အပိုင်း ၇၆
Viewers 29k

Chapter 76


[ ကျွန်မက ရှင့်ရဲ့ အချစ်ဦးပါ ...  ရှင့်မိန်းမက ကျွန်မကို အကောက်ကြံထားတယ်... ကျေးဇူးပြုပြီး အာရုံစိုက်ပေးပါဦး...]


မက်ဆေ့တစ်စောင် ရောက်လာသည့်အခါ ဖုရှန်း ကြောင်သွားသည်။  ရင်းနှီးသည့် နံပါတ် မဟုတ်သော်လည်း "အချစ်ဦး" ဆိုသည့် စကားကြောင့် ရှအန်းကို တွေးမိသွားသည်။


" ရှရှ မင်းက ကိုယ်ပထမဆုံး တစ်ဖက်သတ် သဘောကျခဲ့ရတဲ့သူပဲ ... အဲ့တော့ အချစ်ဦးပေါ့ ..."


ခဏတာခန့် သူ့စိတ်ထဲတွင် ရှအန်း၏ပုံရိပ်များ ပေါ်လာသည်။ အများစုမှာ ရှကျင်းဟောင် ရှအိမ်တော် ပြန်မရောက်လာမီက အချိန်များဖြစ်သည်။


သူပို၍ ရင့်ကျက်လာလေ အရာအားလုံးမရရှိခင် အတိတ်က အချိန်ကို မေ့လျော့လာလေဖြစ်သည်။


မည်သူက မှန်သည် မှားသည်ကို မပြောလိုပေ။ သို့ရာတွင် ဤနှစ်များတွင် သူ့ရင်ထဲတွင် ရှအန်းကို မေ့မရခဲ့ပေ။


ရှအန်းက သူ့ကို မုန်းတီးသွားကြောင်း သိရှိသောကြောင့် ကလေးမွေးပြီးချိန်မှစ၍ မဆက်သွယ်တော့ပေ။


သူမကို ဖုန်းခေါ်ပါကလည်း လျစ်လျူရှု့ထားသည်။


ဖုန်းပေါ်မှ ထူးဆန်းသည့်နံပါတ်ကို ခဏကြည့်နေသည်။ ဤမက်ဆေ့က သူမနှင့်မတူသလိုပင် ခံစားလိုက်မိသည်။


သို့သော် ထိုနံပါတ်ကို ပြန်ခေါ်လိုက်မိသည်။


" ဟေး ... ရှရှလား မသိဘူး ..."


သို့သော် ဖုန်း၏တခြားတစ်ဖက်မှ အသံက သူ့ကိုငြင်းဆန်လိုက်သည်။

" ကျွန်မက ရှရှ မဟုတ်ပါဘူး ..."


" တောင်းပန်ပါတယ် ... ကျွန်တော်အမှားလုပ်မိသွားတယ်ထင်တယ် ..."


ဖုရှန်း စကားမဆုံးမီမှာပင် ဖုန်း၏အခြားတစ်ဖက်က မိန်းကလေးက ဖြတ်ပြောလိုက်သည်။

" ကျွန်မက ရှရှ မဟုတ်ဖူး ... ရှအန်းပါ ..."


...


ဖုန်းချလိုက်ပြီးနောက် ရှအန်းက အကောင်ပေါက်လေး၏ စူပုပ်နေသောမျက်နှာကို ရင်ဆိုင်လိုက်ရသဖြင့် ခေါင်းလေးကိုထိတာ မေးလိုက်သည်။


" ဘာဖြစ်လို့လဲ ..."


" မာမားက အန်ကယ်ဖုကို ဘာလို့တွေ့ချင်တာလဲ ..."


အကောင်ပေါက်လေး၏ စုံစမ်းမေးမြန်းနေပုံက ရှအန်းကို စိတ်ဝင်စားသွားစေသည်။


" သေချာပေါက် အကျိုးအမြတ်အတွက်ပေါ့ မင်းရဲ့အန်ကယ်ဖုနဲ့ အန်တီက မာမား‌တို့ကို အကြွေးတင်နေတာဆိုတော့ အတိုးနည်းနည်းတော့ တောင်းရမှာပေါ့ ..."


အကောင်ပေါက်လေးက သံသယဝင်စွာ မျက်တောင်ခတ်လိုက်ပြီး ရှအန်းကို အပြစ်ကင်းစွာ ကြည့်နေသည် ။


" အတိုးလား ..."


" အင်း ... အခုလေးတင်ပဲ မာမားနဲ့ အန်ကယ်ဖုတို့ နေ့လယ်ကျရင် တွေ့ဖို့ပြောထားတယ် ... ရှောင်ရှင်းလေး နေ့လယ်ကျရင် အိမ်မှာပဲ ဆော့နေနော် ..."


ရှအန်း သူ့ကို များစွာမပြောပြလိုပေ။ သူမပြုံး၍ အကောင်ပေါက်လေး၏ ခေါင်းကိုပွတ်သပ်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။


စကားလမ်းကြောင်းလွှဲလိုက်သော်လည်း အကောင်ပေါက်လေးက စိတ်မကျေနပ်ပေ။


အိမ်တွင် တစ်ယောက်တည်း ကျန်နေခဲ့ရမည့်အတွက် စိတ်မပါလက်မပါ ဖြစ်နေသည်။


နောက်ဆုံးတွင် ရှအန်းက အိမ်သို့မြန်မြန်ပြန်လာမည်ဟု ကတိပေးလိုက်ရသည်။


အချိန်ကျသောအခါ ရှအန်း ပုံမှန်လုပ်နေကျအတိုင်း ရုပ်မဖျက်ပဲ နေကာမျက်မှန်နှင့် မက်စ်ကိုသာ တပ်ထားလိုက်သည်။


တခြားသူတွေ သူမကို မှိတ်‌မိစေချင်လို့ မဟုတ်ပါဘူး ... ဘာလို့လဲဆိုတော့ ...


" မစ္စရှအန်း ... ကျွန်တော်က ဖုရဲ့ဒါရိုက်ဘာပါ ..."


ဖုရှန်းက အလွန်ဂရုစိုက်တတ်သူဖြစ်၍ သူမကိုလာခေါ်ရန် ကားလွှတ်လိုက်သည်။


သူတို့နှစ်ယောက် တွေ့ဆုံရန် ပြင်ဆင်ထားသောနေရာက သီးသန့်ခန်းမတစ်ခုဖြစ်သည်။


ရှအန်း ပြတင်းပေါက်များ မြင်ကွင်းများကိုကြည့်လျက် အလွန်တည်ငြိမ်နေသည်။


ရည်းစားဟောင်းကိုတွေ့ရသည့်အတွက် စိတ်လှုပ်ရှားမနေပေ။ ယခုအချိန်တွင် ရည်းစားဟောင်းထံမှ မည်သည့်အကျိုးအမြတ်များ ရနိုင်မည်ကိုသာ တွေးနေမိသည်။


အဘယ့်ကြောင့်ဆိုသော် မူလပိုင်ရှင်က ဤသောက်ကျိုးနည်းစုံတွဲကြောင့် ဒုက္ခရောက်ခဲ့ရခြင်းကြောင့်ပင်။


အကယ်၍ မူလပိုင်ရှင်၏ကလေး၏ ထိုမိသားစုထဲ ငါးနှစ်ခန့် ခေါ်သွင်းခံခဲ့ရပါက ဤကလေးအပေါ်တွင် သူတို့ များစွာကုန်ကျထားသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် မူလပိုင်ရှင်က ဤနှစ်ယောက်ကြောင့်သာ သေဆုံးခဲ့ရခြင်းဖြစ်နိုင်သည်။ အကယ်၍ သူမ မပေါ်လာပါက မူလပိုင်ရှင်က အမှန်တကယ် သေဆုံးနေပြီဖြစ်သည်။


ထို့အပြင် မူလပိုင်ရှင်က ဖုရှန်းနှင့်တွဲခဲ့ပြီး ရှရှင်းချန်ကို မွေးခဲ့သည်ဟု သူမ သံသယဝင်နေသည်။ .ရှင်းလင်းစွာပြောရလျှင် မူလပိုင်ရှင်က သူမ၏ဇာတ်ကောင်အပေါ်အခြေခံ၍ ဤကဲ့သို့ ခက်ခဲသောအစီအစဥ်တစ်ခုပြုလုပ်ရန် သတ္တိရှိရန် သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေး ရှိရန်ပင် မဖြစ်နိုင်ကြောင်း သူမအမြဲတမ်းခံစားမိခဲ့သည်။


ယခုမူ မူလပိုင်ရှင်၏ ကိုယ်ဝန်က အမျိုးသမီးဇာတ်လိုက်၏ မိခင်၏ အကြံအစည်ကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု သူမ အလွန် သံသယ ဖြစ်မိသည်။


ထို့ကြောင့် ဤလူနှစ်ယောက်ထံမှ အကျိုးအမြတ်များ တောင်းခံခြင်းက သူမစိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးများကို သက်သာရာရစေလိမ့်မည်။


" မစ္စရှအန်း ကျွန်တော်တို့ရောက်ပါပြီ ... ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပါ ..."


မကြာမီ ကားက ပန်းတိုင်သို့ ရောက်သွားသည်။


ကားထဲမှထွက်ပြီးနောက် ရှအန်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ၎င်းက ဆူညံပွက်လောရိုက်နေသည့် လမ်းမဟုတ်ပဲ အလွန်တိတ်ဆိတ်သည့် နေရာတစ်ခုဖြစ်သည်။


ထို့ကြောင့် ဤသို့တိတ်ဆိတ်သည့်နေရာတွင် အဆင့်အတန်းမြင့် အဆောက်အဦးများသာရှိသည်။


ဒါရိုက်ဘာနောက်မှလိုက်၍  သီးသန့်ခန်းမထဲ ဝင်သွားသည့်အခါ ချောမောခန့်ညားသည့်အမျိုးသားများနှင့် လှပသော အမျိုးသမီးများစွာကို ရှအန်းတွေ့လိုက်ရသည်။


တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့က ဤနေရာမှ ဝန်ထမ်းများဖြစ်ကြောင်း သိနိုင်သည်။


သူမကို မြင်သည့်အခါ သူတို့ကတောက်ပစွာပြုံးပြပြီး ကြိုဆိုကြသည်။


ဒင် ...


ဓာတ်လှေကားပေါ်တက်ပြီးနောက် တံခါးပြန်ပွင့်လာသောအခါတွင် ၎င်းက လူနေအိမ်ဓာတ်လှေကားဖြစ်ကြောင်း ရှအန်း တွေ့ရှိခဲ့သည်။


ဓာတ်လှေကားတံခါးပွင့်သွားသည်နှင့် Nordicစတိုင် အခန်းငယ်တစ်ခုကို တွေ့ရှိလိုက်ရသည်။


( Nordicဆိုတာ ဥရောပတိုက်နောက်ပိုင်းမှာ အရင်တုန်းက ဗိုက်ကင်း(Viking) တွေနေခဲ့တဲ့ Scandinaviaကိုခေါ်တာပါ ... အခုလက်ရှိတော့ နော်ဝေး ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေရှိတဲ့နေရာဖြစ်ပါတယ် )