အပိုင်း ၇၇
Viewers 29k

Chapter 77


" မစ္စတာဖု မစ္စရှအန်း ရောက်ပါပြီ ..."


သူမကို ဦးဆောင်ခေါ်လာသည့် ဒါရိုက်ဘာက ထိုလူကို လေးစားစွာဦးညွှတ်ပြီးနောက် ထွက်သွားသည်။ အရှေ့တွင် ရပ်နေသူက အရပ်မြင့်ပြီး သားနားသည့်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။


ရှအန်း သူမကို ကျောပေးထားသူကို အာရုံစိုက်ကြည့်နေသည်။


မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ရရှိခဲ့သော်လည်း မှတ်ဉာဏ်များ ပါမလာခဲ့ပေ။


ထို့ကြောင့် ဖုရှန်းအပေါ် ရှအန်း၏ ထင်မြင်ချက်က သူမ ညီမ ပြောပြထားသည့်အတိုင်းသာဖြစ်သည်။


" ရှရှ ငါတို့တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ ဘယ်လောက်ကြာပြီလဲ ..."


ဖုရှန်းတစ်ဖက်သို့လှည့်ကာ နူးညံ့သောမျက်ဝန်းများဖြင့် ရှအန်းကို ကြည့်လိုက်သည်။


ဖုရှန်းကို မြင်လိုက်ရသည့်အခါ ရှအန်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။


ဒီ ဖုရှန်းဆိုတဲ့လူ တော်တော်ကြည့်ကောင်းတာပဲ ...


သူက အမျိုးသမီးဇာတ်လိုက်ရဲ့ အဖေ မလား ... သူ့ရဲ့ ပုံပန်းသွင်ပြင်က ကြည့်ကောင်းလွန်းတယ် ... မဟုတ်ရင် ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးဇာတ်လိုက်က သူ့သမီးဆိုတာ ဘယ်သူမှယုံမယ်မထင်ဘူး ...


အဟွတ် ...


ဒါပေမဲ့ သူမရဲ့အလှ တစ်စိတ်တစ်ပိုင်းက ရွှေလက်ချောင်းကြောင့်လေ ...


" ကျွန်မကို ရှရှလို့ မခေါ်ပါနဲ့ ကြားရတာ ထူးဆန်းလိုက်တာ ... ရှအန်းပဲခေါ်ပါ ..."

ရှအန်းက ဆိုဖာပေါ်တွင် တည်ငြိမ်စွာထိုင်လိုက်သည်။


စားပွဲပေါ်မှ သရေစာများဖြစ်သည့် သစ်သီးနှင့် သကြားလုံးများကို ယူစားလိုက်သည်။ 


သူမကို ကြည့်ရသည်က ဧည့်သည်နှင့်မတူပဲ ဤအခန်းပိုင်ရှင်နှင့်တူနေသည်။ 


နေကာမျက်မှန်နှင့် မက်စ်ကို ချွတ်လိုက်သည့်ရှအန်းကိုကြည့်ကာ ဖုရှန်း ခဏတာ အံ့ဩသွားသည်။


ယခုလက်ရှိ ရှအန်းကို သူ စူးစူးရဲရဲ ကြည့်နေသည်။ ရှအိမ်တော်မှ ထွက်သွားပြီးနောက် ယခင်ထက်ပို၍ လှပလာမည်ဟု မထင်ထားခဲ့ပေ။ 


အတိတ်မှ ရှအန်းသည်လည်း လှပခဲ့သည်။ သို့သော် သူမ၏အလှက ရေဖြင့်ပြုလုပ်ထားသောသစ်သားနှင့် တူနေပြီး ဆွဲဆောင်မှုမရှိပေ။


အလွန်အားနည်းပြီး တုံးအလွန်းသည်။


ယောကျာ်း‌များက အားနည်းသည့် အမျိုးသမီးများကို သဘောကျသော်လည်း အချိန်ကြာမြှင့်စွာ တူတူနေထိုင်ပြီးနောက်တွင် ငြီးငွေ့လာမည်မှာ မလွဲမသွေပင်။


အထူးသဖြင့် ဒီငတုံးလိုမိန်းမက သူ့ကို အတုံးဆုံး နည်းလမ်းနဲ့ လှည့်စားခဲ့တာကြောင့် သူပိုပြီး ...


ဖုရှန်း အသက်ပြင်းပြင်းရှုပြီး ရှအန်းကို တမ်းတမ်းစွဲနေသော အမူအရာဖြင့် ကြည့်လိုက်သည်။


ဒီရှအန်းကတော့ ဆွဲဆောင်မှုရှ်ိနေတယ် ...


အံ့အားသင့်စရာကောင်းသည့် အသွင်အပြင်က မြင်နေကျ အားနည်းပြီး တုံးအသည့်ပုံစံနှင့် ကွဲထွက်နေပြီး သူ၏ခံစားချက်ကို လန်းဆန်းလာစေသည်။


ရှအန်းအတွက် ဤလူက ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သော် အချစ်ဦးတစ်ယောက်သာဖြစ်သည်။ ယခုသူက ဤအချစ်ဦးအပေါ်တွင် ပို၍စိတ်လှုပ်ရှားလာသည်။


" ရှ ...အန်း ... မင်းကိုယ့်ကို မက်ဆေ့ပို့တယ်ဆိုတော့ အဲ့ဒါ ..."


ဖုရှန်းက ရှအန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သူ၏မျက်ဝန်းက အပြုံးများဖြင့် ပြည့်နေသည်။ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည့် အချစ်ဦးကို တွေ့ရသဖြင့် သူ၏အသံက သိမ်မွေ့နေသည်။


သို့သော် သူ၏သဘောထားက ရှအန်းအပေါ် အသုံးမဝင်ပေ။ 


ရှအန်း၏အာရုံက သရေစာများ‌အပေါ်တွင်သာ ရှိနေသည်။


ဒီလူလား ... အိုး ဆောရီးပဲ ... မလိုအပ်တဲ့အရာတွေကို ရေလိုက်ငါးလိုက်ပြောနေဖို့ အရမ်းပျင်းတယ် ...


ရှအန်း သူမလက်ထဲမှ သစ်သီးကို ချလိုက်ပြီး တဲ့တိုးပြောလိုက်သည်။ 

" ကျွန်မ ဒီတစ်ချိန်လုံး လူမှုကွန်ယက်ပေါ်မှာ နာမည်ဖျက်ခံရတယ် ... ဒါတွေအားလုံးကို ရှင့်မိန်းမ လုပ်တယ်ဆိုတာ သိသင့်တယ်ထင်တယ် ... အဲ့ဒါကြောင့် ဒီနေ့ အကျိုးအမြတ်ကိစ္စပြောဖို့ လာခဲ့တာ ..."


ဖုရှန်း တံတွေးပင် သီးသွားသည်။


" ကျင်းဟောင်လုပ်တယ်ဆိုတာ ဘယ်လိုသိတာလဲ ... ကျင်းဟောင်က အဲ့လိုလူမျိုး မဟုတ်ပါဘူး ..."


ဖုရှန်းစကားမဆုံးမီ ရှအန်းက ဖြတ်ပြောလိုက်သည်။

" တော်စမ်းပါ ကျွန်မဘဝမှာ အကြီးဆုံးရန်သူက ရှင့်မိန်းမပဲ ...  ကျွန်မက ရှင့်ရဲ့အချစ်ဦးဖြစ်ခဲ့တဲ့အပြင် သူ့နေရာကို နှစ်ပေါင်းများစွာ ယူထားတဲ့လူပဲလေ  ... ဘယ်သူများ ရှိသေးလို့လဲ ... ပြီးတော့ ကျွန်မအကြောင်းအများကြီးသိတာ ဘယ်သူတွေ ရှိသေးလို့လဲ ... ဘယ်သူက ကိစ္စတွေကို ဒီလောက်ကြီးမားအောင် လုပ်နိုင်စွမ်းရှိတာလဲ ..."


ရှအန်း နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။ သူမမျက်နှာပေါ်မှ လှောင်ပြောင်မှုများကို မဖုံးကွယ်ထားပေ။


သူနှင့် မျက်နှာချင်းဆိုင် ထိုင်နေသည့် အမျိုးသမီးက သူ့ကို အလွန်မုန်းတီးနေသည်။


သူမ ဘာမှမပြောသော်လည်း ထိုအမျိုးသမီးက ဤသို့ပြောနေသည်ဟု ခံစားရသည်။


– ဟားဟား ရှင်က လိမ်လည်လှည့်ဖျားခံရတဲ့ ယောကျာ်းတစ်ယောက်ပဲ ...


ဖုရှန်း ရှအန်း၏စိတ်ထဲကို ဖောက်ထွင်းမြင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ရှအန်းကလည်း ထိုသို့ တွေးနေသောကြောင့်ပင်။ 


ဖုရှန်း ခဏတာ တိတ်ဆိတ်သွားပြီး ဘာပြောရမည် မသိတော့ပေ။


" ကျွန်မကို မယုံရင် ကိုယ့်ဘာသာစုံစမ်းကြည့်လို့ရတယ် ... ကျွန်မက အဲ့ကိစ္စကို အာရုံစိုက်ဖို့ ပျင်းလွန်းတယ် ... ကျွန်မ ဒီနေ့လာရတဲ့ အဓိကအကြောင်းရင်းက ရှင့်မိန်းမလုပ်‌ခဲ့တဲ့အရာတွေအတွက် တာဝန်ယူပေးပြီး ကျွန်မသားလေး ကျောင်းဝင်ခွင့်ရအောင် ကူညီဖို့ပဲ ..."


ဖုရှန်း၏ စိတ်အခြေအနေက မည်သို့ပင်ဖြစ်နေပါစေ အချိန်ဖြုန်းရန် ပျင်းသည့်အတွက် သူမက ရည်ရွယ်ချက်ကို တဲ့တိုးပြောလိုက်သည်။


ရှအန်း၏ တောင်းဆိုချက်ကို ကြားသည့်အခါ မူလက သိမ်မွေ့နေသည့် ဖုရှန်း၏ မျက်နှာက ပြောင်းလဲသွားသည်။


" မင်းဘာစကားပြောတာလဲ ... အဲ့ဒီအမျိုးယုတ်လေးကို ငါက ကူညီရမှာလား ..."


သူမသားလေးကို အမျိုးယုတ်ဟုခေါ်သဖြင့် ရှအန်းချက်ချင်းပင် ဒေါသထွက်လာသည်။


" ပါးစပ်ပိတ်ထားစမ်း ... ငါ့သားက အမျိုးယုတ်မဟုတ်ဖူး ... စကားအပြောအဆို သတိထားစမ်းပါ ... မဟုတ်ရင် တစ်သက်လုံးစကားမပြောနိုင်ဖြစ်သွားမယ် ..."


" မင်းရဲ့သား .... ဟားဟားဟား ... သူ့ကိုအဲ့လောက်ချစ်နေရင် ဘာလို့ ငါ့ဆီမှာစွန့်ပစ်ခဲ့တာလဲ ... ပြီးတော့ သူက အမျိုးယုတ်မဟုတ်ရင် မင်းမွေးထားတဲ့ ‘အမျိုးကောင်းသားလေး’ ရဲ့အဖေက ဘယ်သူလဲ ...