အပိုင်း ၇၁
Viewers 29k

Chapter 71


" မ ... မဟုတ်ပါဘူး မဒမ်  ... ကျွန်မ မရယ်ပါဘူး ..."


အတွေးထဲ လွင့်မျောနေသော ဝမ့်ဝမ်က ရှကျင်းဟောင် သူမနား ကပ်လာသည်ကို တွေ့လိုက်သဖြင့် အလိုလို နောက်ဆုတ်မိသွားသည်။


သို့သော် သူမ နောက်မဆုတ်မီမှာပင် ရှကျင်းဟောင်က ဆံပင်ဆောင့်ဆွဲလိုက် မျက်နှာကို နံရံနဲ့ ရိုက်လိုက်သည်။


အုန်း ...


အား ...


" မဒမ် ကျွန်မ မှားသွားပါတယ် ခွင့်လွှတ်ပေးပါ ..."


လှပပြီး အရောင်တောက်သောအခန်းထဲသို့ အသံတစ်ခု ဝင်လာသည်။

" မာမီ မာမီ ... ဘာလို့ အရမ်းဆူညံနေတာလဲ ..."


သူမ သေတော့မည်ဟု ထင်နေချိန်တွင် နတ်သမီးကဲ့သို့ အသံလေးတစ်သံက နားထဲရောက်လာသည်။


ထိုအသံကိုကြားသဖြင့် သူမ ကယ်တင်ခံလိုက်ရကြောင်း သိလိုက်သည်။


ထိုအသံကြောင့် မူလက ကြောက်မက်ဖွယ်ကောင်း၍ ရူးနှမ်းနေသော စိတ်ဝေဒနာရှင်ကဲ့သို့ အမျိုးသမီးက သိမ်မွေ့လှပသည့် လူတစ်ယောက် ပြန်ဖြစ်သွားသည်။


" အာ ... ဘာမှမဟုတ်ပါဘူး ... ဝမ့်ဝမ် ချော်လဲသွားလို့ ..."


ရှကျင်းဟောင်က အခန်းပြင်ဘက်တွင် မတ်တပ်ရပ်နေသည့် သူမသမီးကို နူးညံ့စွာ ပြန်ပြောလိုက်သည်။ ဝမ့်ဝမ် အခန်းတံခါးကိုဖွင့်ပြီး ထွက်မသွားမီအချိန်ထိ ရှကျင်းဟောင်က သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။


တံခါးပွင့်သွားသည်နှင့် ရှကျင်းဟောင် သူမ၏ နတ်သမီးကဲ့သို့ လှပ၍ချစ်စရာကောင်းသည့် သမီးလေးကို မြင်လိုက်ရသည့်အခါ သူမရင်ထဲမှ ဝေဒနာများ ချက်ချင်းပျောက်ကင်းသွားသည်။


ဒေါသ ... မနာလိုမှု ... အမုန်းတရား ... 

အားလုံးပျောက်ကွယ်သွားသည်။


ထိုအချိန်တွင် သူမနှလုံးသားထဲ၌ ဤကလေးလေးနှင့်သာ ပြည့်နှက်နေသည်။


" ချီချီ မာမီလုပ်လို့ နိုးသွားတာလား ..."


ရှကျင်းဟောင် ဖုအန်းချီဆီသို့ သိမ်မွေ့စွာ လျှောက်လာပြီး သူမကိုချီလိုက်သည်။


ကလေးမလေးက နူးညံ့စွာပြုံးလိုက်ပြီး ရှကျင်းဟောင်၏ လည်ပင်းပေါ် မှီထား၍ ချိုသာစွာ ပြန်ပြောလိုက်သည်။

" ဟုတ်ပါဘူး ... မာမီ့ကို အိမ်မက်မက်လို့ ... မာမီ့ကိုအရမ်းသတိရတာနဲ့ နိုးလာတာ ..."


ဖုအန်းချီ၏ ဖယောင်းကဲ့သို့ နူးညံ့သော စကားလုံးများက ရှကျင်းဟောင်၏ နှလုံးသားကို အရည်ပျော်သွားစေသည်။


" မာမီ့ရဲ့ ချစ်သမီးလေးက မာမီမရှိပဲ ခဏတောင် မနေနိုင်ဘူးလား ..."


ရှကျင်းဟောင်ရယ်မောပြး သူမသမီးလေး၏ နှာခေါင်းကိုညှစ်လိုက်သည်။ သူမအသံထဲတွင် အဆုံးမရှိသည့် မိခင်မေတ္တာများ ပါဝင်နေသည်။


" ဟီးဟီး ~ ချီချီ့ကို မာမီနဲ့ ခွဲထားလို့မရဘူး ... ချီချီက မာမီ့နောက်ပဲ အမြဲလိုက်နေမှာ ..."


သူမ သမီး၏မျက်နှာပေါ်မှ တောက်ပနေသည့်အပြုံးကိုကြည့်ကာ ရှကျင်းဟောင် သူမကိုယ်ကို မြင်နေရသည်ဟု ခံစားမိလိုက်သည်။


သူမသမီးက သူမငယ်စဉ်အချိန်ကနှင့် တစ်ပုံစံတည်းဖြစ်သည်။


အတိတ်ကာလ မည်သည့်ကိစ္စမှ မဖြစ်ပျက်ခင်အချိန်က ချီချီ့ကဲ့သို့ပင် သူမသည်လည်း မိသားစုဝင်အားလုံး၏ ချစ်မြတ်နိုးခြင်းခံရသည့် မင်းသမီးလေး ဖြစ်ခဲ့သည်။


လွတ်လပ်ပျော်ရွှင်ခဲ့ရတယ် ...


အဲ့ဒီနေ့ မတိုင်ခင်ထိပေါ့ ...


သူမ ဖြားယောင်းသွေးဆောင်ခြင်းခံရပြီးနောက် လူကုန်ကူးခံရသည်။ ထိုအချိန်မှစ၍ မှောင်မိုက်ပြီး နာကျင်သော ဆင်းရဲမှုအတွေ့အကြုံများ ခံစားခဲ့ရသည်။


သူမ ရှအန်းနှင့်တူတူ လူကုန်ကူးခံခဲ့ရသည်။ သို့သော် ဝက်တစ်ကောင်ကဲ့သို့ တုံးအသည့်ရှအန်းက ကံကောင်းစွာဖြင့် သူမဘဝကို ဆယ်နှစ်တိုင်အောင် ရယူထားနိုင်ခဲ့သည်။ ထို့ကြောင့် ရှအန်းက မင်းသမီးတစ်ယောက်ကဲ့သို့ ဆယ်နှစ်ကျော် နေထိုင်ခဲ့ရသည်။


သူမကရော ... ငရဲလိုဘဝမျိုးမှာ နေခဲ့ရတာပေါ့ ...


ထိုအကြောင်းကို စဉ်းစားမိရုံဖြင့် ရှကျင်းဟောင်၏ မျက်နှာက ရုတ်ချည်းအေးစက်သွားပြန်သည်။


" မာမီ နာတယ် ... နာတယ်လို့ ... ချီချီ့ကို နာအောင်လုပ်နေတယ် ..."


မျက်ရည်များဝဲကာ ကြောက်စရာကောင်းနေသည့် ရှကျင်းဟောင်ကို ဖုအန်းချီကြည့်လိုက်မိသည်။


" ‌တောင်းပန်ပါတယ် ကလေးလေး ... မာမီ မရည်ရွယ်ပါဘူး ..."


သူမသမီး၏ ငိုသံကို ကြားရသည့်အခါ ရှအန်း တင်ူကျပ်နေသော လက်တို့ကိုဖြေလျှော့လိုက်ကာ သူမ သမီးကို ချော့မြူနေသည်။


" မာမီ မကောင်းတဲ့မိန်းမကြီး အန်တီရှအန်းအကြောင်း တွေးနေတာလား ..."


" အင်းဟုတ်တယ် ... မာမီ အဲ့မိန်းမအကြောင်းတွေးမိပြန်ပြီ ..."


" ချီချီ သူ့ကိုတကယ်မုန်းတယ် ... သူက အမြဲမာမီ့ကို ဝမ်းနည်းအောင်လုပ်တယ် ... မကောင်း‌တဲ့မိန်းမကြီး ..."


" အဲ့ဒါဆို သူက မကောင်းတဲ့ မိန်းမပေါ့ ..."


" သူ့ကို မုန်းတယ် ... မာမီ စိတ်မပူပါနဲ့ ... နောက်ဆိုရင် ဖုယွီနဲ့ မကစားတော့ဘူး ..."


" မာမီ့ရဲ့ ချစ်စရာ‌ကလေးလေး ... မင်းက မာမီ ဂရုအစိုက်ဆုံးလူပဲ ... မာမီ မင်းကို အကောင်း‌ဆုံးအရာတွေပဲ ပေးမယ် ..."



ဟတ်ချိုး ...


မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည့်ရှအန်း နှာချေလိုက်မိရာ ဘေးနားမှ အကောင်ပေါက်လေး လန့်သွားသည်။


" မာမား အအေးမိနေတာလား ..."


" မဟုတ်ပါဘူး ... မာမားက အဲ့လောက်လွယ်လွယ်နဲ့ အအေးမမိတတ်ဖူး ... နှာခေါင်းယားနေလို့ပါ ..."


ရှအန်း နှာခေါင်းကိုပွတ်လိုက်ပြီး ခေါင်းငုံ့ကာ ပြုံးပြလိုက်သည်။ ဤရက်ပိုင်းအတွင်း အပြင်မထွက်နိုင်သည့်အတွက် မှာယူထားသည့် အစားအစာများကိုသာ စားသောက်နေရသည့်အတွက် ရှအန်း ပျင်းရိနေသည်။


———————————-


ထို့ကြောင့် ရှဟန်း ဟင်းချက်နည်းများစွာကို ရှာတွေ့ပြီး စတင် ချက်ပြုတ်နေသည်။


သူမ လုပ်ချင်တာလုပ်ဖို့ အချိန်ရှိနေတာပဲလေ ...


ကံကောင်းသည်က သူမတွင် စားဖိုမှူးတစ်ယောက်၏ အရည်အချင်းရှိသည့်အတွက်  သူမချက်ပြုတ်သမျှအားလုံး အရသာရှိနေသည်။


၎င်းက ရှအန်းကို ပျော်ရွှင်စေသည်။


သို့ရာတွင် ရှအန်း ချက်ပြုတ်နေစဉ်အချိန်၌ အကောင်ပေါက်လေးကို သတိမထားမိပေ။ ထိုအချိန်တွင် အကောင်ပေါက်လေး၏ မျက်နှာက ကလေးတစ်ယောက်နှင့်မတူစွာ နက်နဲသည့်အမူအရာတစ်ချို့ ရှိနေသည်။


" မာမား ... အဲ့ဒီလူတွေပြောတာ မှန်တယ်မထင်ဘူး ... မာမားက တတိယလူမဟုတ်ဖူး ... သားကလည်း တရားမဝင်ကလေး မဟုတ်ဖူး ... ရှောင်ရှင်းက မာမားရဲ့သားလေးလေ ... မာမားတစ်ယောက်တည်းရဲ့သားလေး ..."


အကောင်ပေါက်လေး၏ စကားများကို ကြားသည့်အခါ ရှအန်း ချက်ပြုတ်နေရာမှ ရပ်တန့်သွားသည်။


ပါဝင်ပစ္စည်းများကို ချထားလိုက်ပြီး လက်သုတ်၍ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အကောင်ပေါက်လေးကို လေးနက်စွာ ကြည့်လိုက်သည်။


" ရှောင်ရှင်းလေး ဘာဖြစ်လို့လဲ ..."


ဤရက်များအတွင်း သူမသားလေးက သာမန်ကလေးများနှင့်မတူသည်ကို သဘောပေါက်ခဲ့သည်။


သူမကို ချီးကျူးသည့် စကားများမှလွဲ၍ ထိုကလေးပြောသမျှစကားတိုင်းက အဓိပ္ပါယ်သက်ရောက်မှုများ ရှိသည်။


ရှရှင်းချန်၏ စကားများကို ကြားရသည့်အခါ အကောင်ပေါက်လေးက အတင်းအဖျင်းသတင်းများ ကြားလာပြီး စိတ်ထိခိုက်လာသည်ဟု ရှအန်းတွေးမိသွားသည်။


မကြာမီ သူ၏တည်ငြိမ်နေသော မျက်နှာကို မြင်လိုက်သည့်အခါ ဉာဏ်ကြီးရှင် အကောင်ပေါက်လေးက သူမကို တစ်စုံတစ်ရာ ပြောချင်နေသည်ကို သဘောပေါက်သွားသည်။


" မာမားက အန်ကယ်ဖုရဲ့ အချစ်ဦးလေ ... တတိယလူ မဟုတ်ဖူး ... အဲ့မိန်းမကမှ တတိယလူ ... မာမားက အန်ကယ်ဖု လက်ထပ်ပြီးတည်းက တစ်ခါမှမတွေ့ခဲ့ဖူးမလား ...  အန်ကယ်ဖုက လက်မထပ်ခင်မှာ သားကို မွေးပြီးပြီလေ ..."


ရှအန်း လုံးဝ ထိတ်လန့်သွားပြီး စိတ်ထဲ အလင်းရောင်တစ်ခု ရောက်လာသည်။


သူက ပက်သတ်ဆက်နွယ်မှုတွေအကြောင်း ပြောနေတာပဲ ...


သူ့အသက်က ဘယ်နှနှစ်မို့လဲ ... လူကြီးတွေရဲ့ လောကထဲက အရာအားလုံးကို ဘယ်လိုမြင်နိုင်နေရတာလဲ ...


ဘာလို့ရော ကွဲကွဲပြားပြား သိနေတာလဲ ...


သူမကို ဘာလို့ ပြောပြနေပါလိမ့် ...


သူမရဲ့ လိမ္မာတဲ့သားလေးက သူမကိုယ်တိုင် သိရမယ့်အကြောင်းတွေ ပြောပြနေတာပဲ ...


သူ ဒါတွေကို ပြောပြနေတာ သူမ ပြန်လည် တိုက်ခိုက်နိုင်အောင်လား ...


" ‌တစ်ယောက်ယောက်က မာမားနောက်ကွယ်မှာ မကောင်းကြောင်းတွေ ပြောနေတာ ဖြစ်နိုင်တယ် ..."


ရှအန်း သူမနှင့် အကောင်ပေါက်လေးအတွက် နေ့လယ်စာ ဆက်လက် ချက်ပြုတ်နေသည်။


ဒါပေမဲ့ ဒါက အဓိပ္ပါယ်မရှိဘူးနော် ...


ရှအန်း ဦးနှောက်ထဲတွင် ကမောက်ကမဖြစ်နေသည်။ သူမ၏ ဉာဏ်ကြီးရှင်သားလေးက အဘယ့်ကြောင့် ဤကိစ္စများ ပြောပြနေသည်ကို နားမလည်နိုင်ပေ။


အကောင်ပေါက်လေးက သူ၏ လက်ဖဝါးလေးဖြင့် ‌ရှအန်းခေါင်းကို ငြင်သာစွာ ပွတ်လိုက်သည်။


" မာမားက တကယ်တုံးတာပဲ ... မာမားကို တိတ်တိတ်ပုန်းမယားလို့ ခေါ်ခံရတာကို ရှောင်ရှင်း သဘောမကျဘူး ပြီးတော့ တရားမဝင်ကလေးလို့လည်း အခေါ်မခံချင်ဘူး ... အဲ့ဒါကြောင့် သတိပေးတာပါ ..."


သူမ၏နဖူးပေါ်မှ နူးညံ့နွေးထွေးသည့် လက်ပိစိလေးကြောင့် ရှအန်းရင်ထဲ နွေးထွေးသွားသည်။


သူမရင်ထဲမှ သံသယများ ပျောက်ကွယ်သွားသည်။


သူမသားလေးက ဉာဏ်ကောင်စပြီး သိတတ်နားလည်တာပဲ ...


သူမ ပြန်လည်တိုက်ခိုက်ချင်သော်လည်း ရှအန်းအကြောင်းကို များများစားစား မသိပေ။


ပြန်လည်တိုက်ခိုက်ချင်လျှပ်ပင် သူမ ဘယ်နေရာမှ စရမည်ကို မသိသောကြောင့် ပြုသမျှနုနေရသည်။ အစီအစဉ်ကို ထုတ်လွှင့်ချိန်အထိ စောင့်ဆိုင်းပြီး ဟန်ယွဲ့၏ နည်းလမ်းအတိုင်း လိုက်နာကာ သူမပုံရိပ်ကို ပြန်လည်ထိန်းသိမ်းရမည်ဖြစ်သည်။


ဒါပေမဲ့ အခုတော့ ...


ရှအန်း သူမရင်ခွင်ထဲမှ အကောင်ပေါက်လေးကို ဖက်ထားပြီး နှာခေါင်းကို ဖျစ်ညှစ်လိုက်သည်။


" ကောင်စုတ်လေး မာမားကို ငတုံးလို့ပြောတယ်ပေါ့ ... မာမားက အဲ့ဒီလူတွေကို ဂရုစိုက်ဖို့ ပျင်းနေတာပါ ... တကယ်လို့ ရှောင်ရှင်းလေး မပျော်ရင်တော့ မာမား အဲ့လူတွေကို သင်ခန်းစာကောင်းကောင်းပေးရမှာပေါ့ ..."


ခစ်ခစ် ...


ရှောင်ရှင်းချန်က ကလေးတစ်ယောက်ကဲ့သို့ ရယ်လိုက်သည်။


ထိုအချိန်တွင် မည်သူမျှ မသိလိုက်သည်က သားအမိနှစ်ယောက်ကြားမှ အပြန်အလှန် ပြောဆိုမှုများက မကြာမီ အင်တာနက်ပေါ်မှ အများပြည်သူ၏အမြင်ကို ပြောင်းလဲစေခဲ့သည်။