အပိုင်း ၆၄
Viewers 29k

Chapter 64


သို့သော် သူမ ပြောပြီးပြီဖြစ်‌၍ လျှို့နမ်နှင့် ကျန်းချန်တို့ကို အသားများ ခွဲဝေပေးလိုက်သည်။


အသားကင်စားပြီးနောက် သူတို့၏ စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားသည် 


သူတို့ အရသာရှိသော အသားကင်ကို ရှအန်းနှင့် စကားစမြည်ပြောလျက် စားခဲ့ကြသည်။


" အိုး ‌... ရှောင်ရှ မင်းရဲ့အသားကင်က အရမ်းကောင်းတာပဲ ... ငါစားဖူးသမျှထဲ အကောင်းဆုံးအသားကင်လို့တောင် ပြောနိုင်တယ် ..."


" နတ်ဘုရားမလေး ကျွန်တော်  မင်းကအရမ်းတော်တယ်လို့ထင်တယ် မလုပ်နိုင်တဲ့အရာကို မရှိဘူး ... စားသောက်ဆိုင်တစ်ဆိုင်မှာ စားဖိုမှူးလုပ်ရင် ကောင်းမှာပဲ ..."


သို့ရာတွင် သူမက ချီးကျူးစကားများကို လျစ်လျူရှု့ထားပြီး အသားများကိုသာ စားနေသည်။


" ဒါပေမဲ့ ငါတို့အားလုံး အထုတ်ခံရပြီဆိုတော့ ရှောင်ရှတစ်ယောက်ပဲ ကျန်တာပေါ့ ... အစီအစဉ်ရိုက်ကူးရေး ပြီးဖို့လည်း သိပ်မလိုတော့ဘူး ..."


" ဟုတ်တယ် ရှအန်းက ဇွန်ဘီအားလုံးကို ထုတ်ပစ်လိမ့်မယ် ... အဲ့ဒါဆိုရင် ဒီအစီအစဉ်ပြီးပြီ ..."


ယောက်ျားနှစ်ယောက်က ရေရွတ်နေသည်။ သို့သော် ရှအန်း ဂရုမစိုက်ပေ။ သူမ ဗိုက်ဝအောင် မစားရသေးသည့်အတွက် ဇွနိဘီများကို နောက်မှ တိုက်ခိုက်တော့မည်။


သို့သော် ...


" ရှောင်ရှလေး စကားမစပ် မင်း ငါတို့နဲ့တူတူ အစီအစဉ်လာရိုက်တယ်ဆိုတော့ ကျောင်းမသွားဘူးလား ... "


ကျောင်အကြောင်းကြားသည့်အခါမှ သူမ၏ လျစ်လျူရှုနေသည့် အမူအရာ ပျက်စီးသွားတော့သည်။


ဟုတ်သားပဲ ... အကောင်ပေါက်လေးကို ဒီခေါ်လာတော့ ကျောင်းအကြောင်း မေ့နေတာ ... 


ဒီအရွယ်ဆို သူမရဲ့ လိမ္မာတဲ့သားလေးက ကျောင်းသွားသင့်ပြီလေ ...


" ကျွန်တော် ကျောင်းသွားစရာမလိုပါဘူး ... ကျောင်းကသင်ပေးတဲ့ဟာတွေက ရိုးစင်းလွန်းတယ် ..." 

ဝက်သားကင်စားနေသည်ကို စိတ်ရောက်နေသည့် အကောင်ပေါက်လေးက ထိုနှစ်ယောက် သူ၏ နတ်သမီးမေမေကို ကျောင်းတက်ရန်အကြောင်းပြောသည့်အခါ မပျော်မရွှင်ဖြစ်သွားသည်။ ထို့ပြင် သူတို့က နတ်သမီးမေမေ ကင်ပေးထားသည့် ဝက်သားကင်များကို လုယက်နေသည်။


သူ ကျောင်းမသွားချင်ဘူး ... သူ့ရဲ့ နတ်သမီးမေမေကိုပဲ အဖော်ပြုပေးချင်တာ


" ကောင်းပါပြီ ... မင်းရဲ့ မုန်လာဥ ခေါင်းလေးက တော်တော်ကြီးတာပဲ .. ကျောင်းမသွားချင်ဘူးမလား ... အဲ့ဒါ မကောင်းဘူးနော် ... အသိပညာက မင်းမှာရှိတဲ့ တစ်ခုတည်းသော စွမ်းအားပဲ ... "


ကျန်းချန် အကောင်ပေါက်လေးကို အပြုံးဖြင့်ကြည့်နေသည်။ ကျောင်းသားတစ်ယောက်အနေဖြင့် ရှရှင်းချန်ကို စာလေ့လာရန် ပြောပြနေသည်။


မကြာခင်မှာပင် သူသင်ကြား‌ပေးနေသည့် ဤ " မုန်လာဥခေါင်းလေး " ၏ ထိုးနှက်ခြင်း ခံရတော့မည်ကို အားလုံးသိနေသည်။

  

" အိုး ... အစ်ကိုကြီး ကျွန်တော့်ကို သင်္ချာပုစ္ဆာလေးတစ်ပုဒ် ရှင်းပြပေးပါလား ..."

ထိုသို့ပြောပြီးနောက် အကောင်ပေါက်လေးက အသားကို ပြီးအောင်စားပြီး လက်နှစ်ဖက်ကိုခါလိုက်သည်။ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူကာ သင်္ချာပုစ္ဆာတစ်ပုဒ်ကို မြေကြီးပေါ် ချရေးလိုက်သည်။


မြေပြင်ပေါ်မှ သင်္ချာပုစ္ဆာကိုကြည့်ပြီး ကျန်းချန် လက်ထဲမှ အသားကိုပင် မကိုင်နိုင်တော့ပေ။


ရှင်းရှင်းက သူ၏ ပေါင်လယ်ခန့်သာ ရှိသေးသည့် ကလေးတစ်ယောက်ဖြစ်သော်လည်း ပဲ ထိုကလေး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရ၍ ကြောက်ရွံ့သွားမိသည်။


ချစ်စရာကောင်းတဲ့ မုန်လာဥလို ကလေးလေးက သူ့ကို ကြောက်အောင်လုပ်နေတာပဲ


 ကျန်းချန်၏မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နေပြီး ထိုအကောင်ပေါက်လေးကို ကြည့်လိုက်သည်။


" မင်း ... မင်း ဘယ်လို လုပ်လိုက်တာလဲ ..."


ထိုကလေးလေးက တည်ငြိမ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ကို ဖြူစင်စွာ ကြည့်နေသည်။


" အစ်ကိုကြီး ... ဒါကအရမ်းလွယ်တာလေ ... ဒါလေးတောင် မတွက်နိုင်ဘူးလား ..."


ထိုကလေးလေး၏ အရောင်လဲ့နေသည့်မျက်လုံးများက လှောင်ပြောင်သရော်မှုများနှင့် ပြည့်နေသည်ကို မြင်လိုက်ရသည်။


မြေပြင်ပေါ်မှ သင်္ချာပုစ္ဆာကို ကြည့်ရှုနေသော ကျောင်းသားလေးသည်  ကလေးတစ်ယောက်၏ မထီမဲ့မြင်ပြုခြင်းကို ခံစားလိုက်ရသည်။


  “…” ကျန်းချန်

ဟေး အခုခေတ် ကလေးတွေက အရမ်းကြောက်စရာကောင်းတာပဲ ..


 / (ㄒ o ㄒ) / ~~


  “…” လျှို့နမ်

ငါကတော့ အသားစားနေတုန်းပဲ ...


╰ (0 ▽ 0) ╯


  “…” ရှအန်း

အဟွတ် ... ငါလည်း မတွက်နိုင်ဘူး ... ဒါပေမဲ့ ကိစ္စမရှိပါဘူး ... ငါ့သားလေး တွက်တတ်တယ် ...


o (*  ̄︶ ̄ *) o


  “……” ကင်မရာမန်းအစ်ကိုကြီး

ဉာဏ်ရည်နိမ့်ပါးသွားတယ်လို့တောင် ခံစားလိုက်ရတယ် ... 0v0


  …


ရှုလင်းနှင့် ဟန်ယွဲ့တို့ မော်နီတာမှတစ်ဆင့် အကောင်ပေါက်လေး၏ အဖြေကို မြင်လိုက်ရသည့်အခါ ခဏခန့် တိတ်ဆိတ်သွားသည်။  

  

" လောင်ရှု မင်းကျောင်းမှာတုန်းက ငါတို့ အနုပညာအတန်းရဲ့ ထိပ်ဆုံးမှာပဲလေ ... ဒါကို တွက်တတ်လား ..."


" အမ် ငါလည်းမတွတ်တတ်ဖူး ... ရှအန်းရဲ့သားလေးက ဉာဏ်ကြီးရှင်ပဲ ... သူက ငါးနှစ်ပဲ ရှိသေးတာမလား ..."

 

ရှုလင်းက ဗီဒီယိုထဲမှ ချောမောထက်မြက်သည့် ကလေးလေးကို ကြည့်လိုက်သည်။


ဒီလို ထက်မြက်ပြီး စဉ်းစားတတ်ရှိတဲ့ သားလေးတစ်ယောက်ရထားတာ ရှအန်းတော့ ကောင်းချီးပေးခံရတာပဲ ... 


 " ဟန်ယွဲ့ ရှအန်းရဲ့သားလေးရဲ့ ဉာဏ်ရည်က သူမဆီက ဒါမှမဟုတ် သူ့အဖေဆီက အမွေရတာလား မင်းဘယ်လိုထင်လဲ ..."


ဟန်ယွဲ့ ခေတ္တတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ 

" အမ် ငါဘယ်လိုသိမှာလဲ ... ဘာလို့မေးတာတုန်း ..."

 

ဟန်ယွဲ့ သူ့သူငယ်ချင်းကို ကြည့်လိုက်သည်။ သူဘာကြောင့် သိချင်နေသည်ကို နားမလည်နိုင်ပေ။


" ငါတွေးနေတာ ... တကယ်လို့ ရှအန်းရဲ့ IQက သူမ သားလေးနဲ့တူတူပဲဆိုရင် ငါတို့ရဲ့ ဒုတိယမြောက် ထုတ်လွှင့်မှုကတော့ ဖရိုဖရဲဖြစ်ပြီ ..."


ဟန်ယွဲ့ အနည်းငယ် ကြောက်လန့်သွားသည်။


 ဘုရားရေ ... ရှအန်းက မကောင်းဆိုးဝါးပဲ ...


 မဖြစ်နိုင်ပါဘူးလေ ... သူမသာ IQမြင့်ရင် အခု ဒီလို ဆင်းရဲတဲ့ အခြေအနေ ရောက်နေမယ်မထင်ဘူး ...


 အား ... ဘုရားရေ ... ရှရှင်းချန်ရဲ့ IQက မျိုးရိုးလိုက်တာ မဖြစ်ပါစေနဲ့ ...

  

ဟန်ယွဲ့ စိတ်ထဲ၌ အော်ဟစ်နေစဉ် ရှအန်းက အကောင်ပေါက်လေးကို ကျောင်းပို့ရန် ဆုံးဖြတ်လိုက်သည်။


" ဆုံးဖြတ်ပြီးသွားပြီ ... မနက်ပိုင်းအပိုင်းပြီးရင် ရှောင်ရှင်းကို ကျောင်းခေါ်သွားမယ် ..."