Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်
Chapter 33 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၉)
ယွဲ့ရှင်းဝမ်က အဘိဓာန်၏ စာရွက်များကို စတင်မီးရှို့ခဲ့ပြီး အနီးနားရှိ ကျောင်းသားများက တစ်ခုခုမှားယွင်းနေသည့် ခံစားရပြီး ရှုပ်ထွေးကာ ကြည့်နေကြသည်။ မီးက ပိုပိုပြီးပြင်းလာသောအခါ ယွဲ့ရှင်းဝမ်က လူတိုင်းကို အပြုံးဖြင့် ပြောလိုက်သည်။
"မင်းတို့အဝတ်တွေ စိုနေတယ်၊ ဒီကိုလာပြီး ခြောက်အောင်လှန်းလိုက်၊ မဟုတ်ရင် ဒီည သိပ်အဆင်ပြေမှာမဟုတ်ဘူး…"
စိုစွတ်နေသော အဝတ်အစားနဲ့ အအေးမိဖို့က တကယ်ကို လွယ်ကူသည်။ ထိုစကားကိုကြားသောအခါ လူတွေက မီးပုံနားမှာဝိုင်း၍ အင်္ကျီတွေကိုချွတ်ပြီး သစ်ကိုင်းတွေပေါ်တင်ကာ အခြောက်လှန်း၍ ပြန်ဝတ်ကြသည်။ နွေးနေသည့်အင်္ကျီက ဝတ်ရတာ ပိုအဆင်ပြေသည်။
မြေပြင်သည် မိုးရေကြောင့် စိုစွတ်နေပြီး ယွဲ့ရှင်းဝမ်သည် အိပ်ရန် ခြောက်သွေ့သော နေရာကို ရှာတွေ့နိုင်မလားဟု တွေးတောကာ လှည့်ပတ်ကြည့်မိသည်။ ထိုအချိန်တွင် မနီးမဝေး၌ ထူးဆန်းသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အာဝူးးးးးး
မှောင်မိုက်သောညတွင် သားရဲများ၏အော်သံက အထူးရှင်းလင်းပြတ်သားသည်။
ယွဲ့ရှင်းဝမ်၏ အမူအရာက ပြောင်းသွားပြီး သူက အသံကိုတိုးလိုက်သည်။
"ဝံပုလွေတော့ မရှိဘူးမလား?"
နောက်အခိုက်အတန့်မှာ ခြေသံများ တဖျပ်ဖျပ်ခတ်သံကို ကြားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ ရှစ်ယောက်ကို ဝံပုလွေတွေ ဝိုင်းရံနေခဲ့သည်။
မှောင်မိုက်သောညတွင် အစိမ်းရောင် မျက်လုံးများဖြင့် တောက်ပနေသော ထိုဝံပုလွေများသည် အစာကို စိုက်ကြည့်နေသော ဆာလောင်နေသော သားရဲများကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေကြသည်။ ဝံပုလွေများသည် နောက်တစ်က္ကန့်တွင် သူတို့ကို ကိုက်သတ်တော့မည်သကဲ့သို့ ၎င်းတို့၏ လျှာရှည်များကို ဆန့်ထုတ်နေကြသည်။
ဝံပုလွေများနှင့် ဤကဲ့သို့ အနီးကပ်ထိတွေ့ခွင့်ရခြင်းက လူတိုင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
အရင်တုန်းကတော့ တိရစ္ဆာန်ရုံကိုသွားသည့်အခါ အသားစားတိရစ္ဆာန်တွေက လွတ်လွတ်လပ်လပ်ရှိရင်တောင် အရေအတွက်သိပ်မများဘဲ ခရီးသွားဧည့်သည်တွေနဲ့ ဝေးဝေးမှာ လုံခြုံအောင်ထားပေးသည်။ ယခုမူ ဤအုပ်စုတွင် ဝံပုလွေ အကောင်နှစ်ဆယ် ရှိရုံသာမက သူတို့နှင့် ငါးမီတာအောက်သာ ကွာဝေးသည်။ ဤအကွာအဝေးတွင် ဝံပုလွေများ၏ ပြေးလွှားခုန်ပေါက်နိုင်မှုဖြင့် သူတို့ဆီကို နှစ်လှမ်း၊သုံးလှမ်းနဲ့ ရောက်လာနိုင်သည်။
ဝံပုလွေများ၏ စိုက်ကြည့်ခြင်းကို ခံရသည့် ခံစားချက်က လူတိုင်း၏ ကျောကို ကြက်သီးမွေးညင်းထသွားစေခဲ့သည်။
ခယ်ရှောင်ပင်း၏ မျက်နှာအမူအရာမှာ ကြောက်လန့်မှုဖြင့် ပြောင်းလဲသွားပြီး ယွဲ့ရှင်းဝမ်က သူ့ကို ကာကွယ်နိုင်သကဲ့သို့ ယွဲ့ရှင်းဝမ်၏နောက်သို့ လျင်မြန်စွာ ရှောင်သွားခဲ့သည်။
ယွဲ့ရှင်းဝမ်၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး မသိစိတ်၏စေ့ဆော်မှုအရ မေးလာသည်။
"ရှောင်ထူက မကောင်းဆိုးရွားတွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ကို အသုံးပြုလို့ရသေးလား?"
ခယ်ရှောင်ပင်းက မျက်ရည်မကျဘဲ ငိုချင်လာသည်။
"အဲဒီစွမ်းရည်က စောင့်ဆိုင်းချိန်ရောက်နေတယ်…"
ရှောင်ထူသည် အကွာအဝေးအတွင်းရှိ တိရစ္ဆာန်အားလုံးကို ဆွဲဆောင်ရန် သီချင်းဆိုနိုင်သည်။ ဤကဲ့သို့ အစွမ်းထက်သော စွမ်းရည်က စောင့်ဆိုင်းချိန် ကြာလိမ့်မည်။ ပင့်ကူများကို ဆွဲဆောင်ရန် အသုံးပြုခဲ့ပေမယ့် ယခု ဝံပုလွေများကို ဆွဲဆောင်ရန် အသုံးပြုလို့မရတော့ပေ။
ယွဲ့ရှင်းဝမ်၏ မိုးသည်းခြင်းက ဧရိယာ 10 စတုရန်းမီတာတွင်သာ တိုက်ခိုက်နိုင်ပြီး ဝံပုလွေများက နေရာပေါင်းစုံကနေ ဝိုင်းထားတာကြောင့် ဝံပုလွေအားလုံးကို အရည်ပျော်စေရန် မိုးသည်းခြင်းကို အသုံးပြုလို့မရပေ။ ‘ရွှေပုစဉ်းရင်ကွဲခွံ’စွမ်းရည်က အဖွဲ့လိုက် တယ်လီပို့နိုင်ပေမယ့် ကံမကောင်းစွာပဲ အားလုံးကို မီတာ 20 အကွာအဝေးသို့သာ လုပ်ဆောင်နိုင်သည်။ ဝံပုလွေများအတွက် မီတာ 20 အကွာအဝေးက ဘာဖြစ်မည်နည်း။ သူတို့ကို စက္ကန့်ပိုင်းအတွင်း ဖမ်းမိနိုင်သည်။
လူသားတွေ၏ အပြေးနှုန်းက ဝံပုလွေတွေနဲ့ လုံးဝယှဉ်လို့မရပေ။ သူတို့ ထိတ်လန့်တကြားပြေးရင် ဝံပုလွေတွေအတွက် ညစာဖြစ်သွားလိမ့်မည်။
ထိုအချိန်တွင် ယွဲ့ရှင်းဝမ်၏ဦးနှောက်ထဲ၌ သူ့အဖွဲ့ဝင်များ၏ စွမ်းရည်များက လှည့်ပတ်နေကာ အလွန်လျင်မြန်စွာ တွေးတောနေသည်—— စီနီယာအစ်ကိုလျှို၏ ခွဲစိတ်ဓားက ဒီလောက်ဝံပုလွေတွေ အများကြီးကို မကိုင်တွယ်နိုင်ဘူး။ သူ၏‘ရွှေပုစဉ်းရင်ကွဲခွံ’ကလည်း အသုံးမဝင်ဘူး။ သူ‘ခုနစ်အပေါ် ရှစ်အောက်’စွမ်းရည်က စက္ကန့်ပိုင်းလောက်သာ ကြာနိုင်ပြီး ရှောင်ထူ၏စွမ်းရည်ကလည်း စောင့်ဆိုင်းချိန်ရောက်နေသည်။
လူတိုင်းကို အဝေးသို့ခေါ်သွားရန် ကျန်းဖျင်စစ်က formula ရှစ်ခုကို တစ်ခါတည်း တွက်နိုင်သလား?
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။ သူ့အကြည့်ကို မြင်သောအခါ ကျန်းဖျင်စစ်က ဘာကိုဆိုလိုသလဲဆိုတာ ချက်ချင်းသဘောပေါက်သွားပြီး တည်ငြိမ်စွာပြောသည်။
"အားလုံး ငါနဲ့ 1 မီတာ အကွာမှာ လာရပ်နေကြ!"
သူ့ဘေးနားရှိ မိန်းကလေးနှစ်ယောက်က အလွန်ကြောက်လန့်နေသည့်အတွက် ခြေထောက်တွေက အားပျော့သွားသည်။ ရှင်းယန်နဲ့ အခြားအရပ်ရှည်သော ယောင်္ကျားလေး၏ အမူအရာတွေက ဆိုးရွားနေပေမယ့် ကျန်းဖျင်စစ်၏အသံကို ကြားသောအခါ အမြန်ထပြီး မတ်တတ်ရပ်လိုက်ကြသည်။
ကျန်းဖျင်စစ်၏ right hand's rules နှင့်အတူ coordinate system ကို ဆွဲပြီး သူ၏သွယ်လျသောလက်ညိုးက လျှပ်စီးကြောင်းကဲ့သို့ သင်္ချာပုံသေနည်းများကို ဆက်တိုက်ရေးသားခဲ့သည်။ ယွဲ့ရှင်းဝမ်က သူဘာရေးနေလဲဆိုတာကို မမြင်ရပေမယ့် နောက်အခိုက်အတန့်မှာတော့ လူရှစ်ယောက်က လေစီးနေသလို တစ်ချိန်တည်းမှာပဲ ကောင်းကင်ပေါ် ပျံတက်သွားသည်——
အခြားလူလေးယောက်သည် ရုတ်တရက် သူတို့၏ခန္ဓာကိုယ်များ လေထဲကို ပျံတက်သွားတာကြောင့် ထိတ်လန့်သွားပြီး မိန်းကလေးတစ်ယောက်က အော်ဟစ်လေသည်။
"အားးးး! ငါအမြင့်ကြောက်တယ်!"
သူမဘေးနားရှိ မိန်းကလေးက ချက်ချင်း သူမလက်ကိုဆုပ်ကိုင်ပြီး ပြောသည်။
"မကြောက်နဲ့… အောက်ကိုငုံမကြည့်နဲ့!"
ကျန်းဖျင်စစ်က လျင်မြန်စွာ ပြောသည်။
"Coordinate တွေကို ချထားပြီး ငါတို့က အဖွဲ့လိုက် parabolic ရွေ့သွားမှာ… လူအားလုံးကို မီတာ 100 ဝေးတဲ့နေရာထိပဲ ပို့ပေးနိုင်တယ်… ဝံပုလွေတွေက ငါတို့ဆီ စက္ကန့်သုံးဆယ်အတွင်း မီလာနိုင်တယ်… ဒီတော့ နည်းလမ်းကို မြန်မြန်စဉ်းစားထားကြ…"
ယွဲ့ရှင်းဝမ်၏ခန္ဓာကိုယ်က လေထဲကို မြှောက်တက်သွားပြီး သူ၏နှလုံးခုန်သံက တင်းမာမှုအောက်တွင် ရပ်တန့်လုနီးပါးဖြစ်ခဲ့သည်။
ကျန်းဖျင်စစ်သည် အလွန်အစွမ်းထက်နေပြီဖြစ်ပြီး ဝံပုလွေများဝန်းရံထားချိန်တွင် parabolic formula ကို စိတ်ဖြင့် တွက်ချက်နိုင်သေးသည်။ ကံမကောင်းစွာပဲ သူ၏ coordinate system တွင် ကန့်သတ်ချက်ကြီးတစ်ခုရှိသည်—— သူသည် သူ၏အမြင်နယ်ပယ်အတွင်းရှိ 3D space အတွင်း ပစ်မှတ်၏ သင်္ချာဆိုင်ရာလှုပ်ရှားမှုကိုသာ ထိန်းချုပ်နိုင်သည်။
အခုက မှောင်နေပြီဖြစ်၍ သူ့အမြင်အာရုံနယ်ကယ်က အကန့်အသတ်ရှိပြီး လူတိုင်းကို မီတာ 100 အကွာအဝေးအထိသာ ပို့ပေးနိုင်သည်။
ဝံပုလွေများအတွက် မီတာ 100 အကွာအဝေးသည် စက္ကန့်သုံးဆယ်အတွင်း အမီလိုက်နိုင်သည်။
ယွဲ့ရှင်းဝမ်က အမြန်တည်ငြိမ်သွားပြီး မေးလိုက်သည်။
"မင်းတို့မှာ ဘာစွမ်းရည်တွေရှိတာလဲ?"
အမြင့်ကြောက်လို့အော်နေသည့် ဆံပင်စည်းထားသော မိန်းကလေးက အသက်ပြင်းပြင်းရှူလိုက်သည်။ သူမသည် အောက်ကို မကြည့်ရဲဘဲ မျက်လုံးများကို မှိတ်ထားပြီး တုန်ယင်သောအသံဖြင့် ပြောသည်။
"ငါက ကာကွယ်ဆေးဘာသာရပ်က၊ ငါက လူတွေကို ကာကွယ်ဆေးထိုးပေးပြီး သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးနိုင်တယ်… အဲဒီကာကွယ်ဆေးက စက္ကန့်သုံးဆယ်အတွင်း ထိခိုက်မှုအားလုံးကို ခုခံကာကွယ်ပေးတယ်…"
သူမဘေးနားရှိ ဆံပင်တိုတိုနဲ့ မိန်းကလေးက ပြောသည်။
"ငါက မေ့ဆေးဘာသာရပ်ကဖြစ်ပြီး lidocaine ကို အဆင့်မြင့်ထားတဲ့ ဗားရှင်းတစ်ခုရှိတယ်… ငါက ပစ်မှတ် 5 ခုကို မေ့ဆေးပေးနိုင်တယ်…"
အရပ်ရှည်သော ယောင်္ကျားလေးက ပြောခဲ့သည်။
"ကမ္ဘာ့လေထုသိပ္ပံဘာသာရပ်က၊ အဆင့်မြင့်ထားတဲ့ မြူခိုးဗားရှင်းကို ငါလေ့လာခဲ့ပြီး ဧရိယာ 20 စတုရန်းမီတာ အကွာအဝေးအတွင်း မြူခိုးတွေ ထွက်လာနိုင်ပြီး သတ်မှတ်ထားတဲ့ တိရစ္ဆာန်တွေ ဒါမှမဟုတ် အဖွဲ့တွေရဲ့ အမြင်အာရုံကို ထိခိုက်စေပြီး သူတို့ကို မျက်စိကန်းစေနိုင်တယ်…"
ယွဲ့ရှင်းဝမ်: "…"
စာကြည့်တိုက်စွမ်းရည်တွေက တကယ်ကို အံ့သြစရာကောင်းပြီး မြူခိုးတွေတောင် ထွက်လာနိုင်သည်။
ယွဲ့ရှင်းဝမ်၏အတွေးတွေက လျင်မြန်စွာ လည်ပတ်နေသည်—— သူက အကြမ်းဖျင်းရေတွက်ပြီးနောက် ဝံပုလွေအုပ်စု၏အရေအတွက်က အကောင် 20 ဝန်းကျင်ဖြစ်နိုင်သည်။ သူတို့တွင် လူရှစ်ယောက်ရှိပြီး တစ်ယောက်ကို ဝံပုလွေ 2-3ကောင် ကိုင်တွယ်မှ အနိုင်ရဖို့ အခွင့်အရေးရှိလိမ့်မည်။
သာမန်အခြေအနေမှာ လူသားတွေဟာ ဝံပုလွေတွေကို ပြန်မတိုက်နိုင်ကြပေ။
သို့သော်လည်း ယခုအခါ သူတို့သည် သာမန်လူများ မဟုတ်တော့ပေ။ သူတို့လက်ထဲမှာ စွမ်းရည်တွေရှိသည်—— ထိန်းချုပ်မှု၊ ခုခံကာကွယ်မှု၊ ထိခိုက်မှု၊ နေရာရွှေ့ပြောင်းမှု၊ စွမ်းရည်အမျိုးမျိုးတို့ဖြင့် သူတို့က ဝံပုလွေတွေကို ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည်။
သူတို့၏စိတ်ထဲမှာ ကြောက်ရွံ့မှုတွေရှိနေပြီး ဝံပုလွေတွေကို တွေ့သောအခါ ထွက်ပြေးဖို့ပဲသိနေရင် ခြေနှစ်ချောင်းနဲ့ လူသားတွေက ဆာလာနေသော ခြေလေးချောင်းနဲ့ ဝံပုလွေတွေဆီကနေ ဘယ်လိုထွက်ပြေးနိုင်မည်နည်း။ သူတို့ခြေထောက်က အနည်းငယ်တုန်ယင်ပြီး မြေပြင်ပေါ်သို့ လဲကျသွားပါက သူတို့နောက်မှ ဝံပုလွေများသည် သူတို့ဆီကို အပြေးအလွှားလာကြပြီး အစိတ်စိတ်အမွှာမွှာ ကိုက်ဖြတ်ကြလိမ့်မည်။
သူတို့ ပြန်တိုက်ခိုက်ရမည်!
ယွဲ့ရှင်းဝမ်က ခက်ထန်သောလေသံဖြင့် ပြောလာသည်။
"အားလုံးပဲ၊ ကိုယ့်ရဲ့စွမ်းရည်တွေကို ပရမ်းပတာ အသုံးမပြုကြနဲ့… ငါ့ရဲ့ညွှန်ကြားချက်တွေကို နားထောင်ပြီး ပူးပေါင်းဆောင်ရွက်ကြပါ!"
လျှိုကျောက်ချင်း၏နောက်ကျောက တောင့်တင်းသွားသည်။
"မင်း ဝံပုလွေတွေကို ရင်ဆိုင်မလို့တော့ မဟုတ်ဘူးမလား?"
"ငါ့ရဲ့သုတေသနအဖွဲ့ထဲက အဖွဲ့ဝင်တွေ့ရဲ့ ရွေ့လျားမှုနှုန်းကို 5 ဆ တိုးနိုင်ပေမယ့် လူတွေက 5 ဆ အရှိန်မြင့်သွားရင်တောင် ဝံပုလွေတွေဆီကနေ ပြေးနိုင်မှာ မဟုတ်တာကြောင့် ငါတို့ကို မပြေးတော့ဘူး!" ယွဲ့ရှင်းဝမ်၏အကြည့်က ငြိမ်သက်သွားပြီး သူက ဖြည်းညှင်းစွာပြောလာသည်။ "——ဒီဝံပုလွေတွေကိုသတ်မှ ငါတို့ အသက်ရှင်နိုင်မယ်…"
ဒါကို ကြားသောအခါ လူတိုင်း၏ဦးရေပြားက ထုံကျင်သလို ခံစားလိုက်ရသည်။
ပင့်ကူများကို သတ်ပစ်ခြင်းက အဓိပ္ပာယ်ရှိပါသည်။ ယွဲ့ရှင်းဝမ်၏ မိုးသည်းခြင်းကို ရှင်းယန်၏အက်စစ်နှင့် ပေါင်းစပ်ထားတာကြောင့် ပင့်ကူအုပ်စုကြီးက တိုက်ရိုက် အရည်ပျော်သွားနိုင်သည်။ သို့သော် ဝံပုလွေတွေကိုက? ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတွေကို သူတကယ်ပဲ သတ်ပစ်ချင်တာက သေချာရဲ့လား?
"မင်းတို့က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ စာမေးပွဲအောင်ခဲ့ပြီးပြီမလား? ဒီဝံပုလွေတွေကို အဲဒီမကောင်းဆိုးရွားတွေအဖြစ် မှတ်ယူလို့ရတယ်… ဘာမှ ကြောက်စရာမရှိဘူး…" ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ပထမဆုံး ထောက်ခံခဲ့သည်။ သူ့အသံမှာ တည်ငြိမ်ပြီး အေးစက်နေသည်။ "မင်းတို့ကြောက်နေရင် ထွက်ပြေးကြည့်လို့ရတယ်… အဲအခါကျရင် ဝံပုလွေတွေဆီကနေ ထွက်ပြေးနိုင်မလားဆိုတာ မြင်လာလိမ့်မယ်…"
"မှန်တယ်…" လျှိုကျောက်ချင်းက ထောက်ခံသည်။ "ငါတို့က ထိတ်လန့်တကြားနဲ့ပြေးပြီး ဝံပုလွေတွေက ငါတို့အနောက်ကနေ လိုက်လာမှာဆိုတော့ ဖမ်းပြီး ကိုက်သတ်ဖို့ ပိုလွယ်တယ်… ငါတို့ ပြေးလို့မရဘူးဆိုတော့ တိုက်ခိုက်တာ အကောင်းဆုံးပဲ—— နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ထဲက မကောင်းဆိုးရွားတွေကိုလည်း ငါတို့တိုက်ခိုက်ပြီး သတ်ခဲ့တာပဲမဟုတ်ဘူးလား!"
"ဆင်းသက်ဖို့ 5 စက္ကန့်ပဲကျန်တော့တယ်…"
ကျန်းဖျင်စစ်က သတိပေးသည်။
"အားလုံး အဆင်သင့်ပြင်ထား၊ ငါ့ညွှန်ကြားချက်တွေကို နားထောင်ပြီး မကြောက်ကြနဲ့!" ယွဲ့ရှင်းဝမ်က လူတိုင်းကိုလည်း သတိပေးပြီး သူ့ကိုယ်သူလည်းအားပေးရန် ကျယ်လောင်စွာ အော်လိုက်သည်။
5 စက္ကန့်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး အားလုံးက ကျန်းဖျင်စစ် တွက်ချက်ထားသည့် နေရာသို့ ရောက်သွားသည်။ ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး သူ့လက်ကိုဆန့်တန်းကာ ယွဲ့ရှင်းဝမ်က သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အားပေးကြသည်။
သူတို့ပတ်ပတ်လည်တွင် တောအုပ်ကြီးတွေ ဝန်းရံထားသည်။ သစ်ပင်များ၊ ကုန်းချောများနှင့် ဗွက်အိုင်များဖြင့် ပိတ်ဆို့ထားတာကြောင့် ထွက်ပြေးလျှင် ချော်လဲနိုင်ဖွယ်ရှိသည်။ တောအုပ်ထဲတွင် ဝံပုလွေများနှင့် အပြေးပြိုင်ခြင်းက သေခြင်းတရာကို စိန်ခေါ်နေခြင်းဖြစ်သည်။
ကျောင်းသားများက ဒါကို သဘောပေါက်တာကြောင့် သူတို့အားလုံးက ယွဲ့ရှင်းဝမ်အနားသို့ ပိုကပ်လာကြသည်။
ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။
"ဝံပုလွေတွေက မီးကြောက်တယ်…ဒါကြောင့် မီးကို အရင်မွှေးရမယ်!"
သူက အဘိဓာန်ကို ထုတ်ယူပြီး မီးရှို့ခါနီးတွင် ရှင်းယန်က ရုတ်တရက် ပြောလာသည်။
"ငါလုပ်လိုက်မယ်…"
ထိုယောင်္ကျားလေး၏အသံက အေးစက်နေပြီး သူ့မျက်လုံးများက ငြိမ်သက်နေကာ ဖြူဖျော့ပြီး သွယ်လျသော ညာလက်ကို ညင်သာစွာ မြှောက်လိုက်သည်——
သူ့လက်ထဲကနေ အရက်မီးခွက်တွေ တစ်ခုပြီးတစ်ခု ပျံထွက်သွားပြီး မှော်ပညာလို များပြားသော အရက်မီးခွက်တွေက လူအုပ်ကို တစ်ခဏချင်း လှည့်ပတ်ပြီး လေထဲမှာ တဖြည်းဖြည်းချင်း လွင့်နေတာကို တွေ့လိုက်ရသည်။
အရက်မီးခွက်များ၏ မီးတောက်များသည် ပတ်ဝန်းကျင်ကို လင်းထိန်သွားကာ ပတ်ဝန်းကျင်ရှိ အရက်မီးခွက်များသည် လူတိုင်းကို ဝန်းရံနေသော မီးတောက်များကဲ့သို့ ဖြစ်နေသည်။
ဤမြင်ကွင်းကြောင့် ကျောင်းသားများသည် ခေါင်းကို လှည့်ကာ ရှင်းယန်ကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။
ယွဲ့ရှင်းဝမ်က မေးသည်။
"ဓာတုဗေဒဌာနရဲ့ အဆုံးမရှိအရက်မီးခွက်လား?"
ရှင်းယန်က ပြောလာသည်။
"အရက်မကုန်မချင်း မိုးသည်းထန်စွာရွာရင်တောင် ငါ့ရဲ့အရက်မီးခွက်က မငြိမ်းဘူး…"
သူက ဒီစွမ်းရည်ကို အခုလေးတင် ထုတ်ချင်ပေမယ့် ယွဲ့ရှင်းဝမ်က အဘိဓာန်စာရွက်တွေကို စတင်မီးရှို့ခဲ့သည့်အတွက် သူသိမ်းထားခဲ့ပြီး ဒီအချိန်မှာတော့ အဆင်ပြေလာခဲ့သည်။ ရှင်းယန်က အရက်မီးခွက်ကို ထိန်းချုပ်နိုင်ပြီး သူ၏အဖွဲ့ဝင်များကို ကာကွယ်ရန် လှည့်ပတ်ပျံသန်းနိုင်သည်။ ဝံပုလွေများသည် မီးရှိနေခြင်းကို ကြောက်ရွံ့သောကြောင့် သူတို့အား တိုက်ရိုက် တိုက်ခိုက်မည်မဟုတ်ပေ။
အရက်မီးခွက်ကို ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် နားထဲတွင် ရင်းနှီးသော ခြေသံများကို ကြားလိုက်ရသည်။ ဝံပုလွေများ၏ အရှိန်က လူသားတွေ၏ စိတ်ကူးကို အမှန်တကယ်ကျော်လွန်ကာ သူတို့သည် မီတာ 100 ကျော်အကွာသို့ သိသိသာသာ လွင့်ပျံ့သွားသော်လည်း ဝံပုလွေများက အနံ့ခံကာ ချက်ချင်း လိုက်လာခဲ့သည်။
အရက်မီးခွက်များ၏ ကြီးမားသောမီးတောက်က ဝံပုလွေများကို ရပ်တန့်စေခဲ့သည်။
သူတို့သည် လျှာထုတ်ကာ လူအုပ်ကြီးကို အနီးကပ် စိုက်ကြည့်နေပြီး ကျောင်းသား ရှစ်ယောက်ကို အမြန်ဝိုင်းရံခဲ့ကြသည်။
ယွဲ့ရှင်းဝမ်က အဘိဓာန်ကိုဖွင့်ပြီး အော်လိုက်သည်။
"သူတို့ကို ထိန်းချုပ်ဖို့ မေ့ဆေးကို အသင့်ပြင်ထား!"
သူသည် ‘ခုနစ်အပေါ်၊ ရှစ်အောက်’ စွမ်းရည်ကို တိုက်ရိုက်အသုံးပြုခဲ့ပြီး ဝံပုလွေခုနစ်ကောင်က ချက်ချင်းပင် လေထဲသို့ ပျံတက်သွားကာ ဝံပုလွေရှစ်ကောင်က မြေပြင်ပေါ်တွင် လဲကျနေပြီး ကျန်သောဝံပုလွေများက ထိန်းချုပ်မခံရသည့်အတွက် ယွဲ့ရှင်းဝမ်ကို ဟိန်းဟောက်နေကြသည်။
မေ့ဆေးဘာသာရပ်မှ မိန်းကလေးက lidocaine ကို အလျင်အမြန်ပစ်လိုက်သည်——
မြေပြင်ပေါ် လဲကျနေသော ဝံပုလွေတွေထဲမှ ငါးကောင်က မေ့ဆေးကြောင့် သတိလစ်သွားသည်။
ကျန်သုံးကောင်က မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ယွဲ့ရှင်းဝမ်၏ထိန်းချုပ်မှုအောက်တွင် မလှုပ်ရှားနိုင်ပေ။ လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားက အနောက်ကနေ ဗြုန်းစားကြီးလိုက်လာသည်။ သူက ဝံပုလွေများကိုသတ်ရာတွင် အတွေ့အကြုံမရှိသော်လည်း ခွဲစိတ်မှုကို လေ့လာခဲ့သူဖြစ်တာကြောင့် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကောင်းစွာနားလည်သည်။ အကယ်၍ သူ၏ခွဲစိတ်ဓားက တစ်ချက်ထိုး၍ အဓိကနေရာကိုမထိရင် နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ် ထပ်ထိုးလိမ့်မည်——
ခဏအကြာ လျှိုကျောက်ချင်း၏လက်ထဲက ခွဲစိတ်ဓားသည် မိုးသည်းထန်စွာ ရွာချသလို ဖြစ်နေ၏။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝံပုလွေသုံးကောင်သည် သူ့ကြောင့် ချက်ချင်းပင် ဖြူကောင်များအဖြစ်သို့ ပြောင်းလဲသွားကာ အသက်မရှိတော့ပေ။
ယွဲ့ရှင်းဝမ်က အော်လိုက်သည်။
"မြူခိုးတွေကို လွတ်လိုက်တော့!"
မြူခိုးတွေ၏ လွှမ်းမိုးမှုက ဝံပုလွေများကို ချက်ချင်း မျက်စိကန်းသွားစေသော်လညိး ကျောင်းသားများကို ထိခိုက်စေမည်မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မေ့ဆေးထိုးထားသော ဝံပုလွေငါးကောင်ကို လျှိုကျောက်ချင်းက သတ်ပစ်လိုက်ပြီး လေထဲတွင် ပျံဝဲနေသော ဝံပုလွေခုနစ်ကောင်ကို ကျန်းဖျင်စစ်က coordinate ဖြင့် မြန်မြန်ဆန်ဆန် တွက်ချက်ခဲ့သည်။ သူ၏ sine မျဉ်းကွေးဖြင့် လှိုင်းလုံးများကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် အဝေးသို့ လွှင့်ပစ်လိုက်ကာ ကြီးမားသော သစ်ပင်ဖြင့် ‘ဘမ်း’ခနဲ ထိမှန်သွားသည်——
မူလက သူတို့ကို ဝိုင်းထားသည့် ဝံပုလွေ 20 နီးပါးတွင် 5 ကောင်သာ ကျန်ရှိတော့ပြီး လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားက ဝံပုလွေ 2 ကောင်ထက်ပိုပြီးကို ဖြေရှင်းခဲ့သည်။
ယွဲ့ရှင်းဝမ်၏ ‘ခုနစ်အပေါ်၊ ရှစ်အောက်’ ထိန်းချုပ်မှုနယ်ပယ်သည် ဝံပုလွေများ၏ ဖွဲ့စည်းခြင်းကို လုံးဝအနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့သော်လည်း ကျန်းဖျင်စစ်မှ လွှင့်ပစ်လိုက်သော ဝံပုလွေများသည် သစ်ပင်နှင့်တိုက်မိပြီး သေဆုံးခြင်းမရှိဘဲ ဒေါသဖြစ်ကာ မကြာမီ သူတို့ကို ဝိုင်းအော်နေကြသည်။
ဝံပုလွေများ၏ အမြင်အာရုံကို မြူခိုးတွေက ထိခိုက်စေသော်လည်း သူတို့သည် ကျောင်းသားများ၏ အနံကိုခံကာ ဝိုင်းရံပြီး သူတို့၏အမြီးများကို ကြမ်းတမ်းစွာ လှုပ်ယမ်းနေကြသည်။ အကြမ်းဖျင်းအားဖြင့် ဝံပုလွေ 10 ကောင်သာ ကျန်ရှိတော့ပြီး တစ်ဝက်က ပြေလည်သွားသည်။
မီးခိုးမြူများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အရက်မီးခွက်၏ ဟန့်တားမှုကြောင့် ဝံပုလွေများသည် အချိန်အတော်ကြာအောင် ရှေ့မတိုးဝံ့သော်လည်း ရေရှည်ဖြေရှင်းချက်မဟုတ်ပေ။
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ရုတ်တရက် ပြောလိုက်သည်။
"အားလုံးနားထောင်ကြ… 10 စက္ကန့်ရေတွက်ပြီးရင် ကာကွယ်ဆေးဘာသာရက်က စီနီယာအစ်မက ငါတို့ကို ကာကွယ်ဆေးထိုးပေးပါ ရှင်းယန်က အရက်မီးခွက်ကို ချက်ချင်းဖယ်လိုက်ပြီး ဝံပုလွေတွေ အပြေးအလွှားကို ခဏစောင့်——"
သူသည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး ထူသောအဘိဓာန်စာအုပ်ကို ထုတ်လိုက်သည်။
"အက်စစ်မိုးကို နောက်တစ်ကြိမ် ငါတို့အသုံးပြုမယ်!"
အနီးနားရှိ အတန်းဖော်များက ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ကာကွယ်ဆေးပေးမည့် မိန်းကလေး၏ မျက်နှာက ဖြူဖျော့သွားသည်။
"နင်…နင်က ငါတို့ကို အက်စစ်မိုးရေထဲမှာ ရပ်ခိုင်းပြီး ဝံပုလွေတွေကို ဝံပုလွေတွေကို မြားခေါ်ဖို့ ငါးစာအဖြစ် အသုံးချခိုင်းနေတာလား?"
ယွဲ့ရှင်းဝမ်က လေးနက်သောအသံဖြင့် ပြောခဲ့သည်။
"ရှောင်ထူက မကောင်းဆိုးရွားတွေကို ဆွဲဆောင်လို့မရဘူး… ငါတို့ကိုယ်တိုင်ပဲ ဆွဲဆောင်မှရလိမ့်မယ်… ကာကွယ်ဆေးရဲ့ ဖော်ပြချက်ကို သေချာကြည့်လိုက်၊ အဲဒါက စက္ကန့်သုံးဆယ်အတွင်း ထိခိုက်မှုအားလုံးကို ခုခံကာကွယ်နိုင်တယ်မလား?"
မိန်းကလေး၏အသံက တုန်ယင်နေသည်။
"အ–အင်း…"
ယွဲ့ရှင်းဝမ်က ပြောလာသည်။
"ထိခိုက်မှုအားလုံးကို ခုခံကာကွယ်နိုင်တယ်ဆိုရင် ငါတို့ တွန်းလှန်နိုင်လိမ့်မယ်၊ တကယ်လို့ အက်စစ်ကို ငါတို့ဦးခေါင်းပေါ် တိုက်ရိုက်လောင်းချရင်တောင်မှ ကြောက်စရာမလိုဘူး… ဝံပုလွေတွေက အများကြီးရှိနေသလို သူတို့ရဲ့ခန္ဓာကိုယ်က ပင့်ကူတွေထက် အများကြီးပိုကြီးတယ်… ရှင်းယန်ရဲ့အက်စစ်က မလုံလောက်ဘူးဆိုရင် အချိန်ကျလာရင် စီနီယာအစ်ကိုလျှိုက ပြန်ဖြည့်ပေးလိုက်…"
လျှိုကျောက်ချင်း၏မျက်နှာက ပြာသွားသည်။
"ဝံပုလွေတွေက စက္ကန့်သုံးဆယ်အတွင်း မခုန်ရင် ဘယ်လိုလုပ်မလဲ?"
ယွဲ့ရှင်းဝမ်က ဆိုသည်။
"ဝံပုလွေတွေက ကျွန်တော်တို့မှာ အက်စစ်မိုးရှိမှန်း မသိသလို သူတို့ရဲ့ IQ က သိပ်မမြင့်ဘူး… ဆာလောင်နေတဲ့ ဝံပုလွေတွေက သူတို့ရှေ့မှာ ရပ်နေတဲ့ အစာတွေ အများကြီးတွေ့တဲ့အခါ သူတို့က အလိုလို တိုက်ခိုက်လာလိမ့်မယ်… ဒါက သူတို့ကို သတ်ဖို့ အမြန်ဆုံးနည်းလမ်းပဲ!"
ဝံပုလွေတွေကို မြားခေါ်ရန် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
ဒါက ရဲရင့်လွန်းသည် မဟုတ်ပါလား?
ဝံပုလွေတွေ အကိုက်ခံရသည့်မြင်ကွင်းကို တွေးကြည့်လိုက်သောအခါ ကျောင်းသားများသည် သူတို့၏ခြေထောက်များ အားပျော့သွားသလို ခံစားလိုက်ရသည်။
နောက်အခိုက်အတန့်တွင် ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသားပြောခဲ့သည်။
"အဆင်သင့်ပြင်တော့… 5 စက္ကန့် အချိန်ရေတွက်မယ်…"
5, 4, 3, 2, 1——
ကာကွယ်ဆေးဘာသာရပ်မှ မိန်းကလေးသည် သူမ၏ပတ်ပတ်လည်ရှိ လူများအတွက် ကာကွယ်ဆေးထိုးခြင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။ ငယ်ငယ်က ကာကွယ်ဆေးထိုးရန်သွားတုန်းက အပ်တစ်ချောင်းနဲ့ ထိုးခံရသလိုပဲ သူတို့၏ညာဖက်လက်မောင်းက နာကျက်မှုအနည်းငယ်သု ခံစားခဲ့ရသည်။
ရှင်းယန်က ညာဖက်လက်ကို ချက်ချင်းမြှောက်ပြီး ပတ်ပတ်လည်က အရက်မီးခွက်များ ချက်ချင်း ပျောက်သွားသည်။
ဝံပုလွေများသည် လူသားအုပ်စုက အမှန်တကယ် မီးမရှိတော့တာကို တွေ့ရှိသောအခါ ချက်ချင်းပင် အော်ဟစ်ပြီး သူတို့ဆီသို့ ပြင်းထန်စွာ ပြေးသွားခဲ့ကြသည်။
ယွဲ့ရှင်းဝမ်က သူ၏‘မိုးသည်းခြင်း‘ကို ချက်ချင်း ဖွင့်လိုက်ပြီး ရှင်းယန်က တိမ်ထဲကို ပြင်းထန်သောအက်စစ် ထည့်လိုက်သည်——
မှောင်မိုက်သောညတွင် အော်ဟစ်သံများက အဆုံးမရှိပေ။
အက်စစ်မိုးများသည် ကျောင်းသားများအပေါ် ရေလောင်းသလို ရွာသွန်းခဲ့ပြီး 10 စတုရန်းမီတာအတွင်း ဝံပုလွေများအားလုံးကိုလည်း ရွာသွန်းခဲ့သည်။ ယွဲ့ရှင်းဝမ်သည် သူ့ခန္ဓာကိုယ်ပေါ် မိုးရွာချသောအခါ ပူလောင်သော အပူဒဏ်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သော်လည်း ကာကွယ်ဆေးအပ်တစ်ချောင်းက သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အကြည်ရောင်အကာအကွယ်အလွှာပါးလေး ဖန်တီးထားသောကြောင့် သူတို့၏ခန္ဓာကိုယ်သည် အက်စစ်မိုးရေထဲတွင် စိုစွတ်နေသော်လည်း ဒဏ်ရာမရှိပေ။
ဝံပုလွေများသည် ခန္ဓာကိုယ်ကြီးမားသည့်အတွက် အက်စစ်တစ်မျိုးတည်းနဲ့ သူတို့အားလုံးကို တစ်ပြိုင်နက် အရည်ပျော်သွားအောင် မလုပ်နိုင်ပေ။ လျှိုကျောက်ချင်းက သူ၏ခွဲစိတ်ဓားကို ချက်ချင်း တိမ်ထဲသို့ ပစ်ထည့်လိုက်သည်။ အက်စစ်မိုးသည် ချွန်ထက်သောဓားဖြင့် ရောနှောသွားပြီး 10 စတုရန်းမီတာ ကျယ်ဝန်းသော ဧရိယာထဲက ဝံပုလွေများကို ဓားဖြင့် ထိုးလိုက်သည်။
အချိန်အတော်ကြာအောင် သွေးများပြန့်ကျဲနေပြီး အော်သံများက အဆုံးမသတ်နိုင်ခဲ့ပေ။
ခယ်ရှောင်ပင်းသည် ထိတ်လန့်စွာ မျက်လုံးမှိတ်ထားရင်း သူ့ခန္ဓာကိုယ်အနှံ့ ဓားဖြတ်သွားတာကို ခံစားနေရပေမယ့် သူ့အရေပြားမှာ တားဆီးထားသော အကာအကွယ်တစ်ခုရှိပုံရပြီး နည်းနည်းလေးတောင် ဖြတ်ရာမထင်ပေ။ ဝံပုလွေတစ်ကောင်က သူ့လက်ကိုပင် ထိသွားပြီး ၎င်း၏အမွေးထူသော ဦးခေါင်းက သူ့လက်ကို ပွတ်တိုက်သွားသလိုသာ ခံစားလိုက်ရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွေးတွေ ကျွတ်တော့မလိုဖြစ်သွားသည်!
…ဤကာကွယ်ဆေး၏ တွန်းလှန်နိုင်သော အကာအကွယ်သည် တကယ်ကို အံ့မခန်းဖြစ်သည်။
ကြိုပြီး ကာကွယ်ဆေးမထိုးထားရင် အက်စစ်မိုးကြောင့် သွေးအိုင်ထဲ လောင်ကျွမ်းသွားလိမ့်မည်။
ပိုလို့တောင် အံ့ဩစရာကောင်းတာက ‘ရန်သူကို ဆွဲဆောင်ရန် ကိုယ့်ကိုယ်ကို အနာခံပြီး ငါးစာအဖြစ် အသုံးချခြင်း’နည်းလမ်းကို အမှန်တကယ် တီထွင်ခဲ့သူမှာ ယွဲ့ရှင်းဝမ်ပဲဖြစ်သည်။
စက္ကန့် 30 ကြာ တွန်းလှန်နိုင်သော အကာအကွယ်က ကုန်ဆုံးတော့မည်ဖြစ်ပြီး မိုးသည်းခြင်းက ဆက်လက်ကျဆင်းနေဆဲဖြစ်သည်။ တွန်းလှန်နိုင်သောအချိန်က ကုန်ဆုံးပြီး မိုးသည်းခြင်းထဲမှာ သူတို့တွေ ဆက်ပြီးရပ်နေပါက အက်စစ်မိုးနဲ့ ဓားမိုးတွေကြားတွင် သူတို့တွေ ချက်ချင်းပျောက်ကွယ်သွားလိမ့်မည်။ ကျန်းဖျင်စစ်က ချက်ချင်း ပြောလာသည်။
"ငါ့အနားမှာ စုနေကြ၊ နောက်ဆုတ်ရအောင်!"
Parabolic ရွှေ့လျားမှုဖြင့် ကျန်းဖျင်စစ်သည် formula ကို ထပ်မံတွက်ချက်ပြီး လူရှစ်ယောက်ကို စုပေါင်းကာ လေထဲသို့ ပျံတက်သွားခဲ့သည်။
အလင်းရောင်က မှိန်ဖျော့နေပြီး မြေပြင်အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ရှင်းယန်သည် သူ၏ညာဖက်လက်ကို ကောင်းကင်တွင် ဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းထိပ်ဖြင့် မရေမတွက်နိုင်သော အရက်မီးခွက်များ ပြုတ်ကျလာသည်။ ကောင်းကင်ကနေ မီးမိုးပြုတ်ကျလာသကဲ့သို့ ဧရိယာတစ်ခုဘုံးကို လင်းထိန်သွားစေသည်။
ယွဲ့ရှင်းဝမ်က အရက်မီးခွက်၏အလင်းရောင်အတိုင်း ခေါင်းငုံ့ကြည့်လိုက်သည်——
ဝံပုလွေ 10 ကောင်သည် စီနီယာအစ်ကိုလျှို၏ ဓားထိုးမှုနှင့် မေ့ဆေးဌာနမှ မိန်းကလေးကြောင့် သေသွားကြပြီး ဝံပုလွေ 9 ကောင်က အက်စစ်မိုးနှင့် ဓားမိုးတို့ကြောင့် အရည်ပျော်ပြီး သေသွားကြသည်။ နောက်ဆုံးဝံပုလွေတစ်ကောင်သာ ကျန်ရှိတော့ပြီး အမြီးကိုယမ်းကာ ကောင်းကင်ကိုကြည့်ပြီး ဒေါသတကြီး ဟိန်းနေသည်။
ဝံပုလွေ၏ဟိန်းသံက သူတို့၏နားစည်ကို နာကျင်စေပြီး ဒီ alpha ဝံပုလွေက မည်မျှဒေါသထွက်နေသလဲဆိုတာ ပြသနေသည်။
ယွဲ့ရှင်းဝမ်က အဘိဓာန်ကို ဗြုန်းစားကြီး ပစ်ပေါက်လိုက်သည်။
လေးလံသောအဘိဓာန်သည် ကောင်းကင်မှပြုတ်ကျပြီး ဝံပုလွေ၏ခေါင်းကို ထိမှန်သွားသည်။ ဝံပုလွေသည် ၎င်း၏ခန္ဓာကိုယ်ထဲကို ဓားများစွာ ဖောက်ဝင်ခြင်းကြောင့် သဲလုဆဲဆဲဖြစ်နေပြီး ယွဲ့ရှင်းဝမ်၏အဘိဓာန်ကြောင့် အရိုက်ခံလိုက်ရကာ ဒေါသတကြီးဖြင့် မြေပြင်ပေါ် လဲကျသွားခဲ့သည်။
ကျန်းဖျင်စစ်က ကျောင်းများကို ဘေးကင်းစွာ ဆင်းသက်ပေးခဲ့သည်။
ရှုပ်ပွနေသော မြေပြင်ကိုကြည့်ရင်း အားလုံးက ပြိုလဲကျနေကြသည်——
ယနေ့တွင် ယွဲ့ရှင်းဝမ်၏ညွှန်ကြားမှုအောက်၌ လူတိုင်းသည် ‘ဝံပုလွေများကို သူတို့ခန္ဓာကိုယ်ဖြင့် အစာကျွေးခြင်း’ဟူသော အဓိပ္ပါယ်ကို လူတိုင်းတွေ့ကြုံခံစားခဲ့ကြရသည်။ ဝံပုလွေများ အကိုက်ခံရသည့် မြင်ကွင်းက သူတို့ဘဝတွင် ဘယ်တော့မှ မေ့မရနိုင်သော အိမ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။ အထူးသဖြင့် ကျောင်းသားများ၏ ခန္ဓာကိုယ်ကို ဝံပုလွေများ၏ သွားဖြင့် ထိမိသောအခါ သူတို့တွေ အကိုက်မခံရသော်လည်း ထိမိသောခံစားချက်မှာ ရှိနေဆဲပင်ဖြစ်သည်။
ပြီးနောက် သူတို့တွေ ပြိုလဲကျသွားသည်…
ယွဲ့ရှင်းဝမ်က ဝံပုလွေများ၏ အလောင်းများ အလယ်သို့ လျင်မြန်စွာ လျှောက်သွားသည်။
"အလင်းရောင်တစ်ခုရှိနေတယ်… အမှတ်ကတ် ပြုတ်ကျသွားတာထင်တယ်!"
သူသည် အရည်ပျော်သွားသော ဝံပုလွေအလောင်းနှစ်ကောင်ကို ကန်လိုက်ပြီး ကုန်းကာ သူတို့ကို အကြိမ်အနည်းငယ်လောက် ဆွဲမကြည့်ရင်း သူတို့၏ခန္ဓာကိုယ်အောက်တွင် အနက်ရောင်ကတ်တစ်ခု ရှိနေတာကို တွေ့ရှိခဲ့သည်။
အနက်ရောင်ကတ်ပဲ။
ဒါကို တစ်ဖက်သို့လှန်ပြီး သူကြည့်လိုက်သည်: 50 မှတ်။
ကျောင်းသားများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ယွဲ့ရှင်းဝမ်က ရယ်လေသည်။
"အနက်ရောင်ကတ် 50 မှတ်အတွက် အရှုံးမရှိပါဘူး!"
အားလုံး: "…"
သူ ဘယ်လိုလုပ် ရယ်နိုင်နေသေးတာလဲ?!
#TK