အပိုင်း ၅၄
Viewers 29k

Chapter 54


ကျန်းချန်ပြောသည်ကို ကြားမှ သူမ၏ ပစ္စည်းကိရိယာများနှင့် ဆေးထိုးအပ်များ ပျောက်ဆုံးသွားသည်ကို သိသွားတော့သည်။


"အား...ငါ့ရဲ့ အသက်ကယ်ပစ္စည်းလေးတွေ..."


"စိတ်မပူပါနဲ့ အဲ့တာ ရိုက်ကူးရေးအဖွဲ့က ယူသွားတာနေမှာပါ.... "


"ဒီရိုက်ကူးရေးအဖွဲ့က သစ္စာလည်းမရှိဘူး ကလိမ်ကကျစ်ကလည်း ကျသေးတယ်...."


"သူတို့က သစ္စာမဲ့ပြီး ကလိမ်ကကျစ်ကျရုံတင်မကဘူး... ဒီတစ်ဖွဲ့လုံးက အကျင့်ကိုမကောင်းဘူး... သူတို့က ငါတို့ကို ပုံဆိုးပန်းဆိုးဖြစ်စေချင်နေကြတာ..."


......


"ဟက်ချိုး...."


ပါဝင်ယှဉ်ပြိုင်သူများကို လှည့်ဖျားသွားသည့် လူများက အရေးပေါ် အစည်းအဝေးထိုင်နေကြသည်။


"ငါ ရှအန်းက ငါတို့ရှိုးရဲ့ အဖျက်ကောင်လို့ထင်တာပဲ... ဒါကြောင့် စည်းမျဉ်းအချို့ကိုတော့ ပြောင်းမှရမယ်..."


"စည်းမျဉ်းတွေလား...."


"ဥပမာအားဖြင့် သူတို့ကိုပေးထားတဲ့ ပစ္စည်းကိရိယာအချို့ကို ကန့်သတ်ရမယ်... ကျည်ဆန်တွေကို အကန့်အသတ်မရှိ မရတော့တာမျိုးပေါ့... ပြီးတော့ဇွန်ဘီတွေရဲ့ လှုပ်ရှားမှုက အရမ်းနှေးကွေးနေတယ် သာမန်လူတွေရဲ့ အရှိန်နှုန်းလောက်ကို မြှင့်ရမယ်..."


ရှအန်း၏ တက်ကြွမြန်ဆန်သော လှုပ်ရှားမှုများဖြင့် အလွန်မြင့်မားသည့် ခွန်အားကြောင့် ရှိုးရိုက်ကူးသူများက သူတို့သာ စည်းမျဉ်းအချို့ ထပ်မထည့်ပါက ညီမျှတော့မည် မဟုတ်ကြောင်း သိလိုက်ရသည်။


အခြား ပါဝင်ယှဉ်ပြိုင်သူ ငါးယောက်က ရှအန်းကြောင့် နောက်ထပ်လာမည့် တာဝန်များက ပိုမိုခက်ခဲကာ ပိုမိုအဆင့်မြင့်လာတော့မည်ဖြစ်ကြောင်း မသိလိုက်ကြပေ။


သို့သော် ထိုအချိန်တွင် သူတို့ကိုယ်ပိုင် အဆိပ်ဖြေဆေးကို ရှာရန် ရုံးကန်နေရ၍ မည်သူကမှ ထိုကိစ္စကို မသိကြပေ။


သူတို့အားလုံးက ပါဝင်ယှဉ်ပြိုင်သူများ ဖြစ်ကြသော်လည်း လူတိုင်းက ဓာတ်ခွဲခန်းထဲတွင် ပိတ်မိနေပြီဖြစ်၍ စည်းလုံးမှသာ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း သိလိုက်ကြသည်။


ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်သူ ခြောက်ယောက်က နှစ်ယောက်တစ်ဖွဲ့ အုပ်စုဖွဲ့လိုက်ကြပြီး ဖြေဆေးရှာကြတော့သည်။


ထို့နောက် ရှအန်းသည်လည်း နောက်တစ်ယောက်နှင့်အတူ အုပ်စုဖွဲ့၍ ဖြေဆေးရှာလိုက်ရသည်။


"ရှအန်း မနေ့ညက မင်းဘယ်လိုလုပ် လွတ်သွားတာလဲ..."


ရှုကျင်းယန်က သူမနှင့် အဖွဲ့ဖွဲ့ပြီးနောက်တွင် ထိုအမျိုးသမီးက သူ့ကို ဘယ်သောအခါမှ စကားစမပြောဘဲ တစ်ချိန်လုံး ဖြေဆေးရှာနေသည်ကို သိလိုက်ရသည်။


"ရှုကျင်းယန်... ကျွန်မနဲ့ အလုပ်ကောင်းကောင်းလုပ်ပေးလို့ရမလား...."


အကယ်၍ သူမသာ သူနှင့်အတူ တာဝန်ခွဲယူရသည့် သာမန်မိန်းကလေးတစ်ယောက်ဖြစ်ပါက သူ၏ လူကြီးလူကောင်းဆန်မှုတွင် ရူးသွပ်သွားမည်ဖြစ်သည်။


သို့သော် ရှအန်းက အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်နေရသည်။


ယခုတွင် သူမ ဖြေဆေးသာရှာပြီး တာဝန်ပြီးမြောက်ကာ ဓာတ်ခွဲခန်းထဲမှ အမြန်ဆုံး ထွက်ချင်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဤထဲတွင် အချိန်ကြာကြာဆက်မနေသင့်တော့ကြောင်း ခံစားမိနေ၍ဖြစ်သည်။


"တောင်းပန်ပါတယ်... ကျွန်တော် သိချင်သွားလို့ပါ...."


သူတို့က ရိုက်ကူးရေး လုပ်နေကြသော်လည ဤကျော်ကြားလှသည့် ရှုကျင်းယန်က သူမအပေါ် ဘယ်လို ခံစားနေရသည်ကို မဖော်ပြနိုင်ပေ။


သူမ သူမနှင့်အလွန်နီးကပ်သည့် အရာများကို လုပ်ပြီး ရှအန်းတစ်ယောက်တည်းကိုသာ အထူးစကားပြောလေသည်။


ရှုကျင်းယန်၏ လုပ်ဆောင်မှုများက အလွန်အစစ်အမှန်ဆန်သော်လည်း ရှအန်းက ထိုလူကသူမအပေါ် ထူးဆန်းသည့် သဘောထားရှိသည်ဟု ခံစားရပြီး သူမကို စိုးရိမ်၍ နိုးနိုးကြားကြားဖြစ်စေသည်။


"အိုး...."

ရှအန်း မထူးခြားသလို တုန့်ပြန်လိုက်ပြီး သူနှင့်ဝေးရာကို ချက်ချင်းရွှေ့လိုက်သည်။


ရှအန်း၏ သဘောထားက သူ့ကို ပိုမိုစိတ်ဝင်စားလာစေသည်။


"မင်းကိုယ့်အကြောင်းမသိချင်ဘူးလား...မင်းကို ဘယ်လိုလုပ်သိနေလဲဆိုတာ မသိချင်ဘူးလား...."


ထိုသို့ပြောလာသောကြောင့် နောက်ဆုံးတွင် ရပ်လိုက်ပြီး ရှုကျင်းယန်ကို လေးနက်စွာကြည့်လာသည်။


ထိုကဲ့သို့ရုတ်တရက် ရပ်လိုက်မှုက လူနှစ်ယောက်ကြားရှိ အကွာအဝေးကို အတော်လေး လျော့နည်းသွားစေသည်။


အရမ်းနီးကပ်လွန်း၍ တစ်ယောက်၏အသက်ရှူသံက တစ်ယောက် မျက်နှာသို့ပင် ထိခတ်နေသည်။


"မစ္စတာ ရှု... ကျွန်မ ရှင့်အကြောင်း လုံးဝမသိချင်ဘူး... ဒီတော့...."


သူဘယ်အချိန်ကတည်းက သူမ၏ အနက်ရောင် မျက်စိသူငယ်အိမ်များကို ငေးစိုက်ကြည့်နေမိလဲ မသိတော့ဘဲ သူ၏ နှလုံးခုန်သံများ စညိးချက်လွဲသွားခဲ့ရသည်။


ထို့နောက် သူသတိမပြုမိခင်တွင်___

"ဒီတော့... မစ္စတာရှု ကျွန်မတို့ ကိုယ့်လမ်းကိုယ်သွားရအောင်...."


ထိုသို့ပြောပြီးနောက် ရှအန်းက တံခါးဖွင့်၍ အခြားတစ်ဖက်ကိုသွားလိုက်ပြီး အရှက်မရှိသည့်လူကို အခြားတစ်ဖက်တွင် ချန်ခဲ့လိုက်သည်။


"နှုတ်ဆက်ပါတယ် မစ္စတာရှု...."


ရှုကျန်းအန်းကို မှန်ပြတင်းပေါက်မှ တာ့တာပြလိုက်ပြီး နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားတော့သည်။


ရှအန်းက သူ့ကို အခြားတစ်ဖက်တွင် လော့ချထားလိုက်ပြီးဖြစ်သည်။ သို့သော် ရှုကျင်းယန်က ဒေါသမထွက်ရုံမျှမက အားရပါးရ ရယ်လိုက်သေးသည်။


သူမက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... အချက်အလက်တွေထဲကနဲ့ တခြားဆီပဲ...


တစ်မိနစ်ပြီတစ်မိနစ် အချိန်ကုန်လာသည်။


ပါဝင်ယှဉ်ပြိုင်သူခြောက်ယောက်က အချိန်ကိုအန်တု၍ ဖြေဆေးရှာနေချိန်တွင် သူတို့၏ ရှိုးကနောက်တစ်ကြိမ် နာမည်ကြီးလာပြန်သည်။


သူတို့က မည်သည့်ရေတပ်မှ မငှားထားဘဲ ဓာတ်ပုံအနည်းငယ် ထုတ်ပြပေးရုံဖြင့် နက်ဝက်ဘ်တစ်ခုလုံး ပေါက်ကွဲလုနီးပါးဖြစ်သွားခဲ့သည်။