Chapter 53
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 53 (သေခြင်းကုဒ် ၁၃)


ခယ်ရှောင်ပင်း၏ မေးခွန်းက ကျောင်းသားများကို စိတ်မသက်မသာဖြစ်စေခဲ့သည်။ ထို့အပြင် သူတို့သည် မနေ့က မီးဖိုချောင်ထဲမှာ ချက်ပြုတ်စားသောက်ခဲ့ကြသည်။ မီးဖိုချောင်ထဲမှာ အလောင်းတွေ ပြည့်နေတယ်ဆိုရင် သူတို့အန်ချင်ရင်တောင် အန်လို့မရတော့ဘူး။


ကျန်းဖျင်စစ်: "လူ့ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေကို အပူချိန်မြင့်တဲ့ မီးဖိုထဲမှာ ပြာအဖြစ် ပြောင်းသွားနိုင်တယ်… သာမန်မီးက လူ့ခန္ဓာကိုယ်ကို လောင်ရုံပဲ လောင်နိုင်တာ… ဆိုလိုချင်တာက မီးဖိုချောင်ထဲမှာ ပြာတွေ အများကြီးရှိတယ်၊ မီးသဂြိုဟ်ထားတဲ့ ပြာတွေလို့ပဲ ပြောလို့မရသလို အခြားအရာတွေကို မီးရှို့ရာကနေ ပြာဖြစ်သွားနိုင်တယ်…"


ယွဲ့ရှင်းဝမ်က ရိုးရှင်းစွာ လှည့်၍ မီးဖိုချောင်ထဲသို့ လျှောက်သွားသည်။

"သွားကြည့်ကြတာပေါ့…"


သဲလွန်စများကို ပြန်လည်စစ်ဆေးရန် အားလုံးက မီးဖိုချောင်သို့ ရောက်လာကြသည်။ မီးဖိုချောင်သုံး ဓားထက်ထက်ပေါ်တွင် သွေးတွေခြောက်သွေ့နေသေးသည်။ လူသတ်သမားက တစ်စုံတစ်ယောက်ကို ဓားနဲ့ထိုးသတ်ရင်း ကျန်ခဲ့သောသွေးများဖြစ်မည်ဟု မနေ့က လျှိုကျောက်ချင်း စိုးရိမ်ခဲ့ပြီး ဟင်းချက်သောအခါ မီးဖိုချောင်သုံးဓားကို မသုံးရဲဘဲ ဟင်းသီးဟင်းရွက်တွေကို သူ၏ခွဲစိတ်ဓားနဲ့သာ လှီးဖြတ်ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် မီးဖိုချောင်သုံးဓားကို ကောက်ကိုင်လိုက်ပြီး ခဏလောက် ဂရုတစိုက်စစ်ဆေးကြည့်ကာ ပြောခဲ့သည်။

"ဒါက လူသွေးဖြစ်နိုင်ခြေများတယ်… အနီးနားမှာ ကြက်၊ ဘဲ၊ နွား၊ သိုး မွေးမြူထားတာမရှိဘူး… ပြီးတော့ ရေကန်ထဲမှာလည်း ငါးမရှိဘူး… ဒီဓားက နောက်ဆုံးကစားသမားတွေရဲ့အဖွဲ့ကို သတ်ဖို့ လူသတ်သမား အသုံးပြုခဲ့တဲ့ လူသတ်ကိရိယာဖြစ်တယ်…"


ချင်လုက သွေးပေနေသော မီးဖိုချောင်သုံးဓားကို စိုက်ကြည့်ပြီး အသံတိုးတိုးဖြင့် မေးသည်။

"ဒါပေမယ့် အရွယ်ရောက်သူ လူအများကြီးကို သူ့ဘာသာသူ ဘယ်လိုနိုင်မှာလဲ? ကစားသမား 8 ယောက်ထဲမှာ ယောင်္ကျားလေးတွေလည်းပါပြီး အားလုံးက ခြေလက်အင်္ဂါတွေလည်း စုံနေတာကို သူတို့က ဘယ်လိုလုပ် မခုခံနိုင်ရတာလဲ?"


ကောင်းရှောင်ရှင်းလည်း ပြောလာသည်။

"အဲဒီလူ 8 ယောက်ကို လိုက်ဖမ်းပြီး သတ်ဖြတ်ရင်း သွေးတွေက တည်းခိုခန်းကနေ မီးဖိုချောင်အထိ တောက်လျှောက်ထွက်နေမှာမဟုတ်ဘူးလား? ဒါပေမယ့် တည်းခိုခန်းထဲမှာ သွေးတွေမတွေ့ဘူး…"


ကျန်းဖျင်စစ်က သူမကို ကြားဖြတ်ပြောလိုက်သည်။

"အိပ်ဆေးတွေရှိတာ မေ့သွားပြီလား?"


မနေ့က မြေအောက်ခန်းထဲမှာ အိပ်ဆေးတွေ အများကြီး‌ သူတို့တွေ့ခဲ့သည်။ လူသတ်သမားက ကစားသမားများ၏ အစားအသောက်များထဲသို့ အိပ်ဆေးထည့်ကာ ကစားသမားများ အိပ်ပျော်နေစဉ် ပြစ်မှုကျူးလွန်နိုင်သည်ဟု ယွဲ့ရှင်းဝမ် သံသယရှိခဲ့သည်။ 


ယွဲ့ရှင်းဝမ်: "ဘယ်သူမှမရှိတဲ့အချိန် ထမင်းစားပွဲအောက်က သူ့နေရာဆီ ခိုးဝင်ပြီး သူတို့ရဲ့သောက်ရေခွက် ဒါမှမဟုတ် အစားအသောက်ထဲကို အိပ်ဆေးတွေ အများကြီးထည့်လိမ့်မယ်… ကစားသမားတွေ အိပ်ဆေးကြောင့် အိပ်ပျော်သွားတဲ့အခါ သူက လူတွေကို တည်းခိုခန်းထဲကနေ အပြင်ကို ဆွဲထုတ်ပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်တယ်… အဲဒီလူတွေက အိပ်ရင်းနဲ့ သေဆုံးသွားတာကြောင့် ခုခံဖို့ အချိန်မရှိဘူး…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။

"ဒါကြောင့် သူ့ဘာသာသူ လူ 8 ယောက်ကို တိုက်ရိုက်တိုက်ခိုက်တာမဟုတ်ဘဲ အိပ်မောကျနေတဲ့လူတွေကို အပြင်ထုတ်ပြီး သတ်ပစ်လိုက်တာ… အိပ်ပျော်နေတဲ့လူတွေက အော်တောင်မအော်နိုင်တာကြောင့် သူ့အနေနဲ့ လူ 8 ယောက်ကို တစ်ခါတည်း သတ်ပစ်ဖို့က အလွယ်လေးပဲ…"


ဒါကိုကြားတော့ မိန်းကလေးများက သူတို့တစ်ကိုယ်လုံး ရေခဲတိုက်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ သူတို့က ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကစားဖို့အတွက်သာ အပြင်ထွက်လာခဲ့ခြင်းဖြစ်ပြီး ရလဒ်အနေဖြင့် သူတို့၏အစားအသောက်များထဲ ဆေးခတ်ခဲ့လိုက်ရသည်။ သူတို့တွေ နောက်ထပ်နိုးထလာမှာမဟုတ်ဘူးလို့ ဘယ်သူက ထင်ထားမည်နည်း။


ယွဲ့ရှင်းဝမ်သည် ဂေါ်ပြားကို ကောက်ယူပြီး မီးဖိုအောက်ရှိ ပြာများအားလုံးကို ဆွဲထုတ်လိုက်သည်။ ရုတ်တရက် သူ၏စူးရှသော မျက်လုံးများက ပြာပုံထဲတွင် စာရွက်အပိုင်းအစများ ရှိနေတာကို သတိပြုမိလိုက်သည်။ ကျန်းဖျင်စစ်လည်း ဒါကို ရှာဖွေတွေ့ရှိပြီး နံဘေးက သစ်ကိုင်းတစ်ခုကို ယူပာ ပြာထဲမှ ၎င်းကို ဆွဲထုတ်လိုက်သည်။

"စာရွက်အပိုင်းအစက လုံးဝမီးမလောင်းသေးဘူး…"


သူက စာရွက်အပိုင်းအစ၏ အကြွင်းအကျန်များကို ရွေးချယ်ပြီး ဘေးသို့ ဖယ်ထားလိုက်သည်။


စာရွက်အများစုက ‌မီးလောင်သွားသည့်အတွက် စာရွက်ပေါ်ရှိ လက်ရေးက ဝိုးတိုးဝါးတားဖြစ်နေသည်။ ယွဲ့ရှင်းဝမ်က အဲဒါကို ကောက်ယူပြီး ခဏလောက် သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ပြောလာသည်။

"ဒီစာရွက်ကို ထူးခြားတဲ့ပစ္စည်းနဲ့ ပြုလုပ်ထားတာ… ကတ်ကစားရာမှာ အသုံးပြုတဲ့ စက္ကူအမာနဲ့ ခပ်ဆင်ဆင်တူတယ်…"

သူက စာရွက်အပိုင်းအစကို ကျန်းဖျင်စစ်အာူ ပေးလိုက်သည်။

"မင်းရော ဘယ်လိုထင်လဲ?"


ကျန်းဖျင်စစ်က ၎င်းကို အနီးကပ်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

"‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’အတွက် ID ကတ်များလား?"


ဤစာရွက်ပေါ်တွင် ‘ချွမ်းလန်’ဟူသော စာလုံးကို သူမြင်ပြီးနောက် သခင်မလေးစူး၏ အစေခံတစ်ယောက်နာမည်ကလည်း ချွမ်းလန်ဆိုတာကို သတိရမိသည်။ 


ယွဲ့ရှင်းဝမ်က ကျန်ရှိသော စာရွက်အပိုင်းအစများကို အနီးကပ်ကြည့်ကာ

"ဒါတွေက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’အတွက် အသုံးအဆောင်ပစ္စည်းတွေပဲ… အဲဒါတွေအပေါ်မှာ ရေးထားတာတွေက ဇာတ်ညွှန်း ID ကတ်တွေဖြစ်ပြီး တချို့က ဇာတ်ညွှန်းမိတ်ဆက်နဲ့ ဇာတ်ကွက်သဲလွန်စကတ်တွေ ဖြစ်နိုင်တယ်…"


ချင်မြောင်: "ငါ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို ကစားဖူးတယ်… ကစားသမားက ID ကတ်ကို လက်ခံရရှိပြီးနောက် ID အချက်အလက်နဲ့ ဇာတ်ကြောင်းကို ဖတ်ပြီး သူတို့ကိုယ်ပိုင် အခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်ရမှာ… လူတိုင်းက သူတို့ရဲ့ ဇာတ်ကောင်အချက်အလက်ကိုသာ သိကြပြီး သူတို့က လူသတ်သမားဟုတ်၊မဟုတ်ကလွဲလို့ အခြားသူတွေရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ အတွေ့အကြုံတွေကို မသိဘူး…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဒါက ဒီဂိမ်းအတွက် လူသတ်သမားရတဲ့ ID ကတ်က အရမ်းအရေးကြီးတယ်…"


ဇာတ်ညွှန်းပစ္စည်းအများစုကို မီးရှို့ထားပြီးဖြစ်တာကြောင့် ပြာများထဲမှ လူသတ်သမားက ဘယ် ID ကတ်ကို ရရှိခဲ့သလဲဆိုတာ ဆုံးဖြတ်ရန် ခက်ခဲပြီး အစိတ်အစိတ်မြွှာမြွှာဖြစ်နေသာ ဇာတ်ညွှန်းဖော်ပြချက်တွင် ‘မင်္ဂလာဦးည… ထူးဆန်းသောသေခြင်း…'ဟူသော စကားလုံးများကို ခပ်ဝါးဝါးလေးမြင်ရသည်။


ကြံစည်တွေးတောနေခြင်းက အလွန်အထောက်အကူမဖြစ်သော်လည်း အနည်းဆုံးတော့ သယတို့၏ တွေးခေါ်ပုံမှန်ကန်ကြောင်း သက်သေပြနိုင်ပါသည်။


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ ပြောလာသည်။

"ရှင်းဝမ်က ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’အတိုင်း သတ်ပစ်တာလို့ ခန့်မှန်းခဲ့တယ်… တကယ်လို့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အားနည်းတဲ့ အဖွဲ့တစ်ဖွဲ့က ဒီသင်တန်းကိုတက်ခဲ့မယ်ဆိုရင် မီးဖိုချောင်ထဲက ပြာတွေကနေ ID ကတ်ကို ရှာတွေ့တာနဲ့ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ဆိုတာကို ‌တွေးနိုင်တယ်မလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"အင်း… ဒါက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ဆိုတာကို အတည်ပြုဖို့ အဓိကသဲလွန်စပဲ…"


လူသတ်သမားက ဂိမ်းအသုံးအဆောင်ပစ္စည်းများကို မီးရှို့ပြီးနောက် မီးဖိုချောင်ထဲတွင် ပြာများ ကျန်ရစ်ခဲ့သည်။ ဒါဆို သူသတ်ခဲ့သော ကစားသမားများ၏ အလောင်းတွေက ဘယ်မှာလဲ? ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောလာသည်။

"ရေကန်ကို သွားကြည့်ရအောင်…"


ခယ်ရှောင်ပင်း: "…"


ရေကန်ထဲမှာ လူသေများဖြင့် ပြည့်နေပါက သကြားကြာစွယ်အပေါ် သူ စိတ်ဒဏ်ရာရသွားလိမ့်မည်။ 


လျှိုကျောက်ချင်းက ဝါးလုံးတိုင်ကိုယူကာ ရေကန်အတွင်း ပတ်ပတ်လည်ကို လှည့်ပတ်ရှာဖွေနေပြီး ခယ်ရှောင်ပင်းက သူ့နောက်တွင် တောင့်တင်းစွာ ရပ်နေသည်။ သို့သော် စီနီယာအစ်ကိုဖြစ်သူက အချိန်အတော်ကြာ ရှာဖွေခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ပေ။ ခယ်ရှောင်ပင်းက တောင့်ခဲပြီး မေးလာသည်။

"ရေကန်ထဲမှာ မရှိတာလား?"


ယွဲ့ရှင်းဝမ်က ပြောလိုက်၏။

"အဲဒါကို မီးရှို့တာလည်း မဟုတ်သလို၊ ရေကန်ထဲ ပစ်ချတာလည်း မဟုတ်ဘူး… မြှုပ်ထားတာ ဖြစ်နိုင်တယ်… တောအုပ်တစ်ဝိုက်ကို သေချာရှာကြည့်ရအောင်…"


လူ 8 ဦးသည် ချက်ချင်းဆိုသလိုပင် လှုပ်ရှားကာ တောအုပ်တစ်ခုလုံးကို ရှာဖွေခဲ့ကြသည်။


တစ်နေကုန် တစ်လက်မ မကျန် ရှာကြည့်ပြီးနောက် ညနေစောင်းတွင် တောအုပ်၏ ထောင့်နားမှာ တွင်းကြီးတစ်ခုကို တွေ့ခဲ့သည်။


တွင်းသည် နှစ်မိတာကျော်နက်ပြီး အပေါ်ယံက ပေါင်းပင်များနှင့် သစ်ရွက်များဖြင့် ဖုံးလွှမ်းထားပြီး ပတ်ဝန်းကျင်နဲ့ မတူညီတာမျိုး မရှိပေ။ ယွဲ့ရှင်းဝမ်သည် ၎င်းအပေါ် နင်းမိ၍ ပြုတ်ကျလုနီးပါးဖြစ်ခဲ့ပြီး ကျန်းဖျင်စစ်က အလျင်အမြန် ရောက်လာပြီး သူ့ကို ဖမ်းဆွဲလိုက်သည်။ ယွဲ့ရှင်းဝမ်က ထိတ်လန့်စွာ ရပ်လိုက်ပြီး နောက်လှည့်ကြည့်ကာ တွင်းထဲမှာ အဖြူရောင် အရိုးစုများအဖြစ် ပြောင်းလဲသွားပြီဖြစ်သော အလောင်းတချို့ကို တွေ့လိုက်ရသည်။


ယွဲ့ရှင်းဝမ်က ချင်လုကို ကြည့်ကာ

"သူတို့ကို အပေါ်တင်လိုက်…"


ချင်လုက ကမ္ဘာလုံးကို ထုတ်လိုက်ပြီး ကျောက်ထုလွှာလှုပ်ရှားမှုက တွင်းထဲရှိ အရိုးစုများကို မြေပြင်‌သို့ ချက်ချင်း ရွေ့လျားသွားစေသည်။ ကျန်းဖျင်စစ်က လျှောက်လာပြီး သူတို့ကိုရေတွက်ရင်း မျက်မှောင်ကြုတ်သွားသည်။

"အလောင်းက 7 လောင်းပဲ ရှိတယ်…"


ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"စီနီယာအစ်ကိုလျှို ယောင်္ကျား၊ မိန်းမ ခွဲခြားတတ်လား?"


လျှိုကျောက်ချင်းက ‌ပြုံးကာပြောသည်။

"ငါက မူးခင်းဆရာဝန်မဟုတ်ပေမယ့် ယောင်္ကျား၊ မိန်းမတော့ ကောင်းကောင်းခွဲခြားတတ်ပါတယ်… တင်ပါးဆုံရိုးကို ကြည့်လိုက်ရုံပါပဲ…"

သူက ခြေထောက်နားရှိ အလောင်းတစ်လောင်းကို ညွှန်ပြလိုက်သည်။

"ယောင်္ကျားတွေမှာ ကန်တော့လို ကျဉ်းမြောင်းတဲ့ အောက်တင်ပါးဆုံရိုးရှိပြီး ဆီးခုံရိုးတွေကြားက ထောင့်က ချွန်ထက်ပြီး များသောအားဖြင့် 90 ဒီဂရီအောက်ပဲရှိတယ်… မိန်းမတွေက ကလေးမွေးနိုင်တာကြောင့် တင်ပါးဆုံရိုးက ကျယ်ပြီး အောကိထောင့်က 120 ဒီဂရီခန့်ရှိတယ်…"


သူက အခင်းဖြစ်ပွားရာနေရာရှိ အလောင်းများကို အမြန်ရေတွက်ပြီး ပြောလာသည်။

"အလောင်း 7 လောင်း၊ အမျိုးသား 2 ဦး၊ အမျိုးသမီး 5 ဦး…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျန်းဖျင်စစ်က ပြောခဲ့သည်။

"ကစားသမား 10 ယောက်မှာ ယောင်္ကျားလေး 3 ယောက်၊ မိန်းကလေး 7 ယောက်ရှိတယ်… သတို့သမီးနေရာ သရုပ်ဆောင်တဲ့ မိန်းကလေးက သေသွားပြီဆိုတော့ ယောင်္ကျားလေး 2 ယောက်နဲ့ မိန်းကလေး 6 ယောက် သေရမှာမလား?"


ယွဲ့ရှင်းဝမ်: "ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်က ပျောက်ဆုံးနေသေးတယ်… ငါတို့ အရင်က ခွဲခြမ်းစိတ်ဖြာမှုအရ သဲလွန်စတွေ ချန်ထားခဲ့တဲ့သူက မိန်းကလေးဖြစ်ရမယ်၊ ပြီးတော့ ရှေးခေတ်ဝတ္ထုစာအုပ်က သူမပိုင်တာပဲ… ဒါဆို ကျန်တဲ့ယောင်္ကျားလေးတစ်ယောက်က လူသတ်သမားပဲ…"


ခယ်ရှောင်ပင်းက သေသေချာချာ ရှင်းလင်းလိုက်သည်။

"ကစားသမား 10 ယောက်မှာ တစ်ယောက်က လူသတ်သမားဖြစ်ပြီး 9 ယောက်ကျန်တယ်… မနက်က ရေကန်ထဲပြုတ်ကျခဲ့တဲ့ သတို့သမီးအလောင်းကို တွေ့ရှိခဲ့ပြီး တွင်းထဲမှာ အလောင်း 7 လောင်းကို တွေ့ရှိခဲ့တယ်… မိန်းကလေးတစ်ယောက်က ပျောက်နေသေးတယ်… အဲဒီမိန်းကလေးက သဲလွန်စချန်ပြီး လွတ်မြောက်သွားတာလား?"


လူသတ်သမားသည် လူများကို သတ်ဖြတ်ပြီး အလောင်းများကို တွင်းထဲတွင် မြှုပ်နှံရန်သာ အာရုံစိုက်ခဲ့တာကြောင့် ဘယ်သူ့ကိုမှ တမင်တကာ ချန်ထားမှာမဟုတ်ပေ။ 


ကျိုးကြောင်းဆီလျော်ဆုံး ရှင်းပြချက်မှာ ကစားသမားများထဲက တစ်ယောက်က လွတ်မြောက်သွားခြင်း ဖြစ်သည်။ မိန်းကလေးက တစ်ခုခုမှားနေပြီဆိုတာ သတိထားမိပြီး သဲလွန်စတွေကိုချန်ဖို့ အရုပ်ကို အသုံးပြုခဲ့သည်။ ပြီးနောက် ယခု ပြဿနာကို သူမတွေ့ရှိလာတာကြောင့် ဤနေရာရှိ အ‌စားအသောက်များကို သူမပေါ့ပေါ့ဆဆ မစားရဲတော့ပေ။ 


လူသတ်သမားသည် အစားအသောက်တွေထဲတွင် အိပ်ဆေးထည့်လိုက်သောအခါ မိန်းကလေးက မစားဘဲ သတိရှိနေတာကြောင့် လွဲချော်သွားသည်ဟု ယူဆရမည်။ လူသတ်သမားက ညဘက်မှာ စတင်ပြီး သတ်ဖြတ်သောအခါ သူမက လွတ်မြောက်ဖို့ အခွင့်အရေးယူခဲ့တာလား? သူမထွက်ပြေးသောအခါမှာ ခရီးဆောင်အိတ်နဲ့ ထွက်ပြေးရန် မဖြစ်နိုင်သည့်အတွက် သူမ၏အိတ်က ဒီမှာကျန်ထားခဲ့ပြီး ခန္ဓာကိုယ်ကတော့ မရှိပေ။ 


ဒီဖြစ်နိုင်ခြေကို တွေးကြည့်ရင်း ယွဲ့ရှင်းဝမ် တော်တော်လေး စိတ်သက်သာရာရသွားသည်။

"တစ်ယောက်က လွတ်မြောက်သွားတာကြောင့် လူသတ်သမားက ဆက်ပြီး ပြစ်မှုကျူးလွန်ရန် လက်လျော့ပြီးတော့ ဂိမ်းအသုံးအဆောင်ပစ္စည်းတွေကို မီးရှို့ပစ်လိုက်တာ ဖြစ်နိုင်တယ်… တကယ်လို့ ကစားသမားအားလုံးက အသတ်ခံရရင် သူက နောက်ထပ်သတို့သမီးတစ်ယောက်ကို သတ်ပြီး ယစ်ပူဇော်ဖို့ 7 ယောက်စလုံး ပြီးမြောက်သွားအောင် ပြစ်မှုကိုဆက်ပြီး ကျူးလွန်လိမ့်မယ်… ဒါပေမယ့် သူက အဲဒါကို မပြီး‌လိုက်ဘဲ အသုံးအဆောင်ပစ္စည်းတွေကိုး မီးရှို့ပြီး ထွက်သွားခဲ့တယ်… ထွက်ပြေးသွားတဲ့ မိန်းကလေးက ရဲဆီတိုင်လိုက်မှာကို သူကြောက်လို့များလား?"


ကျန်းဖျင်စစ်: "လက်ရှိသဲလွန်စတွေကို အကျဉ်းချုပ်ပြီး ငါတို့က လွတ်သွားတာရှိ၊မရှိ ကြည့်ရအောင်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ပြောသည်။

"လူသတ်သမားက စူးဝမ်ရှင်းတို့က ချစ်သူတွေ ဖြစ်ခဲ့ဖူးတယ်… စူးဝမ်ရှင်းက သူမမိဘတွေရဲ့ ဖိအားပေးမှုကြောင့် ကျောက်မိသားစုနဲ့ လက်ထပ်ခဲ့တယ်… လူသတ်သမားက စူးဝမ်ရှင်းကို ချစ်ပေမယ့် သူက သူမကို မရနိုင်တာကြောင့် စူးဝမ်ရှင်းကို သတ်ပစ်ပြီး သူမကို မြှုပ်နှံဖို့ ဖုန်းရွှေနေရာကို ရွေးချယ်ခဲ့တယ်… အုတ်ဂူပေါ်မှာ ‘သူ၏ချစ်လှစွာသောဇနီး စူးဝမ်ရှင်း’လို့ ရေးထွင်းထားပြီး လူသတ်ဖို့အတွက် တည်းခိုခန်းတစ်ခုကို ဆောက်လုပ်ခဲ့တယ်… စူးဝမ်ရှင်းရဲ့အတွေ့အကြုံကို အခြေခံပြီး သူက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ရဲ့ ရှေးခေတ်ပုံစံကို ရောစပ်ပြီး ရေးသားခဲ့တယ်… ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ရဲ့ ဝါသနာအိုးအဖွဲ့ထဲမှာ သူရောနှောပြီး သူ့အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ ကစားသမား အစုလိုက်အပြုံလိုက်ကို ဒီနေရာကိုလာဖို့ လှည့်စားခဲ့တယ်…"


ကျန်းဖျင်စစ်က ဆက်ပြောသည်။

"သူက သူမရဲ့မင်္ဂလာဦးည၊ သူမရဲ့မင်္ဂလာအခန်းထဲမှာ သတို့သမီးကို ရက်စက်ကြမ်းကြုတ်တဲ့နည်းတွေနဲ့ သတ်ပစ်ဖို့ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကိုအသုံးချခဲ့ပြီး အခြားသူတွေ သံသယမဖြစ်အောင် အလောင်းကို ဝှက်ထားခဲ့တယ်… နောက်ရက်အနည်းကြာတော့ အဲဒီသတို့သမီးက အသက်ရှင်နေသေးတယ်လို့ ဟန်ဆောင်ပြီး သူက သတို့သမီးရဲ့ဖုန်းနဲ့ ကစားသမားတွေနဲ့ မိသားစုဝင်တွေဆီ စာပို့လိုက်ပြီးတော့ သတို့သမီးကို အခြားမြို့တစ်ခုမှာ ပျောက်သွားသလို စီစဉ်လိုက်တယ်…"


ယွဲ့ရှင်းဝမ်: "သူ့ရဲ့ပြန့်ပြူးတဲ့အစီအစဉ်က ‌6 ကြိမ်ဆက်တိုက် အောင်မြင်ခဲ့ပေမယ့် 7 ‌ကြိမ်မြောက်မှာတော့ သတိရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်… အဲဒီမိန်းကလေးက တစ်ခုခုမှားနေတာကို သတိပြုမိပြီး ဂဏန်းသုံးတွဲလျှို့ဝှက်ကုဒ်ကို တစ်စုံတစ်ယောက် မြင်နိုင်ဖို့ မျှော်လင့်ရင်း ချန်ထားခဲ့ဖို့ သူမယူလာတဲ့ အချစ်ဝတ္ထုစာအုပ်ကို အသုံးပြုခဲ့တယ်… လူသတ်သမားက အရုပ်ရဲ့ပုံစံတွေက ခြေရာလက်ရာပျက်နေတာကို တွေ့ရှိခဲ့ပြီး သူ့ရဲ့လှုပ်ရှားမှုတွေက ဖော်ထုတ်ခံလိုက်ရပြီလို့ သံသယရှိပြီးတော့ သူတို့အားလုံးကို တိတ်တဆိတ် သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်… သူက အစားအသောက်ထဲ အိပ်ဆေးတွေ ထည့်ခဲ့ပေမယ့် မိန်းကလေးက သတိရှိနေတာကြောင့် မစားခဲ့ဘဲ သူ ညဘက်မှာ သတ်ဖြတ်နေတဲ့အချိန် အခွင့်အရေးယူပြီး ထွက်ပြေးခဲ့တယ်… နောက်တော့ လူ 7 ယောက်ပဲကျန်ပြီး တစ်ယောက်က ထွက်ပြေးသွားပြီဆိုတာ သူသိလိုက်ရတယ်… ဒါနဲ့ သူက ဇာတ်ညွှန်းအသုံးအဆောင်ပစ္စည်းတွေကို ဖျက်စီးပြီး အလောင်းတွေကို မြှုပ်နှံပြီးတော့ ထွက်သွားခဲ့တယ်…"


အခြားကျောင်းသားတွေက ဂရုတစိုက် နားထောင်နေတာကို မြင်တော့ ယွဲ့ရှင်းဝမ်က ခဏရပ်ကာ ပြောလိုက်သည်။

"ဒါက တည်းခိုခန်းလူသတ်မှုကိစ္စရဲ့ ပြီးပြည့်စုံတဲ့ဇာတ်လမ်းပဲ…"


ခယ်ရှောင်ပင်း: "အဲဒီမိန်းကလေးက ထွက်ပြေးပြီး ရဲကိုခေါ်သင့်တယ် မဟုတ်ဘူးလား?"


ယွဲ့ရှင်းဝမ်: "သူမက ရဲကို သေချာပေါက် ဖုန်းဆက်လိမ့်မယ်… ဒါပေမယ့် စာကြည့်တိုက်က ဒီဇာတ်ကွက်ရဲ့ အစိတ်အပိုင်းကို ဖယ်ရှားပြီး အခင်းဖြစ်ပွားရာနေရာကို ပြန်လည်ထိန်းသိမ်းထားခဲ့ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ငါတို့ဆီ အပ်ထားခဲ့တယ်… ဂိမ်းအတွက် မီးလောင်သွားတဲ့ဇာတ်ညွှန်းရဲ့ အကြောင်းအရာကို အိမ်မက်ပုံစံအဖြစ် ပြသထားတယ်…"


ထိုညတွင် အားလုံးက မနေ့က သတ်မှတ်ထားသော အခန်းမှာ အိပ်ကြသည်။ 


ယွဲ့ရှင်းဝမ်က နောက်ထပ်အိမ်မက်တစ်ခု မက်ခဲ့သည်။


အိမ်မက်ထဲမှာ အရွယ်ရောက်ပြီးသော ရှောင်ရုန်းသည် အရုပ်တစ်စုံကို ချုပ်ပြီး အရုပ်ပေါ်တွင် အပ်စိုက်ကာ အဝတ်စပေါ်တွင် စာရေးထားသည်—— နောက်ဆုံးမှာတော့ အဖြူရောင်အဝတ်စပေါ်က စာလုံးများကို သူဖတ်နိုင်လိုက်ပြီး ၎င်းက သခင်မလေးစူး၏ မွေးနေ့ဖြစ်သည်။


သူမက အရုပ်ကို မင်္ဂလာအခန်းထဲ၌ ထားလိုက်သည်။ ကြေးမှန်ထဲတွင် ပေါ်နေသော မျက်နှာသည် ဖျော့တော့ပြီး ပုံပျက်ပန်းပျက်ဖြစ်နေကာ အနီရောင်ဖယောင်းတိုင်အောက်တွင် အပန်းရောင်ဝတ်စုံက ပို၍ပို၍ ကြောက်စရာကောင်းလာသည်။ အပြင်ဘက်ကနေ ‘သတို့သမီးကို မင်္ဂလာအခန်းထဲ ပို့လိုက်’ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး သူမက ပြတင်းပေါက်ကို တွန်းဖွင့်ကာ ပြတင်းပေါက်မှ ပြေးထွက်ရန် ကြိုးစားသော်လည်း ခဏမျှ တုံ့ဆိုင်းသွားကာ ပြတင်းပေါက်မှ ခုန်မချဘဲ ကုတင်အောက်တွင် ပုန်းနေလိုက်သည်။


‘ကျွီ’ဆိုသော အသံနှင့်အတူ တံခါးကို တွန်းဖွင့်လိုက်ပြီး သတို့သမီးကို သူမ၏အစေခံနှစ်ယောက်က တွဲကူပေးကာ ဝင်လာခဲ့သည်။


အောက်သွယ်တော်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် အစေခံနှစ်ယောက်ထဲမှ တစ်ယောက်က ဆိုးဆိုးရွားရွား ပြောလေသည်။

"သခင်မလေး၊ သခင်လေးကျောက်က နာမကျန်းဖြစ်နေပြီး ‌သူသေတော့မယ်လို့ ကျွန်မကြားခဲ့တယ်… သခင်မလေးရဲ့အဖေက သခင်မလေးကို သခင်လေးကျောက် နေကောင်းပျောက်အောင် လက်ထပ်ဖို့ တမင်ပို့လိုက်တာပဲ… အဲဒါက သခင်မလေးကို မီးထဲ တွန်းချတာမဟုတ်ဘူးလား?"


ချွမ်းယွီက တိုးတိုးပြောသည်။

"ဒါဆို သခင်မလေး ဘာလို့ သဘောတူ…"


နူးညံ့သိမ်မွေ့သောအသံက ထွက်လာသည်။

"တော်တော့… ပြီးတာက ပြီးသွားပြီ၊ ပြန်ပြင်လို့မရတော့ဘူး… နင်တို့ အရင်ထွက်သွားကြ… ငါခဏလောက် တစ်ယောက်တည်းနေဦးမယ်…"


အစေခံနှစ်ယောက်က တံခါးဖွင့်ကာ ထွက်သွားကြသည်။


သတို့သမီးက ကုတင်ပေါ်တွင် ထိုင်ကာ အကြာကြီး တိတ်ဆိတ်နေ၏။


နာရီဝက်လောက်ကြာတော့ တစ်စုံတစ်ယောက်က ရုတ်တရက် တံခါးကိုတွန်းပြီး ဝင်လာသည်။ လေးလံသောခြေသံများက သူ့နားထဲတွင် မြည်လာပြီး ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် ကုတင်အောက်မှာ ပုန်းအောင်းနေသော ရှောင်ရုန်း၏ မြင်ကွင်းကိုသာ မြင်နိုင်တာကြောင့် ဘယ်သူလာလဲဆိုတာကို သူမမြင်ရပေ။ သတို့သမီး မေးတာကိုသာ သူကြားလိုက်ရသည်။

"ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ?"


အမျိုးသား၏ အသံတိုးတိုးက ထွက်ပေါ်လာသည်။

"ငါ မင်းကို လာတွေ့တာ…"


သတို့သမီးက ခဏတာ မှင်တက်သွားပြီး အသံနည်းနည်း ပျောက်သွားသည်။

"ကျွန်မ အခြားတစ်ယောက်နဲ့ လက်ထပ်ပြီးပြီ… အနာဂတ်မှာ ကျွန်မတို့ လမ်းခွဲကြပြီး ထပ်မတွေ့ရအောင်…"

နောက်အခိုက်အတန့်တွင် အခန်းထဲကနေ ပြင်းထန်သောအော်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

"အား!"


တောက်ပနေသော ဓားက လင်းလက်‌လာပြီး သတို့သမီးက တံခါးကိုတွန်းဖွင့်ကာ ထိတ်လန့်တကြား ပြေးထွက်သွားသည်။

"ကယ်ကြပါဦး——"


ရှောင်ရုန်းက ကုတင်အောက်တွင် တုန်တုန်ယင်ယင်ဖြစ်နေပြီး သူမ၏အမြင်အာရုံက တစ်ချိန်လုံး လှုပ်ခါနေသည်။ ကုတင်ဘေးတွေ ရပ်နေသော ခြေထောက်တစ်စုံကို သူမတွေ့လိုက်ရပြီး ထိုလူက ငွေရောင်တိမ်တိုက်ပုံစံဖြင့် အလှဆင်ထားသော အနက်ရောင်ဘွတ်ဖိနပ်ကို ဝတ်ထားသည်။ 


ယွဲ့ရှင်းဝမ်က အိပ်မက်တစ်ခုကြောင့် နိုးလာသည်။


သူ ကုတင်ပေါ်ကနေ ရုတ်တရက် ထထိုင်လိုက်ပြီး အနီရောင်ဝတ်စုံနဲ့ တစ္ဆေအမျိုးသမီးက ကုတင်ဘေးမှာ ရပ်နေကာ သူ့ကို မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။


ယွဲ့ရှင်းဝမ်: "…"


ထိတ်လန့်တကြားဖြစ်သွားပြီး သူ အမြန်ပြေးထွက်ကာ အော်လိုက်သည်။

"စုဝေးကြ!"


ကြောက်လန့်တကြားနဲ့ တောအုပ်ထဲက အဖွဲ့လိုက်ထွက်ပြေးသွားပြီး ချင်လုက အသက်ရှူထုတ်ရင်း ခါးသက်သက်ပြုံးလိုက်သည်။

"နေ့တိုင်း ညသန်းခေါင်အချိန်မှာ နိုးလာရင် တစ္ဆေအမျိုးသမီးက ငါ့ကုတင်ဘေးမှာ ရပ်နေတာကြောင့် နောင်ကျရင် ငါတစ်ယောက်တည်းတောင် မအိပ်ရဲတော့ဘူး…"


ယွဲ့ရှင်းဝမ်က သူ၏နှလုံးခုန်နှုန်းကို အမြန်ချိန်ညှိကာ ပြောခဲ့သည်။

"သဲလွန်စတွေကို အကျဉ်းချုပ်ပြောမယ်…"


သူသည် အိမ်မက်ထဲက အပိုင်းအစများကို သေသေချာချာ ပြန်တွေးလိုက်သည်။

"မင်္ဂလာဦးညမှာ ရှောင်ရုန်းက မင်္ဂလာအခန်းထဲ ဝင်သွားတာကို ငါအိမ်မက်မက်ခဲ့တယ်… သူမက ကျိန်စာအရုပ်ကို အဲဒီမှာထားခဲ့တယ်… ငါ့အိမ်မက်ထဲမှာ တစ်ခုခုထူးဆန်းနေတာက သူမက ပြတင်းပေါက်ကို တွန်းဖွင့်ပြီး ထွက်ပြေးမလို့ဆိုပေမယ့် သူမက တုံ့ဆိုင်းသွားပြီး ကုတင်အောက်မှာ ပုန်းနေခဲ့တယ်…"


ဒါကိုကြားတော့ ကျန်းဖျင်စစ်က ပြောလာသည်။

"ဒါက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ရဲ့ ဇာတ်ညွှန်းတစ်ခု ဖြစ်နိုင်တယ်… ရှောင်ရုန်းနေရာ သရုပ်ဆောင်တဲ့ ကစားသမားက သဲလွန်စတွေ ချန်ထားခဲ့တဲ့ မိန်းကလေးဖြစ်ပြီး သူမက သတို့သမီးရဲ့ကုတင်အောက်မှာ ရှိနေတာကြောင့် သတို့သမီးကို သတ်ဖို့ လူတစ်ယောက် ရောက်လာပြီး သတို့သမီးက ထိတ်လန့်သွားပြီးတော့ အခန်းအပြင်ကို ပြေးထွက်သွားတာ သူမတွေ့လိုက်ရတယ်…" 


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ငါလည်း အဲလိုထင်မိတယ်… ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ရဲ့ ဇာတ်ညွှန်းအရ ရှောင်ရုန်းရဲ့သရုပ်ဆောင်ရထားတဲ့ ဇာတ်ညွှန်းက ပြတင်းပေါက်ကနေ အပြင်ကို ထွက်ပြေးရမှာဖြစ်ပြီး ပြတင်းပေါက် အပြင်ဘက်မှာ မြေပြင်ကိုဆင်းဖို့ လှေကားတစ်ခု ရှိလိမ့်မယ်… ဒါပေမယ့် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’မှာ ရှောင်ရုန်းရဲ့သရုပ်ဆောင်က အမြင့်ကြောက်လို့ ပြတင်းပေါက်ကနေ အပြင်မထွက်တော့ဘဲ ဇာတ်ညွှန်းကနေ သွေဖည်ပြီး ကုတင်အောက်မှာ ပုန်းနေလိုက်တယ်…"


နောက်တစ်နေ့တွင် သတို့သမီး မရှိတော့ပေ။ ရှောင်ရုန်း၏သရုပ်ဆောင်က လူသတ်သမားက မည်သူဖြစ်သည်ကို မသိခဲ့ဘဲ အခြားသူများကိုလည်း မပြောရဲသောကြောင့် သဲလွန်စများချန်ခဲ့ရန် အရုပ်ကို အသုံးပြုခဲ့သည်။ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ ဇာတ်ကွက်က ရပ်တန့်သွားကာ သက်သေများပေါ်လာပြီး လူသတ်သမားက ကစားသမားအားလုံးကို သတ်ပစ်တော့သည်။ သတိကြီးစွာဖြင့် ရှောင်ရုန်း၏သရုပ်ဆောင်က အိပ်ဆေးမမိခဲ့ဘဲ ဤနေရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ 


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူကာ ပြောသည်။

"ငွေရောင်တိမ်တိုက်ပုံစံနဲ့ အနက်ရောင်ဘွတ်ဖိနပ်… ပြီးတော့ မင်္ဂလာအခန်းထဲကို နောက်ဆုံးရောက်လာတဲ့သူက—— သမားတော်လား? ကိုယ်ရံတော်လား?"


ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောလာသည်။

"အဲဒါက ကိုယ်ရံတော်ပဲ…"


ယွဲ့ရှင်းဝမ်က သူ့ကိုကြည့်လာပြီး ကျန်းဖျင်စစ်က ဆက်ပြောသည်။

"ပထမဆုံးညက ငါ့အိမ်မက်ထဲက ကိုယ်ရံတော်ဆွဲထားတဲ့ ပန်းချီကားထဲမှာ သခင်မလေးစူး ဝတ်ထားတဲ့ ခါးပတ်မှာ ငွေရောင်တိမ်တိုက်ပုံစံတစ်ခုရှိနေပြီး အဲဒီအချက်အလက်က ကိုက်ညီနိုင်တယ်… တိမ်တိုက်ပုံချည်ထိုးထားတာက သူတို့နှစ်ယောက်အတူရှိတုန်းက စုံတွဲဝတ်စုံဖြစ်သင့်တယ်…"


ယွဲ့ရှင်းဝမ်က လက်မထောင်ကြသည်။

"မင်းရဲ့လေ့လာမှုက အရမ်းအသေးစိတ်ကျတယ်…"

ကံကောင်းထောက်မစွာ ကျန်းဖျင်စစ်က ဤအသေးစိတ်အချက်ကို သတိပြုမိခဲ့သည်။


‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ လူသတ်သမားသည် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီး ဤ“ဇာတ်လမ်းအတွင်းက ဇာတ်လမ်း”၏ ပဟေဠိကို နောက်ဆုံးတွင် လုံးလုံးဖြေရှင်းနိုင်မည်ဖြစ်သည်။ 


#TK