Chapter 16
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 16 (2 of Clubs – လွှဲပြောင်းခြင်းပုတီးစေ့၏လျှို့ဝှက်ချက်)


နံပါတ် 6 ထိုင်ခုံမှာ ထိုင်နေသောသူ၏မျက်လုံးများက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။


အခြားကစားသမားများလည်း ထူးမခြားနားပင်ဖြစ်သည်။ လွှဲပြောင်းခြင်းပုတီးစေ့၏ အကျိုးသက်ရောက်မှုက လူနှစ်ဦးအား အကြီးဆုံးကတ်အမျိုးအစားကို တိုက်ရိုက်ရရှိစေခြင်းဖြင့် အစွမ်းထက်မည်ဟု လူတိုင်း မမျှော်လင့်ထားခဲ့ကြပေ။ သည်ဘုရင်က ဘုရင်ငယ်၏ ခေါင်းကို ထိလိုက်တာနဲ့ သွေးများ စီးကျသွားစေသည်။


နံပါတ် 6 ကစားသမားက သူ၏ရွှေဒင်္ဂါးများအားလုံးကို ဆုံးရှုံးခဲ့သည်။


စောင့်ရှောက်သူက သူ့ကို ကြည့်လာသည်။

"နံပါတ် 6၊ မင်းရဲ့ရွှေဒင်္ဂါးတွေ အားလုံးဆုံးရှုံးသွားပြီဖြစ်တာကြောင့် ထွက်သွားပြီ…"


နံပါတ် 6 ၏တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်လှုပ်သွားသည်။ မျက်နှာဖုံးကြောင့် သူ၏အမူအရာကို မမြင်နိုင်ပေမယ့် မျက်ရည်များပြည့်နေသော သူ့မျက်လုံးများမှာ ရှောက်လုံ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ သည်ကတ်ကမ္ဘာကို ရောက်လာသောလူတိုင်းက ကံမကောင်းခဲ့ဘူး။ နံပါတ် 6 က အသက်ရှင်ချင်ရုံသာ ဖြစ်သည်။


ယွီဟန်ကျန်းနှင့် နံပါတ် 6 တို့သည် တစ်ချိန်တည်းတွင် လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြု၍ ကံကောင်းခြင်းမှာ အနည်းငယ်ဆိုးရွားခဲ့သည်။ ယွီဟန်ကျန်းသည် စိတ်လှုပ်ရှားစွာဖြင့် အနိုင်ရပြီး နံပါတ် 6 ရှုံးသွားတာက သနားစရာပင်။


စောင့်ရှောက်သူ၏နောက်မှ အနက်ရောင်တံခါးသည် ဖြည်းညင်းစွာ ပွင့်လာ၏။ ဆယ်ကျော်သက်သည် “ကျေးဇူးပြု၍”အမူအရာဖြင့် ပြောခဲ့သည်။

"သွားပါ၊ မင်း အသက်ရှင်လျက် ထွက်လာနိုင်ဖို့ ငါမျှော်လင့်တယ်…"


နံပါတ် 6 သည် မတ်တတ်ရပ်ပြီး တံခါးဆီ လှည့်လိုက်သည်။ သူ့ခြေထောက်များက လေးလံနေပြီး ခြေလှမ်းတိုင်းက အလွန်ခက်ခဲနေပုံရသည်။


ယွီဟန်ကျန်းသည် သူ့နောက်ကျောကိုကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"တောင်းပန်ပါတယ်…"


နံပါတ် 6 က ယွီဟန်ကျန်းကို ပြန်ကြည့်လာရင်း တုန်ယင်နေသောအသံဖြင့် ပြောသည်။

"မဟုတ်ဘူး၊ ကိစ္စမရှိပါဘူး… ငါမင်းကို အနိုင်ယူချင်ရုံသက်သက်ပါ… တကယ်တော့ ဒီထူးဆန်းတဲ့ကမ္ဘာကို ရောက်လာကတည်းက အနည်းဆုံး ပထမအဆင့် အနည်းငယ်ကိုတော့ ငါကျော်ဖြတ်နိုင်မယ်လို့ ထင်ခဲ့တာ… ဒီလောက်မြန်မယ်လို့ မမျှော်လင့်ထားဘူး…"


သူက ခေတ္တရပ်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

"ငါ့အတွက်တော့ ဒါက သက်သာရာရစေပါတယ်!"


သူသည် အံကြိတ်ပြီး အနက်ရောင်တံခါးဆီသို့ ပြတ်ပြတ်သားသား လျှောက်သွားခဲ့သည်။ တံခါးက သူ့နောက်မှာ ဖြည်းညင်းစွာ ပိတ်သွားသည်။


အခန်းတွင်းရှိ လေထုသည် ပို၍ပင် စိတ်ပျက်ဖွယ်ကောင်းလာခဲ့သည်။ ရှောက်လုံသည် သူ့နှလုံးသားကို လက်တစ်ဖက်က ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။


ကတ်ကမ္ဘာထဲကို စဝင်ကတည်းက သူတစ်ယောက်တည်း နေခဲ့ရပြီး သူ့စိတ်က အလွန်တင်းမာနေခဲ့သည်။ အသက်ရှင်လိုသောဆန္ဒက သူ့ကိုရှေ့ဆက်ရန် တွန်းအားပေးခဲ့သည်။ ‘သေခြင်း’နှင့် ‘ရှင်ခြင်း’ပြဿနာများကို ရပ်ပြီး သေသေချာချာ စဉ်းစားဖို့ သူ့မှာ အချိန်မရှိခဲ့ပေ။


ယခုအခါတွင် သက်ရှိလူသားတစ်ဦးအား ရှင်းပစ်လိုက်တာကို သူတိုက်ရိုက်မြင်ခဲ့ရသော်လည်း ၎င်းနှင့်ပတ်သက်၍ ဘာမှမတတ်နိုင်ဘူး။


ရှောက်လုံသည် မျက်လုံးများကို ညင်သာစွာမှိတ်လိုက်ပြီး စားပွဲအောက်ရှိ လက်သီးများကို တင်းတင်းဆုပ်ကိုင်ကာ သူ၏စိတ်ကို အမြန်ပြင်ဆင်လိုက်သည်။


သူတပါးအတွက် ဝမ်းနည်းဖို့ သူ့မှာခွန်အားမရှိဘူး။ သူ အာရုံမစိုက်ရင် ရှင်းပစ်ခံရမည့်လူက သူဖြစ်နိုင်သည်။


နံပါတ် 6 က ထွက်သွားတော့ အခန်းက တိတ်သွားသည်။


ထိုအချိန်တွင် နံပါတ် 4 ဆံပင်ကောက်ကောက် အမျိုးသမီးသည် ရုတ်တရက် ထရပ်ကာ စောင့်ရှောက်သူထံသို့ အော်ဟစ်လိုက်သည်။

"Hearts၊ Diamonds နဲ့ Spades တွေအားလုံးမှာ ရှင်းလင်းရေးစည်းမျဉ်းရှိတယ်… Clubs လျှို့ဝှက်ခန်းပဲ လူတွေကို ဖယ်ထုတ်ဖို့ ကံတရားကို အသုံးပြုတာ… ဒါက မတရားဘူး!"


ဆယ်ကျော်သက်က သူမကို အေးစက်စွာ ကြည့်နေသည်။

"ကံတရားဆိုတာ ခွန်အားတစ်မျိုးလည်း ဖြစ်တယ်…"


အမျိုးသမီးက ဒေါသဖြစ်သွားသညိ။

"ဒါက ကံကောင်းတာဆိုရင် နင်ဘာလို့ မာကျောက်မကစားရတာလဲ? ဒီအဘွားကြီးက မာကျောက်ကစားတတ်တယ်!"


ဆယ်ကျော်သက်က သူမကို တိုးတိုးလေးပြောလိုက်သည်။

"နံပါတ် 3 က ကံကောင်းလို့ နိုင်သွားမယ်များ မင်းထင်နေလား?"


သည်မေးခွန်းက အမျိုးသမီးကို ခဏလောက် အေးခဲသွားစေသည်။ သူမသည် ယွီဟန်ကျန်းကို သံသယအချို့ဖြင့် လှည့်ကြည့်လိုက်ပြီး သူ၏နက်နဲပြီး ငြိမ်သက်နေသော မျက်လုံးများကို မြင်လိုက်ရသည်။


ဆယ်ကျော်သက်က အမိန့်ပေးခဲ့သည်။

"ထိုင်မလား? ဒါမှမဟုတ် အပြင်ထွက်ချင်သလား?"


အမျိုးသမီးက မှင်တက်သွားပြီး အခြားဘာမှ ပြန်မပြောဘဲ တင်းမာစွာ ပြန်ထိုင်လိုက်သည်။


သည်အပိုင်းက အခန်းတွင်းရှိလူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေပေမယ့် ဆယ်ကျော်သက်က ဘာမှမဖြစ်ခဲ့သလို စကားပြောနေသည်။

"တတိယဂိမ်းစပြီ… ငါမင်းတို့ကို ထပ်ပြီးသတိပေးမယ်… လွှဲပြောင်းပုတီးစေ့ အသုံးပြုရမယ့်အချိန်ကို ကျေးဇူးပြုပြီး အာရုံစိုက်ပါ…"


လူတိုင်းဆီမှ ရွှေဒင်္ဂါး 1,000 ကို ထပ်မံနုတ်ယူခဲ့သည်။


တတိယအချီတွင် နံပါတ် 3 ဖြင့် စတင်ခဲ့သည်။ ယွီဟန်ကျန်းက ကတ်တစ်ခုယူခဲ့သည်။ သူက 8 of Clubs ဖြင့်စတင်ခဲ့ပြီး 7 of Spades ရခဲ့သည်။ ဒါက 15 မှတ်ရောက်သွားပြီး သူက တိုက်ရိုက် လွင့်ပစ်လိုက်သည်။


နံပါတ် 4 သည် စောင့်ရှောက်သူနှင့် အချေအတင်ဖြစ်ပြီးနောက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ဤအချီတွင် သူမသည် ခေါင်းပူလာပြီး လွှဲပြောင်းခြင်းပုတီးစေ့ကို တိုက်ရိုက်အသုံးပြုခဲ့သည်။ သူမအလှည့်ရောက်သည်နှင့် သူမက သူမ၏ရွှေဒင်္ဂါးများအားလုံးကို ဆုကြေးအလယ်ပုံထဲသို့ ပစ်ချလိုက်သည်။

"All in!"


ဂိမ်းတစ်ခုစီအတွက် လောင်းကြေး 1,000 ဖြင့် သုံးဂိမ်းခုရှိနေလေပြီ။ သူမ၏ပထမဆုံး call လုပ်ခဲ့တာက ရှုံးသွားခဲ့ပြီး နောက်ထပ် ရွှေဒင်္ဂါး 1,000 ကို နုတ်ယူခံခဲ့ရသည်။ ယခုအချိန်မှာတော့ သူမတွင် 6,000 ပဲကျန်တော့သည်။


သူမသည် All in ဝင်သွားခဲ့ပြီး အခြားသူများ လိုက်ချင်ပါက အနည်းဆုံး 6,000 လောင်းကြေးထပ်ရန် လိုအပ်ပါသည်။


နံပါတ် 5 fold ခဲ့သည်။ နံပါတ် 6 ကို ရှင်းပစ်ခဲ့ပြီး ဆံပင်မြင့်မြင့်စည်းထားသော နံပါတ် 7 မိန်းကလေးက သူမ၏ကတ်များကို fold လိုက်သည်။ နံပါတ် 1 ရှောက်လုံလည်း ထိုနည်းလည်းကောင်းပင်။ နံပါတ် 2 ပဲ ကျန်တော့သည်။ အကယ်၍ သူမ fold လိုက်လျှင် နံပါတ် 4 က အလိုအလျောက် အနိုင်ရသွားမှာဖြစ်သည်။


သို့သော် ဤအချိန်တွင် နံပါတ် 2 မိန်းကလေးက တုန်တုန်ယင်ယင်အသံဖြင့် ပြောခဲ့သည်။

"ငါ-ငါ call မယ်…"


သူမ၏အသံက အလွန်အားနည်းပြီး လူများသည် ဂရုတစိုက်နားမထောင်ရင် မကြားနိုင်ပေ။ ကံကောင်းထောက်မစွာ အခန်းသည် အလွန်တိတ်ဆိတ်နေပြီး သူမ၏တိုးညင်းသောအသံက လူတိုင်း၏ နားထဲသို့ ချောမွေ့စွာ ဖြတ်သန်းသွားသည်။


နံပါတ် 4 အမျိုးသမီးသည် အောင်ပွဲခံရမည်ဟု ထင်ထားကာ မျက်နှာဖုံးအောက်ရှိ သူမ၏အမူအရာက အနည်းငယ်ရှုံ့တွနေသည်။ ဖြစ်တည်မှု အနိမ့်ဆုံးသော ဤမိန်းကလေးက သည်အချိန်တွင် အမှန်တကယ် မတ်တတ်ရပ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။


ကတ်များကို ဝေပြီး ပဉ္စမအချီသို့ လျင်မြန်စွာ ဝင်ရောက်ခဲ့သည်။


နံပါတ် 4 အမျိုးသမီးသည် သူမ၏လက်မှာ A၊ A၊ 2၊ 3 နှင့် 3 ဖြစ်ပြီး 10 မှတ်ဖြစ်တာကို တွေ့ရှိခဲ့သည်။ အကြီးဆုံးလက်ဖြစ်သည့် ဘုရင်ထက် 0.5 နည်းသည်။ ဤလက်အမျိုးအစားကို ‘အသေးငါးခု’ဟုခေါ်ပြီး သူမက ဖန်သားပြင်ပေါ်ရှိ ကတ်လက်များကို တစ်ချက်ကြည့်လိုက်ပြန်သည်။ ‘အသေးငါးခု’က ၎င်းတို့အားလုံးတွင် တတိယအကြီးဆုံးလက်ဖြစ်သည်။


အမျိုးသမီးသည် အသက်ရှုကြပ်ပြီး နံပါတ် 2 ကို ကြည့်လိုက်သည်။ နံပါတ် 2 သည် သူမ၏ဖြူဖျော့ပြီး ပါးလွှာသော လက်ဖြင့် သူမ၏ကတ်များကို ထုတ်ဖော်ပြသလိုက်သည်။


J of Hearts၊ J of Diamonds၊ Q of Clubs၊ Q of Diamonds နှင့် Q of Spades— လူအသေးငါးယောက်။


အကယ်၍ 10.5 မပြုလုပ်နိုင်ခဲ့ရင် ‘လူအသေးငါးယောက်’က ‘အသေးငါးခု’ထက် ပိုကြီးသည်။ နံပါတ် 2 မိန်းကလေးက အနိုင်ရသွားခဲ့သည်။


ဆံပင်ကောက်ကောက် အမျိုးသမီးသည် ထိတ်လန့်သွားပြီး ကတ်များကို စားပွဲပေါ်ပစ်ချကာ သူမ၏မျက်လုံးများက သွေးသံတရဲရဲဖြစ်နေသည်။

"ဘာလို့လဲ? ငါလည်း လွှဲပြောင်းခြင်းပုတီးစေ့ကို သုံးခဲ့တာပဲလေ… ငါ့ရဲ့ကံတရားက ဘာလို့ နင့်ထက် ပိုဆိုးနေတာလဲ?"


နံပါတ် 2 မိန်းကလေးက အော်ဟစ်သံကြောင့် လန့်ဖျပ်ပြီး ခေါင်းငုံ့လိုက်သည်။

"တောင်းပန်ပါတယ်…"


စောင့်ရှောက်သူက ငြိမ်သက်စွာ ပါးစပ်ကို ဖွင့်လိုက်သည်။

"နံပါတ် 4 ကို ဂိမ်းထဲကနေ ဖယ်ထုတ်လိုက်ပြီ… ပြစ်ဒဏ်ခံယူဖို့ အိမ်မက်ဆိုးလျှို့ဝှက်ခန်းထဲဝင်ပါ…"


အမျိုးသမီးက နံပါတ် 2 ကို တုံ့ဆိုင်းစွာ စိုက်ကြည့်ကာ အိပ်မက်ဆိုးအခန်းဆီသို့ လှည့်သွားလိုက်သည်။


သူမသည် တံခါးဆီသို့ လျှောက်သွားပြီး ရုတ်တရက် နောက်သို့လှည့်ကာ အေးစက်စွာပြောလိုက်သည်။

"အရမ်းမာနကြီးမနေနဲ့… ဒီထူးဆန်းတဲ့ ကတ်ကမ္ဘာမှာ တစ်ရက်လောက်ထပ်နေရတာ နာကျင်တယ်… သေတာကမှ ပိုကောင်းတယ်! နင်တို့ အခု အသက်ရှင်နေသေးပေမယ့် နောက်ပိုင်းမှာ ပိုကြောက်စရာကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရလိမ့်မယ်!"


အနက်ရောင်တံခါးဝသို့ မလှမ်းမီတွင် သူမ၏မျက်လုံးများက အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ကာ အေးစက်ခါးသီးသောအကြည့်ကို ချန်ထားခဲ့သည်။


တံခါးက သူမနောက်မှာ ပိတ်သွားသည်။


ရှောက်လုံက စကားမပြောပေ။ သူက ယွီဟန်ကျန်းကို ကြည့်လိုက်ပြီး တစ်ဖက်လူကလည်း သူ့ကို ပြန်ကြည့်လာသည်။ လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။


ကတ်ကမ္ဘာ၏ ရက်စက်ကြမ်းကြုတ်မှုကို မည်သူမသိဘဲနေမည်နည်း။ သို့သော် သူတို့တွေ မျှော်လင့်ချက်ကို စွန့်လွတ်လိုက်ပါက သူတို့ကို ဘယ်သူကယ်တင်နိုင်မည်နည်း။


လွှဲပြောင်းခြင်းပုတီးစေ့၏ စည်းမျဉ်းကို သူမ သတိမပြုမိသေးဘဲ ဖယ်ထုတ်ခံရတာက ပုံမှန်ပင်ဖြစ်သည်။


ရှောက်လုံသည် ဆယ်ကျော်သက် စောင့်ရှောက်သူကို စေ့စေ့ကြည့်လိုက်သည်။


ဒုတိယဂိမ်းတွင် ယွီဟန်ကျန်းနှင့် နံပါတ် 6 က လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုခဲ့သည်။ ယွီဟန်ကျန်းက ဘုရင်လက်ကို ရသွားပြီး နံပါတ် 6 က J၊ Q နှင့် K များ အကုန်ရသွားသည်။ တတိယဂိမ်းတွင် နံပါတ် 2 နှင့် နံပါတ် 4 က လွှဲပြောင်းပုတီးစေ့ကို အသုံးပြုခဲ့သည်။ နံပါတ် 2 က JJQQQ ရပြီး နံပါတ် 4 က AA223 အသေးငါးကတ်ကို ရခဲ့သည်… 


ကတ်ပေါင်း 52 ကတ်ပါရှိပြီး ကတ်ဝေခြင်းငါးကြိမ်တွင် ဤကတ်များရရှိရန် ဖြစ်နိုင်ခြေမည်မျှရှိသနည်း။ တိုက်ဆိုင်မှုများက နည်းနည်းများလွန်းသည် မဟုတ်ပါလား။


ရှောက်လုံသည် ဆယ်ကျော်သက်၏ စကားများကို သေချာစဉ်းစားခဲ့သည်။ နံပါတ် 3 က ကံတရားကြောင့် တကယ်ပဲ နိုင်ခဲ့တာလား။ ကံတရားကြောင့်မဟုတ်ရင် ဘာဖြစ်မလဲ။


ရှောက်လုံ၏ကျောက ရုတ်တရက် အေးခဲသွားသည်။


လွှဲပြောင်းပုတီးစေ့သည် အသုံးပြုသူအား အကောင်းဆုံးကတ်များ ရရှိစေခဲ့သည်။ ၎င်းမှာ ဘာကိုဆိုလိုသနည်း။ လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုသူအတွက် သူတို့၏လက်ထဲတွင်ရှိသော ကတ်များကို ထိန်းချုပ်နိုင်သည်။ လူတိုင်းလက်ထဲက ကတ်များကို ဘယ်သူက ထိန်းချုပ်နိုင်မည်နည်း။ အလယ်မှာထိုင်ပြီး ကတ်မွေနေသော Clubs ဆယ်ကျောက်သက်ကလွဲလို့ အခြားမဖြစ်နိုင်ပါ။


တစ်နည်းဆိုရသော် ဤကတ်ဂိမ်းသည် ကံတရားအပေါ် အခြေခံထားခြင်းမဟုတ်ပါ၊ နိုင်သည် ဒါမှမဟုတ် ရှုံးသည်က လွှဲပြောင်းခြင်းပုတီးစေ့၏ အချိန်ပေါ်တွင် မူတည်ခြင်းမရှိပါ။ Clubs ဆယ်ကျော်သက်သည် ဘယ်သူက ဘာကတ်တွေ ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသည်။


ရှောက်လုံသည် 2 of Clubs ၏ လူများကို ဖယ်ထုတ်ခြင်း၏ နောက်ကွယ်ရှိ စစ်မှန်သောစည်းမျဉ်းများကို နားလည်ခဲ့သည်။


***


ကစားသမား ခုနစ်ဦးတွင် နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်း ဖယ်ထုတ်ခံခဲ့ရပြီး ငါးဦးသာ ကျန်ရှိတော့သည်။


ဆယ်ကျော်သက်က "ဆက်သွားမယ်" ဟု တိုးတိုးလေးပြောလိုက်သည်။


စတုတ္ထဂိမ်းကို နံပါတ် 4 ဖြင့် စတင်သင့်သည်။ နံပါတ် 4 ကို ဖယ်ထုတ်လိုက်သောကြောင့် ၎င်းက နံပါတ် 5 သို့ နာရီလက်တံပြောင်းပြန်ဖြစ်သွားသည်။


ကျစ်ဆံမြီးနဲ့ အမျိုးသားသည် ပထမဂိမ်းကိုအနိုင်ရခဲ့ပြီး သူ့လက်ထဲတွင် ‌ရွှေဒင်္ဂါးများစွာရှိသည်။ သူသည် ပြီးခဲ့သော ဂိမ်းအနည်းငယ်ကို အေးအေးဆေးဆေး ကြည့်ရှုခဲ့ပြီး စတုတ္ထဂိမ်းတွင် ပါဝင်ရန်လည်း မရည်ရွယ်ခဲ့ပေ။ သူက ရိုးရိုးရှင်းရှင်းပဲ သူ့ကတ်များကို fold လိုက်သည်။


နံပါတ် 7 က ကတ်တစ်ခုတောင်းပြီး ရှောက်လုံကို ကြည့်လိုက်သည်။ ရှောက်လုံက သူမကို ကြင်နာစွာ ပြုံးပြလိုက်ပြီး ကောင်မလေးက အံ့အားသင့်သွားသည်။ ရှောက်လုံ၏အဓိပ္ပါယ်ကို သူမနားလည်ပုံရသည်။ သူမက ရှောက်လုံကို မျက်တောင်ခတ်ပြလိုက်ပြီး သူမလက်ထဲက ရွှေဒင်္ဂါးအားလုံးကို ဆုကြေးအလယ်ပုံဆီ ပစ်ထည့်လိုက်သည်။

"All in!"


ရှောက်လုံ အလှည့်ရောက်ပြီး သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"Fold…"


နံပါတ် 2 က တစ်ပွဲအနိုင်ရထားပြီး သည်ပွဲမှာ တိုက်ခိုက်မှာ မဟုတ်ဘူး။ သူမက အနောက်ကနေ ကတ်များကို ပစ်ချပြီး fold ခဲ့သည်။


ယွီဟန်ကျန်းလည်း သူ့ကတ်များကို fold ခဲ့သည်။ အားလုံးက fold ခဲ့တာကြောင့် နံပါတ် 7 အမျိုးသမီးက တိုက်ခိုက်မှုမရှိဘဲ ရွှေဒင်္ဂါး 5,000 ရရှိခဲ့သည်။ သူမသည် အလွန်လိမ္မာပါးနပ်ပြီး ရှောက်လုံ၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်ခဲ့သည်။


လက်ရှိတွင် နံပါတ် 2၊ 3 နှင့် 5 တို့က တစ်ပွဲစီအနိုင်ရထားပြီး သူနှင့် နံပါတ် 7 ကသာ နိုင်ပွဲမရခဲ့ပေ။


လူနှစ်ယောက်သည် တိုက်ခိုက်ရန် လွှဲပြောင်းပုတီးစေ့ကို အသုံးပြုဖို့ မလိုအပ်ပါ။ ၎င်းကို သီးခြားသုံး၍ ဂိမ်းတစ်ခုစီကို အနိုင်ရကာ အဆုံးအထိ အတူတကွ အသက်ရှင်နိုင်သည်။ Club လျှို့ဝှက်ခန်းထဲကလူတိုင်းဟာ ပြိုင်ဘက်များဖြစ်ပေမယ့် ဘယ်သူ့ကိုမှ မုန်းတီးခြင်းမရှိဘူး။ သူတို့တွေ အတူတူ အသက်ရှင်နိုင်ရင် လူတွေကို သေလမ်းဆီ တွန်းပို့နေစရာ မလိုဘူး။


ရှောက်လုံ၏ မျက်လုံးများသည် အလွန်ဖော်ရွေပြီး သူ့မျက်လုံးများထဲတွင် နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။ နံပါတ် 7 ကောင်မလေးက ဒါကို နားလည်ပြီး လွှဲပြောင်းခြင်းပုတီးစေ့ကို အရင်သုံးလိုက်သည်။ နံပါတ် 1 က သူ့ကတ်များကို fold မယ်လို့ သူမမှန်းထားခဲ့သည်။ ပဉ္စမဂိမ်းတွင် နံပါတ် 1 လောင်းပါက သူမကတ်များကို ရိုးရိုးရှင်းရှင်း fold ပြီး တစ်ဖက်ကို အနိုင်ရစေမည်ဖြစ်သည်။


သူတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် လူနှစ်ယောက်က ဖယ်ထုတ်ခံထားရသည်။ သည်မှာ တိတ်တဆိတ်နားလည်မှုတချို့တော့ ရှိခဲ့သည်။

 

ပထမသုံးပွဲတွင် ပြင်းထန်သောယှဉ်ပြိုင်ပွဲများဖြစ်ပြီးနောက် စတုတ္ထပွဲသည် အံ့အားသင့်စရာကောင်းလောက်အောင် ပျော့ပျောင်းသွားခဲ့သည်။ နံပါတ် 7 မိန်းကလေးက လွယ်လွယ်နဲ့ အနိုင်ရသွားပါသည်။


ဆယ်ကျော်သက်၏ မျက်လုံးများက စားပွဲတစ်ဝိုက်ကို ကြည့်လိုက်သည်။ 

"ပဉ္စမဂိမ်းစပြီ…"


လူတိုင်းက အခြေခံရွှေဒင်္ဂါး 1,000 နုတ်ယူခံရသည်။ ဤအချိန်တွင် ရှောင်လုံသည် ဂိမ်းငါးခုတွင် နုတ်ယူခဲ့ပြီး ပထမဂိမ်းတွင် လောင်းကြေးထပ်တာ မအောင်မြင်ခဲ့ပေ။ သူ့လက်ထဲမှာ ရွှေဒင်္ဂါး 4,000 ပဲရှိသည်။


သူသည် fold လုပ်ရန် ငါးကြိမ်သာရှိပြီး နောက်တစ်ခါ fold ထပ်လုပ်ရင် ရွှေဒင်္ဂါးတွေ ပိုနည်းသွားမည်။ သူသည် ယခုဂိမ်းမှာ လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုခဲ့ရသည်။


နံပါတ် 7 ကောင်မလေးသည် အဓိပ္ပါယ်ကိုနားလည်ပြီး သေချာပေါက် call မလုပ်ပေ။ နံပါတ် 2 ကောင်မလေးက တစ်ကြိမ်ပဲ အနိုင်ရပြီး တွန့်ဆုတ်နေခဲ့သည်။ သူမက ရှောက်လုံနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ယွီဟန်ကျန်းသည် ရှောင်လုံနှင့် ရင်ဆိုင်ရန် ပို၍ပင် မဖြစ်နိုင်ပေ။


တစ်ဦးတည်းသော အမည်မသိလူမှာ နံပါတ် 5 ဖြစ်သည်။ ကျစ်ဆံမြီးပါသော ဤလူသည် ပထမဂိမ်းအတွင်း ရုတ်တရက် All in သွားကာ လူတိုင်းကို အနိုင်ယူရန် စိတ်ပိုင်းဆိုင်ရာတိုက်ပွဲကို အားကိုးခဲ့သည်။ နောက်တော့ သူသည် ဆက်၍ကြည့်နေခဲ့သည်။ ရှောက်လုံ မှန်ကန်စွာ ခန့်မှန်းမိပါက ဤလူသည် ဖဲချပ်ဂိမ်းများကို မကြာခဏ ကစားနိုင်ပြီး လုပ်ရိုးလုပ်စဉ် အမျိုးအစားအားလုံးကို အလွန်ရင်းနှီးသူဖြစ်နိုင်သည်။


ထို့အပြင် နံပါတ် 5 သည် လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးမပြုခဲ့ပေ။ သူသည် ရှောက်လုံနှင့် တစ်ချိန်တည်းတွင် ၎င်းကို အသုံးပြုခဲ့မည်ဆိုလျှင် လွှဲပြောင်းခြင်းပုတီးစေ့များ ထိပ်တိုက်တွေ့ချိန်တွင် ဒုတိယနှင့် တတိယဂိမ်းများ၏ ကြေကွဲဖွယ်အခြေအနေကို ကြည့်လိုက်ပါ။ ရှောက်လုံ ရှုံးသွားနိုင်သည်။


ရှောက်လုံက အသက်ပြင်းပြင်းရှူပြီး တည့်တည့်မတ်မတ်ထိုင်လိုက်သည်။


စောင့်ရှောက်သူက ပြောသည်။

"ပဉ္စမအချီမှာ ကတ်တွေရဲ့အစဉ်ကို နာရီလက်တံပြောင်းပြန်ဖြစ်ပြီး နံပါတ် 7 က အရင်စမယ်…"


နံပါတ် 7 သည် ကတ်ကို ရခဲ့ပြီး ရှောက်လုံကိုကြည့်ပြီးနောက် သူမက ရိုးရိုးရှင်းရှင်း fold ခဲ့သည်။ ရှောက်လုံ၏အလှည့်ဖြစ်သည်။


သူသည် ပထမကတ်ကိုဖွင့်လိုက်တော့ K of Clubs ကို တွေ့လိုက်ရသည်။ ပြီးတော့ သူက ပြောခဲ့သည်။

"ငါ့ကို ကတ်တစ်ကတ်ပေးပါ…"

 

ဆယ်ကျော်သက်သည် သူ့ကို ကတ်တစ်ကတ်ပေးခဲ့ပြီး ၎င်းက A of Clubs ဖြစ်သည်။ သူသည် စားပွဲအောက်ရှိ သူ့လက်ကောက်ဝတ်ပေါ်က လွှဲပြောင်းခြင်းပုတီးစေ့ကို ချက်ချင်းအသုံးပြုကာ အပြုံးဖြင့် ပြောခဲ့သည်။

"Call 1,000…"


"နံပါတ် 2 ရွေးချယ်ပါ…"


နံပါတ် 2 သည် သတိကြီးစွာထားပြီး ငြိမ်းချမ်းရေးသေချာစေရန် သူမ၏ကတ်များကို တိုက်ရိုက် fold ခဲ့သည်။


"နံပါတ် 3 ရွေးချယ်ပါ…"


ယွီဟန်ကျန်းက သူ့ကတ်များကို ပြတ်ပြတ်သားသား လွင့်ပစ်လိုက်သည်။


နံပါတ် 5 ၏ အလှည့်ရောက်သွားပြီး အားလုံးက တင်းမာနေကြသည်။ သူ့ကတ်များကို fold လိုက်ရင် ရှောက်လုံက တိုက်ရိုက်အနိုင်ရလိမ့်မည်။ သို့သော်လည်း သူသည် လွှဲပြောင်းခြင်းပုတီးစေ့ကို အသုံးပြုပါက ဤဂိမ်းတွင် အောင်ပွဲခံရန် သေချာပေါက် ဆုံးဖြတ်နိုင်မည်မဟုတ်တော့ပေ။


နံပါတ် 5 သည် လှပသော စိတ်ပိုင်းဆိုင်ရာတိုက်ပွဲမှာ ပထမဆုံးအနိုင်ရခဲ့ပြီး တစ်ချက်တည်းဖြင့် ရွှေဒင်္ဂါး 18,000 ရရှိခဲ့သည်။ ဒုတိယပွဲစကတည်းက သူက fold ပြီး ဆက်၍ကြည့်နေခဲ့သည်။ ပဉ္စမဂိမ်းတွင် သူ့မှာ ရွှေဒင်္ဂါး 14,000 ကျန်ခဲ့သည်။


ထိုအချိန်တွင် ရှောက်လုံမှာ 4,000 သာကျန်တော့သည်။ နံပါတ် 5 က 4,000 လောင်းရင် ရှောက်လုံကို all in ဝင်ဖို့ ဖိအားပေးနိုင်သည်။


နံပါတ် 5 က အဲလိုမလုပ်ဘူး။ သူ၏ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများက ကွေးညွတ်သွားပြီး အပြုံးဖြင့် ပြောလိုက်သည်။

"Call…"


Fold ပြီးသား မိန်းကလေးနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူတို့၏အမူအရာက နည်းနည်းတော့ တုန်လှုပ်သွားသည်။ နံပါတ် 5 တွင် ရွှေဒင်္ဂါးများစွာရှိ၍ သူရှုံးသွားသော်လည်း ဖယ်ထုတ်ခံမည်မဟုတ်ပါ။ နံပါတ် 1 က မတူဘူး။ သူ့မှာ ပိုက်ဆံနည်းနည်းပဲရှိပြီး သူရှုံးရင် အိပ်မက်ဆိုးလျှို့ဝှက်ခန်းထဲကို ပစ်ချခံရနိုင်သည်။


ယွီဟန်ကျန်းသည် ရှောက်လုံကိုကြည့်ရင်း စိတ်လှုပ်ရှားစွာ လက်သီးများကို ဆုပ်ထားသည်။ ရှောက်လုံက သူ့အား 'စိတ်မပူပါနဲ့'အကြည့်မျိုး ပေးလိုက်သည်။


စောင့်ရှောက်သူက သူ့ပါးစပ်ကို ဖွင့်လိုက်သည်။

"တတိယအချီ နံပါတ် 1 ရွေးချယ်ပါ…"


"ငါ ကတ်လိုချင်တယ်၊ Call 1,000…"


နံပါတ် 5: "ငါကတ်လိုချင်တယ်၊ Call…"


"စတုတ္ထအချီ ကတ်ဝေမယ်…"


"ငါ ကတ်လိုချင်တယ်၊ Call 1,000…"


နံပါတ် 5: "ငါကတ်လိုချင်တယ်၊ Call…"


ရွှေဒင်္ဂါးပြားတစ်ပြားကို ဆုကြေးအလယ်ပုံထဲသို့ ပစ်ချလိုက်သည်။


ရှောက်လုံနှင့် နံပါတ် 5 က အဆက်မပြတ် Call ခဲ့သည်။


ယခင်ဂိမ်းများနှင့်မတူဘဲ ဤဂိမ်းရှိကစားသမားနှစ်ဦးက အလွန်တည်ငြိမ်သည်။ သူတို့သည် အချိန်တိုင်း ရွှေဒင်္ဂါး 1,000 ပဲ လောင်းကြေးထပ်ကြသည်။ ရှောက်လုံ လေးကြိမ် call တာက all in ဝင်တာနဲ့ ဘာမှမကွာခြားပေ။ သူ့မှာ ရွှေဒင်္ဂါး 4,000 ပဲရှိပြီး အခု သူ့လက်ထဲမှာ ဘာမှမရှိတော့ဘူး။ သူရှုံးရင် ဖယ်ထုတ်ခံရလိမ့်မည်။


လူတိုင်း၏နှလုံးသားများက သူတို့၏လည်ချောင်းထဲတွင် ရှိနေကြသည်။


စောင့်ရှောက်သူ: "ကတ်ဝေတာ ပြီးသွားပြီ… မင်းတို့ရဲ့ကတ်တွေကို ပြကြပါ…"


နံပါတ် 5 က ပြုံးပြီး သူ့ကတ်များကို ဖွင့်လိုက်တယ်။


J of Hearts၊ Q of Spades၊ K of Diamonds၊ J of Clubs နှင့် K of Hearts။ အဲဒါက 'လူသေးငါးယောက်' လက်ဖြစ်သည်။


ရှောက်လုံက ပြုံးပြီး တည်ငြိမ်စွာ သူ့လက်ကို ဖွင့်လိုက်သည်။ K of Clubs၊ A of Clubs၊ 2 of Clubs၊ 3 of Clubs နှင့် 4 of Club။


1+2+3+4+K၊ အမှတ်များက 10.5 အတိအကျဖြစ်သည်။ နောက်ထပ်ဘုရင်!


ရှောက်လုံ၏လက်သည် ပထမဂိမ်းက ယွီဟန်ကျန်း၏ ဘုရင်လက်ထက်ပင် ပိုကောင်းသည်။ 10.5 ကို ပြီးပြည့်စုံစွာ ဖန်တီးရန် ကတ်ငါးကတ်ကို အသုံးပြုခဲ့ရုံသာမက ၎င်းသည် ရှင်းလင်းသော Clubs A၊2၊3၊4 တို့ကိုလည်း အသုံးပြုခဲ့သည်။


ဘေးနားရှိ မိန်းကလေးနှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်ကာ သူတို့၏လက်များကို အေးစက်နေသော ချွေးများဖြင့် ဖုံးအုပ်ထားသည်။


ယွီဟန်ကျန်း၏ ဆုပ်ထားသော လက်သီးများက ဖြည်းညှင်းစွာ ဖြေလျော့သွားသည်။ သူက ရှောက်လုံကို တစ်ချက်ကြည့်လိုက်ပြီး ရှောက်လုံက အလွန်တည်ငြိမ်နေတာကို တွေ့လိုက်ရသည်။


ဒီလိုထိတ်လန့်စရာကောင်းတဲ့ သေရေးရှင်ရေးအခြေအနေမှာ ရှောက်လုံက ဒီလိုမျိုး... သူမျှော်လင့်ထားပြီးသားများလား?


#TK