Chapter 40
Viewers 4k

Volume 3 : သင်္ချာဌာန


Chapter 40 (သုဒ္ဓကိန်းများဝင်္ကပါ ၀၃)


ကျန်းဖျင်စစ်၏ ညွှန်ကြားချက်အရ ယွဲ့ရှင်းဝမ်တို့သုံးယောက်သည် လက်ရှိအထပ်တွင် အမြွှာသုဒ္ဓကိန်းကတ်များကို ဆက်လက်စုဆောင်းခဲ့သည်။ အခန်းအသစ်များဖွင့်လိုက်သည်နှင့် ကျန်းဖျင်စစ်၏လက်ရှိ ဝင်္ကပါမြေပုံပေါ်တွင် ဤအထပ်၏ ဝင်ရောက်စွက်ဖက်မှုလမ်းကြောင်းကို တဖြည်းဖြည်းနှင့် လုံးလုံးဝပြသထားသည်။


အခန်းအားလုံးကို ရှာမတွေ့မချင်း ကျန်းဖျင်စစ်သည် ဝင်္ကပါမြေပုံကို ဂရုတစိုက်ကြည့်ရှုခဲ့သည်——


ပုံတွင် ရေးဆွဲထားသော အခန်းပေါင်း 48 ခန်းရှိသည်။ လမ်းမကြီးကို “十”ကဲ့သို့ စီစဉ်ထားပြီး ပတ်ပတ်လည်တွင် လမ်းဆုံလမ်းခွများစွာရှိသည်။ အထက်၊ အောက်၊ ဘယ်၊ ညာ အစွန်းလေးဘက်ရှိ အခန်းများတွင် ဓာတ်လှေကားလေးစင်းရှိပြီး အခြားထပ်သို့ ဦးတည်သွားနိုင်သည်။


ဤအထပ်တွင် နံပါတ်ကတ်ပေါင်း စုစုပေါင်း 192 ခုရှိပြီး နှစ်ခုစလုံးကို အမြွှာသုဒ္ဓကိန်းနံပါတ်များအားလုံးကို ကျန်းဖျင်စစ်က ဝိုင်းထားသည်။ အခုအချိန်အထိ အခန်း 48 ခန်းမှ စုဆောင်းထားသော နံပါတ်ကတ်ပေါင်း 96 ခု ရှိသည်။ ဆိုလိုသည်မှာ အခန်းတစ်စုံစီတွင် အမြွှာသုဒ္ဓကိန်း တစ်တွဲရှိသည်။


၎င်းတို့အနက် ရှင်းဝမ်သွားသောလမ်းတွင် လမ်းဆုံလမ်းခွများစွာပါရှိပြီး 16 ကတ်ကို စုဆောင်းခဲ့သည်။ ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့သည် တံခါးအသေများကို မကြာခဏကြုံတွေ့ရပြီး တစ်ယောက်စီ 8 ကတ်သာ စုဆောင်းထားသည်။ ကျန်းဖျင်စစ်က 16 ကတ်ကို စုဆောင်းခဲ့သည်။


ဤသုံးဖက်မြင်ဝင်္ကပါသည် အပေါ်ထပ်၊ အလယ်နှင့် အောက်ထပ်များ၏ တူညီသောဖွဲ့စည်းပုံပါရှိသည့် သုံးထပ်တိုက်တစ်ခုဟု ယူဆပါက ကျန်းဖျင်စစ်၏ ကျိုးကြောင်းဆင်ခြင်မှုသည် ပိုမိုရိုးရှင်းလာမည်ဖြစ်သည်။ သို့သော် မတူညီသော အထပ်များ၏ တည်ဆောက်ပုံ မတူရင် ဝင်္ကပါလမ်းက ပိုရှုပ်ထွေးလိမ့်မည်။


သတ်မှတ်ချိန်က 3 နာရီ 40 မိနစ် ကျန်သေးသည်။ ဆိုလိုသည်မှာ ကျန်းဖျင်စစ်က ဤအထပ်ရှိ အခန်း 48 ခန်းလုံးကို စစ်ဆေးပြီး နံပါတ်ကတ် 192 လုံးကို တွက်ချန်ရန် မိနစ် 20 သာ အချိန်ယူရသည်။


ကျန်းဖျင်စစ်ဆီမှ ညွှန်ကြားချက်မလာသည့်အတွက် သူတို့သုံးယောက်က ရပ်ပြီး သုတေသနအဖွဲ့ chat channel မှ သတင်းကို စောင့်မျှော်ခဲ့ကြသည်။


ခဏအကြာတွင် ကျန်းဖျင်စစ်က ပြောလာသည်။

"စီနီယာအစ်ကိုလျှို၊ အခန်း 5 ခန်းမြောက်ကို တည့်တည့်အတိုင်း ပြန်သွားပြီး တံခါးနံပါတ် 11073 ကို ရှာပြီးတော့ အောက်ထပ်ကို ဓာတ်လှေကားနဲ့ဆင်းလိုက်…"


"ရှောင်ခယ်၊ တံခါးနံပါတ် 13011 က ထွက်လာပြီး ညာဘက်က အခန်း 4 ခန်းမြောက်ကို တည့်တည့်လျှောက်ပြီးတော့ ဓာတ်လှေကားနဲ့ အောက်ထပ်ကိုဆင်းလိုက်…"


သူတို့နှစ်ယောက်က ကျန်းဖျင်စစ်၏ညွှန်ကြားချက်တွေကို ချက်ချင်းလိုက်နာပြီး အခန်းကို အမြန်ရှာလိုက်သည်။


လျှိုကျောက်ချင်းသည် ဝင်္ကပါထဲတွင် မိနစ် 20 ကြာနေခဲ့ပြီးနောက် မူးဝေလာပြီး မည့်သည့်အခန်းက ဓာတ်လှေကားရှိတယ်ဆိုတာကို မှတ်မိဖို့မဆိုထားနှင့် သူ၏ဦးတည်ချက်ကိုတောင် မပြောနိုင်ပေ။ သို့သော် သူက ကျန်းဖျင်စစ်၏ညွှန်ကြားချက်ကို လိုက်နာပြီး အခန်း 5 ခန်းမြောက်ကို တည့်တည့်လျှောက်သွားခဲ့သည်။ တံခါးညာဘက်မှာ နံပါတ် 11073 ကပ်ထားတာကို သူမြင်တော့ တံခါးကိုဖွင့်လိုက်သည်—— ဒါက တကယ်ကို ဓာတ်လှေကားရှိသော အခန်းပဲ!


ခေါင်းမဲ့ယင်ကောင်များကဲ့သို့ ဝင်္ကပါတစ်ဝိုက်တွင် သူတို့တွေ တဝဲလည်လည်ဖြစ်နေကြစဉ် ကျန်းဖျင်စစ်သည် ဘုရားသခင်၏အမြင်အာရုံတွင် ရပ်နေသလိုမျိုး သူတို့၏လှုပ်ရှားမှုလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အတိကျဆုံး ညွှန်ကြားချက်များကို ပေးနိုင်သည်။


လျှိုကျောက်ချင်းက အလွန်အထင်ကြီးသွားပြီး မနေနိုင်ဘဲ chat channel မှာ စာရေးလိုက်သည်။

"အရမ်းတော်တယ်! ငါ အောက်ဆင်းတော့မယ်!"


ကျန်းဖျင်စစ်၏ ညွှန်ကြားချက်အတိုင်း ခယ်ရှောင်ပင်းလည်း အောက်ထပ်သို့ဆင်းသွားခဲ့သည်။


ယွဲ့ရှင်းဝမ်က မေးလာသည်။

"ငါကရော?"


ကျန်းဖျင်စစ်: "ရှင်းဝမ်၊ တံခါးနံပါတ် 12077 ကိုဝင်ပြီး အခန်း 5 ခန်းမြောက်ကို အရှေ့တည့်တည့်လျှောက်သွားပြီးတော့ ဓာတ်လှေကားနဲ့ အပေါ်ထပ်ကို တက်လိုက်…"


ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။

"ငါ အပေါ်ထပ်တက်ရမှာလား? အောက်ထပ်မဆင်းရဘူးလား?"


ကျန်းဖျင်စစ်က ရှင်းပြသည်။

"အချိန်ကုန်သက်သာတယ်… မင်းနဲ့ငါက အပေါ်ထပ်တက်ပြီး စီနီယာအစ်ကိုနဲ့ ရှောင်ခယ်က အောက်ထပ်ဆင်းမယ်…"


အထပ်သုံးထပ်ဝင်္ကပါတွင် သူတို့သည် အလယ်ထပ်ကို ရှာဖွေပြီးဖြစ်သည်။ ကျန်းဖျင်စစ်သည် လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့ကို အောက်ထပ်သို့သွားရန် စီစဉ်ခဲ့ပြီး သူနှင့် ယွဲ့ရှင်းဝမ်က အပေါ်ထပ်သို့သွားကာ အပေါ်ထပ်နှင့် အောက်ထပ်ကို တစ်ချိန်တည်းရှာဖွေနိုင်သည်။


ဤနည်းအားဖြင့် လူလေးယောက်နှင့် လမ်းကြောင်းလေးခုသာမက မတူညီသော အထပ်နှစ်ထပ်လည်း ပါရှိလာသည်။


အကယ်၍ သူ၏ အကွာအဝေးစိတ်ကူးစိတ်သန်းနှင့် သုံးဖက်မြင်ဂျီဩမေတြီသာ လုံလောက်မကျွမ်းကျင်ပါက ဒါက လုံးဝရှုပ်ထွေးနေမှာ သေချာသည်။ အဖွဲ့ဝင်သုံးယောက်သည် ကျန်းဖျင်စစ်ကို အလွန်ယုံကြည်မှုရှိပြီး ဘာမေးခွန်းမှမမေးချေ။


ကျန်းဖျင်စစ်သည် စာရွက်ကို နှစ်ပိုင်းဖြဲကာ အပေါ်နှင့် အောက်ထပ် မြေပုံကို စတင်ရေးဆွဲခဲ့ပြီး chat channel မှာ လျင်မြန်စွာ စာရိုက်ခဲ့သည်။

"ဒါက စည်းမျဉ်းဟောင်းအတိုင်းပဲ… အခန်းထဲဝင်ပြီးရင် နံပါတ်တွေကို နာရီလက်တံအတိုင်း ပို့လိုက်…"


လျှိုကျောက်ချင်းက နံပါတ်လေးခုကို အလျင်အမြန် ပေးပို့ခဲ့သည်။

"101277၊ 101279၊ 101281၊ 101283"


ယွဲ့ရှင်းဝမ်က ဤနံပါတ်များကိုကြည့်သောအခါ ဘာမှမတတ်နိုင်ဘဲ မူးဝေသွားသည်။ သူ၏သင်္ချာသဘောတရားအရ 0၊ 2၊ 4၊ 6၊ နှင့် 8 တို့ဖြင့် အဆုံးသတ်သော ဂဏန်းများသည် သုဒ္ဓကိန်းများမဟုတ်ဘဲ သူတို့ကို 2 ဖြင့် စား၍ပြတ်သည်။ နံပါတ်တစ်ခုက 5 ဖြင့် ဆုံးပါက ၎င်းကို 5 ဖြင့် စား၍ပြတ်သည်။ အဘယ်ကြောင့်ဆိုသော် ဝင်္ကပါကတ်ထဲတွင် မြင်မြင်ချင်းနံပါတ်များမှာ “သုဒ္ဓကိန်းများမဟုတ်ဟူသော” ရိုးရှင်းသော မေးခွန်းမှာ မရှိသလောက် နည်းပါးပြီး နံပါတ်နောက်ဆုံးတွင် 1၊ 3၊ 7၊ နှင့် 9 ဖြင့် အဆုံးသတ်ထားသည်။ 


လျှိုကျောက်ချင်း ဖော်ပြထားသော နံပါတ်လေးလုံးမှာ သုဒ္ဓကိန်းများနှင့်တူပြီး နံပါတ်နှစ်ခုကြား ခြားနားချက်မှာ 2 သာ ကွာခြားပြီး နံပါတ်အားလုံးက ‘အမြွှာသုဒ္ဓကိန်းများ’၏ အခြေအနေနှင့် ကိုက်ညီသောကြောင့် ဘယ်နှစ်ခုကို ရွေးချယ်ရမည်နည်း။


အချိန်ကုန်သက်သာရန်အတွက် ကျန်းဖျင်စစ်က နောက်ဆုံးဂဏန်းနှစ်လုံးကိုသာ ရေးခဲ့သည်။

"79၊ 81 ကိုသာ ရွေးချယ်ပြီး တံခါးနံပါတ် 81 ကို ဝင်လိုက်…"


လျှိုကျောက်ချင်းက သူ့ IQ ပျက်စီးသွားသလို ခံစားလိုက်ရသည်။


ဒီနံပါတ်လေးလုံးကို သူ့အား တွက်ခိုင်းပါက ÷7၊ ÷3၊ ÷11၊ စသဖြင့် တစ်ခုချင်းစီ သူတွက်ချက်လိမ့်မည်။ 101277 ကဲ့သို့ ဂဏန်းခြောက်လုံးပါ နံပါတ်အတွက် အဖြေကို တွက်ချက်ရန် အနည်းဆုံး တစ်မိနစ် အချိန်ယူရမည်ဖြစ်ပါသည်။ သို့သော် ကျန်းဖျင်စစ်က မည်သည့်နည်းလမ်းကို အသုံးပြုရမည်ကို မသိခဲ့ပါ။ ဂဏန်းခြောက်လုံး အဖြေကို မည်သို့ ချက်ချင်း ပေးပို့နိုင်သနည်း။ 


ဒါက ကွန်ပျူတာနဲ့ ယှဉ်နိုင်သော အသန်မာဆုံးဦးနှောက်ပဲ မဟုတ်လား?!


ခယ်ရှောင်ပင်းလည်း ဂဏန်းခြောက်လုံးများကို ကြုံတွေ့ခဲ့ရသည်။

"107507၊ 107509၊ 107511၊ 107513" 


ကျန်းဖျင်စစ်: "07 နဲ့ 09 ကို ယူပြီး တံခါးနံပါတ် 09 ကို ဝင်လိုက်…"


ခယ်ရှောင်ပင်းက သူ့လက်ကို ဆန့်တန်းကာ တံခါးမှ နံပါတ်ကတ်နှစ်ခုကို ယူလိုက်သည်—— သူလည်း သိပ္ပံကျောင်းသားဖြစ်ပေမယ့် ကျန်းဖျင်စစ်က အလွန်လျင်မြန်စွာ တွက်ချက်နိုင်ပြီး သူတကယ်ကို ရှက်သွားသည်။ 


ယွဲ့ရှင်းဝမ်က တွေးတောနေတာကို လုံးဝ စွန့်လွှတ်လိုက်သည်။ သူ အခန်းထဲသို့ ဝင်ပြီးနောက် သူက သုတေသနအဖွဲ့ chat channel မှာ ရိုက်နှိပ်လိုက်သည်။

"111117၊ 111119၊ 111121၊ 111123" 


ကျန်းဖျင်စစ်က လျင်မြန်စွာ တုံ့ပြန်လာသည်။

"နောက်ဆုံးနံပါတ် 19 နဲ့ 21 ကို ယူပြီး တံခါးနံပါတ် 21 ကို ဝင်လိုက်…"


အပေါ်ထပ်နှင့် အောက်ထပ်များကို စူးစမ်းရန် တရားဝင် စတင်ခဲ့သည်။


သုတေသနအဖွဲ့ chat channel တွင် message များ အဆက်မပြတ်တက်လာသည်—— သုံးယောက်စလုံးက နံပါတ်များကို ပေးပို့ပြီး ကျန်းဖျင်စစ်က အဖြေကို ပြန်ပို့ပေးသည်။


ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး သုတေသနအဖွဲ့ chat channel ထဲတွင် နံပါတ်စဉ်များ အရေအတွက်များစွာဖြင့် လူများကို မှင်တက်သွားစေခဲ့မည်။ 


သို့သော် ကျန်းဖျင်စစ်၏ ညွှန်ကြားချက်များက အမြဲတမ်း ရှင်းလင်းပြတ်သားသည်။ သူ၏အဖွဲ့ဝင်တွေကို ဘယ်ကတ်နှစ်ကတ်ယူရမယ်၊ ဘယ်တံခါးကိုဝင်ရမယ်ဆိုတာ ပြောပြလိမ့်မည်။ အဖွဲ့ဝင်သုံးယောက်က မူလတန်းကျောင်းသားများ ဖြစ်ကြသော်လည်း သူ့ဆီမှ တိကျသော ညွှန်ကြားချက်များအရ သူတို့သည် အမှားအယွင်းမရှိကြပေ။


အခန်းများစွာကို ဆက်တိုက်ဖြတ်လျှောက်ပြီးနောက်တွင် အခက်အခဲများ တိုးလာပြန်သည်။


ယွဲ့ရှင်းဝမ်က နံပါတ်လေးခုကို ပေးပို့ခဲ့သည်။

"147677၊ 147679၊ 147681၊ 147683"


ကျန်းဖျင်စစ်က ယခင်ကကဲ့သို့ အမြွှာသုဒ္ဓကိန်းကတ်နှစ်ကတ်ကို ရွေးချယ်ပေးလိမ့်မည်ဟု သူမျှော်လင့်ခဲ့ပေမယ့် သို့သော် ကျန်းဖျင်စစ် ရုတ်တရက် ပြောခဲ့တာက သူ့ကို အံ့အားသင့်သွားစေသည်။

"အဲဒီမှာ အမြွှာသုဒ္ဓကိန်းမရှိဘူး… နောက်ဆုံးနံပါတ် 77 ကို ဖြတ်သွားလိုက်…"


ယွဲ့ရှင်းဝမ်က တံခါးဆီ လျှောက်လာပြီး အခန်းထဲက ကတ်နှစ်ကတ်အား ဖြတ်ထားတာကို တွေ့လိုက်ရသည်။


ကတ်နှစ်ကတ်ကို ဖယ်ထားတာဆိုတော့ သူအရင်က ဒီအခန်းကို ရောက်ဖူးတယ်လို့ ဆိုလိုတာလား? ယွဲ့ရှင်းဝမ်က သူတွေ့ခဲ့တာကို ကျန်းဖျင်စစ်အား ချက်ချင်း ပြောခဲ့သည်။ 

"ဒီအခန်းရဲ့ ကတ်နှစ်ကတ်ကို ယူထားပြီးပြီ…"


ကျန်းဖျင်စစ်: "နောက်ပြန်သွားပြီး တံခါးနံပါတ် 79 ကို ဝင်လိုက်…"


ယွဲ့ရှင်းဝမ်: "ဒီအခန်းက ကတ်နှစ်ကတ်ကိုလည်း ယူထားပြီးပြီ…"


ကျန်းဖျင်စစ်က ရုတ်တရက် အတွေးထဲ နစ်မြုပ်သွားသည်။


ယွဲ့ရှင်းဝမ်က အနည်းငယ် စိုးရိမ်သွားသည်—— ဤဝင်္ကပါ၏ရှုပ်ထွေးမှုက သူ့စိတ်ကူးထားတာထက်ကို ကျော်လွန်နေပြီး သူနောက်ပြန်မသွားဘူးဆိုတာ သိသာပေမယ့် လမ်းလျှောက်ရင်း သူသွားခဲ့သည့် အခန်းကို ဘယ်လိုရောက်လာတာလဲ? ‘နံရံကို တိုက်မိသည့် သရဲတစ္ဆေ’ကဲ့သို့ မူလနေရာမှာ အဝိုင်းလည်နေတာလား?


ယွဲ့ရှင်းဝမ်က တွေးဆသည်။

"ဒီဝင်္ကပါရဲ့ဖွဲ့စည်းပုံက ဘာလဲ? ဒီအခန်းအားလုံးကို ငါရောက်ဖူးသလိုပဲ…"


အောက်ထပ်တွင် လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့သည် ယွဲ့ရှင်းဝမ် ဒုက္ခရောက်နေတာကို တွေ့လိုက်တာကြောင့် ကျန်းဖျင်စစ်ကို အချက်အလက်များ တူးဖော်ရန်နှင့် သူ၏အတွေးများကို ရှင်းလင်းရန် အချိန်တစ်ခုပေးရန် ရပ်တန့်လိုက်သည်။


သူတို့သုံးယောက်က ကျန်းဖျင်စစ်၏ တုံ့ပြန်မှုကို စောင့်နေကြသည်။


ခဏအကြာတွင် ကျန်းဖျင်စစ်က ပြောသည်။

"အပေါ်ထပ်ရဲ့ အခန်းတွေကို မရေမတွက်နိုင်တဲ့ ‘田’ပုံသဏ္ဌာန်နဲ့ စီစဉ်ထားပြီး အခန်းတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတယ်… ရှင်းဝမ် ရှာဖွေခဲ့တဲ့ အခန်းတွေက အမြွှာသုဒ္ဓကိန်းနှစ်လုံးမပါတာကြောင့် အထပ်တစ်ခုလုံးရဲ့ အလယ်ဗဟိုဖြစ်သင့်တယ်…"


သူက ခဏရပ်ကာ ပြောလိုက်သည်။

"ရှင်းဝမ်၊ မင်းရှိတဲ့နေရာမှာပဲနေနေ… ငါမင်းဆီလာခဲ့မယ်… စီနီယာအစ်ကိုလျှိုနဲ့ ရှောင်ခယ်က ခဏစောင့်ဦး…"


သူတို့သုံးယောက်က အခန်းကိုယ်စီတွင် လှုပ်ရှားခြင်းမရှိဘဲ မတ်တပ်ရပ်နေကြ၏။ စက္ကန့် 30 လောက်ကြာတော့ ယွဲ့ရှင်းဝမ် ညာဘက်ခြမ်းရှိ တံခါးက ရုတ်တရက် ပွင့်လာသည်။


ကျန်းဖျင်စစ်က အမြန်ဝင်လာသည်။


ယောင်္ကျားလေးသည် အရပ်ရှည်ရှည် ရိုးရှင်းပြီး သန့်ရှင်းသပ်ရပ်သော အနက်ရောင် ဘောင်းဘီရှည်နှင့် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး သွယ်လျပြီး ဖြောင့်စင်းသော ခြေထောက်များဖြင့် ခါးတွင် ခါးပတ်ကို ပတ်ထားသည်။ ပတ်ဝန်းကျင်ရှိနံရံများသည် နက်နဲသော ကြယ်ရောင် ကောင်းကင်ကြီးနှင့် တူပြီး နံရံများတွင် ကြယ်များဖြင့် ပြည့်နေသည်။ ဘေးက တံခါးကို တွန်းဝင်လိုက်တော့ ကြယ်ရောင်ကောင်းကင်ကနေ လမ်းလျှောက်လာသလိုပဲ ဖြစ်နေသည်။


ယွဲ့ရှင်းဝမ်က နောက်ပြန်လှည့်လာပြီး ငြိမ်သက်နေသော အကြည့်ကို တွေ့လိုက်ရတော့ သူ ရုတ်တရက် စိတ်သက်သာရာရသွားသည်။


ဒီဝင်္ကပါက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ အားစစ်နဲ့ဆိုရင် ဘာစိတ်ပူစရာရှိလို့လဲ?


ယွဲ့ရှင်းဝမ်က သူ့ကို တောက်ပသော အပြုံးဖြင့် နှုတ်ဆက်သည်။

"ဒီလိုရှုပ်ထွေးနေတဲ့ ဝင်္ကပါထဲမှာ မင်း ငါ့ကို တစ်မိနစ်အတွင်း ရှာတွေ့တယ်လား?"


ကျန်းဖျင်စစ်၏နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး ယွဲ့ရှင်းဝမ်ကို အလွန်နူးညံ့သိမ်မွေ့သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါကောက်ချက်ချတာ မှန်နေပုံပဲ… ဒီအထပ်က အခန်းပေါင်း 49 ခန်းရှိတဲ့ ဒေါင်လိုက် 7၊ အလျားလိုက် 7 ရှိတဲ့ ‘田’ပုံသဏ္ဌာန်ဝင်္ကပါ ဖြစ်နိုင်တယ်… ငါတို့ အခုရှိနေတဲ့အခန်းက 7x7 စတုရန်းပုံ ဝင်္ကပါကြီးရဲ့ အလယ်ဗဟိုအကျဆုံးအခန်းပဲ…"


ယွဲ့ရှင်းဝမ်က နားလည်ပုံရပြီး ကျန်းဖျင်စစ်၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

"အရမ်းတော်တာပဲ! ငါ့ဦးနှောက်ကတော့ လုံးဝကို ရှုပ်ထွေးနေပြီ… မင်း ဘယ်လို ခွဲခြမ်းစိတ်ဖြာခဲ့တာလဲ?"

သူက ကျန်းဖျင်စစ်၏လက်ထဲက မြေပုံကို ငုံ့ကြည့်လိုက်သည်…


အရမ်းကြောက်စရာကောင်းတယ်!


စာရွက်သုံးရွက်သည် အပေါ်ထပ်၊ အလယ်ထပ်နှင့် အောက်ထပ်များ၏ မြေပုံများကို ကိုယ်စားပြုသည်။ ခရေပွင့်သင်္ကေတများသည် ဓာတ်လှေကားကို ကိုယ်စားပြုပြီး များပြားသော စတုရန်းအခန်းများတွင် မရေမတွက်နိုင်သော နံပါတ်များနှင့် ဦးတည်ရာမြားများဖြင့် မှတ်သားထားသည်။


ယွဲ့ရှင်းဝမ်က သူ မြေပုံကိုပင် မဖတ်နိုင်တာကို တွေ့ရှိခဲ့သည်…


ကျန်းဖျင်စစ်: "ရှင်းပြဖို့က အရမ်းရှုပ်ထွေးတယ်… စာမေးပွဲ မြန်မြန်ပြီးအောင် အမြွှာသုဒ္ဓကိန်းတွေကို အရင်ရှာရအောင်… ငါတို့ အပြင်ရောက်မှ ငါမင်းကို ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာပြမယ်…"


ယွဲ့ရှင်းဝမ်က သဘောတူခဲ့သည်။

"အင်း… ဝင်္ကပါရဲ့ ရှင်းလင်းချိန်က စာမေးပွဲအမှတ်နဲ့ ဆက်စပ်နေရမယ်… မင်းငါ့ကို အခုရှင်းပြရင်တောင် ငါနားလည်မှာမဟုတ်ဘူး… ငါနောက်ထပ် ဘာဆက်လုပ်ရမလဲ ပြောပြ…"


ကျန်းဖျင်စစ်က မြေပုံ၏အလယ်ကို ညွှန်ပြပြီး ပြောသည်။

"ငါတို့ရဲ့ လက်ရှိနေရာက အပေါ်ထပ် ဝင်္ကပါရဲ့ အလယ်ဗဟိုပဲ… အလယ်ဗဟိုကနေ ဆန့်ကျင်ဘက်လမ်းကြောင်းကို ရှာမယ်ဆိုရင် ငါတို့ ဘယ်အခန်းကိုမှ လွတ်သွားမှာ မဟုတ်ဘူး… မင်းက ညာဘက်တံခါးကိုသွား၊ ငါက ဘယ်ဘက်ကိုသွားမယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး ကျန်းဖျင်စစ်က ဆက်ပြောသည်။

"ညာဘက်တံခါးကို ဝင်ပြီးရင် ဆက်တိုက် အခန်းသုံးခန်းမြောက်ကို တည့်တည့်ဆက်သွားပြီးနောက် ဘယ်ဘက်ကိုလှည့်ပြီးတော့ ငါ့ကို နံပါတ်တွေ ပို့ပေး…"


ယွဲ့ရှင်းဝမ်က တစ်ဖက်ကိုလှည့်ကာ ကျန်းဖျင်စစ်နှင့် လမ်းခွဲပြီး လျှောက်သွားခဲ့သည်။


ကျန်းဖျင်စစ်က သုတေသနအဖွဲ့ chat channel မှာ စာရေးလိုက်သည်။

"ရှောင်ခယ်နဲ့ စီနီယာအစ်ကိုလျှို ဆက်သွားလို့ရပြီ…"


အောက်ထပ်ရှိ လူနှစ်ဦးက ဆက်လက်စူးစမ်းရှာဖွေခဲ့ရာ မကြာခင် လျှိုကျောက်ချင်းသည် အခန်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး နံပါတ်လေးခုသည် သုဒ္ဓကိန်းများနှင့် တူသော်လည်း သုဒ္ဓကိန်းများလုံးဝမဟုတ်ချေ။


ကျန်းဖျင်စစ်က ဆိုသည်။

"စီနီယာအစ်ကိုလျှိုရှိတဲ့အခန်းမှာ အမြွှာသုဒ္ဓကိန်းမပါဘူး… အဲဒါက အောက်ထပ်ရဲ့ အလယ်ဗဟိုဖြစ်နိုင်တယ်… ရှောင်ခယ်၊ မင်းရဲ့လက်ရှိအခန်းရှေ့က တံခါးပေါက်ကနေ ထွက်သွားပြီး အခန်းသုံးခန်းမြောက်ကို ဆက်လျှောက်သွားပြီး မင်း စီနီယာအစ်ကိုနဲ့ ဆုံနိုင်မလားဆိုတာသိဖို့ ဘယ်ဘက်ကိုလှည့်လိုက်…"


ခယ်ရှောင်ပင်းက သူပြောသည့်အတိုင်း လုပ်ခဲ့သည်။


ခဏအကြာတွင် သူတို့နှစ်ယောက်က သုတေသနအဖွဲ့ chat channel မှာ စာရေးလာသည်။

"ငါတို့ဆုံပြီ!"


လျှိုကျောက်ချင်း: "…အရမ်းတော်တာပဲ! မင်း ငါတို့ကို ဝင်္ကပါထဲမှာ ဘယ်လိုလုပ်တွေ့အောင် လုပ်နိုင်တာလဲ?"


ကျန်းဖျင်စစ်က ရှင်းပြရန် အချိန်မရှိတာကြောင့် သူက ရိုးရိုးရှင်းရှင်းပြောခဲ့သည်။

"အပေါ်ထပ်နဲ့ အောက်ထပ် တည်ဆောက်ပုံတွေက အတူတူပဲ… အခု တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနဲ့ ရှာကြမယ်… စီနီယာအစ်ကို၊ တံခါးနံပါတ် 171083 ကို သွားပြီး ရှောင်ခယ်က တံခါးနံပါတ် 171081 ကို လျှောက်သွားလိုက်… တစ်ယောက်စီတိုင်းက အရှေ့တည့်တည့် အခန်းသုံးခန်းမြောက်ကို လျှောက်သွားပြီး လမ်းတစ်လျှောက်က နံပါတ်တွေကို ပေးပို့ပါ…"


သူတို့နှစ်ယောက်က အခန်းသုံးခန်းမြောက်ကို လျှောက်သွားပြီးနောက် ကျန်းဖျင်စစ်က ဆက်ပြောသည်။

"စီနီယာအစ်ကိုက ဘယ်ဘက်ကိုလှည့်… ရှောင်ခယ်က ညာဘက်လှည့်ပြီး နံပါတ်ကို ပို့လိုက်…"


"စီနီယာအစ်ကို 192191 နဲ့ 192193 ကိုယူပြီး ညာဘက် ခုနစ်ခန်းမြောက်ကို တည့်တည့်လျှောက်သွားလိုက်…"


"ရှောင်ခယ်က ဘယ်ဘက်ကိုလှည့်ပြီး ခုနစ်ခန်းမြောက် အရှေ့တည့်တည့်ကို လျှောက်သွားလိုက်…"


သူတို့သုံးဦးသည် ‘ကတ်ရှာဖွေရေးစက်များ’ ဖြစ်လာလုနီးပါးဖြစ်လာပြီး ကျန်းဖျင်စစ်သည် သူတို့၏ ဦးတည်ချက်ကိုပင် တိကျစွာ ဆုပ်ကိုင်ထားခဲ့သည်။


လျှိုကျောက်ချင်းက ခုနစ်ခန်းမြောက်ကို တည့်တည့်လျှောက်သွားကာ ခယ်ရှောင်ပင်းနှင့် ယွဲ့ရှင်းဝမ်ကဲ့သို့ သူ့ရှေ့တွင် လမ်းဆုံးနေတာကို တွေ့ရှိခဲ့သည်။ ကျန်းဖျင်စစ်က ခုနစ်ခန်းမြောက်၏အဆုံးက လမ်းဆုံးနေတယ်ဆိုတာ ဘယ်လိုတွက်ချက်ခဲ့သလဲလို့ သူတို့တွေးတောနေကြသည်။ 


ယခုအချိန်တွင် ဘုရားသခင်၏အမြင်အာရုံကဲ့သို့ ကင်မရာတစ်လုံးရှိလျှင် ကြီးမားသော သုံးဖက်မြင် ဝင်္ကပါကြီးသည် စတုရန်းပုံသဏ္ဌာန်အခန်းများဖြင့် ပြည့်နေသော အထပ်သုံးထပ်ဖွဲ့စည်းပုံနှင့်တူကြောင်း တွေ့ရှိနိုင်သည်။ ကျန်းဖျင်စစ်၏ ညွှန်ကြားမှုအောက်တွင် သူတို့သည် S ပုံသဏ္ဌာန် လှုပ်ရှားမှုများဖြင့် ဦးတည်ချက်လေးခုသို့ ရွေ့လျားနေကြသည်…


ယင်းသို့ရှာဖွေခြင်းက အခန်းတစ်ခုကိုမျှ လွတ်သွားမည်မဟုတ်တော့ပေ။

 

ခဏအကြာတွင် ယွဲ့ရှင်းဝမ်က ရုတ်တရက် ပြောလာသည်။

"ဓာတ်လှေကားပါတဲ့ အခန်းကို ငါမြင်ခဲ့တယ်… အဲဒါက အပေါ်ကိုပဲ တက်လို့ရတယ်…"


ကျန်းဖျင်စစ်: "ရှင်းဝမ်၊ မင်းတွေ့ခဲ့တာက ထွက်ပေါက်ပဲ…"


ယွဲ့ရှင်းဝမ်: "…"


သူတို့ ထွက်ပေါက်ကို ရှာနိုင်ပြီဖြစ်တာကြောင့် အနည်းဆုံး ဒီအတန်းကိုတော့ အောင်နိုင်လေပြီ။ သူသည် ညာဘက်အပေါ်ထောင့်ရှိ သတ်မှတ်ချိန်ကို စိုက်ကြည့်လိုက်သည်။ သူတို့သည် စာမေးပွဲဖြေဆိုချိန် 4 နာရီတွင် 1 နာရီနဲ့ 20 မိနစ်သာ ကုန်ဆုံးခဲ့သည်။


ကျန်းဖျင်စစ်: "စီနီယာအစ်ကို၊ အရှေ့သုံးခန်းမြောက်ကိုသွား၊ ဘယ်ဘက်ကိုလှည့်ပြီး အရှေ့နှစ်ခန်းမြောက်ကိုသွား၊ ဓာတ်လှေကားစီးပြီး အပေါ်နှစ်ထပ်ကိုတက်လိုက်၊ အရှေ့ငါးခန်းမြောက်ကိုသွားပြီး ညာဘက်ကိုလှည့်လိုက်…"


"ရှောင်ခယ်၊ ညာဘက်က သုံးခန်းမြောက်ကိုသွား၊ အရှေ့လေးခန်းမြောက်ကိုသွားပြီး ဓာတ်လှေကားနဲ့ အပေါ်နှစ်ထပ်ကိုတက်လိုက်၊ အရှေ့လေးခန်းမြောက်ကိုသွားပြီး ဘယ်ဘက်လှည့်လိုက်…"


ဒါကိုပြောရတာ သူ့လျှာလိပ်လုနီးပါးဖြစ်သွားပြီး ကျန်းဖျင်စစ်သည် သူ့လက်ထဲတွင် သုံးဖက်မြင် ဝင်္ကပါမြေပုံတစ်ခုရှိနေပြီဖြစ်သောကြောင့် သူ့အဖွဲ့ဝင်များ၏ လှုပ်ရှားမှုလမ်းကြောင်းများကို တိကျစွာ ညွှန်ပြနိုင်စေခဲ့သည်။


ခဏအကြာတွင် ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ရှိသည့်အခန်းသို့ ပြန်ရောက်လာခဲ့သည်။


သိပ်မကြာလိုက်ဘဲ လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့လည်း ဤအခန်းသို့ အတိအကျရောက်လာကြသည်။


သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း စိတ်ထဲမှာ တုန်လှုပ်သွားပြီး ခဏလောက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။


ယွဲ့ရှင်းဝမ်က မေးလေသည်။

"စုစုပေါင်း အမြွှာသုဒ္ဓကိန်း ဘယ်နှစ်စုံ စုဆောင်းခဲ့ကြလဲ?"


ကျန်းဖျင်စစ်က သူ၏အဖွဲ့ဝင်များလက်ထဲက ကတ်များကို ရေတွက်ရန် မလိုအပ်ဘဲ နံပါတ်အရေအတွက်ကို ပြောပြခဲ့သည်။

"စုစုပေါင်း 144 တွဲရှိတယ်… သွားကြစို့…"


သူက ခလုတ်ကို နှိပ်လိုက်ပြီး သုံးယောက်သား ဓာတ်လှေကားထဲသို့ လိုက်သွားသည်။ ဓာတ်လှေကားက တက်သွားရုံသာရှိသည်။ မကြာခင် ‘ဒင်း’ အသံတစ်ခု ထွက်ပေါ်လာပြီး ဓာတ်လှေကားရပ်သွားချိန်တွင် သူတို့၏နားထဲတွင် စက်ရုပ်အသံတစ်ခုက တစ်ချိန်တည်း ထွက်ပေါ်လာသည်။

" ‘သုဒ္ဓကိန်းများဝင်္ကပါ’ထဲက အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့တဲ့ C-183 သုတေသနအဖွဲ့ကို ဂုဏ်ပြုပါတယ်… အမြွှာသုဒ္ဓကိန်း 288 ခုကို စုဆောင်းဖို့ 1 နာရီနဲ့ 30 မိနစ် ကြာခဲ့ပါတယ်… စာမေးပွဲပြီးပါပြီ၊ အမှတ်တွေကို တွက်ချက်နေပါတယ်…"


သုတေသနအဖွဲ့: C-183


သင်္ချာဌာန၏ သင်တန်း: သုဒ္ဓကိန်းများဝင်္ကပါ


Credit: 3 မှတ်


ရှင်းလင်းရေးရမှတ်: 100 မှတ် (အမှတ်ပြည့်ရှင်းလင်းနိုင်မှု)


အပိုမေးခွန်း: 30 မှတ် (အမြွှာသုဒ္ဓကိန်းများအားလုံးကို စုဆောင်းခဲ့သည်)


စုစုပေါင်းရမှတ်: 130 မှတ်


နောက်ဆုံးအမှတ်: 3x130 = 390 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါတယ်။ လူတစ်ဦးစီက နောက်ဆုံးအမှတ် 585 မှတ် ရရှိပါတယ်။ 


သင်တန်းကျရှုံးမှုနှုန်း: 65%


သင်တန်း၏အဆင့်များကိုကြည့်ရန် [link] ကိုနှိပ်ပါ။


Link ကို နှိပ်လိုက်ပြီး သူတို့၏ C-183 သုတေသနအဖွဲ့က အထင်ကြီးလောက်စရာ ပထမအဆင့်နေရာတွင်ရှိနေသည်။ 


ရှင်းလင်းရေးရမှတ် 100 တွင် 100 ရရှိခဲ့တာကြောင့် မည်သူမျှ သူတို့ကို မကျော်လွန်နိုင်ပေ။


မနေ့ညက ယွဲ့ရှင်းဝမ် ကျန်းဖျင်စစ်နဲ့ စနောက်ပြောခဲ့တာကို သတိရမိသည်။

"စိတ်မပူပါနဲ့… ဖျင်စစ်သာရှိရင် မင်းတို့ ဘာမှလုပ်စရာမလိုဘဲ အမှတ်ပြည့်ရစေရမယ်…"


စနောက်ပြောခဲ့တာက တကယ်ဖြစ်လာမယ်လို့ မထင်ထားဘူး…


ကျန်းဖျင်စစ်သည် သူ့အဖွဲ့ဝင်သုံးဦးကို သူ့ဘာသာသူ အမှတ်ပြည့်ရှင်းလင်းမှုတစ်ခု၏ အံ့ဩဖွယ်ရမှတ်များဆီသသို့ ခေါ်ဆောင်သွားခဲ့သည်။


#TK