အပိုင်း ၆၇
Viewers 29k

Chapter 67


“Come on! Challenger! V: ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နံပါတ် ၂ အမျိုးသမီးဧည့်သည်ကို ထုတ်ဖော်ပြသလိုက်ပါပြီ ...  သူမ လှတယ်မလား ..." 

[ ဓာတ်ပုံ ]


တရားဝင်ဝေ့ပေါ်မှ ပိုစ့်တင်လိုက်သည့်အခါ အင်တာနက်တစ်ခွင်မှ ပရိသတ်များအားလုံး သိချင်စိတ်ဖြစ်သွားပြီး ထိတ်လန့်သွားကြသည်။


ရှအန်းက ဒုတိယမြောက်အမျိုးသမီးဧည့်သည် ဖြစ်နိုင်သည်ဟု  ငြင်းခုန်နေကြသူများပင် အံ့ဩသွားကြသည်။


လူအများစုကလည်း မယုံကြည်နိုင်ကြပေ။


ဒါပေမဲ့ အခုတော့ ...


သူတို့နှစ်သက်ခဲ့သည့် ဒုတိယမြောက်အမျိုးသမီးပါဝင်သူက အင်တာနက်ပေါ်မှာ ကောလဟာလ အများကြီးရှိနေတဲ့ ရှအန်းဆိုတဲ့ ကြယ်ပွင့် ဖြစ်နေပါလား ...


[ ဒီ ရိုက်ကူးရေးအဖွဲ့က လာနောက်နေသလိုပဲ ...]


[“Come on Challenger” က ဒုတိယအလှဆုံး ဧည့်သည်က တကယ်ကြီးပဲ ရှအန်း ဖြစ်နေတာလား ...]



အင်တာနက်သုံးစွဲသူအားလုံး တုံ့ပြန်လိုက်သောအခါတွင် အင်တာနက်ပေါ်တွင် ဝမ်းနည်းမှုတစ်ခု ဖြစ်ခဲ့ရသည်။


ရှအန်းကြောင့် " Come on Challenger " အစီအစဉ်ကို လူရှာဖွေမှုအများဆုံး စာရင်းထဲသို့ ပြန်လည်ရောက်ရှိလာစေခဲ့သည်။


သန်မာသော သတင်းစီးဆင်းမှာကြောင့် အခြားကြယ်ပွင့်များ၏ လူရှာဖွေမှုအများဆုံး သတင်းများကလည်း ချောင်ထိုးခံလိုက်ရသည်။


# အလှဆုံးပါဝင်သူ ရှအန်း #


# Come on! Challenger!_ ရှအန်း #


 …


အင်တာနက်ပေါ်တွင် “Come on Challenger” နှင့် ရှအန်းက ကမ္ဘာကြီးကို ပြောင်းပြန်လန်သွားစေခဲ့သည်။


အချိန်ခဏအကြာတွင် " ဒုတိယမြောက်အမျိုးသမီးဧည့်သည် " ကို နှစ်သက်သူအဖွဲ့များက ရှအန်းကို " အနိုင်မကျင့်ရန်နှင့် ခံစားရအောင် မပြုလုပ်ရန် " မှတ်ချက်ပေးခဲ့ကြသည်။


ခဏအကြာတွင် ဒုတိယမြောက်အမျိုးသမီးဧည့်သည်ကို နှစ်သက်သဘောကျသည့် ပရိသတ်များ၏ စိတ်က ရှုပ်ထွေးလာပြန်သည်။


[ ရှအန်းက တကယ်ပဲ ဒုတိယမြောက်အမျိုးသမီးဧည့်သည်ပေါ့နော်.... ]


[ ငါတို့ ငြိမ်ငြိမ်နေတာ ကောင်းမယ်ထင်တယ်... ]


[ ငါ ရှအန်းကို သဘောမကျပေမယ့် ဒုတိယမြောက်အမျိုးသမီးဧည့်သည်ကို သဘောကျနေပြီ ဘယ်လိုလုပ်ရမလဲ.... ]


[ အမှန်တော့ သူမနာမည်ကြောင့်ကလွဲရင် ဒုတိယမြောက်အမျိုးသမီးဧည့်သည်ရဲ့ မိတ်ကပ်ဓာတ်ပုံက ပါဝင်သူတွေအားလုံးထဲမှာ အကောင်းဆုံးပဲ ... အဲ့ဓာတ်ပုံကို ကြည့်ရုံနဲ့ ပုံထဲကလူက ကမ္ဘာပျက်ကပ်နေ့ရက်တွေထဲ တကယ်ရောက်နေသလို ခံစားမိစေတယ်..... ]


[ ရှအန်းကို မကြိုက်ပေမယ့် ရှအန်းရဲ့ ဓာတ်ပုံတွေကို တကယ့် တကယ်ကို သဘောကျနေမိပြီ ငါ့ကို မမုန်းကြပါနဲ့..... ]


[ ငါ့ကို မမုန်းကြပါနဲ့ +1 ]


[ ငါ့ကို မမုန်းကြပါနဲ့ +2 ]



မည်သို့ပင်ဖြစ်စေ ရှအန်းက သူမ၏ပုံရိပ်ကို ဓာတ်ပုံများမှတစ်ဆင့် တိုးတက်စေခဲ့သည်။


စည်းမျဉ်းများကို ဂရုမစိုက်သည့် အလှအပနှစ်သက်သူများက သူမဘက်မှ ရပ်တည်ကြသည်။


သို့သော်လည်း မကြာမီမှာပင် မုန်းတီးသည့် မှတ်ချက်များလည်း ပျံ့နှံ့လာသည်။


[ ပြောရရင်တော့ ဒီဓာတ်ပုံတွေက photoshopနဲ့ retouch ပြန်လုပ်ထားတာလည်း ဖြစ်နိုင်တယ် ... မင်းတို့တွေ ဒုတိယဧည့်သည်က ရှအန်းဆိုတာ မခန့်မှန်းနိုင်ကြဘူးမလား ... အဲ့ဒါကြောင့် phoroshop အများကြီးလုပ်ထားတာ ဖြစ်နိုင်တယ်..... ]


[ သူမက လှတယ်ဆိုတာနဲ့ပဲ သူများမိသားစုကြားဝင်တဲ့ တတိယလူဆိုတာ လျစ်လျူရှု့ထားတော့မှာလား ... ပြီးတော့ သူမမှာ တရားမဝင်ကလေးတစ်ယောက်တောင် ရှိသေးတယ် ... ဟားဟား ကြည့်ရတာ ကိုယ်ကျင့်တရားမကောင်းတဲ့ အမျိုးသမီးအနုပညာရှင်တွေကို ဖယ်ကျဉ်ရမယ့်အချိန်ရောက်ပြီလို့ ငါထင်တယ် ... “Come on Challenger” ကို တားမြစ်တဲ့နေရာမှာ ကျွန်တော်နဲ့ ပါဝင်ပေးကြပါ ... ဒီလိုအမဲစက်မကင်းတဲ့ရှိုးကို ratingပေးဖို့ ငြင်းဆိုရမယ်..... ] 


ဒီလိုနဲ့ လူထုရဲ့ သဘောထားကို တွန်းအားပေးပြီး လူအများကို သွေးထိုးလှုံ့ဆော်မှုတွေလည်း ရှိခဲ့လေသည်။


ရှအန်း၏ ကောလဟာလများကို ထပ်ခါထပ်ခါ ပို့စ်တင်ကြသည့်အတွက် အသစ်ရောက်လာသည့် စိတ်အားထက်သန်သူ ပရိသတ်များအတွက်ပင် ရွံရှာဖွယ် ဖြစ်လာခဲ့သည်။


အချိန်တိုအတွင်းမှာပင် “Come on Challenger” အစီအစဉ်မှ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရှအန်းအပေါ် အများပြည်သူများ၏ အမြင်ကလည်း မကောင်းသည့်ဘက် ရောက်လာသည်။


ကြော်ငြာလုပ်ရိုးလုပ်စဉ်များနှင့် အကျွမ်းတဝင်ရှိကြသော အသိုင်းအဝိုင်းအတွင်း ရှိသူများက ဤအငြင်းပွားမှုများ၏နောက်ကွယ်တွင်  ကွန်ယက်ပေါ်မှ ထိန်းချုပ်ထားသည့်လူ မရှိကြောင်း မယုံကြည်ကြပေ။


ထို့ကြောင့် အစီအစဉ်၏ ဈေးကွက်ချဲ့ထွင်ရေးဌာနက ဟန်ယွဲ့ကို အမြန်ဆက်သွယ်လိုက်သည်။


" မစ္စတာဟန် တစ်ယောက်ယောက်က ရှအန်းရဲ့ကိစ္စအငြင်းပွားမှုတွေ ဖန်တီးဖို့ ဆိုက်ဘာအဖွဲ့ကို ငှားထားပုံရတယ် ... မစ္စရှအန်းအပေါ် ဝေဖန်ချက်တွေ မကာင်းရုံတင်မကဘူး ကျွန်တော်တို့ အစီအစဉ်ကိုပါ ငြိစွန်းလာပြီ ..."


ထိုအချိန်က ဟန်ယွဲ့ သူ၏ရိုက်ကူးရေးအဖွဲ့နှင့်အတူ လေဆိပ်ကို ပြန်လည်ရောက်ရှိရုံသာ ရှိသေးသည်။ ဟန်ယွဲ့ ဖုန်းပြောပြီးသည့်အခါ ရှအန်းက ရှချင်းချန်နှင့် မုန့်စားနေသည်ကို တွေ့လိုက်ရသည်။


" ရှအန်း ငါနဲ့ခဏလိုက်ခဲ့ဦး ..."


" ဟုတ်ကဲ့ ..."


‌ဟန်ယွဲ့၏ တည်ကြည်နေသည့်မျက်နှာကို မြင်လိုက်ရ၍ ရှအန်း အကောင်ပေါက်လေး၏ခေါင်းကိုပွတ်ကာ မည်သူမျှ မရှိသည့် VIP ဧရိယာသို့ ဟန်ယွဲ့နှင့်အတူ လိုက်သွားသည်။


" ဟန် ဘာဖြစ်လို့လဲ ..."

ရှအန်း ဟန်ယွဲ့ကို သင်္ကာမကင်း ကြည့်လိုက်သည်။


" ရှအန်း ငါမင်းကို ဘာပြောပြော စိတ်မဆိုးပါနဲ့ဦး ... ပြီးတော့ ငါတို့အစီအစဉ်ရဲ့ ဈေးကွက်ချဲ့ထွင်ရေးဌာနနဲ့  အပြည့်အဝ ပူးပေါင်းပေးဖို့ မျှော်လင့်တယ် ..."


ဟန်ယွဲ့ အသက်ပြင်းပြင်းရှုလိုက်သည်။ ထို့နောက် မတွန့်ဆုတ်ပဲ သူမကို အားလုံးပြောပြလိုက်သည်။ သူမ၏ အတင်းအဖျင်းများကို တစ်စုံတစ်ယောက်က ထိန်းချုပ်ရန် ကြိုးစားနေကြောင်းပါ ပြောပြလိုက်သည်။


ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။


သူမ မျက်လုံးများထဲတွင် မဖော်ပြနိုင်သည့် အေးစက်မှုများကို မြင်လိုက်သည်။


ထိုလူက မည်သူဖြစ်သည်ကို သူမသိသည်။


အမျိုးသမီးဇာတ်လိုက်၏ မိခင်မှလွဲ၍ မည်သူ့ကိုမျှ မတွေးမိပေ။ 


" ကောင်းပါပြီ ဟန် ... ကျွန်မ ရှင်ပြောသလို လုပ်ပါ့မယ် ..."


ရှအန်း လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ ဖျော်ဖြေရေးနယ်ပယ်ထဲမှ များပြားသည့် လုပ်ဆောင်ချက်များကို သူမ တစ်ခုမှမသိပေ။


မည်သို့ပင်ဖြစ်စေ သူမက ဟန်ယွဲ့နှင့် ရှိုးပွဲကြောင့် လက်တွဲဖြစ်ခဲ့သည့်အတွက် ထိုအရာများကို ကိုင်တွယ်ဖြေရှင်းရမည်သာ ဖြစ်သည်။


" နောက်တစ်ခုကတော့ ငါတို့ anti-black လုပ်ငန်းစဉ်တစ်ခု လုပ်ရမယ် ... အဲ့အချိန်မှာ မင်းကိုအပုတ်ချဖို့ငှားထားတဲ့ ဆိုက်ဘာအဖွဲ့( လူလိမ်များ) ကို ငါရှာမယ် ... အဲ့အချိန်အတောအတွင်းတော့ မင်းက ကွန်ယက်ပေါ်မှာ စိတ်အနှောင့်အယှက်ပေးတာတွေ ရင်ဆိုင်နေရဦးမှာပဲ ... ဒါပေမဲ့ တည်ငြိမ်နေမှဖြစ်မယ် ..."


ဟန်ယွဲ့သည်လည်း ရှအန်းက သနားစရာကောင်းသည်ဟု ခံစားမိသည်။ မည်သူက သူမ၏လမ်းကို ပိတ်ဆိုးနေသည်ကို သူ မသိပေ။


သူမ၏ အကျင့်စရိုက်ကို သူသိသည်။ ထို့အပြက် သူမက ဉာဏ်ကောင်းသည့် ရှရှင်းလေးကို အလွန်ချစ်သည်။ ထို့ကြောင့် ရှအန်း၏ အမည်းစက်ကို ဖျောက်ဖျက်ပေးရမည်ဟု တွေးနေမိသည်။


သူ သက်ပြင်းချလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။

" ရှအန်း မင်း မှတ်ထားရမှာတစ်ခုရှိတယ် ... အင်တာနက်သုံးစွဲသူတွေက အားနည်းတဲ့သူဆို သနားတတ်တယ် ... မင်းသာ webioမှာ ရှင်းလင်းချက် တင်လ်ိုက်ရင် အပြောအဆို ခံရလိမ့်မယ် ... သူတို့က အမဲစက်ထင်အောင် လုပ်ချင်နေတာလေ ... ငါတို့အစီအစဉ် ထုတ်လွှင့်တဲ့အထိပဲ စောင့်ပေးပါ ... အဲ့အခါကျမှ မင်းအတွက်စိတ်မကောင်းဖြစ်ပြီး မင်းရဲ့ပရိသတ်တွေ ဖြစ်လာလိမ့်မယ် ..."


ဟန်ယွဲ့က ယခုမှ ဖျော်ဖြေရေးနယ်ပယ်ထဲ ရောက်လာသော်လည်း လုပ်ရိုးလုပ်စဉ်များဖြင့် ရင်းနှီးနေပြီးဖြစ်သည်။


" ကျွန်မနားလည်ပါတယ်  အစ်ကိုကြီးဟန် ... ကွန်ရက်တစ်ခုလုံးမှာ ပြောဆိုနေကြတာ ကျွန်မကိုလုံးဝ ထိခိုက်မှာမဟုတ်လို့ စိတ်မပူပါနဲ့ ..."

ရှအန်း ပြုံးလိုက်သည်။


‌ဖြစ်နိုင်တာ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်ကတော့ အဲ့ဒါကို ကြံကြံမခံနိုင်ခဲ့ဘူးထင်တယ် ...


ဒါပေမဲ့ သူမက မူလပိုင်ရှင်မှ မဟုတ်တာ ...


ဒီအမည်းစက်ထင်နေတဲ့ ကိစ္စတွေကို ဖြူစင်သန့်ရှင်းအောင် မလုပ်နိုင်တာဖြစ်ဖြစ် သူမရဲ့ပုံရိပ် ပြန်မရတာဖြစ်ဖြစ် ‌အရေးမကြီးဘူး ...


သူမမှာ ပိုက်ဆံရှိတယ်  နေစရာအိမ်လည်းရှိပြီး အရသာရှိတဲ့အစားအစာတွေ နေ့တိုင်းစားနိုင်မယ်ဆိုရင် သူမပျော်ပျော်ရွှင်ရွှင်နေနိုင်တယ် ...


" ကောင်းပါပြီ ... အဲ့တာဆို ရှိုးကိုအမြန်ဆုံး အသံလွှင့်နိုင်အောင် ကြိုးစားပေးပါ့မယ် ... အဲ့ဒါမှ မင်း အနှောင့်အယှက် မဖြစ်တော့မှာ ..."


ဟန်ယွဲ့ ဤကဲ့သို့ပြောလိုက်ခြင်းက သူမအတွက်ဖြစ်သော်လည်း သူ၏ အကျိုးအမြတ်အတွက်လည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။


မဟုတ်မမှန်တဲ့ သတင်းတွေက အွန်လိုင်းပေါ် ကြာကြာရှ်ိနေမယ်ဆိုရင် လူတွေကို အမှန်လို့‌တောင် ထင်သွားနိုင်စေတယ် ...


အဲ့အချိန်ရောက်သွားရင်တော့ သူတို့ရှိုးအတွက်လည်း ကောင်းကျိုး မရှိတော့ဘူး ...


ဒါကြောင့် ရှိုးပွဲကို မြန်မြန်ထုတ်လွှင့်ဖို့ ဟန်ယွဲ့ အလေးအနက် တွေးနေရပြီ ...


ဘယ်လိုအဆက်အသွယ်တွေကိုပဲ သုံးရပါစေ ... လက်ရှိအခြေအနေကို အခွင့်ကောင်းယူပြီး အစီအစဉ်ရဲ့ ပထမပိုင်းကို မြန်မြန် ထုတ်လွှင့်ရမယ် ...


" စကားမစပ် ရှအန်းရေ ဒါကို ခဏလောက်စဉ်းစားပေးပါလား ... ရှောင်ရှင်းကို အစီအစဉ်မှာ များများပါလာဖို့ ငါကူညီပေးရမလား ..."


ဟန်ယွဲ့ ပြောပြီးသည်ထင်၍ သူမ ပြန်သွားရင် ပြင်နေစဉ်မှာပင် အစီအစဥ်၌ သူမချစ်သောသားလေး၏ အခန်းများကို များများထည့်မည်ဟု ပြောသံကို ကြားလိုက်ရသည်။


" ဘာ ...."


ရှအန်း ဟန်ယွဲ့ကို သံသယများစွာဖြင့် ကြည့်လိုက်သည်။ သူမ အကောင်ပေါက်လေးကို ဆုလက်ခံရန် ချီထားစဉ်ကလည်း ဟန်ယွဲ့က ရှရှင်းကို နောက်ထပ်ရိုက်ကွင်းတစ်ခုကို ခေါ်သွားခဲ့သည်။


ဟန်ယွဲ့က သူမသားလေးကို ရှိုးမှာ မပါစေချင်ဘူးလို့ ထင်ခဲ့တာလေ ...


ဒါပေမဲ့ အခုတော့ ...


" အခုတော့ မတူတော့ဘူးလေ ... ရှောင်ရှင်းလည်း ဒီကိစ္စမှာပါနေပြီ ... ရှောင်ရှင်းလေးက ချစ်ဖို့ကောင်းတော့ မင်းရဲ့ပုံရိပ် ပြန်ရဖို့ကလည်း ပိုလွယ်လိမ့်မယ် ..."


ရှိုးပွဲမှ  ရှရှင်းချန်၏ သရုပ်ဆောင်ချက်ကို ပြန်လည်တွေးမိပြီး ဟန်ယွဲ့ မရယ်ပဲ မနေနိုင်ပေ။


" ရှအန်း ကြည့်ရတာ ဒီတစ်ခေါက် hot searchပေါ်မှာ မင်းတစ်ယောက်တည်းမကဘူး ငါတို့ရဲ့ကြယ်ပွင့်လေးလည်း ရောက်လာတော့မယ်ထင်တယ် ..."