အပိုင်း ၅၆
Viewers 29k

Chapter 56


အင်တာနက်အသုံးပြုသူအများစုက အုပ်စုနှစ်ခု ကွဲသွားခဲ့သည်။ အုပ်စုတစ်ခုတွင် သူတို့၏ ကိုယ်ပိုင် အကြံများနှင့်အတူ ဒုတိယ အမျိုးသမီးဧည့်သည်က ရှအန်းဟုခံစားနေရသူများ ပါဝင်သည်။


အခြားတစ်ဖွဲ့တွင် ရှအန်းက သူတို့၏ နတ်ဘုရားမလေးမှန်း အသိအမှတ်မပြုသူများ ပါဝင်နေသည်။


ကြားနေ အဖွဲ့လည်း ရှိသေးပြီး တရားဝင်ကြေငြာချက်ထုတ်သည်အထိ စောင့်ကြမည့်အဖွဲ့လည်းပါဝင်သည်။


ဥပမာအားဖြင့် တစ်စုံတစ်ယောက်က ရှအန်း ပွဲဦးထွက်ကာစ ကျောင်းဝတ်စုံနှင့် ပုံကို ယခုပုံနှင့် တစ်ပုံချင်းယှဉ်ကြည့်ပြီး သူမ၏မျက်နှာသွင်ပြင်က အများကြီးပြောင်းလဲသွားခြင်းမရှိဘဲ ပိုလှလာခြင်းသာဖြစ်ကြောင်း သိသွားခဲ့သည်။


အဆုံးတွင် ရှိုးအဖွဲ့က ပုံများကို ထုတ်ပြပြီဆိုမှတော့ မကြာခင်သူမ၏ နာမည်ကို ကြော်ငြာပေးတော့မည်သာဖြစ်သည်။


သို့သော် ပါဝင်ယှဉ်ပြိုင်သူများ၏ နာမည်ကို ကြေငြာပေးမည်မှန်း သိသော်လည်း လူအုပ်ကြီးက တရားဝင်ကြေငြာချက် မထုတ်ပြန်ခင် သက်သေများကို ရှာဖွေနေကြသည်။ 


အခြားတစ်ဖက်တွင် သူတို့က သူမ၏ရုပ်ဆိုးလှသော ပုံများနှင့်အတူ ဒုတိယအမျိုးသမီးဧည့်ကို ယှဉ်ကြည့်နေကြသည်။


ထို့နောက် "Come one Challenger" ရှိုး၏ အဖွဲ့သားများက သူမ၏ နာမည်ကို တရားဝင်မကြေငြာပေးခဲ့ပေ။ ၎င်းက လိုင်းပေါ်တွင် ရန်ပွဲများဖြစ်သွားစေသည်။


အဓိက ဆွေးနွေးမှုများက ရှအန်းအကြောင်းသာ ဖြစ်ကြသည်။


လူရှာဖွေမှုအများဆုံး၊ လူစိတ်စားမှုအများဆုံး၊ လူသိအများဆုံး သတင်းများတွင် ရှအန်းနှင့် "Come on Challenger"ရှိုးတို့က ဗိုလ်ဆွဲနေလေသည်။


၎င်းက "Come on Challenger" ပရိုဂရမ်အဖွဲ့သားများကို အပျော်လွန်နေစေသည်။


သူတို့ ဘာကိုမှ မားကတ်တင်းမဆင်းဘဲ ဓာတ်ပုံများသာ ချပြလိုက်သော်လည်း အကျိုးသက်ရောက်မှုက အံ့မခန်းပင်။


အင်တာနက်တစ်ခွင်က ရှအန်းကြောင့် ဆူညံနေပြီး ရုပ်ရှင်အင်ပါယာကြီးတစ်ယောက်ဖြစ်သည့်  ရှုကျင်းယန်ဖြင့် လွှမ်းမိုးခံနေချိန်တွင် အခြားပါဝင်ယှဉ်ပြိုင်သူများမှာတော့...


"သူမကို လွှတ်လိုက်စမ်း ဟောလီးဝုဒ် အဖျက်သမားတွေရဲ့..."


"ရှအန်းက ငါနဲ့မတူသင့်ဘူး... အားကစားလုပ်သင့်တယ်..."


"ရှအန်းရဲ့ အစွမ်းနဲ့ဆိုရင် သူမ ကိုယ်ခံပညာ ဇာတ်ကားတွေတောင် ရိုက်လို့ရတယ်... လူစားထိုးဖို့တောင် လိုမှာမဟုတ်ဘူး...."


ကျန်းချန်နှင့် အခြားလူများက ဤရိုက်ကွင်းက မည်သို့ဖြစ်သွားမှန်း မသိလိုက်ပေ။


သူတို့သုံးယောက်က သူတို့ကို ဇွန်ဘီတောထဲ ခေါ်လာခဲ့သော ဟယ့်ရှောင်ရှောင်ကြောင့် အသတ်ခံခဲ့ရပြီးဖြစ်သည်။ သူတို့သုံးယောက်က ဇွန်ဘီတစ်အုပ်၏ လိုက်ဖမ်းခြင်းကို ခံနေရသည်။


ကြောက်စရာအကောင်းဆုံးအရာမှာ ဇွန်ဘီများက ညကတွေ့ခဲ့သည်နှင့် အလွန်ကွာခြားနေ၍ဖြစ်သည်။


သူတို့က သေချာပေါက်ကို ပိုမြန်လာခဲ့သည်။


ယခုတွင် သူတို့ ပြေးရုံသာပြေးနိုင်တော့သည်။


ပါဝင်ယှဉ်ပြိုင်သူ သုံးယောက်မှ တစ်ယောက်က ကြက်ပေါက်လေးဖြစ်ကာ နောက်တစ်ယောက်က ဉာဏ်ကောင်းသူသာဖြစ်သည်။ ရွှယ်ယုတစ်ယောက်တည်းသာ တိုက်ခိုက်နိုင်သည်။


သို့သော် သူက ဇွန်ဘီခြောက်ကောင်နှင့် ရင်ဆိုင်နေရသည်။ သူ့တွင် ပြန်လည်ခုခံရန် သေနတ်တစ်လက်သာရှိသည်။ ပြန်တိုက်ခိုက်ရန်ဆိုသည်မှာ လုံးဝကို မဖြစ်နိုင်ပေ။


ထို့ကြောင့် ထိုသုံးယောက် အုပ်စုက ဟယ့်ရှောင်ရှောင်ထံမှ လိုက်ဖမ်းခံရ၍ ပတ်ပြေးနေရတော့သည်။


၎င်းက သူတို့ ရှအန်းနှင့် မတွေ့ခင် အချိန်အထိဖြစ်သည်။


"ရှအန်းက ငါ့အိုင်ဒေါဖြစ်သွားပြီ... ငါ့ရဲ့နတ်ဘုရားမဖြစ်သွားပြီကွ..."


သတ်လတ်ပိုင်းထဲတွင်  အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်သူ ကျန်းချန်က ရှအန်း၏ကြမ်းတမ်းခက်ထန်မှုကြောင့် အနိုင်ယူခြင်းခံလိုက်ရသည်။


ရှအန်းက ဇွန်ဘီခြောက်ကောင်ကိုသတ်ရန် ခြောက်မိနစ်သာကြာခဲ့သည်။


သူတို့အားလုံးက ခေါင်းကိုတစ်ချက်တည်း ပစ်သတ်ခံလိုက်ရခြင်း ဖြစ့သည်။


ထို့အပြင် သူမ၏ နည်းလမ်းက ချော့မွေ့ကာ ပေါ့ပါးနေပြီး ဘယ်ဇွန်ဘီမှ သူမထံပြေးဝင်ရန် မမှီလိုက်ပေ။


"ဖြောင်း ဖြောင်း ဖြောင်း...."


သူမ ဇွန်ဘီခြောက်ကောင်ကို ခပ်မြန်မြန်သတ်လိုက်သည်ကို ကြည့်ပြီး ကျန်းချန် စိတ်လှုပ်တရှား လက်ခုပ်တီးလိုက်သည်။


အခြား အမျိုးသားပါဝင်ယှဉ်ပြိုင်သူနှစ်ယောက်လည်း ကျန်းချန်နှင့်အတူ လက်ခုပ်လိုက်တီးလိုက်သည်။


"ရှအန်း.. မင်းက အရမ်းတော်တာပဲ... သေနတ်ပစ်တာလည်း တိကျနေလိုက်တာများ... မင်း live CS ကစားနေကြလား...."

ကျန်းချန်က ရှအန်းဆီကို ပရိတ်သတ်တစ်ဦးနှယ် ပြေးသွားလိုက်သည်။


"ဟုတ်ပါ့... ရှအန်းက သေနတ်ပစ်တော်တာပဲ...."


ရွှယ်ယုနှင့် လျှုနန်တို့က သူမကို လေးစားစွာ ကြည့်လာကြသည်။


ဟယ့်ရှောင်ရှောင်ထက် အားနည်းသည်ဟု သူတို့ထင်ခဲ့ကြသောရှအန်းက ဤမျှအင်အားကြီးမည်ဟု မတွေးဖူးခဲ့ကြပေ။


"အထင်မလွဲနဲ့... ကျွန်မ ရှင်တို့ကို ကယ်ပေးတာမဟုတ်ဘူး... အမှတ်တွေစုရုံပဲ..."


ရှအန်း ပစ္စတိုသေနတ်လေးကို ပြန်သိမ်းလိုက်သည်။ သေနတ်ကို ပြန်သိမ်းမခံရခဲ့ပေ။


ရှိုးအဖွဲ့၏ ယာယီစည်းမျဉ်းပြောင်းလဲမှု ကြောင့်သာမဟုတ်လျှင် သူမ မည်သူ့ကိုမှ သွားကယ်မည်မဟုတ်ပေ။


မည်သို့ပင်ဆိုစေ အဆုံးတွင် သူမသာ ကျန်နေခဲ့ပြီး အခြားပါဝင်ယှဉ်ပြိုင်သူများအားလုံး ထွက်သွားမှ သူမနိုင်မည်ဖြစ်သည်။


ထို့ကြောင့် အချင်းချင်းယှဉ်ပြိုင်နေရသည့်လူများကို ဇွန်ဘီလက်မှ ကယ်ရန် လုံးဝမလိုအပ်ပေ။


၎င်းက ရှိုးအဖွဲ့က သူမကို လုပ်စေချင်သည့် အရာသာဖြစ်သည်။


စည်းမျဉ်းအသစ်က ဇွန်ဘီအများဆုံး သတ်နိုင်သည့် လူက အနိုင်ရရှိမည်ဖြစ်ပြီး ချန်ပီယံဆုကြေးကို ရမည်ဖြစ်သည်။


ဘာ... ဒါကြီးက မတရားလိုက်တာ...


အဆုံးတွင် အန္တရာယ်ရှိသော ရှအန်းက သူမ၏ နည်းလမ်းများကို ပြောင်းကာ အဆုံးအထိ အင်အားထိန်းသိမ်းရင်း ဇွန်ဘီများကို အမဲလိုက်ရန် စီစဉ်လိုက်သည်။


ထို့ကြောင့် သူမထံကို ဇွန်ဘီခြောက်ကောင်နှင့် ပြေးလာသော အမျိုးသားပါဝင်ယှဉ်ပြိုင်သူ သုံးယောက်ကို ကယ်လိုက်ခြင်းဖြစ်သည်။


"ရှအန်းရေ.... ငါမင်းနဲ့ သွားလို့ရမလားဟင်... ငါ့ကိုကြည့်ပါဦး... ငါက ကူကယ်ရာမဲ့နေသူလေးပါ... ငါကြောက်နေတယ်..."


ကျန်းချန်က ရှအန်းကို တွယ်ကပ်နေရန် အရှက်မရှိ ဆုံးဖြတ်လိုက်သည်။


ရှအန်းက စိတ်မဝင်စားဟန် ပခုံးတွန့်ပြလိုက်ပြီး ဂရုပင်မစိုက်တော့ပေ။


မည်သို့ပင် ဆိုစေ သူမက ထွက်ပြေးရန် မစီစဉ်ထားပေ။ သူမက ဇွန်ဘီများကို သတ်ရင်း အမှတ်စုရန် စီစဉ်ထားသည်။ လူအနည်းငယ်က သူတို့ဆီ ဇွန်ဘီများ လာစေရန် မြှားခေါ်လို့ရသည့် အကောင်းဆုံး ငါးစာပင်။


ပါဝင်ယှဉ်ပြိုင်သူ သုံးယောက်က ရှအန်းက သူတို့ကို ငါးစာအဖြစ် သတ်မှတ်ထားသည်ကို မသိဘဲ သူမနောက်မှ တုံးအစွာ လိုက်သွားကြပြီး ကြောက်မက်ဖွယ် ဓာတ်ခွဲခန်းတွင် ရှာဖွေလှန်လောကြတော့သည်။


....


"ဟားဟားဟား လောင်ရှု မြင်လား.... ကျုပ် စည်းမျဉ်းတွေပြောင်းရမယ်လို့ ပြောပါတယ်... တွေ့လား ....ရှအန်းရဲ့ ဇွန်ဘီတွေကို သတ်ပုံကို ဘယ်လောက်လှလဲ ... သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ကျုပ်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ....တိုက်ခိုက်ကြတာ ကောင်းပေမယ့်... အရေးအကြီးဆုံးအရာက အဲ့လိုတိုက်ခိုက်တာက လှနေမှဖြစ်မယ်လေ..."


ဟန်ယွဲ့ စိတ်လှုပ်တရှား ရယ်မောလိုက်ပြီး သူ့ကိုယ်သူ ဉာဏ်ကြီးရှင်ဟု ခံစားလိုက်ရသည်။


ရှုလင်းက ရှအန်း၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေပြီး ထို လှပကျော့ရှင်းသည့် လှုပ်ရှားမှုများကို ကြည့်ပြီး အဘယ့်ကြောင့် လွှမ်းမိုး ခံလိုက်ရတော့ကြောင်း မသိတော့ပေ။


ဟန်ယွဲ့က မော်နီတာကနေတစ်ဆင့် ရှအန်း ဇွန်ဘီများကို တိုက်ခိုက်နေသည်ကို မြင်နေရသည်။ သူမ ဇွန်ဘီတစ်ကောင်ပြီးတစ်ကောင် သတ်နေသည်ကို ကြည့်ရင်း သူ့ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။ 


"ဘာ...ရှအန်းက ရှိုးရဲ့ ပထမဆုံးအပိုင်းနဲ့တင် သတင်း ခေါင်းစည်းပိုင်းဖြစ်သွားတယ်တဲ့လား...."