အပိုင်း ၅၃
Viewers 29k

Chapter 53


"ရှအန်း မင်းဘယ်တွေသွားနေတာလဲ... အဆင်ရောပြေရဲ့လား..."


ရှအန်းက သန့်ရှင်းနေကာ စွမ်းအင်ပြည့်ဝလျက်ရှိသည်။ ကျန်းချန် မတ်တတ်ထရပ်ကာ စပ်စပ်စုစုမေးလိုက်သည်။

"ဘာဖြစ်သွားတာလဲ...."


"ကျွန်တော်တို့ မင်းကို မနေ့ကရှာခဲ့တာပဲ... ဒါပေမဲ့ မင်းကပျောက်သွားခဲ့တယ်လေ... အဲ့နောက်မှာ ကျွန်တော်တို့ကို ဇွန်ဘီတွေက ဝိုင်းလိုက်ကြတယ်... ပြီးတော့ ကျွန်တော်...."


ကျန်းချန်က သူမကို မနေ့ညကဖြစ်ပျက်ခဲ့သည်များကို တန်းစီ၍ ပြောပြခဲသည်။


သို့သော် သူမက သူ့ကို ဂရုမစိုက်ပေ။


အမှန်အတိုင်းပြောရလျှင် သူတို့ဘာဖြစ်သွားသလဲဆိုသည်ကို သူမ လုံးဝစိတ်မဝင်စားပေ။


သူမစိတ်ထဲတွင် ရိုက်ကူးရေးအဖွဲ့က နောက်ထပ် ဘာဆက်လိုချင်သလဲဆိုသည်ကိုသာ တွေးနေမိသည်။


ပါဝင်ယှဉ်ပြိုင်သူခြောက်ယောက်လုံး ဘာလို့ဒီမှာ ရှိနေရတာလဲ...


"ကျွန်တော်တို့အခု ရောက်နေတဲ့နေရာက ကမ္ဘာပျက်ကပ်က မြေအောက်ဓာတ်ခွဲခန်းတစ်ခုနဲ့ တူမနေဘူးလား...."


ကျန်းချန်က အလွန်အမင်းသတ္တိမရှိသော်လည်း ကြောက်ရွံ့စရာ ဇာတ်ကားများကို သဘောတကျကြည့်တတ်ပေသည်။ 


အထူးသဖြင့် ပထမဆုံး ဖြစ်ရပ်၏ ဆိုလိုရင်းက ကမ္ဘာပျက်ကပ်ကျရောက်သည့် နေ့များနှင့် သက်ဆိုင်ကြောင်း သိပေသည်။ ထို့ကြောင့် သူက ကမ္ဘာပျက်ကပ် ဇာတ်ကားများအားလုံးကို နှစ်ခေါက်ပြန်ကြည့်ခဲ့သည်။


"အခု ရှင်ပြောချင်တာက... အဲ့လိုနဲ့ တကယ်တူတယ်လို့လား...."


အခြားသူများကလည်း အခန်းက အလွန်ဖြူနေသည်ကို သတိပြုမိလိုက်ပြီး မှန်တံခါးများကြောင့် ဓာတ်ခွဲခန်းထဲရောက်နေသလားဟု သံသယဝင်လာကြသည်။


"ရိုက်ကူးရေးအဖွဲ့က ဘာတွေလုပ်နေတာလဲ... ညလယ်ကြီးများလည်း ဇွန်ဘီတွေအများကြီးရဲ့ တိုက်ခိုက်ခြင်းကိုခံရတယ်.. ရိုက်ကူးရေးအဖွဲ့က ငါတို့ကိုသတ်ပြီး ရိုက်ကူးရေး ရပ်တော့မလို့လားဟ...."


ပါဝင်ယှဉ်ပြိုင်သူများ စကားတွတ်ထိုးနေကြချိန်တွင် ရုတ်တရက် ဗလာဖြစ်နေသည့် အဖြူရောင်အခန်းထဲတွင် ချောမွေ့နေသည့် ဖန်သားမျက်နှာပြင်ပေါ်၌ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။


"မင်္ဂလာပါ ပါဝင်ယှဉ်ပြိုင်သူခြောက်ယောက်ရေ... မနေ့ညက တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ မင်းတို့အားလုံး ဇွန်ဘီဗိုင်းရပ်စ်ကူးစက်ခံလိုက်ရပါပြီ.... အခု မင်းတို့အားလုံး ဓာတ်ခွဲခန်းထဲမှာ သော့ပိတ်ခံထားလိုက်ရပြီ... မင်းတို့မှာ ကိုယ်ပိုင်ဖြေဆေးရှာပြီး ဒီဓာတ်ခွဲခန်းထဲက ထွက်ဖို့ အချိန်သုံးနာရီရပါမယ်....."


ဗွီဒီယိုထဲတွင် အဖြူရောင်ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆရာဝန်တစ်ယောက်နှင့်တူသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အမူအယာမဲ့စွာ ပြောလာသည်။


ထိုအချိန်တွင် ပါဝင်ယှဉ်ပြိုင်သူအားလုံးက ရှိုးအဖွဲ့သားများက သူတို့ကို ဤအခန်းထဲသို့ ဘာကြောင့်ပို့လိုက်သလဲ နားလည်သွားပြီဖြစ်သည်။


သူတို့၏နောက်ထပ် တိုက်ပွဲကွင်းပြင်က ရှိုးအဖွဲ့သားများ စီစဉ်ထားသော ဤဓာတ်ခွဲခန်းထဲမှ အသက်ရှင်ကျန်ရစ်၍ ထွက်ခွာရန် ဖြစ်ပေသည်။


ယခု သူတို့အားလုံး ဇွန်ဘီအုပ်ကြီးထဲတိုဖြတ်ကျော်၍ သုံးနာရီအတွင်း ဖြေဆေးရှာပြ ဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် ဤဓာတ်ခွဲခန်းထဲမှ ထွက်ပြေးရမည်ဖြစ်သည်။


"ဝိုး... ဒါကတကယ့်ကို ဟောလီးဝုဒ်က ဇာတ်လမ်းတွေနဲ့တူတာပဲ...."


ကျန်းချန်က စည်းမျဉ်းတွေကြားပြီးနောက်တွင် ရွှယ်ယုနှင့်အတူ အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း သူ့နှလုံးသားထဲတွင် အနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်သည်။


"ဟုတ်ပါ့ ပျော်စရာကောင်းမယ့်ပုံပဲ...."


မနက်အစောကြီး ဇွန်ဘီတစ်အုပ်ထံမှ အသတ်ခံလိုက်ရသော်လည်း ရွှယ်ယု၏ တိုက်ပွဲဝင်ချင်စိတ်က တောက်လောင်နေဆဲဖြစ်သည်။


သူလာခဲ့သည့် နေရာကို ပြန်သွားရမည်ဟု ခံစားနေရသည်။


"ဒါပေမဲ့ ကျွန်မက သူနာပြုတစ်ယောက်မဟုတ်ဘူးလား... ကျွန်မရဲ့ ပစ္စည်းကိရိယာတွေက ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်တယ် မဟုတ်ဘူး... ဘာလို့ ဖြေဆေးကို ရှာရဦးမှာလဲ..."


ဟယ့်ရှောင်ရှောင် မျက်မှောင်ကြုတ်ရင်း နားမလည်နိုင်စွာ ပြောလိုက်သည်။


သူမကိုယ်သူမ ဇာတ်ကောင်ကောင်း တစ်ယောက်ရှိသည်ဟု ထင်ခဲ့သော်လည်း ယခုတွင် သူတို့ ဘယ်လိုဖြေဆေးမျိုးကို ရှာရမည်နည်း။


"ဟယ့်ရှောင်ရှောင် မင်းရဲ့ ပစ္စည်းကိရိယာတွေ ပျောက်နေတာ သတိမထားမိဘူးလား..."