Chapter 73
ရှအန်း တွန့်ဆုတ်မှုမရှိပဲ ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည်။
သူမ၏ဝေ့ပေါ်စာမျက်နှာကိုဖွင့်ကာ ကီးဘုတ်ပေါ်တွင် ခဏခန့် စာရိုက်နေပြီးနောက် မောက်စ်ဖြင့်နှိပ်ကာ တေ့ပေါ်တွင် ပိုစ့်တင်လ်ုက်သည်။
[ရှအန်းV: အင်တာနက်ပေါ်က တချို့ကောလဟာလအမှားတွေကို ဖြေရှင်းဖို့ ကျွန်မပျင်းရိနေခဲ့မိတယ်... အခုတော့ ဒါတွေက ကျွန်မသားလေးကိုပါ ထိခိုက်လာလို့ ဖြေရှင်းချိန်တန်ပြီလို့ထင်တယ် ...
ပထမဆုံးပြောချင်တာကတော့ ကျွန်မက တတိယလူ မဟုတ်ပါဘူး ... အင်တာနက်ပေါ်မှာ တတိယလူလို့ ပြောနေတဲ့လူတွေ ကျေးဇူးပြုပြီး သက်သေအထောက်အထားနဲ့ပဲ ပြောပေးပါနော် ...
ဒုတိယတစ်ချက် ကျွန်မသားလေးက တရားမဝင်ကလေး မဟုတ်ပါဘူး ... ကျွန်မသားကို ကျွန်မကိုယ်တိုင်မွေးထားတာပါ သူက ဘယ်မိသားစုကိုမှလည်း မဖျက်ဆီးပါဘူး ... သူက ကျွန်မသားလေးပါပဲ ...
တတိယတစ်ချက် ငယ်ရွယ်တဲ့အချိန်မှာ အမှားမလုပ်မိတာ ဘယ်သူရှိလို့လဲ ... ကျွန်မရဲ့ ကြီးမားတဲ့ အမည်းစက်ကတော့ လက်မထပ်ရသေးခင် ကလေးရှိနေတာ တစ်ခုပါပဲ ... ဒါပေမဲ့ ကျွန်မ ဘယ်သူ့ကိုမှ မထိခိုက်စေဘူး ... ဘယ်မိသားစုကိုမှလည်း မဖျက်ဆီးတဲ့အပြင် တတိယလူလည်း မဟုတ်ပါဘူး ... ဘာကြောင့် ကျွန်မကို အပြစ်တင်နေကြတာလဲ ... အိမ်ထောင်မပြုရသေးခင် ကလေးရှိတာ ဥပဒေနဲ့ မလွတ်ကင်းလို့လား ... ကျွန်မက အခု လူသိများတဲ့ အနုပညာရှင်ဆိုပေမယ့် ကျွန်မသားလေးကို မမွေးခင်ကအထိ သာမန်လူပါပဲ ... ကျေးဇူးတင်ပါတယ် Lol
စတုတ္ထတစ်ချက်ကတော့ ဒီလိုသတင်းကို အကြိမ် ငါးထောင်အထက် ပြန်တင်ပြီး retweet အကြိမ်ငါးရာထက်ပိုလုပ်ထားတဲ့သူတွေရဲ့ လုပ်ရပ်ကတော့ ပြစ်မှုတစ်ခုနဲ့ တူနေပါပြီ ... ကျွန်မရဲ့ ရှေ့နေဆီက စာကိုပဲ မျှော်နေလိုက်ကြပါ ...
[ ပြုံးနေသည့် အီမိုဂျီ]
စာကြွင်း : အမျိုးသမီးတစ်ယောက်ကို နောက်ဆုံးအနေနဲ့ သတိပေးချင်ပါတယ် ... ကျွန်မကို ရန်မစတာကောင်းမယ်နော် ... [ ပြုံးနေသည့် အီမိုဂျီ]]
ရှအန်း၏ ဝေ့ပေါ်က ရိုးရှင်းသော်လည်း ရိုင်းစိုင်းပြီး ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။
သူမ၏ ဝေ့ပေါ်ပိုစ့်က အလွန်မရှည်သော်လည်း သူမပြောချင်သမျှအားလုံး ပြောထားသာ့်အတွက် အလွန်ရိုင်းသည်ဟု ထင်သည်။ သို့ရာတွင် သူမစိတ်ထဲ လိပ်ပြာမသန့် ဖြစ်မနေပေ။ ပြန်တင်သူအားလုံးကို သူမရှေ့နေ့ဆီမှစာကို စောင့်နေရန် ပြောထားသည်။ အထူးသဖြင့် big Vကိုဖြစ်သည်။
ဤကိစ္စက အင်တာနက်ပေါ်မှ လူအုပ်ကြီးကို ထိတ်လန့်သွားစေသည်။
သူမအပေါ် မူလထင်မြင်ချက်များက ဤဝေ့ပေါ်ပိုစ့်ကြောင့် ချက်ချင်း ဖယ်ထုတ်လိုက်သလိုပင် ဖြစ်သွားသည်။
[ ရှအန်းရဲ့ ဝေ့ပေါ်က တကယ်ကို မိုက်တာပဲဟေ့ ... ဒါမျိုးကို ဝေ့ပေါ်မှာတင်ဖို့ သတ္တိရှိတယ်ပေါ့ ... ပြီးတော့ သူမက တတိယလူမဟုတ်ဘူးလို့ တဲ့တိုးပြောထားတာပဲ ]
[ ရှေ့နေကိုစာပို့ခိုင်းမှာလား ... တကယ်သာ အဲ့လိုလုပ်ခဲ့ရင် သူမက တကယ်အကျင့်မကောင်းလို့ပဲ ]
[ ရှအန်းရဲ့ ဝေ့ပေါ်ကို ဖတ်ပြီးတော့ သူမပြောတာလည်း မမှားဘူးလို့ထင်တယ် ... ငယ်ရွယ်ချိန်မှာ အမှားတစ်ခု လုပ်ခဲ့ရုံပဲ ... အိမ်ထောင်မပြုပဲ ကလေးမွေးထားလို့ ဒီလောက်ထိ မုန်းနေကြတာလား ]
[ ရှအန်းကို ရုတ်တရက် ကိုယ်ချင်းစာမိသွားတယ် ... ကွန်ရက်တစ်ခုလုံးက ဦးနှောက်မရှိတာတော့ စိတ်မကောင်းစရာပဲ ]
[ အစတည်းက ဆိုက်ဘာအုပ်စုတစ်စု ဒီကိစ္စမှာ ပါတယ်လို့ ခံစားမိနေတာ ... ဟားဟားဟား အခုဆိုရင် big Vတွေရဲ့ မားကတ်တင်းကိုပဲ စောင့်နေရတော့မယ် ... ဒီ big Vတွေက မှောင်ခိုဈေးကွက်တွေက ပိုက်ဆံယူနေရတော့ မပျော်မရွှင် ဖြစ်နေတာကြာပြီ ]
[ ရှအန်းရဲ့ နောက်ဆုံးစာကြောင်းကို တစ်ယောက်ယောက် သတိထားမိကြလား ]
[ ဟုတ်သားပဲ ... နောက်ဆုံးမှာပြောသွားတာ ဘယ်သူ့ကိုပါလိမ့် ]
[ ငါလည်းမသိဘူး ... နောက်ထပ်အရေးကြီးတာတစ်ခုက ကလေးအဖေက ဘယ်သူလဲ ]
[ ကလေးအဖေကို ပိုပြီးအာရုံစိုက်ကြပါ +1]
[ ကလေးအဖေ +2]
…
ရှအန်း ဝေ့ပေါ်တွင် ရှင်းလင်းချက် ထုတ်လိုက်သည့်အခါ အင်တာနက်ပေါ်မှ လူထူ၏ သဘောထားက ချက်ချင်းပြောင်းလဲသွားသည်။
သို့ရာတွင် လူထုသဘောထားအမြင် ပြောင်းလဲသွားသော်လည်း အဓိက အာရုံစိုက်စရာက တစ်ခုတည်းသာဖြစ်သည်။
အနည်းဆုံးတော့ ဒီကိစ္စက ရှအန်း တတိယလူ ဟုတ်မဟုတ်ကနေ ...
ကလေးအဖေ ဘယ်သူလဲဆိုတာ သိချင်သွားကြတာပဲ ...
ယခု ဝေ့ပေါ်၏ လူရှာဖွေမှုအများဆုံး စာရင်းများတွင် အပြောအများဆုံး အတင်းအဖျင်းနှင့် လူအများဆုံး ဆွေးနွေးနေကြသည်မှာ ...
# ရှအန်းကလေး၏အဖေ #
ရှအန်းသားလေးရဲ့ အဖေက ဘယ်သူလဲ ...
အင်တာနက်ကွန်ယက်ပေါ်မှ ဦးနှောက်မရှိသည့် လူတစ်စုက နာမည်ကြီး စုံထောက်များအဖြစ် ပြောင်းလဲသွားပြန်သည်။ ကလေးအဖေ မည်သူဖြစ်ကြောင်းနှင့် ရှအန်းပြောသွားသည့် " အမျိုးသမီး " ကို ရှာဖွေနေကြသည်။
ဤကိစ္စများကြားတွင် ရှအန်း၏ အတင်းအဖျင်းများက ခြေရာလက်ရာပင် ရှာမရပဲ ပျောက်ကွယ်သွားသည်။
ထိုအမျိုးသမီးက ငွေများပုံပေးကာ ဆိုက်ဘာအဖွဲ့ကို ရှအန်းအကြောင့် မဟုတ်မမှန်ပြောဆိုလျှင်ပင် ထိုကိစ္စကို အစမဖော်နိုင်တော့ပေ။
ရှအန်း၏ ခြိမ်းခြောက်မှုက အလွန်ကြောက်စရာကောင်း၍ မားကတ်တင်း အကောင့်များကလည်း ရှအန်းကို ခဏတာfollowမလုပ်ထားကြပေ။
ထို့ကြောင့် ဆိုက်ဘာအဖွဲ့နှင့် မဟုတ်မမှန်ပြောဆိုသူများ မရှိသောကြောင့် ရှအန်း တိတ်တိတ်ပုန်းမယားဖြစ်ခြင်း တရားမတင် ကလေးရှိခြင်းနှင့် အခြားပြဿနာများမှာ ရှအန်း၏ ဝေ့ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။
အချို့လူများက ရှအန်းကို လှောင်ပြောင်နေသေးသော်လည်း လူအများစုက ရှအန်းပြောသည်က မမှားကြောင်း တွေးခဲ့မိကြသည်။ အဘယ့်ကြောင့်ဆိုသော် သက်သေအထောက်အထားများလည်း မရှိသောကြောင့်ပင်။
အရေးကြီးဆုံးမှ ရှေ့နေ့ထံမှစာကို စောင့်ဆိုင်းထားခြင်းဖြစ်သည်။
ဒါကတော့ အပြင်းဆုံး ရိုက်ချက်တစ်ခုပဲ ...
အရာအားလုံးက ဟန်ယွဲ့မျှော်မှန်းထားသည်ထက် လွယ်ကူနေပြီး အားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။
“Come on Challenger” ထုတ်လွှင့်မည့် ပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။
ဟန်ယွဲ့ မတွေးမိသည်မှာ ရှအန်း၏ ပြဿနာကို ဖြေရှင်းလိုက်ခြင်းကြောင့် သူတို့အစီအစဉ်တွင် အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ခြင်းပင်။