အပိုင်း ၅၇
Viewers 29k

Chapter 57


"အာ... ဘာတဲ့... ရှအန်းက ရှိုးရဲ့ ပထမဆုံးအပိုင်းနဲ့တင် သတင်းခေါင်းစည်းပိုင်းထဲ ရောက်နေတာတဲ့လား...."


ဖုန်းလက်ခံလိုက်သည်နှင့် ဟန်ယွဲ့သူ နားကြားမှားသွားသည်ဟု ခံစားလိုက်ရသည်။ ဝန်ထမ်းက သူ့ကို နာမည်လွဲပြောသည်ဟု ထင်လိုက်မိသည်။


အဆုံးတွင် သူတို့ရှိုးအဖွဲ့တွင် ရှုကျင်းယန်ကသာ နာမည်ကြီးစတားတစ်ယောက်ဖြစ်နေသည်လေ။ 

ဘယ်လိုပြောရမလဲ ရုပ်ရှင်အင်ပါယာအသစ်တစ်ယောက်ဖြစ်တဲ့ ရှုကျင်းယန်ကပဲ သူတို့ရှိုးကို လူရှာဖွေမှုအများဆုံးဖြစ်အောင် လုပ်ပေးတဲ့လူဖြစ်သင့်တာမလား..


"အထွေထွေမန်နေဂျာဟန် ဓာတ်ပုံအချောသတ်ပြုပြင်ပေးတဲ့ ဝန်ထမ်းက ရှအန်းရဲ့ နာမည်ကို သူမပုံမှာ ထည့်ပေးဖို့ မေ့သွားတာ... အဲ့တာနဲ့..."


ဟန်ယွဲ့ အားပါးတရအော်ရယ်မိသွားသည်။


"သူထည့်ဖို့မေ့သွားတာလား... ကောင်းချက်ပဲ.. သူသာ မေ့မသွားခဲ့ရင် အခုလို အုတ်အော်သောင်းတင်းဖြစ်မှာ မဟုတ်လောက်ဘူး...."


အခြေအနေကို သိရှိပြီးနောက်တွင် ဟန်ယွဲ့ အတော်လေးပျော်သွားပြီး ရယ်မောနေမိသည်။


သူတို့၏ရှိုးက ရှာဖွေမှုများဆုံး စာရင်းထဲ ရောက်နေမည်ဟု မထင်မိခဲ့ပေ။


ဒါက ကောင်းတဲ့လက္ခဏာတွေပဲလေ....


ရှအန်းတစ်ယောက် ဤရှိုးဖြင့် မည်မျှ နာမည်ကြီးလာတော့မည်ဖြစ်ကြောင် မသိတော့ပေ။


"မစ္စတာဟန်... ကျွန်တော်တို့ ဒုတိယမြောက်ပုံတွေ ဘယ်တော့တင်သင့်လဲဟင်.... အခု လူတွေအများကြီးက ပို့စ်တင်ပေးဖို့ အချင်းများနေကြတယ်...."


မူလက"Come on Challenger"၏ ကမ္ဘာပျက်ကပ် ဒုတိယပုံများကို ပရိုဂရမ်၏ပထမဆုံး အပိုင်းပြီးမှ တင်မည်ဟု တွေးခဲ့ခြင်းဖြစ်သည်။


သို့သော် ယခုတွင်တော့....


"Come on Challenger"၏တရားဝင် ဝေ့ပေါ်က ပေါက်ကွဲလုနီးနီးဖြစ်နေလေပြီ။


"ဒီနေ့ညကစပြီး ပါဝင်ယှဉ်ပြိုင်သူ နှစ်ယောက်စီရဲ့ ပုံတွေကို တင်ပေးလိုက်... ဒါပေမဲ့ ရှအန်းကိုတော့ ရှုကျင်းယန်နဲ့ နောက်ဆုံးမှတွဲပြီး တင်လိုက်...."


ဖုန်း၏ အခြားတစ်ဖက်ရှိ ဝန်ထမ်းက ဟန်ယွဲ့၏စကားများကို ဂရုတစိုက်နားထောင်ပြီး စိတ်ထဲတွင် ခပ်တိုးတိုးရေရွတ်ရင်း သူတို့ကို ဓာတ်ပုံတင်ပေရန် စကားများနေကြသည့် လူအုပ်ကြီးဆီမှ အသတ်ခံရမည်ကိုကြောက်ရွံ့နေခဲ့သည်။


ဒီအထူးသီးသန့် ပုံတွေက လူတွေရဲ့ သိချင်စိတ်များကို အပြည့်အဝဆွဲဆောင်နိုင်သွားကြသည်။


"အိုး... ဒါနဲ့ နောက်ထပ် မဲပေးစနစ်ကို ထည့်လိုက်ဦး... မဲရလဒ်အများဆုံးနဲ့ ပါဝင်ယှဉ်ပြိုင်သူရဲ့ပုံကို ထုတ်ပြမယ်လို့ ပြောလိုက်..."


ရှင်းပြပြီးနောက်တွင် ဟန်ယွဲ့တစ်ယောက် အပြုံးလေးဖြင့် ဖုန်းချလိုက်သည်။


"လောင်ရှု... ငါရှအန်းကို ရွေးချယ်ခဲ့တာ အခုတော့ ဒီဆုံးဖြတ်ချက်က ငါတို့ရှိုးကို ကောင်းချီးပေးခံရတာပဲ...ရှိုးကစတောင် မစသေးဘူးဆိုပေမဲ့ သူမကြောင့် လူစိတ်ဝင်စားမှု အများကြီးရနေတယ်..."

ဟန်ယွဲ့က သူဆက်ပြောလေလေ သူ့ကိုယ်သူ အတွက်အချက်အတော်ပြီး အနာဂတ်ကို ကြိုသိနေသူဟူ ခံစားရလေလေဖြစ်လာသည်။


မဟုတ်ရင် သူဘယ်လိုလုပ်ပြီး ရှအန်းကို ကံကောင်းတဲ့ကြယ်ပွင့်အကြီးစားကြီးနဲ့ ဆက်သွယ်မိမှာလဲ....


သူမက လူတွေကို ထောင်ချောက်ထဲဆွဲခေါ်နိုင်တယ်... ပြီးတော့ သူမက အရမ်းလည်း လှသေးတယ်....


အရေးအကြီးဆုံးက သူမကို အလုပ်ခန့်ဖို့ ဈေးအရမ်းသက်သာလွန်းတာပဲ....


"အဲ့တော့ ဘာဖြစ်လဲ... လောင်ဟန်ရေ ငါတော့ ငါတို့ရဲ့ ပရိုဂရမ်က သုံးရက်ထပ် ပိုမလိုအပ်ဘူးလို့ ထင်နေတယ်... ပြီးတော့ ဒီ ပထမဆုံးအဆင့်နဲ့တင် အဆုံးသတ်သွားလိမ့်မယ်...."


ဟန်ယွဲ့ တစ်ယောက် ကျေနပ်အားရနေစဉ်တွင် ရှုလင်းက မော်နီပေါ့တွင် ဖမ်းယူရရှိထားသော မြင်ကွင်းများကိုကြည့်ပြီး အားနည်းစွာ ပြောလိုက်သည်။


"အာ.. ဘာကြီးလဲ...."


ရှုလင်း၏စကားကို ကြားသည်နှင့် ဟန်ယွဲ့ထိတ်လန့်သွားကာ သူ၏အာရုံက မော်နီတာပေါ် ပြန်ရောက်သွားသည်


ရှအန်းက ပုံမှန်လူများလို ပြဿနာတက်ကာ ကစားမနေပေ။ သူမက သူတို့၏ ချိနဲ့နဲ့ ဓာတ်ခွဲခန်းထဲမှ ထွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။


"မဟုတ်ဘူး.. ငါရှအန်းကို ထွက်ပြေးခွင့် မပေးနိုင်ဘူး...."


ဒီယာယီအဆောကအဦးကို ပြင်ဆင်ဖို့ ဝန်ထမ်းအင်အားနဲ့ ငွေအင်အား ဘယ်လောက်တောင် သုံးခဲ့ရလဲသိလား....


အထဲမှာ မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ အများကြီး ရှိသေးတယ်လေ...


ဥပမာ လက်နက်တွေရှာရမယ့် နေရာတဲ့... အစားအသောက်တွေ ရှာရမယ့်နေရာမျိုးလေ...


သူက ဤယာယီဓာတ်ခွဲခန်းတွက် သုံးရက်မျှ ရိုက်ကူးရန် အမှန်တကယ်စီစဉ်ထားခဲ့ပေသည်။


ဒီရှအန်းကတော့ တကယ့်ကို သူ့ရဲ့ရှေး ဘဝက ဝဋ်ကြွေးကြီးပဲ....


"လာစမ်းပါ... ဇွန်ဘီတွေကို ခေါ်လိုက်... ပါဝင်ယှဉ်ပြိုင်သူ ခြောက်ယောက်လုံးကို ဖမ်းခမ်းလိုက်...."


ဟန်ယွဲ့ ဝေါ်ကီတော်ကီမှ တဆင့် အခြားလူများကို ညွှန်ကြားရင်း သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။


ဇွန်ဘီတွေအကုန်လုံး ထွက်ပေါ်လာခဲ့လျှင် ရှအန်း လွတ်မြောက်လိမ့်မည်ဟု သူမယုံကြည်ပေ။


ဒါက ဇွန်ဘီတစ်အုပ်ကြီးကို လွှတ်လိုက်တာလေ...


သူမ လေဆာအကာကွယ်ကို ဖြတ်ကျော်နိုင်မယ်လို့လုံးဝကို မယုံကြည်ပါဘူးနော်...


သူမ ဘယ်လိုလုပ် လွတ်နိုင်တော့မှာလဲ... ဒီလောက် လေဆာလိုင်း ထူထူကြီးတွေက ဟောလီးဝုဒ်က ရုပ်ရှင်တွေလို လိုက်လုပ်ထားတာလေ....


ထို လေဆာရောင်ခြည်လိုင်းများကို လုပ်ခဲ့စဉ်က သူတို့၏ ဝန်ထမ်းများ ကြိုးစားဖြတ်ကျော ကြည့်ခဲ့ဖူးသည်။ အခြေခံအားဖြင့် ထိုလေဆာလိုင်းများကို ဖြတ်ကျော်ကာ အကာအကွယ်အလင်းများအဖြစ် ပြောင်းစေရန် ထွက်ပေါက်ကို သွားရန်ပင် အနည်းဆုံးနာရီဝက်ကြာပေသည်။


လူအများစု ဆိုလျှင် ဖြတ်တောင် မဖြတ်နိုင်ကြပေ။


ဒီတော့


"လောင်ဟန်.... လောင်ဟန်... ရှအန်း ထွက်ပေါက်ကိုရောက်သွားပြီ...."


"..." ဟန်ယွဲ့

စိတ်လျှော့ စိတ်အေးအေးလေးထား... ငါ့ရဲ့လေဆာ ရောင်ခြည်လိုင်းတွေက ဖြတ်ကျော်မရတာတွေပဲ...


o ( ̄︶ ̄) o


"လောင်ဟန် လောင်ဟန် ရှအန်းအလင်းတန်းတွေကို စပြီးဖြေရှင်းနေပြီ... ကြည့်ရတာ အရမ်းလွယ်နေသလိုပဲ..."


"..." ဟန်ယွဲ့

လေဆာအကာအကွယ် အလင်းလိုင်းတွေရဲ့ ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးပါဦးဟ....


 (╯ ‵ □ ′) ╯︵┻━┻