အပိုင်း ၅၅
Viewers 29k

Chapter 55

ရှအန်းနှင့် အခြားလူများက အင်တာနက်လိုင်းပင်မရှိသည့် တောင်ထဲတွင် "Come on Challenger" ရိုက်ကူးနေချိန်၌ သူတို့၏ အကြိုရိုက်ကူးရေးကြောင့် အင်တာနက်တွင် အတော်လေးနာမည်ကြီးနေကြသည်။ 


အင်တာနက် အသုံးပြုသူများစွာက ဟယ့်ရှောင်ရှောင်နှင့် ရှအန်းတို့၏ အလှပြိုင်ပွဲအတွက် အတော်လေး စိတ်ဝင်တစားဖြစ်နေခဲ့ကြသည်။


အင်တာနက်အသုံးပြုသူများက ပုံထဲရှိ လူကိုသေချာမသိကြသော်လည်း သူမက အလွန်ထူးခြားသည့် ပါဝင်သူအမျိုးသမီးဖြစ်ကြောင်း သိကြပေသည်။


သူတို့က နေ့တိုင်းနီးပါး ရှိုးအဖွဲ့ကို ထိုဆန်းကြယ်သည့် အလှလေး၏ မျက်နှာကို ဖော်ပြရန် တောင်းဆိုခဲ့ကြသည်။


သို့သော် ပရိုဂရမ်အဖွဲ့က တုတ်တုတ်မျှမလှုပ်ခဲ့ပေ။


၎င်းကသူတို့ကို ပိုမိုသိချင်သွားစေသည်။


လူတိုင်း၏ သိချင်စိတ်ပျက်သုဉ်းခါနီးတွင် ရုတ်တရက် ရိုက်ကူးရေးမှ ပုံများကို တင်ပေးလိုက်သည်။


ထို့အပြင် ဗားရှင်းတစ်မျိုးတည်းရှိသည်မဟုတ်ဘဲ ဒုတိယဗားရှင်း ရှိနေပုံပင်။


["Come on Challenger" V: ကျွန်တော်တို့ရဲ့ ပါဝင်ယှဉ်ပြိုင်သူ ခြောက်ယောက်ဟာ ဆိုရင်ဖြင့် "ဇွန်ဘီများ ဝန်းရံခံရခြင်း"ဆိုတဲ့ အဓိကရှိုးတစ်ခုကို တောင်ပေါ်မှာ ရိုက်ကူးနေကြပါပြီ... နောက်တစ်ခေါက်ကြရင် ကမ္ဘာပျက်ကပ်မတိုင်ခင်က ရိုက်ကူးထားတဲ့ ပထမဆုံးဓာတ်ပုံများကို ပြသမှာဖြစ်ပါတယ်...]


တရားဝင်ဝေ့ပေါ်အဖွဲ့မှ ဓာတ်ပုံခြောက်ပုံက အင်တာနက်တစ်ခုလုံးကို ချက်ချင်းပေါက်ကွဲထွက်သွားစေသည်။


တစ်နာရီအတွင်း ပြန်လည်ဝေမျှသူ၊ ကွန်းမန့်မန့်သူနှင့် လိုက်ခ်လုပ်သူအရေအတွက်က အလွန်အမင်းများနေပြီဖြစ်သည်။


သို့သော် အံ့ဩစရာအကောင်းဆုံးအရာမှာ ရုပ်ရှင်အင်ပါယာဆုကို ရကာစဖြစ်သည့် ရှုကျင်းယန်အကြောင်း အပူတပြင်းဆွေးနေကြခြင်း မဟုတ်၍ ဖြစ်သည်။


[ဝိုး... ဒုတိယ အမျိုးသမီးဧည့်သည်က အရမ်းလှတာပဲ... ဒီ sailorဝတ်စုံက သူမကို အရမ်းကို အပြစ်ကင်းစင်ပြီး နတ်သမီးလေးတစ်ပါးလို့တောင် ထင်မိသွားစေတယ်...]


[ဒုတိယအမျိုးသမီးဧည့်သည်က အသစ်လားဟင်.. သူမက အရမ်းသေးသွယ်တာပဲ... အရမ်းကို သန့်ရှင်းဖြူစင်တဲ့ ခံစားချက်လေးကို ပေးစွမ်းနေတယ်...]


[ဟယ့်ရှောင်ရှောင်က ဒုတိယအမျိုးသမီးဧည့်သည်ဆီက မျက်နှာဖြတ်ရိုက်ခံလိုက်ရတာပဲ... မျက်နှာပဲပြောမလား ခန္ဓာကိုယ်ကိုပဲပြောမလား သူမထက် အပုံကြီးကိုသာတယ်...]


[ဒါပေမဲ့ ဒုတိယအမျိုးသမီးဧည့်သည်က ဘယ်သူလဲ... သူမကြည့်ရတာ ရင်းနှီးနေပေမယ့် ငါမမှတ်မိဘူးဖြစ်နေတယ်...]


တရားဝင်ဝေ့ပေါ်အကောင့်၏ ပထမဆုံးထုတ်ပြန်သည့် ဓာတ်ပုံတွင် ရှအန်း၏ နာမည်ကိုမဖော်ပြထားသဖြင့် အင်တာနက်အသုံးပြုသူများက ဒုတိယအမျိုးသမီးဧည့်သည်က ဘယ်သူလဲဆိုတာ မသိကြပေ။


ကြည်လင်ပြတ်သားလှသည့် ဓာတ်ပုံများ ကို ကြည့်ပြီးလျှင်တောင် သူမကို ရင်းနှီးနေသည်ဟု ခံစားမိကြသည်။


သို့သော်မည်သူကမှ ပဟေဠိဆန်လှသည့် ဒုတိယအမျိုးသမီး ဧည့်သည်ကို မည်သူမှန်း မခန့်မှန်းနိုင်ကြသေးပေ။


သို့သော်


[ကြည့်လိုက်ကြဦး... သူမက ရှအန်းနဲ့တော်တော်တူတယ်နော်...]


[သူမနဲ့ နည်းနည်းလောက်ပဲတူတာပါ...]


တစ်စုံတစ်ယောက်က ပဟေဠိ ဆန်လှသည့် ဒုတိယအမျိုးသမီးဧည့်သည်က ရှအန်းနှင့် အနည်းငယ်တူနေကြောင်း သတိထားမိသွားကြသည်။


ထိုအချိန်တွင် ဒုတိယအမျိုးသမီးဧည့်သည်ကို ထောက်ခံနေကြသော အင်တာနက်အသုံးပြုသူများက အံ့အားတကြီးဖြစ်သွားကြသည်။


အဆုံး၌ ရှအန်းတွင် တရားမဝင်ကလေးရှိနေကြောင်း ဖော်ထုတ်ခံထားရပြီး သူ့ညီမ၏ အိမ်ထောင်ရေး၌ တတိယလူဖြစ်နေကာ ထို့နောက်တွင် ကလေးအဖေက အမည်မသိ လူတစ်ယောက်ဖြစ်နေကြောင်းပါ ဖော်ထုတ်ခံထားခဲ့ရသည်။ အင်တာနက်တစ်ခုလုံး၏ လှောင်ပြောင် သရော်ခြင်းကိုပါ ခံခဲ့ရသည်ဖြစ်သည်။


ယခုအချိန်အထိ ထိုကောလဟာလများက အရှိန်မသေသေးပေ။


ထို့အပြင် ရှအန်းကို အပုတ်ချကာ အနုပညာလောက၏ မိန်းမပျက်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည့် ကီးဘုတ်ဖိုက်တာများက ယခုတွင် နေ့တိုင်း စခရင်ကို လျက်နေခဲ့ကြသည်။ သူတို့ နတ်ဘုရားမဟုခေါ်ပြီး ညီမလေးဟုနေ့တိုင်း ခေါ်နေခဲ့သည့် ဒုတိယအမျိုးသမီးဧည့်သည်က သူတို့အပုတ်ချခဲ့သော ရှအန်းဖြစ်နေသည်လား။


[ငါ့ရဲ့နတ်ဘုရားမ ရှအန်းဆိုတာ လုံးဝမဖြစ်နိုင်ဘူးနော်... ဘယ်လိုလုပ် ငါတို့ နတ်ဘုရားမ ရှအန်းဖြစ်ရမှာလဲ....]


[မဖြစ်နိုင်တာ... ငါ့ရဲ့ ညီမလှလှလေးက ရှအန်းလိုရုပ်ဆိုးမဖြစ်ရမှာလဲ...]


[ငါ့ညီမလေးရဲ့ပုံက သူကဆယ့်ရှစ်နှစ်ပဲရှိသေးတယ်ဆိုတာပြနေတာကို... ရှအန်းကဖြင့် မိန်းမအိုကြီးလေ...]


[မနာလိုတဲ့ ကောင်မလေးတွေက ငါတို့နတ်ဘုရားမကို တမင်ကောလဟာလ လွှင့်တာပဲနေမှာ...အရူးလုပ်မခံနဲ့...]