ ပြောလိုက်ပါက ၎င်းတို့သည် တစ်စုံတစ်ယောက်၏မျက်လုံးထဲတွင် သားကောင်ဖြစ်သွားသည်ကို မသိခဲ့ကြပေ။
" ရှုလင်း မှားတာများလား ... ဒီနေရာမှာ ဘယ်သူမှလည်း မရှိဘူး ..."
အနည်းငယ် လှည့်ပတ်ကြည့်ပြီးသော်လည်း ရှအန်း၏ ပုံရိပ်ကို မမြင်ကြပေ။ ရှုလင်းနှင့် ဟန်ယွဲ့ အမှားလုပ်လ်ိုက်မိသည်ဟု ထင်နေကြသည်။
ပြန်ဆုတ်မလားလို့ တွေးနေရင်းနဲ့ ရုတ်တရက် ကြားလိုက်ရတာက-
" ဘာကြီးလဲဟ ..."
ဝန်ထမ်းတစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။
နာကျင်နေသည့် အမူအရာနှင့် ခေါင်းကိုအုပ်ထားသည့်လူကို ဝန်ထမ်းနှစ်ယောက် စိုက်ကြည့်နေသည်။
" ဘာ ... ဘာတွေဖြစ်နေကြတာလဲ ..."
လရောင်ကို မမြင်ရသည့်အပြင် ထိုလူ၏အသံက အာလုံးကိုခြောက်လှန့်နေသည်။
ခဏကြာသောအါ ပထမလူကဲ့သို့ ဒုတိယလူ တတိယလူများလည်း နာကျင်မှုကို ခံစားလိုက်ရသည်။
" ဘာလဲဟ ..."
" နာသွားတာလား ..."
…
မျက်စိတစ်မှိဆ်အတွင်း လူသန်ကြီးလေးယောက်က နာကျင်မှုကြောင့် ခေါင်းကို အုပ်ထားကြသည်။
“**** ဘာတွေဖြစ်နေတာလဲ ... ငါတို့ကို မခြောက်နဲ့နော် ..."
ရှအန်းကို ရှာဖွေရန် ရောက်လာသည့် ဝန်ထမ်းနှစ်ယောက်သည်လည်း ကြောက်လန့်မှုကြောင့် ရှူးထွက်ကျလုနီးပါး ဖြစ်နေသည်။
သစ်တောက အစပိုင်းတွင် ထူးဆန်းပြီး ကြောက်စရာကောင်းသော်လည်း ယခုအခါတွင် သူတို့ခေါ်ဆောင်လာသည့် ရွာသားလေးဦးက လမ်းကို စူးစမ်းလေ့လာနေချိန်၌ ချက်ခြင်းပင် ထိုကဲ့သို့ဖြစ်လာသည်။
သူတို့ မကြောက်ပဲနေမလားလို့ ...
သူတို့ ထိတ်ထိတ်ပျာပျာ ဖြစ်နေစဉ်တွင် အနက်ရောင်မြှားတစ်ချောင်းက သူတို့ဆီ ရောက်လာသည်။
" အား ... ငါ့ခေါင်း ..."
ဝန်ထမ်းတစ်ယောက်က ခေါင်းကိုအုပ်လိုက်ပြီး နာကျင်မှုကြောင့် အော်ဟစ်နေသည်။
တခြားတစ်ယောက်သည်လည်း သူ၏လုပ်ဖော်ကိုကိဖက် တိုက်ခိုက်ခံရသည်ကိုမြင်ပြီး လန့်သွားသည်။
စကားပြောစက်ကိုကိုင်၍ အကူအညီတောင်းရန် ပြင်လိုက်သည်။
ဖျောက် ...
စကားပြောစက်ကို ကိုင်လိုက်ချိန်မှာပင် စကားပြောချိန် မရလိုက်ပေ။ ၎င်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ပြုတ်ကျသွားသည့် စကားပြောစက်ကိုကြည့်၍ ထိုလူ ကြောက်လန့်သွားပြီး ခြေထောက်များပင် ပျော့ခွေလာသည်။
ဒီတောထဲမှာ လူသတ်သမား ဒါမှမဟုတ် တစ်ခုခုတော့ ရှိမနေပါဘူးနော် ...
သူ ကြောက်လန့်နေစဉ်တွင် တစ်စုံတစ်ယောက်က သစ်ပင်ပေါ်မှနေ၍ သူ၏ခေါင်းကို ဒူးလေးဖြင့် ချိန်ထားသည်ကို မသိလိုက်ပေ။
ဝှစ် ...
လျင်မြန်သော မြှားတစ်စင်း ထွက်ပေါ်လာပြီး ရှအန်းကို ရှာဖွေသည့်အဖွဲ့က သုတ်သင်ခံလိုက်ရသည်။
…
“…”
ဖျောက် ...
မော်နီတာခန်းထဲမှ ဟန်ယွဲ့နှင့် ရှုလင်းတို့ ထိတ်လန့်သွားရပြန်သည်။
စကားပြောစက်ကို သူတို့လက်ထဲဆွင် ခပ်တင်းတင်း ဆုပ်ကိုင်ထားကြသည်။
" အခုရော ငါအမြင်မှားပြန်တာလား ..."
ရှုလင်း ထင်ယောင်ထင်မှားဖြစ်သည်ဟု ခံစားမိပြန်သည်။
ဒီကိစ္စက အရင်တစ်ခါ ရှအန်း ပြတင်းပေါက်က ထွက်ပြေးသွားတာထက်ကိုပြီး လေးနက်နေတယ် ...
" မဟုတ်ဘူး ... မင်း အမြင်မမှားဘူး ... ရှအန်းက ..."
ဟန်ယွဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။
" ဒါပေမဲ့ ရှအန်းက အရမ်းသန်မာလွန်းနေတယ် ... ငါ တကယ်မထင်ထားမိဘူး ... သူမ ဘယ်လိုလုပ်လိုက်တာလဲ အရမ်းတော်လွန်းနေတယ် ..."
ထိုအချိန်တွင် ဟန်ယွဲ့ ရှအန်းကြောင့် အထိတ်တလန့် မဖြစ်တော့ပေ။
လွန်ခဲ့သည့် မိနစ်အနညိးငယ်က ကင်မရာပေါ်မှ ရိုက်ကူးထားမိသည်ကိုမြင်ပြီး သူအလွန် စိတ်လှုပ်ရှားသွားသည်။ ရှအန်းက ယောကျာ်းခြောက်ယောက်အုပ်စုကို သေနတ်နှင့် ဒူးလေးဖြင့် ချေမှုန်းလိုက်ခြင်းပင်။
ရှအန်းက အမိုက်ဆုံးပစ္စည်းကိရိယာ အစုံလိုက်ကို ရွေးချယ်သွားသဖြင့် မူလက စိတ်ဓာတ်ကျနေခဲ့သော်လည်း ယခုအခါ သူခံစားနေရသည်က သူမက အမှန်ပင် ...
အံ့ဩစရာကောင်းလွန်းနေသည်။
" ရှုလင်း ငါတို့ရှိုးက ဝက်ဝက်ကွဲ အောင်မြင်တော့မှာပဲ ... ရှအန်းကို အထူးရိုက်ချက်တွေ ရိုက်ကူးထားသင့်တယ် ... မိုက်တယ် ... တကယ်ကို အံ့ဩစရာပဲ ..."
သူငယ်ချင်းဖြစ်သူ၏ တုံ့ပြန်မှုကို မြင်သည့်အခါ ရှုလင်း ခေါင်းလှည့်ပြီး ရှအန်းပြုလုပ်ခဲ့သည် ရိုက်ချက်များကို ကြည့်လိုက်သည်။
ဟန်ယွဲ့၏ စကားလုံးများထက် သူ၏ထင်မြင်ယူဆချက်က လမ်းညွှန်ချက်ကို အာရုံစိုက်စေခဲ့သည်။