အပိုင်း ၂
Viewers 13k

ဘ၀သစ်တစ်ခုအစ
လင်းရှောင်၏အာရုံက ရှုပ်ထွေးနေသည်။
သူနှင့်မိုရွှီနှစ်ဦးစလုံး မတော်တဆမှုကြောင့် ဤကမ္ဘာကိုရောက်လာခဲ့ပြီး မကြာခင်ပင် အတိုင်ပင်ခံအမတ်ကြီး၏သားဖြစ်သူ လန်ဝေ့နှင့်ဆုံခဲ့ရလေသည်။
လန်ဝေ့သည် မိုရွှီကိုမြင်မြင်ချင်းချစ်မိသွားပြီး သူ့၏အိမ်တော်သို့ခေါ်ဆောင်ကာ ဧည့်သည်အဖြစ်လက်ခံထားလေသည်။
လင်းရှောင်ကလည်း မိုရွှီနောက်သို့လိုက်ပြီး အမတ်ကြီးအိမ်သို့ရောက်လာရသည်။
လန်ဝေ့သည် ဤရှေးခေတ်ကမ္ဘာတွင် သူနှင့်မိုရွှီနှစ်ဦးစလုံး၏ ပထမဆုံးကျွမ်း၀င်မိသောသူစိမ်းပင်။မိုရွှီ၏မိတ်ဆွေဟုပြောလျှင်ပိုမှန်လိမ့်မည်။အဘယ်ကြောင့်ဆိုသော် ထိုအမတ်ကြီး၏သားဖြစ်သူလန်ဝေ့က လင်းရှောင်ကိုဆိုလျှင်အချိန်တိုင်းနှိမ့်ချလှောင်ပြောင်၍ဖြစ်သည်။
သို့သော်လင်းရှောင်ကမူ မိုရွှီ့ မျက်နှာကိုထောက်၍ ထို့သူ့အပေါ်သည်းခံကာ အကောင်းမြင်ပေးခဲ့ရှာသည်။
မိုရွှီသည်ကားအမှန်ပင် ရည်မှန်းချက်ကြီးလေသည်။အပြင်ဘက်တွင် လောကအလှကိုခံစားလို့ဝြပန်တော့ရုတ်တရက်နန်းတွင်းအကြောင်းကိုစိတ်၀င်စားလာခဲ့ပြန်သည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် ဧကရာဇ်မှ အနောက်ဆောင်အတွက်မိန်းမပျိုများ ရွေးချယ်နေစဉ်ကာလပေမို့ မိုရွှီ၏ရောဂါကပိုဆိုးလာခဲ့သည်။
မိုရွှီသည်ကားမိုရွှီပင်ဖြစ်ချေသည်။လန်ဝေ့၏အဖေ အမတ်ကြီးအားမည်သို့စည်းရုံးလိုက်လဲမသိပေ။
အမတ်ကြီးမှာ နန်းတွင်းတွင် မိုရွှီအတွက် နေရာတစ်နေရာဖန်တီးပေးပြီး အနောက်ဆောင်အတွက်အရွေးချယ်ခံအဖြစ် ၀င်ရောက်ဖို့ကူညီပေးလေသည်။
လင်းရှောင်နဲ့ လန်ဝေ့ကတော့ ထိုအကြံကိုသေချာပေါက် ဆန့်ကျင်ခဲ့သည်သာ။ မိုရွှီကိုကြိုက်နေသော လန်ဝေ့အတွက်ဆိုပြောစရာတောင်မလိုပေ။
သူကအဘယ်ကြာင့် မိုရွီကိုနန်းတွင်းသို့၀င်ရောက်ကာ ကိုယ်လုပ်တော်အဖြစ်ရွေးချယ်ခံမည်ကို ကြည်ဖြူနိုင်မည်နည်း။
သို့်သော် ဒီတစ်ခါလည်း မိုရွှီဘယ်လိုနည်းလမ်းတွေ သုံးလိုက်ပြန်သလဲမသိ။ လန်ဝေ့ကသူမနန်းတွင်းသို့ ၀င်ကာရွေးချယ်ခံမည့်ကိစ္စကို ခွင့်ပြုလိုက်ပြန်၏။
လင်းရှောင်အတွက်မူ, သူသည်နန်းတွင်းအကြောင်းမည်မျှပင် စိတ်၀င်စားပါစေ ထိုစိတ်၀င်စားမှုလေးတစ်ခုအတွက် ၀င်ရောက်စွန့်စားလိုစိတ်တော့လုံး၀မရှိချေ။ သူကမိုရွီနန်းတွင်းသို့၀င်ရောက်သည်က အန္တရာယ်များမှန်းသိသော်လည်း ဂရုစိုက်ဖို့မှာရုံအပြင် တခြားဟာမတွေးချင်တော့။ သူကဤကဲ့သို့ ကြုံလာမှတော့ မိမိတို့တစ်လမ်းစီလျှောက်ကြတာကောင်းမည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် သူနန်းတွင်းကို၀င်ရမည့်အရေးမလွတ်ကင်းခဲ့ပါချေ။
နှုတ်ဆက်ညစာဟုဆိုကာ ထမင်းလက်ဆုံပျော်ပျော်ရွှင်ရွှင်စားသောက်ကြပြီးမှ
မိုရွီနှင့် လန်ဝေ့သည်သူ့ကိုဆေးခတ် ထားကြောင်းသိလိုက်ရသည်။
သူမေ့မြောနေစဉ်ကာလအတွင်း ဆန္ဒမပါပဲနန်းတွင်းသို့ဆွဲခေါ်ခံလိုက်ရသည်။
အကယ်၍သူသာအချိန်ကိုက်နိုးမလာဘူးဆိုလျှင် သူ၏တစ်ခုတည်းသော ကျားပစ္စည်းလေးက အသင်းခံလိုက်ရပြီး တသက်လုံး အရှက်ရဖွယ်နန်းတွင်းကျွန်တစ်ဦးဖြစ်လာလိမ့်မည်။
ထိုအချိန်တုန်းက ငတုံးလင်းရှောင်မှာ မိုရွီတစ်ယောက်နန်းတွင်းတွင် အမှန်တကယ်အနိုင်ကျင့်ခံနေရမှာကိုစိတ်ပူပြီး
သူမ သူ့အပေါ်လုပ်ခဲ့သည်တို့အတွက်
အပြစ်မတင်သည့်အပြင် လန်ဝေ့ကိုလည်းမမုန်းခဲ့ပေ။
သူကထိုအခြေအနေနှင့်ပင် အနောက်ဆောင်၌သူမကိုကာကွယ်ရင်းအဖော်ပြုပေးနေခဲ့သည်။
သို့သော် နောက်ဆုံးတွင်ကျေးဇူးအတင်မခံရသည့်အပြင်
အဆိပ်ခတ်၍ လုပ်ကြံခံရမည်ဟု မည်သူကထင်ထားမည်နည်း။
လင်းရှောင်သည်နောက်ဆုံးတွင် အခြေအနေအားလုံးကို ရှင်းလင်းသွားလေသည်။
သူ အမှန်တကယ်သေခဲ့သည်။ မိုရွီကမ်းပေးသောအဆိပ်ဝိုင်ခွက်ကိုသောက်ပြီး အမှန်ပင်သေခဲ့ပြီးဖြစ်သည်။ အဆိပ်ကြောင့် သူ၏ရင်ဘက်မှာဓားအချောင်းတစ်ထောင်ဖြင့်အထိုးခံရသလိုစူးစူးရှရှနာကျင်မှုမျိုးကိုသူအခုထိမှတ်မိနေသေးသည်။
ထိုနာကျင်မှုမှာ လုံး၀အတုအယောင်မဟုတ်ပေ။
သို့သော် ယခုသူအသက်ရှင်နေသည်။
သို့တည်းမဟုတ် အချိန်နောက်ပြန်ဆုတ်ပြီး ပြန်လှည်ရှင်သန်လာခြင်းဖြစ်သည်။
သူ ယခုလက်ရှိအချိန်ကိုမှတ်မိပေသည်။ဤသည်ကား
မိုရွီကနန်းတွင်းထဲသို့၀င်ကာ အရွေးချယ်မခံရသေးစဉ်ကာလအပိုင်းအခြားဖြစ်သည်။
အရာအားလုံးမှာ အမှန်တကယ် ပြန်လည်စတင်ခဲ့ချေပြီ။
"မင်းမလိုက်ဘူးလား... မလိုက်ရင်လည်းငါ့အချိန်တွေကို လာမဖြုန်းနဲ့...ဒါကနန်းတွင်း နည်းနည်းလေးမှားတာနဲ့ အကုန်လုံးပေါ်သွားနိုင်တယ် နားလည်လား...
ပြီးတော့မင်း (ဝှေး)သင်းတာကိုလည်းမလုပ်ခဲ့ဘူး...မင်းကတကယ်ကို ပြဿနာရှာနေတာပဲ....ငာကပါမင်းနဲ့ အတူ
အရှင်လတ်လတ်မြေမြှုပ်မခံနိုင်ဘူး နားလည်လား..."
မိန်းမစိုးလင်းက တိတ်ဆိတ်နေသော လင်းရှောင်ကိုကြည့်ကာပို၍ပို၍ စိတ်မရှည်ဖြစ်လာပုံရလေသည်။မကျေနပ်ချက်များကို တရစပ်အော်ငေါက်တော့သည်။
အနောက်ဆောင်အတွင်းသို့ ယောက်ျားတစ်ယောက်ကို ခေါ်သွင်းခြင်းမှာ အလွန်အန္တရာယ်များလှသည်။ အကယ်၍ လူမိသွားခဲ့လျှင် သူမရှေ့မှ ဤနှစ်ယောက်ပင်မဟုတ်
နှိုက်နှိုက်ချွတ်ချွတ်စုံစမ်းစစ်ဆေးခံရပါက
အမှုတွင်ပါ၀င်သော အမတ်ကြီးအိမ်တော်သာမက သူမကိုယ်တိုင်သည်ပင် လွတ်မြောက်ဖို့မလွယ်ပေ။
သို့သော် ဤကိစ္စကိုစီစဉ်ခိုင်းသည်မှာလည်း တခြားလူမဟုတ်ပဲ သခင်လေးလန်ဝေ့ဖြစ်လေသည်။
တကယ်တမ်းတွင် သခင်လေးလန်ဝေ့က ဂရုတစိုက်အသေးစိတ်စီစဉ်ပေးထားခြင်းဖြစ်ပြီး ထိုအတိုင်းအမှားအယွင်းမရှိလုပ်ဆောင်နိုင်လျှင် ပြဿနာမရှိပေ။ သို့သော် ဤလူငယ်က အမှန်တကယ် အသင်းမခံရပဲ လွတ်မြောက်လာခဲ့သည်။
ထို့အပြင်ကို အရွေးချယ်ခံလည်းအဖြစ် လန်ဝေ့ကသူ့ကိုဂရုစိုက်ပေးရန် အထူးတလည်မှာကြားထားသော မိုရွီနဲ့တောင်အတူထွက်ပြေးလာလိုက်သေးသည်။
သူက လောလောဆယ်တွင် အမတ်ကြီးအိမ်မှလူတစ်ဦးဖြစ်ပြီး
အကယ်၍ သူက အနောက်ဆောင်သို့ ယောက်ျားတစ်ဦးကိုခေါ်သွင်းပေးခြင်းသာ ပေါက်ကြားသွားလျှင် အပြစ်ဒဏ်မှမည်သို့မျှလွတ်နိုင်မည်မထင်ပေ။
ထိုသို့စေ့စေ့စပ်စပ်စဉ်းစားမိလျှင်, လင်း အမျိုးသမီးသည် သူ၏ရှေ့မှ လင်းရှောင်ကို မုန်းတီးစွာကြည့်လိုက်မိလေသည်။
မည်သို့ပြင်ဆိုစေသူမနှင့် အမတ်ကြီးအိမ်တော်မှာ ဤကိစ္စတွင်ပါ၀င်မိပြီးဖြစ်လေသည်။
ဤလူငယ်အား ဂရုမစိုက်တော့ပဲ နန်းတွင်းမှဤတိုင်းထွက်သွားခိုင်းလိုက်လျှင်ပင် ပြစ်မှုမြောက်နေဆဲဖြစ်သည်။ သို့သော် သူတို့အချင်းချင်း ဤကိစ္စကိုဖုံးကွယ်ထားမည်ဆိုပါက အဆင်ပြေနိုင်သေးသည်။
ဖုံးကွယ်ထားနိုင်သလောက် အသက်ရှည်နိုင်သေးသည်။
ထို့ကြောင့် လင်း အမျိုးသမီးမှာ မိုရွီနှင့်လင်းရှောင်တို့ကို မပါတ်သတ်လိုသော်လည်း ရွေးစရာမရှိတော့ပေ။
လင်းရှောင်... လင်း အမျိုးသမီး၏အမူအယာများမှ သူမ တွေးနေသည်များကို ရိပ်မိလေသည်။
မိုရွီကမူ အစ်မကြီးလင်းမှာ စိတ်မရှည်ဖြစ်ပြီး သူတို့နှစ်ဦးကိုထားခဲ့မည်စိုးရိမ်သဖြင့် လင်းရှောင်ထဲသို့ ပြေးသွားကာ
လက်မောင်းကိုဆွဲတော့သည်။
"ငါတို့အတူသွားမှာ။ ဟုတ်တယ်မလားဟင် လင်းရှောင်..."
သူမက လင်းရှောင်ငြင်းဆန်မည်ကို အလွန်စိုးရွံ့နေသည်။
လင်းရှောင်ကမူ သူမဆွဲထားသော သူ့လက်မောင်းကို စိတ်အနှောင့်အယှက်ဖြစ်စွာကြည့်လိုက်သည်။
ထိုအကြည့်မှာအေးစက်လွန်း၍ မိုရွီ
တုန်လှုပ်ကာ လက်ကိုလွတ်ချလိုက်လေသည်။ သို့သော် သူမ၏မျက်လုံးလေးများတွင် တောင်းဆိုသည့်အရိပ်အယောင် များထင်ဟပ်နေဆဲဖြစ်သည်။
"လင်းရှောင်ရယ် နင်ငါ့ကိုအရမ်းချစ်တာပဲလေ အခုလည်း ငါ့အတွက်လုပ်ပေးတယ်လို့စဉ်းစားလိုက်ပါနော် ငါနဲ့လိုက်ခဲ့ပါနော်.."
မိုရွီသည် ဆက်၍ အလွန်၀မ်းနည်းနေပုံဖြင့်
"နင်တကယ် ငါ့ရဲ့အဝေးကိုထွက်သွားပြီး ငါ့ကိုဒီနေရာမှာတစ်ယောက်တည်းထားခဲ့မလို့လား...တကယ်လို့ ငါအနိုင်ကျင့်ခံနေရရင်ရောငါတို့ကအရင်ကတည်းက ဒီနေရာကိုအတူတူရောက်လာခဲ့ကြတာပဲလေ
နင်..နင် တကယ်ပဲ ငါ့ကိုစွန့်ပစ်တော့မလို့လား..."
လင်းရှောင် လှောင်ပြုံးသာပြုံးလိုက်မိသည်။
အရင်ကသူသည် ထိုစကားလုံးလှလှလေးများတွင် အလွယ်တကူပင်အရူးလုပ်ခံရလေသည်။ သူကအနောက်ဆောင်အတွင်းမိုရွီအနားတွင်နေပေးဖို့အရေး
တချိန်လုံး တပါးသူတစ်ယောက်လိုဟန်ဆောင်ပြီး သူ့ကိုယ်ပိုင် ဘ၀အစစ်အမှန်ဖြင့်တောင်နေခွင့်မရခဲ့ပေ။
သူကနောက်တကြိမ် ဒီစကားတွေကို ယုံကြည်နေဦးမည်တဲ့လား....
ရယ်စရာကောင်းလိုက်တာ...
လင်းရှောင် သူမကိုလျစ်လျူရှုလိုက်ပြီး...
"အမကြီး မြင်တဲ့အတိုင်းပဲ အခြေအနေအရ ကျွန်တော့်မှာလည်းအခြားရွေးချယ်စရာမရှိပါဘူး။ ဒါကြောင့်
ကျွန်တော်နန်းတွင်းကို၀င်ပါ့မယ်...အမကြီးအပေါ်ပဲမှီခိုပါရစေ... ကျွန်တော်ဘာလုပ်ရမလဲသာပြောပါ... မဟုတ်ရင်လည်းကျွန်တော်ဒီက အသက်ရှင်လျက်ထွက်သွားနိုင်မှာမှမဟုတ်တာ"
မိန်းမစိုးလင်း ၏ အကျည်းတန်သောအမူအယာက အနည်းငယ်ပြေလျော့သွားလေသည်။
"ကောင်းတယ် မင်းကအခြေအနေကိုနားလည်တတ်သားပဲ"
လင်းရှောင်ကပြုံး၍
"ဒါပေမယ့် ကျွန်တော်က အညစ်အကြေးဖယ်ရှားတဲ့အခန်း(ဝှေးသင်းတဲ့အခန်း)
ကနေထွက်ပြေးလာခဲ့တော့ တခြားလူတွေကတော့မသိပေမယ့်
ကုန်းကုန်းတွေကတော့ ကျွန်တော့်ရဲ့ မျက်နှာနဲ့အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်ဖူးထားကြတယ်"
လင်း အမျိုးသမီးက မျက်မှောင်ကျုံ့လိုက်ပြီး အေးစက်စွာဆိုလိုက်သည်။
"ဟမ့်.. ဒါကိုမင်းပူနေစရာမလိုပါဘူး။
မင်းသာငါပြောတာကို နာခံပြီး သေချာလိုက်နာသရွေ့
ငါမင်းကို ဘ၀အသစ်တစ်ခုပေးလို့ရတယ်။
ဘယ်သူမှမှတ်မိမှာမဟုတ်ဘူး...ဘာပဲဖြစ်ဖြစ် မင်းကသေချာပေါက်ဂရုစိုက်မှရမယ်။
အထူးသဖြင့် မင်းအသင်းမခံပဲ ထွက်ပြေးလာတဲ့ အဲဒီပစ္စည်းကိုပေါ့"
အမျိုးသမီးက ပြင်းထန်စွာသတိပေးသောအကြည့်ဖြင့်
လင်းရှောင်၏အောက်ပိုင်းတစ်နေရာကို ကြည့်၍ ဆိုလိုက်သည်။
လင်းရှောင်မှာ ထိုပြင်းထန်သောအကြည့်ကြောင့် သူ၏အောက်ပိုင်းပင်တုန်းတက်သွားသလို ခံစားရပြီး နောက်သို့တစ်လှမ်းဆုတ်လိုက်မိလေသည်။
ထို့နောက် သူနှုတ်ခမ်းကိုတင်းတင်းကိုက်လိုက်ပြီး...
"ဘာကိုဆိုလိုသလဲဆိုတာ ကျွန်တော်နားလည်ပါတယ်"
ယခု သူ့ထံတွင် တခြားရွေးချယ်စရာမရှိပေ။
နန်းတွင်းသို့၀င်ရသည်မှာ လွယ်ကူသလောက် အထွက်ကမူ ခက်ခဲ၏။ ထို့အပြင်သူက မောင်းမဆောင်ထဲတွင်
အသင်းမခံထားရသည့် တစ်ဦးတည်းသော ယောက်ျားတစ်ဦးလည်းဖြစ်နေသေးသည်။သူအသက်ရှင်လိုစိတ်ရှိသေးလျှင် သူ၏ယောက်ျားတစ်ဦးဖြစ်သောဘ၀အစစ်အမှန်ကို ဖုံးကွယ်ထားမှရလိမ့်မည်။
ဤအမျိုးသမီးမှာ လန်ဝေ့၏လူဖြစ်သော်ငြား
လောလောဆည်တွင် တလှေတည်းစီးနေရသော သူအချင်းချင်းဖြစ်သည်မို့ သူ့ဒုက္ခရောက်အောင်တော့ လုပ်လိမ့်မည်မဟုတ်။
အမျိုးသမီးက ကျေနပ်မှုဖြင့် ခေါင်းကိုငြိမ့်လိုက်သည်။
ထို့နောက်တွင် ရှေ့မှဦးဆောင်သွားလိုက်ပြီး
"ကောင်းတယ် ... အခုနောက်ကလိုက်ခဲ့"
လင်းရှောင်က လိုက်သွားပြီး မိုရွီကလည်းလိုက်လာလေသည်။
သို့သော် သူမ၏ခြေလှမ်းတို့မှာ ရပ်တန့်ခံလိုက်ရလေသည်။
"ဘာဖြစ်တာလဲ..."
အမျိုးသမီး လင်းက ပြန်လှည့်လာပြီး အလျင်မလိုစွာမေးလိုက်သည်။
လင်းရှောင်က ထိုသည်ကိုမျှော်လင့်ပြီးသားဖြစ်သည်။
သူက မိုရွီကိုကြည့်ကာဆိုလိုက်သည်။
"ချူရှိုးနန်းဆောင်ရဲ့ မိန်းမစိုးလင်းနဲ့
အရွေးချယ်ခံအပျိုတော်တစ်ယောက်က အတူတူသွားလို့မသင့်တော်ဘူးမဟုတ်လား..."
ဤတွင်မိန်းမစိုးလင်း၏မျက်နှာကပို၍မဲမှောင်သွားကာ မိုရွီအား ကြည့်သည့်အကြည့်က မနှစ်မြို့မှုတို့ပိုတိုးလာလေသည်။
မိုရွီက ပြာပြာသလဲဖြင့်...
"လင်းရှောင်.. နင်ကိုဆိုလိုတာလဲ...
ငါ..ငါ နင်ငါနဲ့ လန်ဝေ့ကို ဒီကိုအတင်းဆွဲခေါ်လာတဲ့အတွက် စိတ်ဆိုးနေတာကိုသိပါတယ် ဒါပေမယ့် အခုအချိန်က ဒီလိုပြုမူနေရမယ့်အချိန်မဟုတ်ဘူးလေ ငါတို့အချင်းချင်း.."
လင်းရှောင်ကမူ မိုရွီ၏လက်ကိုမနှစ်မြို့စွာခါထုတ်လိုက်ပြီး အမျိုးသမီးလင်းကလည်း နှာခေါင်းရှုံ့ကာဆိုလာသည်။
"ဆူညံမနေနဲ့. လင်းရှောင်ပြောတာမှန်တယ်...မင်းငါတို့နဲ့အတူ ချူရှိုးနန်းဆောင်ကို လိုက်လို့မရဘူး လူခွဲသွားမှရမယ်...ငါသူ့ကိုအရင်ခေါ်သွားလိုက်မယ်...."
"ဘာ.."
မိုရွီ၏မျက်လုံးများပြူးကျယ်သွားသည်။
"ဒါ..ဒါဆို ကျွန်မကရော"
"မင်း.."
အမျိုးသမီး လင်းက သူမကိုတစ်ချက်သာလှည့်ကြည့်လိုက်ကာ...
"မင်းဘာသာမင်းပြန်လိုက်..."
"ကျွန်..ကျွန်မဘာသာ..."
မိုရွီ သူမကိုယ်သူမလက်ညှိုးထိုး၍ မယုံနိုင်စွာ အံကိုကြိတ်လိုက်မိသည်။
ထို့နောက်တွင် လင်းရှောင်ကိုတဖန်ကြည့်ကာ နူးညံ့သောလေသံလေးဖြင့်
"လင်းရှောင် ငါမှားတာကိုသိပါတယ်...
လန်ဝေ့က နင့်ကို ကုန်းကုန်းတွေဆီပို့ပြီး အသင်းခံရအောင်လုပ်ခဲ့တာ...ဒါ..ဒါပေမယ့်
ငါအဲဒီအခန်းရှေ့မှာ လဲကျချင်ယောင်ဆောင်ပြီး နင်ထွက်ပြေးလို့ရအောင် အချိန်ဆွဲပေးထားခဲ့တယ်လေ...ငာနင့်ကိုကုန်းကုန်းတစ်ယောက်မဖြစ်စေချင်ပါဘူး...
ငါကနင့်ကိုငါ့အနားမှာပဲရှိစေချင်တာပါ...
ငါမှားတာသိပါတယ်။ပြီးတော့နင်လည်း တကယ်ကုန်းကုန်းဖြစ်သွားတာမှမဟုတ်တာ...စိတ်မဆိုးပါနဲ့တော့နော်...အခုငါ့ကိုနင်နဲ့အတူ ခေါ်သွားပါဟာ..နန်းတွင်းကကျယ်လွန်းတယ်...ငါ ..ငါ..လမ်းမသိလို့ပါ..."
မိုရွီသည်အလွန် သနားစဖွယ်ကောင်းစွာပြောလိုက်သော်လည်း
လင်းရှောင် သူအ အပေါ် သနားညှာတာစိတ် ထပ်၍ရှိလာတော့မည်မဟုတ်ပေ။
သူမလမ်းပျောက်ပြီး ဘယ်တော့မှပြန်မလာနိုင်တော့လေ ကောင်းလေပဲ...ပြေညရမည်ဆိုလျှင် သူ၏စိတ်ထဲတွင် သူမကို ဘယ်လိုရက်ရက်စက်စက် သတ်ရမလဲဆိုတာသာရှိတော့သည်။
ထို့ကြောင့် လင်းရှောင်သည် သူမကို လုံး၀လျစ်လျူရှုလိုက်လေသည်။