Chapter 62
" ဝူးဟူး ~ "
ကျန်းချန် အသက်ပင်မရှုနိုင်အောင် အမောတကော ပြေးလာသဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက အနည်းငယ် ကျဆင်းလာသည်။
သူက အငယ်ဆုံးဖြစ်သော်လည်း မြင်းသေတစ်ကောင်နှင့် တူနေသည်။
ဤသုံးယောက်ထဲတွင် သူက အငယ်ဆုံးနှင့် အသန်မာဆုံး ဖြစ်သင့်သည်။ အခြားနှစ်ယောက်မှာ 'သက်လတ်ပိုင်းအရွယ်' လူတစ်ယောက်နှင့် 'အားနည်းသည့် အမျိုးသမီး' တို့ဖြစ်သော်လည်း သူကအနှေးဆုံးနှင့် အပင်ပန်းဆုံး ဖြစ်နေသည်။
" မဟုတ်သေးဘူးလေ ... ကျွန်တော်တို့နောက်ကို ဇွန်ဘီတစ်ကောင်မှ လိုက်မလာတော့ဘူး ... ပြေးတာ ရပ်လို့ရပြီထင်တယ် ..."
ကျန်းချန် မပြေးတော့ပေ။
ရှေ့မှ ပြေးနေသူနှစ်ယောက်ကလည်း ကျန်းချန်ရပ်လိုက်သည်ကို မြင်သောအခါ အရှိန်လျှော့လိုက်သည်။
" ရှောင်ကျန်း ငါပြောသားပဲ ... မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ဆိုးဝါးလွန်းနေတယ် ဂျင်သွားမဆော့ဘူးမလား ..."
ကျန်းမာရေးနှင့် အားကစားဝါသနာပါသော လူလတ်ပိုင်းအရွယ်သရုပ်ဆောင် လျှို့နမ်က ကျန်းချန်၏အသွင်အပြင်ကို ကြည့်လိုက်ပြီး မနှစ်မြို့စွာ ခေါင်းခါလိုက်သည်။
" ကျွန်တော် ... ဒီရှိုးမှာ ပါရတာ အဲ့လောက်အားစိုက်ထုတ်ရမယ်လို့ ကျွန်တော်လည်း မသိခဲ့ဘူးလေ ..."
ကျန်းချန် အလွန်နောင်တရနေသည်။
ဘာလို့ ဒီလောက်စုတ်ပဲ့တဲ့ ရှိုးပွဲမှာ ပါမိပါလိမ့် ...
လူငယ်လေးနှင့် လူကြီးတို့ စကားပြောနေစဉ်မှာပင် ကြားလိုက်ရသည်က ...
" ရှူး ..."
ရှအန်းက ရုတ်တရက် ခြေဟန်လက်ဟန် ပြလိုက်ပြီး သူမ မျက်နှာမှ အမူအရာက တည်ကြည်သွားသည်။
သူတို့ ရုတ်တရက် စိတ်လှုပ်ရှားသွားကြသည်။
" ဇွန်ဘီတွေ လာနေတာလား ..."
" ဆူဆူညံညံ မလုပ်နဲ့ ... ဒီမှာပဲနေ ..."
ရှအန်း သူမ၏ သစ်သားမြှားနှင့် ဒူးလေးကိုယူပြီး ခြုံပုတ်ဆီသို့ လျှောက်သွားသည်။
ကျန်းချန်နှင့် လျှို့နမ်တို့ စကားတစ်ခွန်းမျှ မပြောရဲပေ။ ရှအန်းထုတ်ပယ်ခံရပါက သူတို့လည်း ဒုက္ခရောက်မည်ဖြစ်၍ သူမကို စိုးရိမ်နေကြသည်။
သူတို့ကို နီးကပ်စွာလိုက်လာသူကို တွေးနေစဉ်မှာပင် ကြားလိုက်ရသည်က ...
ဖျောက် ...
မြှားပစ်သံ အကျယ်ကြီးကြောင့် သူတို့ အသက်အောင့်ထားမိကြသည်။
ရှအန်းရေ မြှားပစ်သံက အဲ့လောက်ကျယ်စရာ လိုလို့လား ...
သူမ တစ်ယောက်ယောက်ကို ပစ်လိုက်တာများလား ...
ထိုနှစ်ယောက် စိတ်ပူနေချိန်တွင် ရှအန်းက လက်ထဲတွင် တစ်စုံတစ်ခုကိုကိုင်၍ သူတို့ရှေ့ရောက်လာသည်။
" ယုန်လား ..."
ရှအန်းက ယုန်တစ်ကောင်ကို တစ်ဖက်မှကိုင်ကာ နောက်တစ်ဖက်က သစ်သားမြှားကို ကိုင်လာသည်ကိုမြင်သောအခါ ကျန်းချန်နှင့် လျှို့နမ်တို့ မယုံကြည်နိုင် ဖြစ်သွားသည်။
ခဏအကြာတွင် သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ထင်လာသည်။
ရှအန်းက သစ်သားမြှားနဲ့ ယုန်တစ်ကောင်ကို ပစ်လိုက်တာလား ...
ဒါက သိပ္ပံနည်းကျ မဟုတ်သလိုပဲ ...
သူတို့မျက်စိရှေ့တွင် မြင်နေရသည်ကို စိတ်ကူးယဉ်နေသည်ဟု ထင်မိနေသော နှစ်ယောက်နှင့်ယှဉ်ပါက မော်နီတာခန်းထဲမှ ရှုလင်းနှင့် ဟန်ယွဲ့တို့က အရာအားလုံးကို အနည်းငယ် ကျင့်သားရနေပြီဖြစ်သော်လည်း ရှအန်းကြောင့် လန့်သွားပြန်သည်။
သူတို့က ဒရုန်းကင်မရာမှ ကြည့်နေသည်ဖြစ်၍ အရာအားလုံးကို ရှုလင်းနှင့် ဟန်ယွဲ့ထက်ပို၍ ရှင်းလင်းစွာ မြင်လိုက်ရသည်။
ရှအန်း၏ တော်သည့်အပြင် အပြေးလည်းမြန်သည်။
ထို့ကြောင့် အခြေခံအားဖြင့် ပရိုဂရမ်တစ်ခုလုံး၏ ဒရုန်းအားလုံးကို ရှအန်း၏အနားတွင် စီစဉ်ပေးထားရသည်။
ထို့ကြောင့် သူတို့က အမဲလိုက်ခြင်း၏ အပိုင်းတစ်ခုလုံးကို ကြည့်လိုက်ရသည်။
" ကြည့်ရတာ ... မနက်တုန်းက တောဝက်ကလည်း ရှအန်းရဲ့ မနက်စာထင်တယ် ..."
ဟန်ယွဲ့ စကားကို မနည်းပြောနေရသည်။
သူတို့က ရှအန်းနောက်နေသည် ထင်ခဲ့သော်လည်း သူမက ယုန်တစ်ကောင်ကို သူတို့ရယ်မောခဲ့သည့် သစ်သားမြှားနှင့် လွယ်လွယ်အမဲလိုက်ခဲ့သည့်အတွက် ဘာပြောရမည် မသိတော့ပေ။
ဒါက အားအနည်းဆုံး အမျိုးသမီးသရုပ်ဆောင် ဟုတ်ရဲ့လား ...
သူမက လူရောဟုတ်ရဲ့လားလို့ သွားမေးသင့်လား ...
" လောင်ဟန်ရေ ... မင်းလက်လျှော့လိုက်သင့်ပြီ ... မင်း ဘယ်တော့မှ ရှအန်းရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး ... သူမက တော်လွန်းနေတယ် ..."
ရှုလင်းက ဟန်ယွဲ့၏ပခုံးကိုပုတ်ကာ သူ့ကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
" ဒီ အခြေအနေအရဆိုရင် ပထမဆုံးထုတ်လွှင့်မှုရဲ့ ချန်ပီယံက ရှအန်းပဲ ဖြစ်မယ်ထင်တယ် ... မှားစရာမရှိတော့ပါဘူး ... သူမပဲ ယူပါစေတော့ ..."
" … နောက်တစ်ခါ ... နောက်တစ်ခါဆိုရင်တော့ ဦးနှောက်သုံးရတဲ့ပြိုင်ပွဲပဲ လုပ်တော့မယ်...."
(╥╯ ^ ╰╥)
ဤအချိန်ရောက်မှ ရှအန်းနှင့် ယှဉ်ပြိုင်၍ မရတော့ကြောင့် ဟန်ယွဲ့နားလည်သွားခဲ့သည်။
ဒုတိယအဆင့်ကို လက်နက်ကိုင်၍ အသက်ရှင်ရန် ရုန်းကန်ရသော ပြိုင်ပွဲများမဟုတ်ပဲ အပြင်ဘက်တွင် အသက်ရှင်ရန် ဉာဏ်ရည်သုံးရသောပွဲများသာ စီမံတော့မည်ဟု စိတ်ထဲတွေးလိုက်သည်။
သူ လက်လျှော့လိုက်သော်လည်း ဤရှိုးကို ဆက်ရိုက်ရမည်သာဖြစ်သည်။
ဟန်ယွီ သူ၏စိတ်ဓာတ်ကို ပြန်လည်စုစည်းကာ မအောင်မြင်ခဲ့လျှင်ပင် ရှအန်းကို လွယ်လွယ်ကူကူ အနိုင်မပေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် အခြားပါဝင်သူ သုံးဦးကို စည်းရုံးရန်အစည်းအဝေး ခေါ်ယူခဲ့သည် ~