အပိုင်း ၇၈
Viewers 29k

Chapyer 78


" မင်းရဲ့သား .... ဟားဟားဟား ... သူ့ကိုအဲ့လောက်ချစ်နေရင် ဘာလို့ ငါ့ဆီမှာစွန့်ပစ်ခဲ့တာလဲ ... ပြီးတော့ သူက အမျိုးယုတ်မဟုတ်ရင် မင်းမွေးထားတဲ့ ‘အမျိုးကောင်းသားလေး’ ရဲ့အဖေက ဘယ်သူလဲ ..."


ဖုရှန်း၏ ထိုသို့ပြောပြီးနောက် ပါးရိုက်ခံလိုက်ရသည်။


" ဖြောင်း " ဟူသည့်အသံ ထွက်လာပြီးနောက် ဖုရှန်း၏ပါးက ချက်ချင်းနီရဲပြီး ယောင်ယမ်းလာသည်။


" မင်း ..."


ပါးပြင်ပေါ်တွင် ပူထူသွားသည့် အထိအတွေ့ကို ခံစားလိုက်ရသဖြင့် ဖုရှန်း ရှအန်းကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူမက သူ့ကိုရိုက်လိမ့်မည်ဟု မထင်ခဲ့ပေ။


" မင်း ... ဘာဖြစ်လဲ ... ရှင့်ကို စကားအပြောအဆို သတိထားဖို့ မပြောခဲ့ဖူးလား ..." 

ရှအန်းက ဖုရှန်းကို အေးစက်စွာ ကြည့်နေသည်။


" ပြီးတော့ ရှင်အခုမေးလိုက်တဲ့ဟာ ... ကျွန်မအထင် အိမ်ပြန်ရောက်မှ ရှင်အရမ်းချစ်တဲ့မိန်းမကိုမေးတာကောင်းမယ်ထင်တယ် ... ကျွန်မသားလေးရဲ့အဖေက ဘယ်သူဆိုတာ သူ့ကိုမေးလိုက် ..."


ရှအန်း အခြေအမြစ်မရှိသည်များ ပြောနေသည်မဟုတ်ပေ။ ကလေး၏အဖေကို သူမ အမှန်ပင် မသိပေ။ 


တကယ်‌တော့ မူလပိုင်ရှင်ကလည်း အဖြေကို မသိခဲ့ဘူး ...


ဒါပေမဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့အမေက အမှန်တရားကို သိတယ်ဆို‌တာတော့ ရှအန်းကျိန်းသေပေါက်သိတယ် ..."


ဤအရာအားလုံး၏ အမျိုးသမီးဇာတ်လိုက်၏အမေက အကွက်ချစီစဉ်ခဲ့ခြင်းပင်။


" အဓိပ္ပါယ်မရှိလိုက်တာ ..."


ဖုရှန်းချက်ချင်းပင် ထိတ်လန့်သွားသည်။ တစ်စုံတစ်ခုပြောရန် ပြင်နေသော်လည်း ရှအန်းက ဖြတ်ပြောလိုက်ပြန်သည်။

" အိုကေလေ ... ကျွန်မက ရှင့်မိန်းမအကြောင်း ရှင်နဲ့ပြောဖို့ ဒီနေရာကို လာခဲ့တာ မဟုတ်ဖူး ... ကျွန်မလာတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ ... ကျွန်မသားလေးက မြို့တော်Bက နိုင်ငံတကာကျောင်းမှာတက်ချင်တယ် ... အဲ့နေရာကို ဝင်ခွင့်ရအောင် လုပ်ပေးပါ ..."


ပြော၍ပြီးသည့်နှင့် သူမကို မုန်းတီးနေသော ထိုယောကျာ်းကို မကြည့်ပဲနှင့် ရှအန်းဆိုဖာပေါ်မှ ထလိုက်သည်။


" ဖုရှန်း ရှင် ကျွန်မကို အကြွေးတင်နေတယ်နော် ... ပြီးတော့ ရှင့်ရဲ့ ဇနီးကောင်းလေးကလည်း ကျွန်မနဲ့ ကျွန်မသားလေးကို အကြွေးတင်နေတယ် ..."


ဒီစုံတွဲက သူမသားကို ငါးနှစ်ကျော်လောက် ‌စောင့်ရှောက်ထားတယ်ဆိုရင်ရော ဘာဖြစ်လဲ ...


သူတို့က ကလေးလေးကို မချစ်ခဲ့တဲ့အပြင် မိဘတွေရဲ့ တာဝန်ဝတ္တရားလည်း ကျေပွန်ခဲ့တာမှ မဟုတ်တာ ...


သူနောက်ဆုံးမှ အဲ့ဒါကြောင့် ဗီလိန်ဖြစ်သွားခဲ့တာ ...


အမျိုးသမီးဇာတ်လိုက်၏အမေက ရှရှင်းချန်၏ သနားစရာကောင်းသောဘတ၏ အရင်းမြစ် ဖြစ်ခဲ့သည်။


ရှကျင်းဟောင်ရဲ့ အကြံအစည်တွေကြောင့်သာ မဟုတ်ရင် မူလပိုင်ရှင်နဲ့ ရှရှင်းချန်ရဲ့ ဘဝက အရမ်းသနားစရာကောင်းနေမှာလဲ ...


သူမက ဒီနေရာလာပြီး ရသင့်တဲ့ အကျိုးအမြတ် နည်းနည်းပဲ လာယူတာ ... ဒါက ဘာမှမဟုတ်သေးဘူး ...


သူမနဲ့ ရှရှင်းချန်က ဒီမိသားစု သတ်တာ ခံခဲ့ရတာပဲ ...


" ရှအန်း ... မင်းပြောင်းလဲသွားပြီပဲ ..."


ဖုရှန်းက အမူအရာမဲ့နေသည့် သူမမျက်နှာကိုကြည့်ပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ သူ၏ရင်ထဲတွင် အဘယ့်ကြောင့် တစ်စုံတစ်ခု ပျောက်ဆုံးနေသည်ဟု ခံစားနေရမှန်းမသိပေ။


သူ၏ရင်ထဲ ဗလာကျင်းနေသည်။


" အိုး ... ရှင်အတိတ်က သိခဲ့တဲ့ ရှအန်းကို ရှင့်ရဲ့ဇနီးကောင်းလေးက တွန်းအားပေးပြီး သတ်ပစ်လိုက်ပြီလေ ..."


ဖုရှန်း၏ မျက်လုံးထဲမှ နာကျင်နေသော အမူအရာကိုရှအန်းမြင်လိုက်ရသည်။ သူ့ကို ကြည့်ရသည်မှာ နေမကောင်းဖြစ်နေသကဲ့သို့ပင်။


သူမအိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး မူလပိုင်ရှင် ချန်ခဲ့သည့် သေတမ်းစာကို ဖုရှန်းဘေးမှ ကြမ်းပေါ် ပစ်ချလိုက်သည်။


" ကျွန်မရဲ့ မကောင်းတဲ့ အမဲစက်ဆိုတဲ့ဟာတွေကို  ဘာလို့အင်တာနက်ပေါ် တင်ခဲ့ရတာလဲ ... ပြီးတော့ ကျွန်မကလေးကိုလည်း မိဘမဲ့ဂေဟာမှာ စွန့်ပစ်သေးတယ် ... ရှင်အတိတ်တုန်းက သိခဲ့တဲ့ ရှအန်းက သေသွားခဲ့ပြီ ... ရှင့်မိန်းမကြောင့် သတ်သေသွားခဲ့တာ ..."


ဖုရှန်းက မူလပိုင်ရှင် မသေဆုံးမီ ရေးထားသည့် စာရွက်အပိုင်းအစကို ကောက်ယူလိုက်သည်။ 


ရှအန်းအေးစက်စွာ ပြောလိုက်သည်။

" အဲ့တော့ ဒါက ရှင်ကျွန်မကို အကြွေးတင်နေတာပဲ ..."


အမှန်တွင် ဤအထောက်အထားက ရှအန်း၏ နည်းဗျူဟာတစ်ခုဖြစ်သည်။ သူမက မူလပိုင်ရှင်၏ ဆန္ဒကိုလည်း ပြည့်ဝစေလိုခဲ့သည်။


ထို့ကြောင့် ဖုရှန်းဆီသို့လာစဉ်က မူလပိုင်ရှင် ချန်ထားခဲ့သည့် စာရွက်ကို ယူလာခြင်းဖြစ်သည်။


ပြောပြီးသည့်နောက် သူမ ဖုရှန်း၏ တုံ့ပြန်မှုကို မစောင့်တော့ပဲ တစ်ယောက်တည်း ထွက်လာခဲ့သည်။


ရှအန်း၏ကျောပြင်ကိုကြည့်ပြီးနောက် ဖုရှန်း ခေါင်းငုံ့၍ သူ၏လက်ထဲမှ သေတမ်းစာကို ကြည့်လိုက်သည်။


အထူးသဖြင့် နောက်ဆုံးစာကြောင်းတွင် ရှအန်းရေးထားသည်ကို မြင်လိုက်ရသည့်အခါ သူ၏ရင်ထဲ မသက်မသာဖြစ်သွားသည်။


စာရွက်ကို တိတ်ဆိတ်စွာဖတ်ပြီးနောက် ဖုန်းကို ထုတ်လိုက်သည်။


" ငါ့မိန်းမအကြောင်းကို စုံစမ်းပေးပါဦး ... လွန်ခဲ့တဲ့ငါးနှစ်က ရှအန်းဆီမှာ ဘာတွေဖြစ်ခဲ့လဲပါ စုံစမ်းပေး ..."


" နေဦး ... ပြီးတော့ မြို့တော်B နိုင်ငံတကာကျောင်းရဲ့ ကျောင်းအုပ်ကြီးကိုပါ ဆက်သွယ်ပေးထားပါ ..."