Chapter 15
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 15 (2 of Clubs – ကတ်ဝိဇ္ဇာ)


ငါးမိနစ်လောက်ကြာသွားသည်။ စားပွဲအလယ်ရှိ ခေါင်းလောင်းသံ မြည်လာ၏။ ဆယ်ကျော်သက်က စားပွဲပေါ်တင်ထားသည့် ကတ်အားလုံးကို သူ့လက်ထဲကို ထည့်ပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြင်ဆင်ပါ…"


လူတိုင်း၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေကြသည်။


လူငယ်၏ သွယ်လျသောလက်များသည် လျင်မြန်စွာ ကတ်မွေလိုက်ပြီး ကတ် 52 ကတ်က သူ့လက်ထဲတွင် ရွေ့လျားသွားသည်။ တစ်ခန်းလုံးတွင် ကတ်မွေနေသော သူ၏အသံမှလွဲ၍ တိတ်ဆိတ်နေသည်။


ခဏကြာတော့ ဆယ်ကျော်သက်၏ ကတ်မွေတာ ပြီးဆုံးသွားပြီး ပြောလိုက်သည်။

"‌ဒီဂိမ်းမှာ dealer မရှိဘူး… လူခုနစ်ယောက်က အချင်းချင်း တိုက်ခိုက်မှာဖြစ်ပြီး အကြီးဆုံးကတ်က နိုင်လိမ့်မယ်…"


"ကတ်တွေကို အချိန်မရွေး fold နိုင်ပေမယ့် လူတစ်ယောက်စီမှာ fold ဖို့ အခွင့်အရေး ငါးကြိမ်ပဲရှိတယ်… ငါးကြိမ်စလုံးသုံးပြီးသွားရင် မင်းတို့က call ပဲလုပ်ရတော့မှာ… လွှဲပြောင်းခြင်းပုတီးစေ့ကို ဂိမ်းခုနစ်ပွဲမှာ တစ်ကြိမ်ပဲ သုံးလို့ရတယ်… လွှဲပြောင်းခြင်းပုတီးစေ့တွေက မင်းတို့ကို အကောင်းဆုံးကတ်တွေရရှိစေမှာဖြစ်တာကြောင့် အသုံးပြုမယ့်အချိန်ကို အာရုံစိုက်ပါ…"


"ဂိမ်းစတင်ပြီ… အားလုံး ရွှေဒင်္ဂါး 1,000 လောင်းပါ…"


အား‌လုံးက တစ်ပြိုင်နက်တည်း ရွှေဒင်္ဂါးပြားကို စားပွဲအလယ်ရှိ ဆုကြေးအလယ်ပုံသို့ ပစ်ချလိုက်သည်။


"ပထမအချီ ကတ်ဆွဲတာကို နံပါတ် 1 ကနေ စတင်ပြီး နာရီလက်တံအတိုင်း လှည့်ပါမယ်…"


စိန်ခေါ်သူခုနစ်ဦးသည် မှောက်လျက်ကတ်တစ်ခုစီ ရရှိခဲ့သည်။ ကတ်၏နောက်ကျောက အနက်ရောင်အစိုင်အခဲဖြစ်သည်။


ရှောက်လုံက ကတ်၏ထောင့်ကို ညင်သာစွာဖွင့်လိုက်သည်—— 2 of Hearts 


သူ လှည့်ကြည့်လိုက်သည်။ လူတိုင်း၏မျက်နှာကို မျက်နှာဖုံးဖြင့်ဖုံးအုပ်ထားပြီး အမူအရာကို မမြင်နိုင်သော်လည်း တချို့သောလူများ၏မျက်လုံးများက သိသိသာသာ စိတ်ပျက်အားငယ်မှုကို ထင်ရှားစေသည်။ ပထမအချီမှာ သူတို့ရခဲ့သောကတ်က အလွန်ညံ့နေလို့ ဖြစ်နိုင်သည်။


ဆယ်ကျော်သက်က ပြောသည်။

"ဒုတိယအချီ ကတ်ဝေတာကို စတင်ပါပြီ… နံပါတ် 1 ကနေစမှာဖြစ်လို့ မင်း ကတ်လိုချင်လား?"


"ကတ်လိုချင်တယ်…"


ဆယ်ကျော်သက်က သူ့ကို ကတ်တစ်ခုပေးသည်။ 3 of Diamonds။ ရှောက်လုံက ခဏလောက် စဉ်းစားလိုက်သည်။

"Raise 1,000…"


2 of Hearts နှင့် 3 of Diamonds။ သူ့လက်ထဲမှာ ငါးမှတ်ရှိထားပြီး ဆက်ကစားနိုင်သည်။


ဆယ်ကျော်သက်က ဆက်ပြောသည်။

"နံပါတ် 2 ရွေးချယ်ပါ…"

 

ရှောက်လုံ၏ညာဘက်ခြမ်းတွင် ထိုင်နေသော နံပါတ် 2 ကောင်မလေးသည် အသားဖြူဖျော့ဖျော့နှင့် သူမ၏သွယ်လျသောရုပ်သွင်ကြောင့် လူအများကို စိုးရိမ်စေသည်။ သူမက တိုးတိုးလေး ပြောလိုက်သည်။ "ကတ်လိုချင်တယ်…" သူမက ကတ်ကိုဖွင့်လိုက်သည်နှင့် မိန်းကလေး၏အသံမှာ အနည်းငယ်တုန်ယင်သွားသည်။ "F-Fold…"


သူမ ဆွဲလိုက်သော ကတ်များက 9 of Diamonds နှင့် 8 of Hearts ဖြစ်သည်။ သူမ၏အမှတ်များက 10.5 ကျော်သွားပြီး သူမ၏ကံကြမ္မာက ဆိုးရွားလှသည်။


နံပါတ် 3။ ယွီဟန်ကျန်းက တည်ငြိမ်စွာ ပြောခဲ့သည်။

"ကတ်လိုချင်တယ်…"


ဆယ်ကျော်သက်က သူ့ကို ကတ်တစ်ခုပေးသည်။ ဒါကိုမြင်ပြီးနောက် ယွီဟန်ကျန်းက ကတ်နှစ်ကတ်ကို စားပွဲအလယ်ရှိ အလယ်ပုံထဲသို့ လွှင့်ပစ်လိုက်သည်။ 

"Fold…"


နံပါတ် 4 အမျိုးသမီးသည် ကတ်တစ်ခုရရှိပြီး ခဏ‌တုံ့ဆိုင်းသွားသည်။ သူမက ရွှေဒင်္ဂါးတစ်ခုကို ဆုကြေးအလယ်ပုံထဲသို့ ထည့်ပြီး ပြောလိုက်သည်။

"Call…"


ယခုအချိန်တွင် နံပါတ် 2 နှင့် နံပါတ် 3 တို့က fold လုပ်သွားကြပြီး နံပါတ် 1 နှင့် နံပါတ် 4 က 1,000 စီ call ခေါ်ခဲ့သည်။ ဂိမ်း၏ဆုကြေးအလယ်ပုံက ရွှေဒင်္ဂါး 9,000 အထိရောက်လာခဲ့သည်။


နံပါတ် 5။ ကျစ်ဆံမြီးပါသော အမျိုးသားက ကတ်တစ်ခုကို တောင်းသည်။ သူသည် ကတ်၏ထောင့်ကို လက်ညှိုးဖြင့် ညင်သာစွာ မြှောက်ကာ ကတ်နှစ်ကတ်၏ အမှတ်များကို ကြည့်ပြီး မထင်မှတ်ဘဲ လှုပ်ရှားသွားခဲ့သည်။


ထိုလူက သူ့လက်ထဲတွင်ရှိသော ရွှေဒင်္ဂါးအားလုံးကို စားပွဲအလယ်သို့ ပစ်ချလိုက်သည်။ သူက အေးအေးဆေးဆေး ပြောလိုက်၏။

"All in…"


ရှောက်လုံ: "..."


အခြားသူများ: "…"


ပထမဆုံးဂိမ်းမှာတင် ကြေးအကြီးကြီး ကစားနေတာလား?


လူအများစုသည် ပထမဂိမ်းတွင် စောင့်ဆိုင်းကြည့်ရှုရန် ရွေးချယ်ကြသည်။ နှစ်ချီလောက် ကတ်ဝေပြီးသွားတော့ သူ၏ရွှေဒင်္ဂါးအားလုံးကို all in ဖို့ တကယ်သုံးခဲ့သည်။ သူရှုံးရင် အိပ်မက်ဆိုးလျှို့ဝှက်ခန်းထဲကို ချက်ချင်းပစ်ချခံရလိမ့်မည်။


သာမာန်လူများက သည်လို တိုက်ခိုက်မှာမဟုတ်ဘူး။ သူဘာကြောင့် all in ဖို့ ရွေးချယ်ခဲ့တာလည်းဆိုတာ ဖြစ်နိုင်ခြေ နှစ်ခုပဲရှိသည်။


ပထမတစ်ခု၊ သူရထားသော ကတ်နှစ်ကတ်က တကယ်ကောင်းပြီး all in ကာ လောင်းကြေးထပ်ဖို့အတွက် ထိုက်တန်သည်။ ဥပမာ၊ ပထမကတ်က 10 ဖြစ်ပြီး ဒုတိယကတ် J/Q/K ဖြစ်ကာ 10.5 မှတ်ကို တိုက်ရိုက်ပြုလုပ်နိုင်သည်။ သူက ကတ်တွေ ထပ်မလိုချင်တော့ဘဲ 10.5 မရသေးသူများကို call ဒါမှမဟုတ် fold ပြုလုပ်ရန် ဖိအားပေးသည်။


ဒုတိယဖြစ်နိုင်ခြေကတော့ သူ့လက်ထဲက ကတ်များသည် တကယ်တော့ မကောင်းဘဲ စိတ်ပိုင်းဆိုင်ရာတိုက်ပွဲဖြင့် ဖိအားပေးရန် တမင်တကာ သူက all in လုပ်လိုက်သည်။


ဒါက ဒုတိယအမျိုးအစားဆိုရင် သည်လူဟာ သူ့ဘဝဖြင့် ကစားနေတာပဲဟု မှတ်ယူနိုင်သည်။


ရှောက်လုံက တစ်ဖက်လူကို ကြည့်လိုက်သည်။ ငွေရောင်မျက်နှာဖုံးမှတစ်ဆင့် နံပါတ် 5 အမျိုးသား၏ မျက်လုံးများကိုသာ မြင်လိုက်ရသည်။


ကျဉ်းမြောင်းပြီး ရှည်လျားသော ဖီးနစ်မျက်လုံးတစ်စုံဖြစ်သည် သူက မျက်တောင်တစ်ချက်ခတ်ပြီး မျက်လုံးထောင့်က အနည်းငယ် မြင့်တက်သွားခဲ့သည်။ မျက်လုံးများက ငြိမ်သက်နေပြီး လှိုင်းများ ကင်းစင်ကာ KTV အတွင်းရှိ သူငယ်ချင်းတချို့နှင့် အရက်သောက်ခြင်း၊ သီချင်းဆိုခြင်း၊ စကားစမြည်ပြောခြင်းကဲ့သို့ နေရာမျိုးတွင် ရောက်နေပြီး လျှို့ဝှက်ခန်းထဲ၌ မရှိနေသလိုပင်။


နံပါတ် 5 က all in သွားသည်နှင့် အခန်းတွင်းရှိ လေထုသည် တခဏချင်း လွင့်ထွက်သွားပုံရပြီး တင်းမာသော ဖိအားများက မလွဲမသွေ ဖြစ်နေသည်။


နံပါတ် 2 ကောင်မလေး၏ မျက်လုံးများသည် မထင်မရှား လှုပ်ရှားသွားကာ နံပါတ် 3 ယွီဟန်ကျန်းသည် ထိုပြောင်းလဲမှုကို စောင့်ကြည့်နေရုံသာ ဖြစ်သည်။ ရှောက်လုံ နှင့် နံပါတ် 4 ဆံပင်ကောက်ကောက် အမျိုးသမီးတို့သည် ချက်ချင်းပင် တောင့်တင်းသွားကြသည်။


ဆယ်ကျော်သက်က ဆက်ပြောသည်။

"နံပါတ် 6 ရွေးချယ်ပါ…"


"Fold…"


ဆံပင်စည်းထားသော နံပါတ် 7 မိန်းကလေးကလည်း တူညီစွာ ပြောသည်။

"Fold…"


စောင့်ရှောက်သူက သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"တတိယအချီကတ်ဝေမယ်၊ နံပါတ် 1 ရွေးချယ်ပါ…"


ရှောက်လုံသည် ကတ်တစ်ကတ်တောင်းပြီး ၎င်းက 4 of Spades ဖြစ်သည်။ သူသည် လောလောဆယ်တွင် 2၊ 3 နှင့် 4 တို့ကို ပေါင်းလိုက်ပါက 9 ရသည်။ သူသည် လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုပြီး အသေးငါးခု ဒါမှမဟုတ် 10.5 ပြုလုပ်လို့ရသည်။ သို့ပေမယ့် သူ call လုပ်ချင်ပါက ယခင်တစ်ယောက်ထက် နည်းလို့မရပေ။ နံပါတ် 5 က all in လုပ်ထားတာကြောင့် သူ call လုပ်ချင်ပါက all in ဝင်ရမည်။


နံပါတ် 5 နဲ့ တိုက်ခိုက်ရမှာလား? မလိုအပ်တာကြောင့် ရှောက်လုံက ရိုးရှင်းစွာ ပြောလိုက်သည်။

"Fold…"


နံပါတ် 4 အမျိုးသမီးကလည်း သူမ၏ကတ်များကို စားပွဲပေါ် ပစ်ချလိုက်သည်။ 

"Fold…"


နံပါတ် 5 က အလွန်ရူးသွပ်တာကြောင့် သူမသည် သူနဲ့ မတိုက်ခိုက်ပါ။ ရှောက်လုံမှာ ထူးဆန်းသော ပင်ကိုယ်အသိစိတ်ရှိသည်။ ယခုအချိန်တွင် မျက်နှာဖုံးအောက်မှ လူ၏မျက်နှာသည် အပြုံးများပြည့်နေနိုင်သည်။


1၊ 2၊ 3၊ 4၊ နှင့် 6 တို့သည် fold လိုက်ကြပြီး 5 သည် ပထမဂိမ်း၏ အနိုင်ရသူ အလိုအလျောက်ဖြစ်သွားသည်။


စောင့်ရှောက်သူက သူ့ကတ်များကို ထုတ်ပြခိုင်းသည်။ 


7 of Clubs နှင့် 2 of Clubs ပေါင်းလိုက်ရင် 9 ဖြစ်သည်။


သူ့ကတ်များက လုံးဝမကောင်းပါ။ နောက်တစ်ချီဆိုရင် သူ့ကတ်များက 10.5 ကို ကျော်သွားနိုင်သည်။


လူတိုင်း: "……"


Fuck!


လူတိုင်း၏စိတ်ထဲ၌ ဆဲဆိုနေလောက်ပြီ။


မင်းရဲ့ကတ်တွေက အရမ်းပုပ်နေလျက်နဲ့ all in ဝင်ရဲတယ်လား? မင်း ငါတို့အားလုံးကို လှည့်စားခဲ့တာလား?!


ထိုအမျိုးသားသည် သူ့ရွှေဒင်္ဂါးအားလုံးကို ဆု‌ကြေးအလယ်ပုံထဲသို့ ပစ်ထည့်လိုက်သောအခါ သူ့လှုပ်ရှားမှုများက အထူးရိုးရှင်းပြီး သူ့မျက်လုံးနဲ့ အသံက ငြိမ်သက်နေခဲ့သည်။ သူ၏လုပ်ဆောင်ချက်များသည် အထူးကောင်းမွန်ပြီး သူ့တွင် 10 နှင့် J/Q/K ကဲ့သို့ ကတ်များရှိကာ 10.5 အထိပြုလုပ်နိုင်သည်ဟု လူတိုင်းက ယုံကြည်ခဲ့ကြသည်။


ရလဒ်အနေနဲ့ 7 နှင့် 2 ဖြစ်ကာ 9 မှတ်ရနေခဲ့သည်။ ထိုလူများ လွှင့်ပစ်ခဲ့သော ကတ်အနည်းငယ်ထက်ပင် ပိုဆိုးနေသည်။

 

ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အလွန်သတ္တိရှိသော လောင်းကစားသမားနှင့် သူတို့တွေ တွေ့ဆုံနေခဲ့ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။


ရှောက်လုံသည် ဖဲချပ်များကစားခဲသော်လည်း မကာအိုတွင် ပရော်ဖက်ရှင်နယ် ကာစီနိုသမားများ အများအပြားရှိပြီး Las Vegas သည် ကမ္ဘာ့လောင်းကစား နတ်ဘုရားများ စုရုံးရာ နေရာဖြစ်ကြောင်း သူသိသည်။ ဂိမ်းတစ်ခုတွင် သန်းနှင့်ချီသော လောင်းကြေးများ ရှိနေသည်မှာ သာမာန်ဖြစ်သည်။


ဖဲချပ်ကစားခြင်းသည် ကတ်ကောင်းများရရှိရန် မဆိုလိုပါ။ သူတို့သည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းဂိမ်းကို ကစားပါက ပြိုင်ဘက်ကို သတ်နိုင်သေးသည်။


နံပါတ် 5 ၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက အလွန်ကောင်းပါသည်။ ပထမဂိမ်းတွင် သူသည် လူတိုင်းကို fold ရန် ဖိအားပေးပြီး တိုက်ရိုက် all in ဝင်ခဲ့သည်။ သူသည် ရွှေဒင်္ဂါး 9,000 ကိုရရှိခဲ့ပြီး ယခုအခါ 18,000 ရှိကာ အကြီးမားဆုံးသော ပြည်တွင်းအာဏာရှင် ဖြစ်လာခဲ့သည်။


နောက်တစ်ခုမှာ သူ လက်လွတ်စပယ်မသုံးသ၍ ဘယ်လိုပဲကစားနေပါစေ သူသည် ရွှေဒင်္ဂါးများအားလုံး ဆုံးရှုံးမှာမဟုတ်ဘဲ ဖယ်ထုတ်ခံရပြီး အပြစ်ပေးခံရဖို့ အိမ်မက်ဆိုးလျှို့ဝှက်ခန်းထဲကို သွားရန်မလိုပေ။


အကယ်၍ သူသည် တစ်ဖက်လူများ၏ လက်ထဲက ရွှေဒင်္ဂါးများကို တွက်ချက်ပြီး လောင်းကြေးကို တိုးလိုက်ပါက အခြားသူများမှာ ပြုသမျှနုရမည့်အနေအထားတွင် ရှိနေမည်ဖြစ်သည်။


Clubs လျှို့ဝှက်ခန်း၏ ကြောက်စရာအကောင်းဆုံးအပိုင်းက ဂိမ်းစည်းမျဉ်းများမဟုတ်ပေ။ ထိန်းရခက်သော ပြိုင်ဘက်ဖြစ်သည်။


***


စောင့်ရှောက်သူက ကတ်မွေလေသည်။

"ဒုတိယဂိမ်း စတင်တော့မယ်၊ ပြင်ဆင်ထားပါ…"


ရှောက်လုံသည် တည့်တည့်မတ်မတ်ထိုင်လိုက်ပြီး သူ့စိတ်က လုံးဝနိုးထလာသည်။


လူတိုင်းကို စားပွဲအလယ်မှာ ရွှေဒင်္ဂါး 1,000 ထည့်ခိုင်းသည်။ သူတို့လက်ထဲမှာ ရွှေဒင်္ဂါးတွေ နည်းလေလေ၊ လူတိုင်းက ပိုကြောက်လေပါပဲ။ ရှောက်လုံ၏ ခန့်မှန်းချက် မှန်ကန်ပါက လူများစွာသည် ဤဂိမ်းတွင် လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုနိုင်သည်။


စောင့်ရှောက်သူက ပထမအချီ ကတ်ဝေတာကို ပြီးသွားပြီး ပိန်ပါးသော မိန်းကလေးကို ကြည့်လိုက်သည်။

"ဒုတိယဂိမ်းကို ဒုတိယနေရာကနေ စပါမယ်… နံပါတ် 2 ရွေးချယ်ပါ…"


ဒုတိယနေရာမှ မိန်းကလေးသည် တုန်လှုပ်သွားပြီး သူမ၏အသံက ငိုချင်နေပုံရသည်။ "Fold…" သူမ၏ကတ်များက ကျော်သွားပြန်သည်။ ပထမကတ်က 8 ဖြစ်ပြီး ဒုတိယကတ်က 5 ဖြစ်သည်။ သူမ၏အမှတ်က 10.5 ထက် ပိုနေပြီး သူမ၏ကံကြမ္မာက အလွန်ဆိုးပါသည်။


နံပါတ် 3 ယွီဟန်ကျန်းက fold မလုပ်ဘဲ raise ကို ရွေးချယ်ခဲ့သည်။

"Raise 1,000…"


နံပါတ် 4 ဆံပင်ကောက်ကောက်အမျိုးသမီးတွင် 8 နှင့် 7 ရှိနေသည်။ ၎င်းသည် 10.5 ကျော်ရှိပြီး သူမက fold ရမည်ဖြစ်သည်။


နံပါတ် 5 ၏အလှည့်ဖြစ်သည်။ အားလုံး၏မျက်လုံးများက ဤနေရာက အချမ်းသာဆုံးသူဆီ‌ ကျရောက်နေသည်။ သူသည် ပမာဏကြီးကြီးမားမား raise ပြီး အခြားသူများက ဖိအားပေး fold ခိုင်းမည်ဟု သူတို့ထင်ကြသည်။ သူတို့ မမျှော်လင့်ထားတာက နံပါတ် 5 သည် သူ၏ကတ်များကို ရိုးရှင်းစွာ fold ခဲ့ပြီး လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။


နံပါတ် 6 ဝတုတ်သော အမျိုးသားက အသိစိတ်ပြန်ဝင်လာပြီး သူ့ကတ်ကို ကောက်ကိုင်ကာ ကတ်တစ်ခု တောင်းလိုက်သည်။

"Call…"


နံပါတ် 7 ဆံပင်စည်းထားသော မိန်းကလေးက သူမ၏ကတ်များကို fold ခဲ့သည်။ ရှောက်လုံပဲ ပြောဖို့ ကျန်တော့သည်။


ရှောက်လုံက ယွီဟန်ကျန်းကို ကြည့်လိုက်သည်။ စားပွဲရှည်ကြီးပေါ်မှာ လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေပြီး တစ်ယောက်နဲ့တစ်ယောက် အမူအရာတွေကို မမြင်ရပေ။


သို့တိုင် တစ်ဖက်လူ၏ ငြိမ်သက်သောမျက်လုံးကို အခြေခံ၍ ရှောက်လုံသည် တစ်ဖက်တွင် အားသာချက်ရှိနေကြောင်း သတိပြုမိသည်။ ယွီဟန်ကျန်းက လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုထားလိမ့်မည်။


လောလောဆယ် ဒုတိယအချီသာရှိသေးပြီး ယွီဟန်ကျန်းက အလွန်ယုံကြည်မှုရှိသည်။ သူ့လက်က အလွန်ကောင်းတာ ဒါမှမဟုတ် သူ၏အေးဆေးတည်ငြိမ်သော အကျင့်စရိုက်ကြောင့် သူသည် ဒုတိယအချီတွင် ရှင်းရှင်းလင်းလင်း call လုပ်ခဲ့တာက သိသာပါသည်။


ရှောက်လုံမှာ A နှစ်ကတ်ရှိပြီး သူ့လက်က ကောင်းသည်။ သို့သော် ယွီဟန်ကျန်းသည် ဤဂိမ်းတွင် အနိုင်နေတာကြောင့် သူနှင့် တိုက်ခိုက်ရန် မလိုအပ်တော့ပေ။ ရှောက်လုံသည် သူ့လက်ထဲရှိ A နှစ်ကတ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ အလယ်ပုံထဲသို့ လွင့်ပစ်လိုက်သည်။

"Fold…"

 

ဤဂိမ်းတွင် ယွီဟန်ကျန်းနှင့် နံပါတ် 6 အမျိုးသားသာကျန်ခဲ့ပြီး တတိယအချီ ‌ကတ်ဝေတာက ပြီးဆုံးသွားခဲ့သည်။


ယွီဟန်ကျန်းက ရွှေဒင်္ဂါးများကို ဆုကြေးအလယ်ပုံသို့ ထည့်လိုက်သည်။

"Raise 1,000…"


"Call…"


စတုတ္ထအချီမှာ ယွီဟန်ကျန်းက ဆက်လက်၍ ကတ်များတောင်းပြီး 1,000 တိုးခဲ့သည်။ သူ၏ငြိမ်သက်အေးစက်သော အသံသည် နံပါတ် 6 အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားကို ဖြစ်စေသည်။


နံပါတ် 6 က ကတ်တစ်ခုတောင်းတော့ သူ့လက်များက နည်းနည်းတုန်လာသည်။ ယခုအချိန်အထိ နံပါတ် 6 သည် အဖွင့် ရွှေဒင်္ဂါး 1,000 နှင့် ရွှေဒင်္ဂါး 2,000 လောင်းကြေးများရှိသည်။ ဆုကြေးအလယ်ပုံမှာ သူ၏ရွှေဒင်္ဂါး 3,000 ရှိသည်။


သူသည် ဤဂိမ်းတွင် လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုခဲ့ပြီး သူ့လက်ထဲတွင် J of Hearts၊ Q of Spades၊ K of Diamonds နှင့် J of Diamonds တို့ဖြစ်သည်။ အကယ်၍ မတော်တဆမှုတစ်ခုမှမရှိခဲ့ပါက ပဉ္စမအချီတွင် လူကတ်တစ်ခုကို သူရရှိနိုင်ပြီး J၊ Q နှင့် K တို့ဖြင့် 'လူအသေးငါးယောက်'လက်ကို ပုံဖော်နိုင်သည်။


လွှဲပြောင်းခြင်းပုတီးစေ့၏ အကူအညီကြောင့် မဟုတ်ပါက လူအသေးငါးယောက်လက်ကို ရနိုင်ခြေမှာ အလွန်နည်းပါးပါသည်။


သို့သော် လူအသေးငါးယောက်ထက် ပိုကြီးသောလက်တစ်ခုက—— ဘုရင်!


သူလောင်းသင့်သလား? မလောင်းသင့်ဘူးလား?


ဝတုတ်သောအမျိုးသား၏ရင်ထဲ၌ အလွန်စိုးရိမ်နေလေသည်။ သူသည် ဤဂိမ်းတွင် လွဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုခဲ့သည်။ သူ၏အနာဂတ်ကတ်များက ဤဂိမ်းထက် ပိုကောင်းမည်မဟုတ်ပါ။ သည်အခွင့်အရေးကို သူလွဲချော်ခဲ့ရင်တော့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။


သူ အကြာကြီး တုံ့ဆိုင်းသွားသည်။ စောင့်ဆိုင်းချိန် 10 စက္ကန့်ပြည့်ချိန်မှာတော့ ဝတုတ်သောအမျိုးသားက အံကြိတ်ကာ ရွှေဒင်္ဂါးကို ဆုကြေးအလယ်ပုံထဲသို့ ထည့်လိုက်သည်။


သူပြောလိုက်သောအခါ သူ့နှုတ်ခမ်းများ အနည်းငယ် တုန်ယင်နေခဲ့သည်။

"Call…"


စောင့်ရှောက်သူ၏အမူအရာမှာ မျက်နှာသေဖြစ်နေသည်။

"ဒါက နောက်ဆုံးအချီပဲ… နံပါတ် 3 ရွေးချယ်ပါ…"


ထိုအချိန်၌ သူတို့နှစ်ဦးစလုံး၏လက်ထဲတွင် ကတ်လေးကတ်ရှိပြီး ဒါက နောက်ဆုံးကတ်ဖြစ်သည်။


ယွီဟန်ကျန်းသည် တောင်ကဲ့သို့ တည်ငြိမ်စွာ ကစားခဲ့သော်လည်း နောက်ဆုံးအချီတွင် ကတ်တောင်းပြီးနောက် သူ၏ရွှေဒင်္ဂါးများကို ဆုကြေးအလယ်ပုံထဲသို့ ပြတ်ပြတ်သားသား ပစ်ချခဲ့သည်။ 

"All in…"


သူ၏အသံတိုးတိုးက လူတိုင်း၏ရင်ထဲကို သံတူဖြင့် ရိုက်သကဲ့သို့ တိတ်ဆိတ်သောနေရာ၌ ပဲ့တင်ထပ်သွားသည်။


နံပါတ် 5 ၏ ပွင့်လင်းပြီး ပေါ့ပါးသောပုံစံနဲ့ မတူတာက နံပါတ် 3 သည် အနည်းငယ် ကြောက်စရာကောင်း၏။ သူ လောင်းကြေးထပ်ရင် သေချာပေါက် နိုင်မည်ပုံပေါ်နေသည်။ သည်လိုအရောင်အဝါမျိုးက သူ့အနီးနားရှိ လူများ၏ရင်ကို တုန်လှုပ်စေသည်။


ယွီဟန်ကျန်း၏ အေးစက်သော မျက်လုံးများကို ကြည့်ပြီး နံပါတ် 6 အမျိုးသား၏ နဖူးပေါ်မှ ချွေးများ ချက်ချင်း ထွက်ပေါ်လာသည်။ ဤအချက်ကြောင့် သူနှင့် နံပါတ် 3 တို့ နှစ်ဦးစလုံးမှာ လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။


လွှဲပြောင်းခြင်းပုတီးစေ့သည် သူ့အား အကောင်းဆုံးကတ်များပေးမည်ဟု စောင့်ရှောက်သူက ပြောပြခဲ့သော်လည်း လွှဲပြောင်းခြင်းပုတီးစေ့ကို တစ်ပြိုင်နက်တည်း အသုံးပြုသူ နှစ်ဦးထက်မက ရှိနေပါက မည်သူက ပိုကောင်းသည့်လက်ကို ရရှိနိုင်မည်နည်း။


ယခုချိန်ထိ call လိုက်ပါက သူသည် ခက်ခက်ခဲခဲ ကျားစီးရမှာ ထင်ရှားပါသည်။


အခု သူ့လက်ထဲမှာ ရွှေဒင်္ဂါး 5,000 ပဲ ကျန်တော့သည်။ သည်အချိန်မှာ fold လိုက်ရင် သူ လုံးဝမတိုက်နိုင်တော့ဘူး။ ဂိမ်းတိုင်းအတွက် ရွှေဒင်္ဂါး 1,000 ကို နုတ်ယူမှာဖြစ်ပြီး သတ္တမမြောက်ဂိမ်းတွင် သူဖယ်ထုတ်ခံရမည်ဖြစ်သည်။


သူ အလောင်းအစားလုပ်ရုံသာ ‌ရှိတော့သည်။ နံပါတ် 6 က အသက်ပြင်းပြင်းရှူပြီး အံကြိတ်လိုက်သည်။

"Call!"


ကစားသမားများအားလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ လွှဲပြောင်းခြင်းပုတီးစေ့ကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေဟာ တကယ့်ကို ဆိုးရွားခဲ့ပါသည်။ လူနှစ်ယောက်စလုံး all in သွားကြသည်။ အဲဒါ ‘မင်းသေမလား ငါသေမလား’ အခြေအနေဖြစ်သည်။


ဒုတိယပွဲက သည်လောက်ပြင်းထန်မယ်လို့ မမျှော်လင့်ထားဘူး။ လွှဲပြောင်းခြင်းပုတီးစေ့တည်ရှိမှုက ကောင်းကျိုးကော၊ ဆိုးကျိုးပါ ရှိသည်။


စောင့်ရှောက်သူ၏အသံက အေးစက်နေသည်။

"ဒါက ဂိမ်းရဲ့အဆုံးသတ်ပါပဲ… မင်းတို့ရဲ့ကတ်တွေကို ပြကြပါ…"


နံပါတ် 6 က သူတို့ကို အရင်ပြသည်။ သူ့လက်များက တုန်နေပြီး ကတ်ငါးကတ်စလုံးကို တိုက်ရိုက်ဖွင့်လိုက်သည်။ 


J of Hearts၊ Q of Spades၊ K of Diamonds၊ J of Diamonds နှင့်… K of Hearts။ တကယ်တော့ သူက J၊ Q နဲ့ K အားလုံးဖြင့် လက်ကို ပြုလုပ်ခဲ့သည်။


အခန်းတွင်းလေထုက ပို၍တင်းမာလာသည်။ အားလုံး၏မျက်လုံးများက ယွီဟန်ကျန်းကို ကြည့်နေကြသည်။


ဝတုတ်သော အမျိုးသား၏ တုန်ယင်နေသော လက်များနှင့်မတူဘဲ ယွီဟန်ကျန်း၏ သန်မာသောလက်ချောင်းများက အမြဲတမ်းတည်ငြိမ်နေပါသည်။


သူက ပထမကတ်ကို ညင်သာစွာ ဖွင့်လိုက်သည်—— 2 of Clubs။


ဝတုတ်သော အမျိုးသား၏ မျက်လုံးများက ပြူးကျယ်သွားသည်။ 10.5 အောက် ကတ်ငါးကတ်များလား။ ၎င်းက အသေးငါးခုလက်ဖြစ်ပါက သူ၏ကတ်များနှင့် မယှဉ်နိုင်ဘဲ သူအနိုင်ရနိုင်သည်။


ယွီဟန်ကျန်းက ဒုတိယကတ်ကို ဖွင့်လိုက်သည်—— 3 of Clubs။


တတိယကတ်— 2 of Hearts။


စတုတ္ထကတ်— 3 of Diamonds။


အခန်းထဲရှိလူတိုင်းက အသက်ရှုကြပ်ပြီး ရှောက်လုံ၏လက်ဖဝါးများက ချွေးများထွက်နေပါသည်။ သူက နှလုံးခုန်ရပ်တော့မလို ခံစားနေရသည်။


လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ယွီဟန်ကျန်းက နောက်ဆုံးကတ်ကို တည်ငြိမ်စွာ ဖွင့်လိုက်သည်။


K of Spades။


2၊ 3၊ 3၊ 2 နှင့် K။ ကတ်ငါးကတ်က 10.5 ကို ပြီးပြည့်စုံစွာ ပြုလုပ်ထားသည်။


ဘုရင်။ ယွီဟန်ကျန်း ရရှိခဲ့သောလက်သည် တကယ်တော့ ဂိမ်းထဲတွင် အကြီးဆုံးလက်ဖြစ်သော—— ဘုရင်ဖြစ်သည်။


#TK