အပိုင်း ၆၅
Viewers 29k

Chapter 65


ဟယ့်ရှောင်ရှောင် နားမလည်နိုင်ပေ။ သူတို့က ဇွန်ဘီအဖွဲ့ဖြစ်သည့်အတွက် သူတို့တွင် အားသာချက်များရှိသည်။


အားနည်းသည့်လူသားမှာ ရှအန်းတစ်ယောက်သာပါသည့်အတွက် ကြောက်ရွံ့နေရမည့်သူမှာ သူမသာ ဖြစ်သင့်သည်။


ဇာတ်လမ်းဇာတ်ကွက်က ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မထင်ခဲ့ပေ။


အခုတော့ သူတို့က မြင်ဖူးသမျှထဲမှာ အဆိုးဆုံးဇွန်ဘီ ဖြစ်နေပြီ ...


" ဇွန်ဘီ ကျန်းချန် ထုတ်ပယ်ခံလိုက်ရပါပြီ ..."


" ဇွန်ဘီ လျှို့နမ် ထုတ်ပယ်ခံလိုက်ရပါပြီ ..."


ယခု တတိယနေ့ မနက်အစောပိုင်းသို့ ရောက်လာပြီဖြစ်သည်။  ဇွန်ဘီအဖြစ် ကူးစက်မခံရသေးသည့် တစ်ဦးတည်းသော လူသားဖြစ်သည့် ရှအန်းကို မဖမ်းဆီးနိုင်သေးပေ။


ဒါပေမဲ့ အဲ့ဒီ လူသားပါဝင်သူက လက်ဦးမှုယူပြီး သူတို့အဖွဲ့ကို အမဲလိုက်နေပြီ ...


ဇွန်ဘီတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေတော့ သွားပါပြီ.....


(╯ ‵ □ ′) ╯︵┻━┻


ဇွန်ဘီပါဝင်သူများက တစ်ယောက်ပြီးတစ်ယောက် ထုတ်ပယ်ခံနေရသည်။ ထို့ကြောင့် ကျန်သူများက စိတ်လှုပ်ရှားနေကြသည်။


သို့သော် ဤအစီအစဉ်၏ စာရေးသူ ဟန်ယွဲ့က သူတို့ထက်ပို၍ စိတ်လှုပ်ရှားနေသည်။


သူမ အဲ့လောက်တက်ကြွနေမယ်မထင်ထားမိဘူး ...


ရှက်စရာပဲ ...


ရှအန်းရဲ့ တစ်ဖက်သတ်ဆန်တဲ့သတ်ဖြတ်မှုတွေက ၃၆၀° မြင်နေရတဲ့ မော်နီတာပေါ်မှာ အတောမသတ်နိုင်ဘူး ...


တကယ်ကို တစ်ဖက်သတ်ဆန်တဲ့ သတ်ဖြတ်မှုပဲ ...


အရမ်းကြောက်ဖို့ ကောင်းလွန်းတယ် ...


ချန်းကျန်နဲ့ လျှို့နမ်တို့ မတုံ့ပြန်နိုင်ခင်မှာပဲ ရှအန်းက သူတို့ကို ထုတ်ပယ်ပြီးနေပြီ ... 


တစ်ဦးတည်းသော အသက်ရှင်ကျန်သူရှအန်းတွင် ကျည်ဆံများမရှိသည့်အပြင် အစီအစဉ်က ပေးထားသည့် အထူးကိရိယာများလည်း မရှိပေ။


ရှအန်းက သူမ၏ကိုယ်ပိုင် လက်ရုံးရည်နှင့် ရှင်းလင်းတိကျသည့် မြှားပစ်စွမ်းရည်ကိုအသုံးပြုပြီး ကျန်းချန်နှင့် လျှို့နမ်ကို ချက်ချင်းသတ်ပစ်ခဲ့သည်။


ဟောလီးဝုဒ်အက်ရှင်ဇာတ်ကားတွေ ကြည့်နေရသလို တစ်ထပ်တည်းပဲ ...


" ဟယ့်ရှောင်ရှောင် ဂရုစိုက်ဦး ... ရှအန်းက ..."


ဟန်ယွဲ့က လိမ်လည်လှည့်ဖြားကာ ကျန်ရှိနေသည့် ပါဝင်သူသုံးယောက်ကို မော်နီတာမှတစ်ဆင့် ညွှန်ကြားနေသည်။


သူဘာမှမပြောခင်မှာပဲ ရှအန်းက ဟယ့်ရှောင်ရှောင်ရဲ့ ခေါင်းပေါ်က ပင်စည်ပေါ်မှာ သရဲတစ်ကောင်လို ပေါ်လာပြီးတော့ ...


မြှားတစ်စင်း ...


" ဟယ့်ရှောင်ရှောင် ထုတ်ပယ်ခံလိုက်ရပါပြီ ...ဟယ့်ရှောင်ရှောင် ထုတ်ပယ်ခံလိုက်ရပါပြီ ..."



ဟယ့်ရှောင်ရှောင် တစ်ခဏချင်း ထုတ်ပယ်ခံလိုက်ရသည့်အတွက် ဟန်ယွဲ့ ဘာပြောရမည် မသိတော့ပေ။ 


သူတို့ ညစ်လိုက်တော့ရော ဘာထူးသွားလဲ ... အကုန်လုံး အထုတ်ခံရတာပဲ ...


ရှအန်းက ရှိုးပွဲ၏ ဆိုးကျိုးများတွင် မကျရှုံးနိုင်သည့် အကောင်းဆုံး ပိုးကောင်တစ်ကောင် ဖြစ်လာခဲ့သည်။


" ရှအန်းကို ဖမ်းကြ ..."


ယခုအချိန်တွင် ရှအန်းက ကျန်ရှိနေသေးသည့်ဇွန်ဘီနှစ်ကောင်နှင့် တိုက်ခိုက်နေရုံသာမက ရှိုးတစ်ခုလုံးနှင့် တိုက်ခိုက်နေသည့်လူ ဖြစ်လာခဲ့သည်။


ရှအန်းသည်လည်း ၎င်းကိုနားလည်၍ ကင်မရာရှေ့တွင် ပေါ်မလာပေ။


အခြားပါဝင်သူများကဲ့သို့ ပုံပန်းသဏ္ဍာန်ပြဿနာကို သူမစိတ်မပူပဲ ကင်မရာကို ရှောင်လျက် သစ်ပင်များကို အမြန်ဖြတ်သန်းကာ သူမ၏သားကောင်ကို ရှာဖွေနေသည်။


" အားလုံးပဲ ဂရုစိုက်ကြဦး ... ရှအန်း ပျောက်သွားပြီ ... ဒါပေမဲ့ သူမက ကျန်တဲ့သူတွေကို ထုတ်ပယ်ပစ်ဖို့ အခွင့်အရေးကို စောင့်နေတာ ဖြစ်ရမယ် ... ဒါကြောင့် ကျန်တဲ့သူနှစ်ယောက်ကို ကာကွယ်ကြပါ ..."


ရှအန်း ပျောက်ကွယ်သွားမှုကြောင့် အားလုံး စိတ်လှုပ်ရှားကုန်ကြသည်။ 


ရှအန်းက အားနည်းပြီး သနားစရာကောင်းတဲ့သူ ဖြစ်နေသင့်တာလေ ... 


ဒါပေမဲ့ ဇွန်ဘီအုပ်စုကြီးက သနားစရာကောင်းပြီး ကူကယ်ရာမဲ့နေတဲ့ လူသားတွေနဲ့တူပြီး ရှအန်းက ...


ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးကြီးပဲ ...


" အင်း ..."


ဝန်ထမ်းတစ်ယောက်က စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် တံတွေးမျိုချလိုက်သည်။


" ရှအန်းက ပန်းအိုးသရုပ်ဆောင် မဟုတ်ဖူးလား ... ဘာလို့ အရမ်း အားသန်နေရတာလဲ ... ရုပ်ရှင်တွေထဲက စပိုင်တွေလိုပဲ ..."


" ရှအန်း ယူလိုက်တဲ့ လူသတ်သမားဇာတ်ရုပ်က သူမနဲ့ မလိုက်ဖက်ဘူးထင်ခဲ့တာ ... အခုဝောာ့ သူမက တကယ့် လူသတ်သမား ဖြစ်နေပြီ ..."


" ငါတို့အားလုံး သေဖို့စောင့်နေတယ်လို့ ဘာလို့ခံစားနေရပါလိမ့် ..."


အဖွဲ့သားများကလည်း ဇွန်ဘီအနေဖြင့် အုပ်စုထဲဝင်ကာ သရုပ်ဆောင်နေရသည်။

ဒါပေမဲ့ သူတို့ အခုလေးတင် ပြောနေတဲ့ အမျိုးသမီးလူသတ်သမားက သူတို့ရှေ့မှာ ပေါ်လာမယ်လို့ မမျှော်လင့်ခဲ့ကြပေ။ 



" အားလုံးပဲ မင်းတို့ခေါင်းပေါ်က သစ်ပင်ကြီးတွေကို သတိထားကြ ... ရှအန်းက အဲ့လိုသစ်ပင်တွေနောက်မှာ တိုက်ခိုက်ဖို့ ပုန်းနေတတ်တယ် ..."


မော်နီတယအခန်းမှ ဟန်ယွဲ့၏ သတိပေးချက်များပင် အသုံးမဝင်ခဲ့ပေ။


ထိုအစား ရှအန်း အခွင့်အရေး ရသွားသည်။


အားလုံးက ခေါင်းပေါ်မှ သစ်ပင်ကြီးများကိုသာ ကြည့်နေသောကြောင့်အပင်ပေါ်မှ သစ်ရွက်ပိုးကောင်များ ကျလာသည့်အခါ မျက်စိမှိတ်လိုက်ကြသည်။


" သတိထားကြ ... ရှအန်းပေါ်လာနိုင်တယ် ... ရွှယ်ယုကို ကာကွယ်ထား ..."


ရွှယ်ယုက head setမှ သတိပေးသံကြားသည့်အခါ သေနတ်ကို ကောက်ယူထားလိုက်သည်။ 


ရှအန်း၏ခွန်အားကြောင့် ရိုက်ကူးရေးအဖွဲ့များ အရှက်မဲ့ကုန်ကြသည်။ စည်းမျဉ်းများကို ပြောင်းလဲကာ ဇွန်ဘီပါဝင်သူများလည်း လက်နက်သုံးလာကြသည်။


ဒါပေမဲ့ အဲ့ဒါကလည်း အသုံးမဝင်ဘူးဆိုတာ သိသာပါတယ် ...