အပိုင်း ၇၄
Viewers 29k

Chapter 74


" ဘာ ... ကျွန်တော်တို့ရှိုးကို နောက်လ လွှင့်တော့မယ်‌တဲ့လား ..."


အစီအစဉ်ကို ဤသို့မြန်မြန် ထုတ်လွှင့်ခွင့်ရရှိလိမ့်မည်ဟု ဟန်ယွဲ့မထင်ထားခဲ့ပေ။


မကြာခင် ထုတ်လွှတ်ရတော့မယ်ဆိုတာ မယုံနိုင်စရာပဲ ...


သတင်းကြားသည့်အခါ သူအလွန် အံ့အားသင့်သွားသည်။


" လောင်ရှု ... မင်း လုပ်နိုင်ခဲ့ပြီ ... မင်းရဲ့အဆက်အသွယ်တွေက ဒီလောက်ကောင်းမှန်း မထင်ထားခဲ့ဘူး ..."


ဟန်ယွဲ့ အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ရှုလင်းကို ပွေ့ချီပြီး နမ်းပစ်လိုက်သည်။


ရှုလင်း၏ အဆက်အသွယ်များက ကူညီပေးသည်ဟု ထင်လိုက်မိသည်။ 

" ငါမဟုတ်ဖူး ရှအန်း‌လုပ်တာ ..."


မယုံကြည်နိုင်စရာပင် ...


" ရှအန်းဟုတ်လား ... ရှအန်းနဲ့ ဘာဆိုင်လို့လဲ ... "

ရှုလင်းက ရှအန်းနာမည်ကို ပြောလိုက်သဖြင့် ဟန်ယွဲ့ အံ့ဩသွားသည်။


Butterfly Blueရုပ်သံလိုင်းမှတာဝန်ရှိသူက ဆက်သွယ်လာသည့်အကြောင်း ရှုလင်းပြောပြလိုက်သည်။


သူတို့၏ အစီအစဉ်အဖွဲ့က အလွန်ကံကောင်းသည်ဟု ဟန်ယွဲ့ထင်လိုက်သည်။


ပထမဆုံး ရုပ်ရှင်အင်ပါယာ ရှုကျင်းယန်က ပါဝင်ခဲ့သည့်အတွက် သူတို့၏ရှိုးပွဲက ငွေကြေးအကုန်ကျခံစရာမလိုပဲ ကွန်ယက်တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။


ထို့နောက် အစီအစဉ်တစ်ခု၏ အဓိကဖန်တီးသူက သူတို့၏ ရှိုးပွဲကို ဘန်းခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်လည်း ရှ‌အန်းကြောင့် ကံကောင်းသွားပြန်သည်။


" ငါတို့ တကယ် ကံကောင်းတာပဲ ..."

ဟန်ယွဲ့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


သို့သော် သူပြောပြီးချိန်တွင် ရှုလင်းက ထပ်ပြောလိုက်သည်။

" ဒီကံကောင်းမှုရဲ့ အကြီးဆုံးအစိတ်အပိုင်းက ရှအန်းဆီက ရောက်လာတာ ... ဝေ့ပေါ်က ပိုစ့်ကြောင့်သာမဟုတ်ရင် တခြားတီဗွီရုပ်သံလိုင်းတွေကလည်း ရွေးမှာမဟုတ်ဖူး ..."


Butterfly Blueတီဗွီရုပ်သံလိုင်းမှာ အကောင်းဆုံးများထဲမှတစ်ခုဖြစ်သည်။


သို့သော် ကံမကောင်းစွာဖြင့် ဤရုပ်သံလှိုင်းက ရုပ်ရှင်စီးရီးများသာပြသပြီး ထင်ရှားသည့် ရသစုံရှိုးများ မရှိပေ။ ထို့ကြောင့် ရသစုံရှိုးများ၏ အဆင့်သတ်မှတ်ချက်များနှင့် ပတ်သက်၍ Butterfly Blue က ပြောပိုင်ခွင့်မရှိပေ။


သူတို့၏ အမြင်အရဆိုလျှင် အနုပညာရှင်များပါဝင်ထားပြီး ထိပ်တန်းလေးခုထဲဝင်သည့် တီဗွီ လိုင်းက ကမ်းလှမ်းလာသည်ကပင် လုံလောက်နေပြီဖြစ်သည်။


မူလက ဟန်ယွဲ့ အစီအစဉ်ကို တီ‌ဗွီတွင် ထုတ်လွှင့်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ အွန်လိုင်းဗွီဒီယိုဝက်ဘ်ဆိုက် များတွင် ဈေးသက်သက်သာသာဖြင့်သာ ရောင်းချရန် စီစဉ်ထားခဲ့သည်။


သို့သော် သူတကယ် မမျှော်လင့်ထားသည့်အရာမှာ အထွဋ်အထိပ်နှင့် အလှည့်အပြောင်းများသည် တိုက်ဆိုင်လွန်းသဖြင့် ၎င်းတို့၏အစီအစဉ်ကို ထုတ်လွှင့်ခြင်းမပြုရန် ဖြစ်နိုင်ချေများရှိခဲ့သော်လည်း တိုက်ဆိုင်စွာ  ရှအန်းက ဝေ့ပေါ်တွင်  ပြန်လည်တိုက်ခိုက်ခဲ့သည်။  ၎င်းကို Butterfly Blueတီဗွီလိုင်းက ရှင်းလင်စွာတွေ့မြင်ခဲ့ခြင်းပင်။


" အမှန်ပဲ ... ရှအန်းက ငါတို့ရှိုးအတွက်တော့ ကံကောင်းမှုလေးပဲ ..."


ဟန်ယွဲ့ ခေါင်းငြိမ့်‌ပြီး သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ သူ့ထံတွင် မျက်လုံးကောင်းကောင်းရှိသည့်အတွက် ရှိုးပွဲအတွက် ရှအန်းကို ပါဝင်သူအဖြစ် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။


" ဒါဆို နောက်တစ်ခါကျရင် ရှအန်းနဲ့ မပြိုင်နဲ့တော့ ..."


" ဒါတော့ အလုပ်မဖြစ်ဘူး ... ရှအန်းက ဉာဏ်သုံးရမယ့် ပြိုင်ပွဲမှာ ပထမရမယ်ဆိုတာ ငါမယုံဘူး ..."


ဟန်ယွဲ့၏ အပြုံးများက ယုံကြည်ချက်နှင့် ပြည့်နေသည်။


ဒုတိယအပိုင်းအတွက် သူ၏အစီအစဉ်က ပြီးပြည့်စုံနေပြီဖြစ်သည်။ ၎င်းတွင် မူလတန်းနှင့် အလယ်တန်းကျောင်းသားများ၏ သင်္ချာပုစ္ဆာများပါဝင်သည်။


ဉာဏ်ရည်ဉာဏ်သွေးပြိုင်ဆိုင်မှုအပေါ် အဓိကအာရုံစိုက်သည့် ဒုတိယအစီအစဉ်ကို ရိုက်ကူးခြင်းက လူတိုင်းအတွက် ခေါင်းကိုက်စေမည်ဟု သူယုံကြည်ခဲ့သည်။


ဟန်ယွဲ့အလွန်ဂုဏ်ယူနေသည်။


ရှုလင်း သူ့သူငယ်ချင်းကိုကြည့်ကာ ဂုဏ်ယူနေသည်။


" မင်း ဒုတိယပြိုင်ပွဲအကြောင်းတောင် မစဉ်းစားရသေးပဲနဲ့ ... ရုပ်သံလွှင့်ချိန်က ငါတို့ထင်တာထက် စောမှာနော် ... အခု အောက်တိုဘာနှောင်းပိုင်းတောင် ရောက်နေပြီ ... Special effectတွေလည်းထည့်ရဦးမယ် အချိန်နည်းနည်းပဲ ရတော့မယ် ..."


" ပြီးတော့ ဒုတိယပွဲအတွက် ဓာတ်ပုံတွေလည်း ရိုက်ရဦးမယ် ... အစီအစဉ်ရိုက်ကူးတာကလည်း အချိန်ကြာလိမ့်မယ် ..."


ရှုလင်း၏စကားများကို ကြားသည့်အခါ မူလက ဂုဏ်ယူနေသောဟန်ယွဲ့ ဝမ်းနည်းသွားသည်။


ကျေကျေနပ်နပ်ကြီး ဂုဏ်ယူနေသဖြင့် ဤကိစ္စများကို မေ့သွားသည်။


" ကဲ ဒါဆိုလည်း ဘာစောင့်နေတော့မှာလဲ ... အားလုံးကို အစည်းအဝေးခေါ်လိုက် ... ငါတို့ဖို့ အချိန်သိပ်မကျန်တော့ဘူး ..."