အပိုင်း ၆၆
Viewers 29k

Chapter 66


ရွှယ်ယု ချိန်ရွယ်နေစဉ်မှာပင် ရှအန်း အခြားသစ်ပင်ပေါ်မှ ဆင်းလာကြောင်း သူ မသိလိုက်ပေ။


အလွန်တိကျစွာဖြင့် သစ်ရွက်များ ကြွေကျနေသည့်သစ်ပင်ကို ချိန်ရွယ်နေသော ရွှယ်ယုကို သူမ၏အောက်တွင် ဖိထားသည်။


ထို့နောက် တွန့်ဆုတ်ခြင်းနှင့် သနားညှာတာခြင်းမရှိပဲ ရွှယ်ယုကို ဓားမြှောင်ဖြင့် ထိုးချလိုက်သည်။


" ရွှယ်ယု ထုတ်ပယ်ခံလိုက်ရပါပြီ ..." 


“…”


ကောင်းကင်ပေါ်မှ ကျလာပြီး သူ့ကိုမြေကြီးပေါ်တွင် ဖိထားသည့်ရှအန်းကို ရွှယ်ယု ကြည့်လိုက်သည်။ သစ်ရွက်များ ကြွေကျလာချိန်တွင် သူ၏စိတ်ထဲ တဒိန်းဒိန်း ခံစားလိုက်ရသည်


သူ စိတ်ကူးယဉ်နေတာပဲ ဖြစ်ရမယ် ... ဘာလို့လဲဆိုတော့ ရှက်စရာကောင်းလွန်းတယ် ...


ပါဝင်သူအားလုံးတွင် သူက အကောင်းဆုံး ကိုယ်ကာယကြံ့ခိုင်မှုရှိသော အားကစားသမားတစ်ဦးဖြစ်ပြီး အိုလံပစ်ရွှေတံဆိပ်ကို ရရှိခဲ့သည်။ သို့သော် ရှအန်းကဲ့သို့ မိန်းမပျိုလေးက သူ့ကို လွယ်လွယ်အနိုင်ယူသွားသည်။


 (╯ ‵ □ ′) ╯︵┻━┻


" သေစမ်း ရွှယ်ယုရော အထုတ်ခံလိုက်ရပြီလား ..."


အခြားဝန်ထမ်းအဖွဲ့ဝင်များ ဤမြင်ကွင်းကို မြင်သည့်အခါ အံ့ဩ၍ စကားမပြောနိုင် ဖြစ်သွားကြသည်။


နားကြပ်မှတစ်ဆင့် ဟန်ယွဲ့၏အသံကို ကြားရသောအခါမှ စိတ်ပျံ့လွင့်နေရာမှ ဂိမ်းထဲပြန်ရောက်လာကြသည်။ သို့သော် အသုံးမဝင်တော့ပေ။


ဟောလီးဝုဒ်ရုပ်ရှင်တွေက အမြောက်စာသရုပ်ဆောင်ကို သူတို့တကယ် ခံစားလိုက်ရတယ် ...


သူမက စွမ်းအားကြီးကြောင်း သိသာသော်လည်း တစ်ယောက်တည်းသာဖြစ်သည်။


သူတို့တွင် သူမထက် အားသာချက်များစွာရှ်ိနေသာ်လည်း သူမက ထူဆန်းသည့် တိုက်ခိုက်နည်းစနစ်များကို လွယ်လွယ်ကူကူသုံးပြီး သူမခန္ဓာကိုယ်မှ အာရုံခံစက်များကို မထိနိုင်အောင် လုပ်ထားသည်။ သူမက သူတို့ကိုပင် မထိလိုက်သော်လည်း စက်အများစုကိုလွယ်လွယ်ကူကူ ဖျက်ဆီးနိုင်သည်။


ထို့နောက် သူတို့မျက်စိရှေ့၌ပင် ပျောက်ကွယ်သွားသည်။


ကင်မရာက သူမကို ခြေရာပျောက်သွားပြီး မော်နီတာခန်းထဲမှ ဟန်ယွဲ့လည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။


" လောင်ရှု နောက်တစ်ခါကျရင် ဧည့်သည်သရုပ်ဆောင်တိုင်းရဲ့ ခေါင်းပေါ်မှာ ကင်မရာတပ်ထားကြမလား ... အဲ့ဒါဆို သူတို့ရဲ့ ရှုထောင့်ကလည်း မြင်ရမယ်လေ ..."


မဟုတ်ရင်တော့ သူမကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဖူး ... သူတို့ အစီအစဉ်ကို ဘယ်လိုလုပ်ရတော့မလဲ ...


" အဲ့လိုပဲ လုပ်တာပေါ့ ... မဟုတ်ရင် ရှအန်းကို ရှာတွေ့မှာမဟုတ်ဖူး ..."


ရှုလင်းခေါင်းငြိမ့်လိုက်ပြီး ရှုအန်းကို မော်နီတာ၏ နေရာတိုင်းတွင် ရှာဖွေနေသည်။


ရှိုးကို ထိန်းချုပ်၍ မရတော့ပေ။ ၎င်းက အားလုံးမမျှော်လင့်ထားသည်များသာ ဖြစ်နေသည်။


ထို့အပြင် ရှိုး၏ ဇာတ်လမ်းဇာတ်ကွက်သည်လည်း မူတို့ မူလက စီစဉ်ထားသည်နှင့် လုံးဝကွဲထွက်သွားသည်။


ဒါပေမဲ့ ဒါမျိုးအစီအစဉ်က ပိုပြီးလှပတယ်လို့ သူထင်တယ် ...


ဒါက သူ့အတွက် ပထမဆုံး variety showဖြစ်ပေမယ့် သူတို့ရှိုးပွဲက အကောင်းဆုံးလို့ ခံစားနေရတယ် ...


ရှုကျင်းယန်လိုမျိုး နာမည်ကြီးကြယ်ပွင့်တွေ ထပ်မပါရင်တောင်မှ သူတို့ရှိုးက အကောင်းဆုံး ဖြစ်နေဦးမှာပဲ ...


ဘာလို့လဲဆိုတော့ သူတို့မှာ ရှအန်းဆိုတဲ့ " မစ္စ ပန်းအိုးသရုပ်ဆောင် " ရှိနေတယ်လေ ...



" နှစ်ယောက်လုံး အထုတ်ခံရတာလား ..."

ဟန်ယွဲ့ အံ့အားသင့်သွားသည်။


ခြုံခိုတိုက်မယ့် ရှုကျင်းယန်ကလည်း ထုတ်လွှင့်နေတုန်းမှာပဲ အထုတ်ပယ်ခံလိုက်ရတယ် ...


နာရီဝက်အတွင်းမှာပဲ ရှအန်းက ပါဝင်သူလေးယောက်ကို ထုတ်ပယ်ခဲ့သည်။


ယခု သူမသာလျှင် တစ်ဦးတည်းသော ပါဝင်သူဖြစ်သည်။ 


ရှုကျင်းယန် နေထွက်လာသည်ကိုကြည့်ပြီး အစီအစဉ် မကြာခင် ပြီးဆုံးပြီး သူတို့လည်း အိမ်ပြန်ရတော့မည်ကို တွေးမိသွားသည်။ သူ ခေါင်းခါလိုက်သည်။


ရှအန်းက သန်မာတဲ့ လူတစ်ယောက်ဆိုပေမယ့် သူ့ကို နောက်ဆုံး ဂုဏ်သိက္ခာလေးတော့ ချန်ထားပေးခဲ့သင့်တယ် ...


ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာလေ ...


သူမကြောင့် အထုတ်ခံရမယ်ဆိုရင်တောင် အချိန်အကြာကြီး ခံသင့်တယ်လေ ...


နေ့လယ်အထိ ခံနေသေးရင်တော့ အကောင်းဆုံးပေါ့ ... ဒါပေမဲ့လည်း ...


" ရှုကျင်းယန် ထုတ်ပယ်ခံလိုက်ရပါပြီ ... ရှုကျင်းယန် ထုတ်ပယ်ခံလိုက်ရပါပြီ ..."


ရှုကျင်းယန်က သစ်သားမြှား ထိမှန်သွားခြင်းဖြစ်သည်။


ရှအန်း ဘယ်နေရာမှာဆိုတာ သူ မသိလိုက်ရတဲ့အပြင် မတိုက်ခိုက်ပဲ ရိုးရိုးရှင်းရှင်း အထုတ်ခံလိုက်ရတာပဲ ...


“…”


ရှုကျင်းယန် ခဏလောက်တော့   ​​မကြုံစဖူး စိတ်ပျက်စရာတစ်ခုကို ခံစားလိုက်ရတယ် ...


အသက်ပြင်းပြင်းရှုပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ အနီးပတ်ဝန်းကျင်ကိုကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

" ရှအန်း မင်းဘယ်မှာလဲ ... ထွက်လာတော့လေ ...  မင်း နိုင်သွားပြီပဲမလား  ..."


" ဝုန်း ..."


၎င်းက သစ်ရွက်များ ပွတ်တိုက်လိုက်သည့်။အသံဖြစ်သည်။ မကြာမီ အမျိုးသမီးတစ်ယောက် သစ်ရွက်များကြားမှ ထွက်လာသည်။


သစ်ပင်ပေါ်တွင် ရပ်နေသော အမျိုးသမီးပေါ်သို့ နွေးထွေးသောနေရောင်ခြည် ကျရောက်လာသည်။ သူမ၏ တစ်ကိုယ်လုံးကို ရွှေရောင်များ လွှမ်းခြုံထားသည်နှင့်ပင် တူနေသည်။


သူမကို ကြည့်ရတာ နွေးထွေးပြီး လှပနေတယ် ...


ထိုအမျိုးသမီးကိုကြည့်ပြီး အနည်းငယ် ရင်းနှီးသည်ဟု ရှုကျင်းယန် ခံစားလိုက်ရသည်။


သူက ထိုအမျိုးသမီးနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေခြင်းဖြစ်သည်။


ဒါပေမယ့် ဒီအချိန်မှာ နေရောင်ဖုံးလွှမ်းနေတဲ့ အမျိုးသမီးကို ကြည့်လိုက်တော့ တစ်စုံတစ်ခုက သိသိသာသာ တုန်လှုပ်နေတာကို တွေ့လိုက်ရတယ်...


" ဒိတ် ဒိတ် ဒိတ် ဒိတ် ..."


သူ၏ နှလုံးသားက သူမကလွဲလို့ ဘယ်သူနဲ့မှ ဒီလို မခုန်ဖူးဘူး ...


ဘာလို့ ...


ဖြစ်နိုင်တာကတော့ လူတွေပြောသလို ဒီအမျိုးသမီးက တကယ့် နတ်သမီးပဲ ...



" ကဲ့အခု “Come on Challenger” အစီအစဉ်ရဲ့ ပထမဆုံး ထုတ်လွှင့်မှုဖြစ်တဲ့ ဇွန်ဘီဝန်းရံခြင်းက တရားဝင် ပြီးဆုံးသွားကြောင်း ကြေညာလိုက်ပါတယ် ...  ဒီတစ်ခေါက်ရဲ့ ချန်ပီယံကတော့ ..."


ဟန်ယွဲ့ အပြုံးများဝေဆာနေသည့် ရှအန်းကိုကြည့်ကာ စိတ်ဓာတ်ကျသွားသည်။ သူ အံကြိတ်ပြီး သူမနာမည်ကို ပြောလိုက်သည်။


" ရှအန်းပဲ ဖြစ်ပါတယ် ..."


ဖြောင်း ဖြောင်း ဖြောင်း ...


လက်ခုပ်တီးသံများနှင့်အတူ ရှအန်းက အလွန်ပျော်ရွှင်နေပြီး ဇွတ်ဘီမိတ်ကပ်လိမ်းထားသော သူမသားလေးကို ပွေ့ဖက်ထားသည်။


ထိုနောက့် ဟန်ယွဲ့ဆီသို့ လျှောက်သွားပြီး ယွမ်နှစ်သောင်းတန် ချက်လက်မှတ်ကို ပျော်ရွှင်စွာ ယူလိုက်သည်။


" ရှအန်း ဘောနပ်စ်ကို ဘယ်နေရာမှာ သုံးမလဲ ..."


ယျေဘုယျအားဖြင့် ပြောရလျှင် အနုပညာရှင်များက ရသစုံရှိုးများမှ ရရှိသည့်ဘောနပ်စ်များကို လူမှုဖူလှုံရေးတွင် လှူဒါန်းကြသည်။


တစ်စုံတစ်ယောက်က ထိုသို့မေးသောအခါ ရှအန်းဖြေလိုက်သည်မှာ - 


" သေချာပေါက် ကျွန်မသားလေး ကျောင်းတက်ဖို့ပေါ့ ... ကျွန်မကြားတာ ကျောင်းတွေက ခုနောက်ပိုင်း အရမ်းဈေးကြီးလာတယ်တဲ့ ... ယွမ်နှစ်သောင်းနဲ့တောင် လောက်ပါ့မလား ..."


“…”


သူမ အဖြေကိုကြားသူတိုင်း အံ့အားသင့်သွားကြသည်။ 

မထင်မှတ်ပဲ ရှအန်းက တဲ့တိုး ပြောလိုက်တာပဲ ...


ရှရှင်ချန်းသည်ပင် သူ၏ နတ်သမီးမေမေက သူ့ကို ကျောင်းပို့ရန် အလေးအနက်စဉ်းစားနေကြောင်း မသိလိုက်ပေ။

" အမ် ... သာမန်ကျောင်းပဲဆိုရင်တော့ လောက်မှာပါနော် ..."


ဒါပေမဲ့ အနုပညာရှင်တစ်ယောက်ရဲ့ကလေးက သာမန်ကျောင်းကို မတက်မှာ သိသာနေတာပဲလေ ...


ယျေဘုယျအားဖြင့် ပြောရရင် ဒီလိုကလေးတွေက လူချမ်းသာတွေတက်တဲ့ ပုဂ္ဂလိကကျောင်းတွေပဲ တက်ကြတာလေ ... အဲ့ဒါဆိုရင်တော့ ယွမ်နှစ်သောင်းက မလောက်ဘူး ...


သေချာတာကတော့ ဘယ်သူမှ လူချမ်းသာတွေကို မုန်းတီးတဲ့ ခေါင်းစဉ်ကို ပြောရလောက်အောင် တုံးအ မနေဘူး ...


“Come on Challenger”ရဲ့ ပထမဆုံး ထုတ်လွှင့်မှုကတော့ မမျှော်လင့်ထားတဲ့ ပုံစံနဲ့ အဆုံးသတ်သွားခဲ့တယ် ...


ရှအန်း၏ ဒုတိယမြောက်ဗားရှင်း ဓာတ်ပုံများကို တရားဝင် ဝေ့ပေါ်တွင် တင်ခဲ့သည်။


သူမနာမည်ကို @ရှအန်း နဲ့ မိတ်ကပ်ဓာတ်ပုံမှာ အမှတ်အသားလုပ်ခဲ့တယ် ...


“Come on! Challenger! V: ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးဧည့်သည် နံပါတ်နှစ် ကို ထုတ်ဖော်ပြသလိုက်ပါပြီ ...  သူမ လှတယ်မလား ...