Chapter 14
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 14 (2 of Clubs – စိန်ခေါ်ခြင်း 10.5)


ရှောက်လုံက ကစားသမား နံပါတ် 1 အချက်ပြကို မြင်လိုက်ရသည်။ သူ သေသေချာချာ မစဉ်းစားခင်မှာ သူ့ခန္ဓာကိုယ်က 2 of Clubs ၏ ကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရသည်။


သူ့ကို အနည်းငယ်သက်သာရာရစေတာက 2 of Clubs ၏ ကမ္ဘာသည် လူသူကင်းမဲ့သောတောင် ဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းသောဇွန်ဘီသားရဲကြီး မဟုတ်ပါ။


၎င်းသည် ဧရိယာ 10 စတုရန်းမီတာရှိသော စတုရန်းအလုံပိတ်အခန်းဖြစ်သည်။ အရှေ့ဘက်တွင် တံခါးတစ်ပေါက်ရှိပြီး ဘယ်ဘက်နှင့် ညာဘက်တွင် နံရံတစ်ခုလုံးကို နေရာယူထားသည့် မှန်တစ်ချပ်ရှိသည်။ အခန်းအလယ်တွင် စားပွဲခုံတစ်ခုရှိပြီး စားပွဲနောက်ဘက်ရှိ သူဌေး၏ကုလားထိုင်ပေါ်တွင် အသက် 16 နှစ် သို့မဟုတ် 17 နှစ်အရွယ် ကောင်လေးတစ်ယောက် ထိုင်နေသည်။


သူသည် အနက်ရောင် tuxedo ကို သပ်ရပ်သော အဖြူရောင် ရှပ်အင်္ကျီနှင့် လည်စည်းဖြင့် ဝတ်ဆင်ထားသည်။ သူ့အသားအရည်က ဖြူစင်ပြီး မျက်နှာအသွင်အပြင်က ကြည်လင်နေပေမယ့် သူ့မျက်နှာမှာ ဘာခံစားချက်မှမရှိဘူး။ သိမ်သိမ်မွေ့မွေ့နဲ့ လှပသော ပန်းပုရုပ်ထုကြီး ထိုင်နေသလိုပါပဲ။


ဆယ်ကျော်သက်က ရှောက်လုံကို မော့ကြည့်လာပြီး ပေါ့ပါးစွာ ဆိုသည်။

"မင်္ဂလာပါ၊ ငါက A of Clubs စောင့်ရှောက်သူပါ… Clubs လျှို့ဝှက်ခန်းမှ ကြိုဆိုပါတယ်…"


ရှောက်လုံသည် ဇွန်ဘီမြို့မှ လျှိုရှောင်ယွမ်က A of Spades ဟု ပြောခြင်းဖြင့် တံခါးဖွင့်ခိုင်းရန် လှည့်စားခဲ့တာကြောင့် သူ့နောက်ကျောက ချက်ချင်းပင်း တောင့်တင်းသွားပြီး သတိရှိသွားကာ စဉ်းစားခဲ့သည်။ သူ၏တစ်ကိုယ်လုံးက သတိရှိနေပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"စောင့်ရှောက်သူလား? ဖြစ်စဉ်ကိုရှင်းလင်းပြီးမှ မင်းပေါ်လာသင့်တာမဟုတ်ဘူးလား?"


ဆယ်ကျော်သက်က ပြန်ဖြေသည်။

"Clubs လျှို့ဝှက်ခန်းက မတူဘူး… စိန်ခေါ်ခြင်းဂိမ်းအတွက် တရားမျှတတဲ့ဒိုင်တစ်ယောက်လိုတယ်၊ ဒါကြောင့် ငါစောစောပေါ်လာတာ…"


ဆယ်ကျော်သက်သည် ကုလားထိုင်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ထိုင်နေကာ ရှောက်လုံကို တိုက်ခိုက်သည့် အရိပ်အယောင်မျှ မပြပေ။ ရှောက်လုံက အနည်းငယ်သက်သာရာရသွားပြီး မေးလိုက်သည်။

"မင်းက ဒိုင်အဖြစ် ကိုယ်တိုင်ကိုယ်ကျလုပ်တာလား?"


ဆယ်ကျော်သက်က ခေါင်းငြိမ့်သည်။ 

"ဂိမ်းမစခင်မှာ အခြေခံပစ္စည်းတွေကို ငါမင်းကို ပေးမယ်…"


သူစကားပြောနေစဉ် ရှောက်လုံ၏ရှေ့ရှိ စားပွဲပေါ်တွင် ပစ္စည်းတချို့ပေါ်လာသည်။


သမားရိုးကျဆန်သော အနက်ရောင်ဝတ်စုံ၊ ငွေရောင်သတ္တုမျက်နှာဖုံး၊ ထူးဆန်းသောလက်ကောက်နှင့် ရွှေဒင်္ဂါး 10 ပြားရှိသည်။


ရွှေလား? ရွှေဒင်္ဂါးများကိုယူ၍ ဂရုတစိုက်စစ်ဆေးသောအခါ ရှောက်လုံ၏ မျက်လုံးများ တောက်ပလာသည်။


စက်ဝိုင်းရွှေဒင်္ဂါးပြားသည် အချင်း 5 စင်တီမီတာခန့်ရှိသည်။ အရှေ့ဘက်ခြမ်းရှိ အပေါ်၊ အောက်၊ ဘယ်နှင့် ညာများတွင် Hearts၊ Diamonds၊ Spades နှင့် Clubs တို့၏ ပုံသဏ္ဌာန်ကို ထုလုပ်ထားပြီး အနောက်ဘက်ခြမ်းတွင် ‘1,000’ဟု ရေးထားသည်။ ဒါက ရွှေဒင်္ဂါး၏တန်ဖိုးဖြစ်နိုင်သည်။


ဤကတ်ကမ္ဘာ၏ရွှေဒင်္ဂါးများသည် လက်တွေ့တွင်ရှိသည့် ဒင်္ဂါးများထက် များစွာကြီးမားပြီး ၎င်းတို့၏တန်ဖိုးက ချဲ့ကားနေသည်။ ပမာဏက 1,000 ကနေ တိုက်ရိုက်စတင်ခဲ့သည်။


A of Clubs က ပါးစပ်ဖွင့်လိုက်သည်။

"အရောင်စုံအဝတ်အစားဝတ်တဲ့ စိန်ခေါ်သူတွေကို ငါမုန်းတယ်… ကျေးဇူးပြုပြီး ဒီအဝတ်အစားကို ပြောင်းပြီး မင်းကို Clubs လျှို့ဝှက်ခန်းဆီ ငါလိုက်ပို့ပေးမယ်…"


သူက အရောင်စုံအဝတ်အစားတွေကို မုန်းတာနဲ့ လူတိုင်းကို အနက်ရောင်ဝတ်စုံ ဝတ်ခိုင်းတာလား? ဒါက ဈာပနာအခမ်းအနားကို သွားဖို့မဟုတ်ဘူးလားဆိုတာ သေချာရဲ့လား?


ရှောက်လုံသည် သူ့အဝတ်အစားများ ရုတ်တရက် ပြောင်းလဲသွားသောအခါ ထိုစကားလုံးများကို ပြောရန် အချိန်မရှိခဲ့ပေ။ သူသည် ဤအနက်ရောင်ဝတ်စုံကို တိုက်ရိုက်ဝတ်ထားပြီး ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားသည်။ လက်ကောက်က သူ့လက်ကောက်ဝတ်မှာ အလိုအလျောက် နေရာယူထားပြီး သူ့အဝတ်အစားတွေက အစအနမရှိဘဲ ပျောက်သွားသည်။


ချက်ချင်းအဝတ်အစားများ အပြောင်းအလဲကြောင့် သူ့ကို အနည်းငယ် လန့်သွားစေသော်လည်း ကတ်ကမ္ဘာမှ အရာများစွာကို သိပ္ပံနည်းကျ ရှင်းပြ၍မရပါ။ သူသည် Clubs လျှို့ဝှက်ခန်းထဲမှ ပစ္စည်းကိရိယာအစုံအလင်ကို အမြန်လက်ခံလိုက်သည်။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ကာ မျက်လုံးတစ်စုံသာ ပေါ်လွင်နေသည်။


ရှောက်လုံသည် မှန်မှ သူ့အကြည့်ကိုပြန်ရုတ်လိုက်ပြီး ဆယ်ကျော်သက်အား မေးလိုက်သည်။

"ဒီပစ္စည်းတွေက ဘာအတွက်သုံးရမှာလဲ?"


"မျက်နှာဖုံးက လူသစ်တွေကို အကာအကွယ်ပေးဖို့ဖြစ်ပြီး မင်းရဲ့အမူအရာက ပြိုင်ဘက်တွေကို အချက်အလက်အများကြီး ဖော်ပြမိလိမ့်မယ်… လက်ကောက်က မင်းကို ကတ်ကောင်းကောင်းတစ်ခုရစေနိုင်မယ့် လွှဲပြောင်းခြင်းပုတီးစေ့တစ်ခုပဲ… ဂိမ်းတစ်ခုမှာ လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုဖို့ အခွင့်အရေးတစ်ခါပဲရှိတယ်… ငါမင်းကို ပေးမယ့် ရွှေဒင်္ဂါး 10 ပြားက အဓိကပဲ…"


ရှောက်လုံက ညင်သာစွာ မျက်ခုံးပင့်လိုက်သည်။

"အဓိကလား? 2 of Clubs လျှို့ဝှက်ခန်းက လောင်းကစားဂိမ်းလား?"


"ဟုတ်တယ်… B အဆင့်အောက်ရှိ Clubs လျှို့ဝှက်ခန်းတွေက အသစ်ဝင်လာသူတွေကို အဆင်ပြေစေပြီး အနာဂတ်အတွက် ပြင်ဆင်ဖို့ အဆင့်နိမ့်လျှို့ဝှက်ခန်းတွေကတစ်ဆင့် ရွှေ့ဒင်္ဂါးတချို့ကို မင်းရှာလို့ရတယ်… ကတ်ကမ္ဘာမှာ ရွှေဒင်္ဂါးတွေမရှိရင် မင်းကြာရှည်ခံမှာမဟုတ်ဘူး…"


ရှောက်လုံ: "..."


A of Spades က မကြာခင်သိလိမ့်မယ်လို့ ရှောက်လုံကို ပြောခဲ့တာ သူလိမ်ခဲ့တာမဟုတ်ဘူး။


ပထမလျှို့ဝှက်ခန်းသုံးခုမှာ သူ့ကို ကတ်များနဲ့ ဆုချခဲ့ပြီး Clubs က သူ့ကို ရွှေဒင်္ဂါးများဖြင့် ဆုချခဲ့သည်။ ရွှေဒင်္ဂါးများဖြင့် စောင့်ရှောက်သူများထံမှ ‘စာချုပ်များ’ကဲ့သို့သော ပစ္စည်းများဝယ်ရန် အသုံးပြုနိုင်ပြီး နောက်ပိုင်းတွင် သူလိုအပ်သည့် ပစ္စည်းများကိုလည်း ဝယ်ယူနိုင်သည်။


သူ့တွင် လွှဲပြောင်းခြင်းပုတီးစေ့ပါသောကြောင့် အခြားစိန်ခေါ်သူများတွင်လည်း တူညီသောပစ္စည်းများ ရှိရမည်။ လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြု၍ အလောင်းအစားကြီးတစ်ခုကို အနိုင်ရသောအခါတွင် ၎င်းက အထူးအရေးကြီးပါသည်။


မျက်နှာတစ်ခုလုံးကို မျက်နှာဖုံးနဲ့ အုပ်ထားတာက လူသစ်များအတွင် အများကြီး အထောက်အကူဖြစ်စေမှာဖြစ်သည်။ သည်လိုမှမဟုတ်ရင် လူတစ်ယောက်မှာ ကတ်ကောင်းကောင်းရှိရင် အခြားသူများက သူတို့၏အမူအရာကို ကြည့်ရုံနဲ့ ပြောပြနိုင်လိမ့်မည်။ ယခုအခါ လူတိုင်းက မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး မှန်းဆမှုအပေါ်သာ အားကိုးနိုင်ကြသည်။


ရှောက်လုံသည် ကတ်ဂိမ်းများကို ဆော့ခဲ၏။ Fight the Landlord သည် သူ့ဝမ်းကွဲများ ဆော့သည့်အရာဖြစ်ပြီး 10.5 ကို သူတစ်ခါမျှ မကြာဖူးပါ။ စာချုပ်တစ်ခုအတွက် ရွှေဒင်္ဂါး 10,000 လိုအပ်ပြီး သူ့တွင် 10,000 အတိအကျရှိသည်။ သူက ပိုက်ဆံအပိုမရှာချင်ဘူး။ သည်ရွှေဒင်္ဂါး 10,000 ကို သူသိမ်းထားနိုင်သ၍ စာချုပ်ကိုဝယ်ပြီး ယွီဟန်ကျန်းကို ရှာနိုင်သည်။


A of Clubs ၏ အေးစက်သောအသံကိုကြားလိုက်သောအခါ ရှောက်လုံက ခေါင်းငုံ့ကာ စဉ်းစားနေလေသည်။ 

"သွားတော့၊ ဂိမ်းစတော့မယ်…"


ရှေ့တံခါးက ဖြည်းညှင်းစွာပွင့်လာသည်။ ရှောက်လုံက အသက်ပြင်းပြင်းရှူပြီး အထဲကို ဝင်သွားသည်။


သူဝင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း အခြားတံခါးခြောက်ပေါက်ကလည်း ပွင့်လာခဲ့သည်။


စိန်ခေါ်သူ ခုနစ်ဦးသည် ဂိမ်းကစားသည့်နေရာသို့ လျှောက်လာခဲ့သည်။


၎င်းသည် စတုရန်းမီတာ 100 ကျော်ရှိသော အဆင့်မြင့်ကာစီနိုတစ်ခုဖြစ်သည်။ အလယ်တွင် အစိမ်းရင့်ရောင် ကတ္တီပါ စားပွဲခင်းတစ်ခုပါရှိသော ဘဲဥပုံစားပွဲတစ်ခုရှိသည်။ စားပွဲပတ်လည်တွင် ဇိမ်ခံထိုင်ခုံ ရှစ်ခုရှိပြီး ခုနစ်ခုကို 1-7 ဖြင့် အမှတ်အသားပြုထားသည်။ ကျန်ခုံမှာ နံပါတ်မပါသော်လည်း 'Clubs' ပုံစံကို ရေးဆွဲထားသည်။


သူ့ကို ပစ္စည်းများပေးခဲ့သော A of Clubs က ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။


စောင့်ရှောက်သူများသည် မရေမတွက်နိုင်သော ကိုယ်ပွားများကို ခွဲထုတ်နိုင်သည်။ အခုလေးတင် လူတိုင်းကို တစ်ချိန်တည်းမှာ ပစ္စည်းတွေ ပေးခဲ့သည့် A of Clubs ခုနစ်ဦးရှိသည်။ ထို့ကြောင့် စိန်ခေါ်သူခုနစ်ဦးသည် အနက်ရောင်ဝတ်စုံနှင့် ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသောကြောင့် ပုံစံက အနည်းငယ်ထူးဆန်းနေသည်။


မြေပြင်ပေါ်ရှိ ကော်ဇောထူထူသည် အလွန်နူးညံ့ပြီး လူတိုင်း၏ခြေလှမ်းများကို ကော်ဇောက စုပ်ယူသွားသည်။


ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေခဲ့သည်။


သူတို့၏ဦးခေါင်းထက်ရှိ သလင်းကျောက် မီးဆိုင်းက ပျက်စီးနေသော စိန်တစ်လုံးကဲ့သို့ လင်းလက်သွားသည်။ လူခုနစ်ဦး၏ မျက်နှာပေါ်ရှိ ငွေရောင်မျက်နှာဖုံးများက တူညီအေးစက်သော သတ္တုတောက်ပမှုကို ထင်ဟပ်စေသည်။ တိတ်ဆိတ်သောအခန်းသည် အသက်ရှူကြပ်စေမည့် ဖိနှိပ်မှုခံစားချက်ကိုပေးသည်။ ဘယ်သူမှ စကားမပြောရဲကြဘူး။


ထို့နောက် A of Clubs က အနည်းငယ် ပါးစပ်ကို ဖွင့်လိုက်သည်။ 

"အားလုံး ကျေးဇူးပြုပြီး ကိုယ့်ရဲ့နံပါတ်ပြားအတိုင်း ထိုင်ကြပါ…"


လူတိုင်းက လှုပ်ရှားသွားခဲ့သည်။


ရှောက်လုံ၏အကြည့်များက လှည့်ပတ်သွားသည်။


နံပါတ် 2 သည် အရှည့် 1.6 မီတာရှိသည့် မိန်းကလေးဖြစ်သည်။ သူမ၏အသားရောင်မှာ ဖြူဖျော့နေပြီး ခန္ဓာကိုယ် ပိန်ပါးသည်။ သူမကဲ့သို့ ပိန်ပါးသောမိန်းကလေးသည် အခြားသောလျှို့ဝှက်ခန်များအား မည်သို့ ကျော်ဖြတ်ခဲ့သည်ကို တွေးကြည့်ရန် ခက်ခဲလှသည်။


နံပါတ် 3 သည် အရပ် 1.9 မီတာနီးပါးရှိကာ အရပ်ရှည်ပြီး သန်မာသော အရွယ်ရောက်သူ အမျိုးသားဖြစ်သည်။ သူ၏သွယ်လျသောခြေထောက်များမှာ ဆွဲဆောင်မှုရှိပြီး သည်ယောင်္ကျားက ပြီးပြည့်စုံသည်။ သူသည် suit ကို ဝတ်ဆင်ထားပြီး ဖက်ရှင်မဂ္ဂဇင်း၏ မျက်နှာဖုံးမော်ဒယ်နှင့်တူသည်။ ကတ်ကမ္ဘာသို့ ဝင်ရောက်လာသောအခါ သူ၏ရုပ်ရည်ကိုများ ချိန်ညှိခဲ့သလား။


နံပါတ် 4 သည် ဆံပင်ကောက်ကောက်နှင့် အနီရောင် လက်သည်းနီဆိုးထားသော ကိုယ်လုံးပြည့် ရင့်ကျက်သော အမျိုးသမီး ဖြစ်သည်။ နံပါတ် 5 သည် သူ့နောက်မှာ ကျစ်ဆံမြီးပါပေမယ့် ကိုယ့်ရုပ်ရည်ကိုသာ ကြည့်တတ်သည့် လူတစ်ယောက်မှန်း ထင်ရှားပါသည်။ 


နံပါတ် 6 သည် ဘီယာဗိုက်နှင့် လူလတ်ပိုင်းအရွယ် ဝတုတ်သော အမျိုးသားဖြစ်သည်။ နံပါတ် 7 သည် အရပ်ရှည်ရှည်ဖြင့် ဆံပင်ကို ခပ်မြင့်မြင့် စုချည်ထားသော မိန်းကလေးဖြစ်ပြီး အလွန်တက်ကြွပုံပေါက်သည်။


အမျိုးသား 4 ဦးနဲ့ အမျိုးသမီး 3၊ သည်ဂိမ်းမှာ ပြိုင်ပွဲဝင်တွေ အများကြီးရှိဖို့ သူ မမျှော်လင့်ထားဘူး။


ရှောက်လုံသည် နံပါတ် 1 နေရာရှိ A of Clubs ၏ ညာဘက်ခြမ်းတွင် ထိုင်ရန် လျှောက်သွားကာ အခြားလူများက အလှည့်ကျ ထိုင်ကြသည်။


သူသည် ဤဂိမ်းတွင်ရှိသော ပြိုင်ဘက်များကို ကြည့်ရန် ထပ်မံခေါင်းလှည့်လိုက်ရာ မျက်လုံးတစ်စုံနှင့် သူတွေ့လိုက်ရသည်။ နက်မှောင်ပြီး အေးစက်နက်နဲသော မျက်လုံးတစ်စုံဖြစ်သည်။


နံပါတ် 3၊ တစ်ဖက်လူက မျက်နှာဖုံးတပ်ထားပေမယ့် သူ၏ဓားကဲ့သို့ ထက်ရှသောအကြည့်က ရှောက်လုံ၏မျက်နှာကို မျက်နှာဖုံးကနေတစ်ဆင့် တိုက်ရိုက်မြင်နေပုံရသည်။ အကြည့်သည် လူ့စိတ်၏ အောက်ခြေအထိ မြင်နိုင်ပုံရပြီး လူတို့၏ အတွင်းစိတ်တွင် အကျဉ်းတန်မှုနှင့် မကောင်းသော အကြံအစည်အားလုံးကို ထုတ်ဖော်ပြသနိုင်သည်။


ထိုမျက်လုံးများကို စိုက်ကြည့်ရင်း ရှောက်လုံ၏ နောက်ကျောက တောင့်တင်းသွားပြီး သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။


မိုးရွာသောနေ့က ရဲအဖွဲ့ခေါင်းဆောင်သည် ပြတင်းပေါက်မှာ ရပ်နေပြီး ထိုအကြည့်များဖြင့် သူ့ကို လှည့်ကြည့်လာသည်။


ရှောက်လုံသည် လူများစွာကို မြင်ဖူးသော်လည်း အဖွဲ့ခေါင်းဆောင်ယွီ၏ မျက်လုံးများက သူ့အပေါ်မှာ လေးနက်သော ထင်မြင်ချက်များကို ချန်ထားခဲ့လေသည်။ အေးစက်နက်နဲသော မျက်လုံးတစ်စုံက ဆောင်းရေကန်၏ ရေလိုပါပဲ။ အဲဒါကို ကြည့်ရုံနဲ့ ရှောက်လုံ၏စိတ်ထဲမှာ စွဲထင်သွားခဲ့သည်။


ထိုလူ၏မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားလျှင်ပင် ဤလူကို မျက်လုံးတစ်ခုတည်းဖြင့် သူမှတ်မိနိုင်သည်။


ယွီဟန်ကျန်းသည် 2 of Spades တွင် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြောင်း ကြေညာချက်ကို သူမြင်ခဲ့ရသည်။ ယွီဟန်ကျန်းသည် 2 of Spades ကို ရှင်းလင်းလိုက်သည့်အချိန်တွက်ချက်မှုအပေါ် အခြေခံ၍ 2 of Clubs ကို သူဝင်ရောက်လာနိုင်ဖွယ်ရှိသည်။ ထို့အပြင် ယွီဟန်ကျန်း၏အရပ်သည် 1.9 မီတာ နီးပါး ရှည်လျားပြီး ခြေတံရှည်ကာ သူ့ခန္ဓာကိုယ်ကလည်း ကြည့်ကောင်းသည်။


နံပါတ် 3 က ယွီဟန်ကျန်းပဲ!


ရှောက်လုံသည် သူ၏ပြင်းထန်သော နှလုံးခုန်သံကို ကြားလိုက်ရသည်။ သူသည် 2 of Clubs လျှို့ဝှက်ခန်းတွင် အဖွဲ့ခေါင်းဆောင်ယွီကို တိုက်ရိုက်တွေ့ဆုံလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။


တစ်ဖက်လူကလည်း အနည်းငယ် အံ့အားသင့်သွားသည်မှာ ထင်ရှားသည်။ သူက ရှောက်လုံကို မှတ်မိခြင်း ရှိမရှိကို မသိရသေးသော်လည်း ထိုလူ၏ အေးစက်သော မျက်လုံးများက အနည်းငယ် ပြေလျော့သွားကာ ရှောက်လုံကို ညင်သာစွာ ခေါင်းငြိမ့်ပြသည်။ ရှောက်လုံကလည်း ယဉ်ကျေးစွာ တုံ့ပြန်ရန် ခေါင်းငြိမ့်ပြလိုက်သည်။


စည်းမျဥ်းတွေ မရှင်းမလင်းဖြစ်နေသည့် ထူးဆန်းသော Clubs လျှို့ဝှက်ခန်းထဲမှာ လူနှစ်ဦးသည် ဘာမှ ထပ်မပြောဝံ့ကြပေ။ တစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်ပြရုံနဲ့ လုံလောက်ပါသည်။


‘အဲဒါက သူပဲ’ နှစ်ယောက်စလုံးက တစ်ချိန်တည်း တွေးလိုက်မိသည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က တိတ်တဆိတ် နားလည်မှုဖြင့် ငြိမ်သက်သွားကြသည်။


စည်းမျဥ်းများက မရှင်းမလင်းဖြစ်သောအခါ သူတို့က တစ်ယောက်ကိုတစ်ယောက် အသိအမှတ်မပြုနိုင်သလို တစ်ဖက်မှ စိန်ခေါ်သူများကိုလည်း တစ်ယောက်နှင့်တစ်ယောက် သိကြောင်း အသိမပေးနိုင်ကြပေ။


လူခုနစ်ဦးစလုံး ထိုင်နေတာကိုတွေ့တော့ A of Clubs သည် ကတ်ထုပ်တစ်ထုပ်ကိုထုတ်ကာ ဂိမ်းစည်းမျဉ်းများကို မျက်နှာသေဖြင့် ဖတ်ပြသည်။

"စိန်ခေါ်ခြင်း 10.5၊ ဒါက ဖဲချပ်ဂိမ်းအမျိုးအစားတစ်ခုပါ… ဂိမ်းကစားနေချိန်အတွင်း အချင်းချင်း ဆက်သွယ်ဖို့ စကားပြောတာ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို အသုံးပြုတာ ခွင့်မပြုဘူး… ကျူးလွန်သူတွေကို တိုက်ရိုက်ဖယ်ထုတ်မယ်…"


ဆယ်ကျော်သက်လေးသည် လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏သွယ်လျသောလက်ချောင်းများဖြင့် စားပွဲပေါ်တွင် ကတ်များကို ဖြန့်လိုက်သည်။


ဤသည်မှာ အသစ်စက်စက် ကတ်ထုပ်ဖြစ်ပြီး suit 4 လေးမျိုးကို A မှ K အထိ အစဉ်လိုက်စီထားသည်။


Joker နှစ်ကတ် မပါဝင်ဘဲ suit 4 မျိုးဖြင့် A-K အထိ စုစုပေါင်း 52 ကတ်ရှိသည်။


ဆယ်ကျော်သက်သည် စားပွဲပေါ်ရှိ ဖဲချပ်များကို လက်ညှိုးထိုးပြပြီး ပြောသည်။

"10.5 ဂိမ်းမှာ A၊ 2၊ 3၊ 4 ပေါင်းလိုက်ရင် 10 ဖြစ်တာတွေကို ‘အမှတ်ကတ်တွေ’လို့ခေါ်တယ်၊ A ကို 1 မှတ်အဖြစ် မှတ်ယူပြီး 2-10 တွေက သူတို့ရဲ့သက်ဆိုင်ရာအမှတ်တွေပဲ… J၊ Q နဲ့ K တွေကို ‘လူကတ်တွေ’လို့ခေါ်ပြီး သူတို့အားလုံးက 0.5 မှတ်ကို ကိုယ်စားပြုတယ်… ဂိမ်းရဲ့ရည်ရွယ်ချက်က မင်းတို့လက်ထဲက ဖဲချပ်တွေရဲ့ အမှတ်တွေကို 10.5 အထိ ပေါင်းထည့်ဖို့ပဲ…"


"ဂိမ်းတစ်ခုမှာ စုစုပေါင်း 5 ချီရှိပြီး final hand တွေက အမျိုးအစား 5 မျိုးရှိတယ်… ကျေးဇူးပြုပြီး ဖန်သားပြင်ကိုကြည့်လိုက်…"


အခန်း၏ဘေးဘက်ရှိ ဖန်သားပြင်ကြီးတွင် အကြီးဆုံးတန်ဖိုးမှ အငယ်ဆုံးအထိ Hand 5 ငါးမျိုးကို စာရင်းပြုစုထားသည်။


ဘုရင်: ကတ်ငါးကတ်၏ စုစုပေါင်းရမှတ်က 10.5 နှင့် အတိအကျတူညီသည်။ ဥပမာ: A၊ 2၊ 3၊ 4၊ K။


လူအသေးငါးယောက်: ငါးချီ ကတ်များဝေပြီးနောက် သင်က J၊ Q၊ K၊ Q၊ K ကဲ့သို့သော လူငါးယောက်ကတ်များကို ရရှိခဲ့သည်။


အသေးငါးခု: ကတ်ငါးကတ်၏ စုစုပေါင်းအမှတ်အရေအတွက်က A၊ A၊ 2၊ 2၊ 2 ကဲ့သို့ 10.5 ထက်နည်းနေသည်။


10.5: သင့်လက်ထဲမှာ ကတ်ငါးကတ်ထက်နည်းသော်လည်း အမှတ်အရေအတွက်မှာ 10.5 အတိအကျဖြစ်သည်။ ဥပမာ: 8၊ 2၊ K။


Flat ကတ်များ: သင့်လက်ထဲရှိ ကတ်များ၏ ပေါင်းလဒ်သည် 7၊ 6 လိုမျိုး 10.5 ထက်ပိုနေတာ ဒါမှမဟုတ် 2၊ 7 လိုမျိုး 10.5 အောက်နည်းနေတာဖြစ်သည်။ 


လူတိုင်းက ဖန်သားပြင်ကို လေးလေးနက်နက်ကြည့်နေတာကို မြင်လိုက်ရတော့ ဆယ်ကျော်သက်က ဆက်ပြောသည်။

"ဒါက D အဆင့်လျှို့ဝှက်ခန်းပါ… ဖဲချပ်ဂိမ်းမကစားဖူးတဲ့ လူသစ်တွေအတွက် အဲဒါက ဖန်သားပြင်ကြီးမှာ ရှိနေမှာဖြစ်တာကြောင့် မင်းတို့ အမြဲတမ်း စစ်ဆေးနိုင်ပါတယ်…"


"ဂိမ်းစတင်တာနဲ့ မင်းတို့က ဖဲဝေမယ့်အချီတိုင်းအတွက် ‘ကတ်လိုချင်တယ်’ ဒါမှမဟုတ် ‘ကတ်မလိုချင်ဘူး’ဆိုတာကို ရွေးချယ်နိုင်တယ်…"

 

"ပထမအချီမှာ အားလုံးက ရွှေဒင်္ဂါး 1,000 လောင်းရမယ်… ဒုတိယအချီမှာ မင်းတို့ fold လို့ရတယ်… မင်းတို့ fold လိုက်ရင် ရွှေဒင်္ဂါးတွေကို ဆုံးရှုံးမှာ မဟုတ်ဘူး… မင်းတို့ မ fold ဘူးဆိုရင် အနည်းဆုံး ရွှေဒင်္ဂါး 1,000 call ရမယ်… နောက်မှ call တဲ့လူက အရင်ကစားသမားနဲ့ တူညီတဲ့‌အရေအတွက် ဒါမှမဟုတ် ပိုများရမယ်… မင်းတို့လက်ထဲမှာရှိတဲ့ ရွှေဒင်္ဂါးတွေ မလုံလောက်ရင် မင်းတို့ all in လုပ်လို့ရတယ်…"


"တကယ်လို့ ဒီဂိမ်းမှာ ကစားသမားငါးယောက်စလုံးက flat ဖြစ်နေတာ၊ ဘယ်သူမှ 10.5 ကိုမရောက်တာ၊ ကတ်အသေးငါးခု ဒါမှမဟုတ် လူအသေးငါးယောက်မရှိဘူးဆိုရင် အဲဒါကို အရှုံးလို့မှတ်ယူမှာဖြစ်ပြီး လောင်းကြေးထပ်ထားတဲ့ ရွှေဒင်္ဂါးတွေအားလုံးကို ငါပြန်သိမ်းသွားမယ်…"


"ဂိမ်းခုနစ်ပွဲမှာ fold အရေအတွက်က ငါးကြိမ်ထက် မပိုရဘူး… ကိုယ့်ရဲ့ရွှေဒင်္ဂါးတွေအားလုံးကို ဆုံးရှုံးသွားတဲ့သူတွေက အပြစ်ပေးခံရဖို့အတွက် အိမ်မက်ဆိုးလျှို့ဝှက်ခန်းထဲကို ပစ်ချခံရလိမ့်မယ်…"


"ဂိမ်းရဲ့ စည်းမျဉ်းတွေကို ရှင်းပြပြီးပါပြီ… မင်းတို့ နားလည်သဘောပေါက်ဖို့ ငါးမိနစ် ငါအချိန်ပေးမယ်…"


ရှောက်လုံသည် ကတ်ဂိမ်းများကို ကစားခဲသော်လည်း ဖန်သားပြင်ပေါ်ရှိ အစဉ်လိုက်ကတ်အမျိုးအစားများကို ပြသထားပြီး A of Clubs က ၎င်းကို ရှင်းလင်းစွာ ရှင်းပြထားသည်။ နှစ်ကြိမ် သေသေချာချာ ဖတ်ပြီး လျှင်မြန်စွာ သူနားလည်ခဲ့သည်။


ဂိမ်းခုနစ်ချီတွင် ကတ်မဝေမီ လူတိုင်းကို 1,000 အရင်လောင်းခိုင်းပြီး 5 ကြိမ်ထက်ပို၍ fold လို့မရပေ။ ဆိုလိုသည်မှာ သူတို့သည် အနည်းဆုံး နှစ်ချီအတွက် call ရမှာဖြစ်ပြီး တစ်ချိန်လုံး fold လုပ်လို့မရပေ။


အကယ်၍ သူတို့သည် တစ်ပွဲမှ မနိုင်ပါက ခုနစ်ချီမြောက်ပွဲအပြီးတွင် သူတို့သည် ရွှေဒင်္ဂါး 10,000 ကို ဆုံးရှုံးမည်ဖြစ်ပြီး အပြစ်ပေးခံရဖို့ အိမ်မက်ဆိုးအခန်းထဲကို ပစ်ချခံရမည်ဖြစ်သည်။


အိမ်မက်ဆိုးလျှို့ဝှက်ခန်းဆိုသည့် နာမည်တစ်ခုတည်းက နားထောင်သူတိုင်းကို အေးစိမ့်သွားစေသည်။ ရှောက်လုံသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံချင်ပေ။


ကိုယ်မရှုံးကြောင်းသေချာစေရန် အခြားသူများထံမှ ပိုက်ဆံရရှိခြင်းသည် ဂိမ်း၏သော့ချက်ဖြစ်၏။


လူတိုင်းမှာ လွှဲပြောင်းခြင်းပုတီးစေ့နဲ့ တန်းတူအခွင့်အရေးတွေ ရခဲ့သည်။


ဘယ်အချိန် လွှဲပြောင်းခြင်းပုတီးစေ့အသုံးပြုရမလဲ၊ ဘယ်အချိန် call ရမလဲနဲ့ ဘယ်အချိန် fold ရမလဲဆိုတာက အကောင်းဆုံးကတ်များကို ရရှိစေလိမ့်မည်…


၎င်းသည် လောင်းကြေးထပ်သောဂိမ်းသာမက စိတ်ပိုင်းဆိုင်ရာဂိမ်းတစ်ခုလည်းဖြစ်သည်။


#TK