အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၆
ဆေးသုတေသနဌာန ဒုတိယထပ်။
"ကျွန်တော့် ညီမလေးအခြေအနေ ဘယ်လိုလဲ"
လူနာကုတင်ပေါ်တွင် လဲလျောင်းနေသော မော့ချူးကို ကြည့်လိုက်ပြီး မော့ယန်၏ ချောမောသော
မျက်နှာလေးမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ သူ့အသံက အနည်းငယ်ပင် တုန်ရင်နေသည်။
“ဒါ…” ရှန်းယိသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ပြီး
ဘာမျှမပြောပေ။
"ဒါ... အရမ်းပြင်းထန်လို့လား" ရှန်းယိ
ပုံစံကိုမြင်ပြီး မော့ယန်ရဲ့မျက်နှာ မည်းမှောင်သွားပြီး သူ့အသံက သူ့လည်ချောင်းထဲက ညှစ်ထွက်လာရသည်။
ခရိုင် ၁၂ တစ်ခုလုံးတွင် ရှန်းယိ၏ ဆေးဘက်ဆိုင်ရာတွင်
အကျွမ်းကျင်ဆုံးဖြစ်သည်။ သူအခက်တွေ့နေခြင်းမှာ ချူးလေး က အရမ်းပြင်းထန်သောကြောင့်ဖြစ်လိမ့်မည်။
“လောလောဆယ်
စိတ်မပူပါနဲ့” ရှန်းယွိနှင့် မော့ယန် တို့သည် ဆက်ဆံရေးကောင်းကြသည်။ အရင်တုန်းကတော့
သူ အမြဲတမ်း တည်ငြိမ်ပြီး နေသည်။ သို့သော် ဒါက ပထမဆုံးအကြိမ် သူ၏ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်သည်။
"မင်းညီမကို ငါ တစ်ကိုယ်လုံး စစ်ဆေးပြီးပြီ။ ဘာမှ ပြင်းထန်တဲ့ပုံမပေါ်ပါဘူး။ ခဏနေ
နိုးလာလိမ့်မယ်။"
မော့ယန်သည် ထိုစကားကိုကြားသောအခါ နောက်ဆုံးတွင်
သက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် ရှန်းယိ၏ ချီတုံချတုံဖြစ်နေသောအကြည့်ကို သတိရသောအခါတွင်
ချက်ချင်းပင် သူ့ကိုပြန်ကြည့်မိသည်။
မျှော်လင့်ထားသည့်အတိုင်း ရှန်ယိ၏ အမူအရာမှာ လေးနက်နေပါသည်။
“သေချာပြန်စဉ်းစားနော်။ မော့ချူး တစ်ခုခုစားပြီးပြီလား"
“မစားရသေးဘူး” မော့ယန်က ခေါင်းကို ပြတ်ပြတ်သားသား
ခါလိုက်သည်။ "မပြောရသေးဘူးလား။ ချူးလေးက သူမနိုးလာကတည်းက အာဟာရဆေးတောင့်တစ်တောင့်ပဲ
သောက်ရသေးတယ်။"
“ကျွန်တော် စစ်ဆေးပြီးပြီ။ သူသောက်တဲ့ အာဟာရဆေးတောင့်မှာ
ဘာပြဿနာမှ မရှိပါဘူး။ ပုံမှန်အားဖြင့်ဆို ဒါက မဖြစ်နိုင်ဘူးလေ…”
"အဲ့ဒါဆိုဘာလဲ"
ရှန်းယိ က အသက်ပြင်းပြင်းရှူပြီး သူ့ဆုံးဖြတ်ချက်ကို
ထုတ်ဖော်လိုက်သည်။ "မင်းညီမနဲ့ အာဟာရဆေးတောင့်နဲ့ ဓါတ်မတည့်တာ ဖြစ်နိုင်တယ်"
"အာဟာရဆေးတောင့်နဲ့ မတည့်ဘူးလား" မော့ယန်
အနည်းငယ် ထိတ်လန့်သွားသည်။
"ဟုတ်တယ်။ ဒီအကြောင်းပြချက်ကလွဲလို့ မော့ချူးရဲ့
လက်ရှိအခြေအနေအတွက် တခြားအကြောင်းအရင်းမရှိဘူး။”
ရှန်ယိ ပေးခဲ့တဲ့ ယူဆချက်က တကယ်ကို ယုံကြည်ရခက်သည်။
အဖွဲ့ချုပ်တွင် လူပေါင်း သန်းတစ်ရာနီးပါးရှိကြပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ခန့်အတွင်း
အာဟာရဆေးတောင့်များနှင့် ဓါတ်မတည့်သူ တစ်ဦးမျှ မရှိခဲ့ပေ။ ထမင်းနဲ့ ဓါတ်မတည့်ဘူးလို့
တစ်ယောက်ယောက်က ပြောသလိုပဲ စားလိုက်ရင် အော့အန်တာနဲ့ ဝမ်းဗိုက်နာတာတွေ ဖြစ်တတ်သည်။
"ဒါဆို မင်းပြောနေတာက ချူးလေးက အာဟာရဆေးတောင့်တွေ
မစားရင် သူနေကောင်းနေလိမ့်မယ်လို့ ပြောတာပေါ့" မော့ယန် ချက်ချင်းကောက်ချက်ချလိုက်သည်။
"အဲ့ဒါအမှန်ပဲ။" ဆရာဝန်တစ်ယောက်ဖြစ်တဲ့ရှန်ယိ
ရဲ့ အမြင်က မော့ယန်အမြင်ထက် အဆပေါင်းများစွာ ပိုတိကျပြီး အမြော်အမြင်ရှိသည်။ “ဒါပေမယ့်
ဘယ်အစားအစာတွေက မော့ချူးနဲ့ မတည့်ဘူးဆိုတာတော့ မသိရဘူး”
အာဟာရဆေးတောင့်များသည် လူ့ခန္ဓာကိုယ်၏ နေ့စဉ်လိုအပ်ချက်များကိုဖြည့်တင်းရန်
နည်းပညာမြင့်စွမ်းအင်ချုံ့ခြင်းကို အသုံးပြုသည့် အဖွဲ့ချုပ်တွင် အသုံးများသော အစားအစာများထဲမှ
တစ်ခုဖြစ်သည်။
ပုံမှန်အားဖြင့်
ဆေးတောင့်တစ်တောင့် သို့မဟုတ် နှစ်တောင့်သာ တစ်ရက်လျှင် လိုအပ်ပြီး သောက်ပြီးလျှင်
အစာစားရန် မလိုတော့ချေ။ အလွန်လုံခြုံမှုရှိသည်ဟု ယူဆခဲ့ကြသည်။ မော့ချူးသည် သူမနှင့်
ဓါတ်မတည့်သည့်အတွက် သူမ ဘာကို စားရမည်မှာ ပြောရန်ခဲယဥ်းလှသည်။
မော့ယန်သည် ထိုအကြောင်းကို ချက်ချင်း တွေးမိပြီး
သူ့အမူအရာမှ ပို၍ပင် ရုပ်ဆိုးသွားခဲ့သည်။
"မင်းဆန္ဒရှိရင်၊ ငါတို့က မော့ချူးရဲ့ဆဲလ်တွေကို
အရင်ထုတ်ယူပြီး သူမနဲ့ဓာတ်မတည့်တာတွေကို ရှာဖွေဖို့ အကြိုစမ်းသပ်မှုတစ်ခု လုပ်လို့ရတယ်"
ဤနည်းပညာသည် အဖွဲ့ချုပ်တွင် အလွန်တိုးတက်ပြောင်းလဲလာသည်ဟု
ယူဆ၍ရသည်။ ဆဲလ်တစ်ခု၏ အသွင်အပြင်မှ လူ့ခန္ဓာကိုယ်၏ သီးခြားတုံ့ပြန်မှုများကို အတုယူရန်
ယင်းမှာ လျင်ဆန်မြန်ပြီး၊ အန္တရာယ်မရှိ၊ အလွန်အဆင်ပြေသည်။
“ကောင်းပြီ။” မော့ယန် ခေါင်းညိတ်လိုက်သည်။
"ရလဒ်တွေကို အမြန်ဆုံးရရှိဖို့ မျှော်လင့်ပါတယ်"
"ပြဿနာမရှိပါဘူး"
နာရီဝက်ကြာသည်။
ရရှိလာသောဒေတာပေါ်တွင် ပြသထားသည့် ရလဒ်များကြောင့်
လူတိုင်း အံ့အားသင့်သွားကြရသည်။
အဖွဲ့ချုပ်တွင် အစားအစာ အများအပြားမရှိပေ။ အနည်းဆုံး
အမျိုးအစား ၃၀ မှ ၄၀မျိုး အထိသာရှိသည်။ သို့သော်၊ သန့်ရှင်းလတ်ဆတ်သည့်နို့မှလွဲ၍ မော့ချူးသည်
တကယ်တမ်းတွင် ကျန်သောအစားအစာများနှင့် ဓာတ်မတည့်ချေ။
လူတိုင်း အရမ်းတုန်လှုပ်သွားကြသည်မှာ မဆန်းချေ။
လွန်ခဲ့သည့် နှစ်ရာချီများတွင် ထိုသို့သော ပုဂ္ဂိုလ်မျိုး တစ်ခါမျှ မရှိခဲ့ပေ။
ဤကိုယ်လုံးကိုယ်ပေါက်သည် သန်းတစ်ရာတွင် တစ်ဦးသာဖြစ်သည်။
မော့ယန်သည် သူ့သူငယ်ချင်းဖြစ်မနေခဲ့လျှင် ရှန်ယိသည်
သူမအား ကောင်းစွာလေ့လာနိုင်ရန် စမ်းသပ်ချင်နေပေလိမ့်မည်။ ဒီမိန်းကလေးမှာ အံ့သြစရာကောင်းလွန်းသည်။