Chapter 19
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 19 (3 of Hearts – ရွေးချယ်မှု)


ယွီဟန်ကျန်းက ရုတ်တရက် မေးခွန်းတစ်ခုကို တွေးလိုက်မိသည်။

"စကားမစပ်၊ မတော်တဆမဖြစ်ခင် ရက်အနည်းငယ်အလိုက မင်း ကတ်ကစားတွေရှိခဲ့လား?"


ရှောက်လုံသည် နှစ်သစ်ကူးနေ့ကို တွေးတောရင်း သူ့ဝမ်းကွဲက Fight the Landlord ကစားရန် သူ့အားဆွဲခေါ်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"နှစ်သစ်ကူးနေ့က အိမ်မှာ ကျွန်တော် ကတ်ဂိမ်းနည်းနည်း ကစားခဲ့တယ်…"


ယွီဟန်ကျန်း၏မျက်လုံးများတွင် ‘ထင်ထားတဲ့အတိုင်းပဲ’အကြည့်ကို မြင်လိုက်ရသဖြင့် ရှောက်လုံက စိတ်ရှုပ်သွားသည်။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ? ကတ်မ္ဘာအတွက် ရွေးချယ်မှုစည်းမျဉ်းတွေက ကတ်ကစားနဲ့ ဆက်စပ်နေတာလား?"


"ကိုယ် ခန့်မှန်းကြည့်တာပါ…" ယွီဟန်ကျန်းက ပြန်ဖြေသည်။

"မတော်တဆမှုမဖြစ်ခင် တစ်ရက်အလိုမှာ ဦးလေးအိမ်ကို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေပြောပြီး ကတ်ဂိမ်းတချို့ကစားခဲ့တယ်… နေရာတိုင်းမှာ ကတ်အရိပ်အယောင်တွေပဲရှိတာကြောင့် အဲဒါက ကတ်ကစားတာနဲ့ ဆက်စပ်နေနိုင်တယ်…"


"ကတ်တွေနဲ့ ဆက်စပ်နေတယ်…" ရှောက်လုံသည် သူ့မေးစေ့ကို ကိုင်လိုက်ပြီး သူ့ရှေ့က ကတ်နံရံကို ကြည့်ကာ အတွေးနယ်ချဲ့လိုက်သည်။ "နောက်ဆုံးတော့ ကျွန်တော်တို့က ကတ်ကစားခဲ့တာကြောင့် ကတ်ကမ္ဘာက ရွေးချယ်ခံရပြီး လက်တွေ့ကမ္ဘာမှာ သတ်ပစ်ခဲ့တာလား? ဒါမှမဟုတ် ကျွန်တော်တို့ ကတ်ကစားခဲ့တာကြောင့် သေဆုံးသွားတဲ့အခါ ကတ်ကမ္ဘာရဲ့ရွေးချယ်ခြင်းခံရတာလား? ဒါက အရေးကြီးတယ်…"


"ဟုတ်တယ်၊ အရှေ့တစ်ခုဆိုရင် ကတ်ကမ္ဘာရဲ့စွမ်းရည်က ကိုယ်တို့စိတ်ကူးနိုင်တာထက် ကျော်လွန်သွားပြီ… ကစားသမားတွေကို ရွေးချယ်ပြီးတော့ လက်တွေ့ကမ္ဘာမှာ လူတွေကို သေစေနိုင်တဲ့ မတော်တဆမှုတွေကို အချိန်မရွေး ဖန်တီးနိုင်တယ်…" ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ကာ တွေးတောနေသကဲ့သို့ လက်ပိုက်လိုက်သည်။ "အနောက်ကတစ်ခုဆိုရင် ဒီကမ္ဘာက သေသွားပြီးနောက် ဝိညာဉ်တွေသွားရတဲ့ ကမ္ဘာလို့ ကိုယ်တို့နားလည်နိုင်တယ်မလား? သေသွားပြီးနောက် ကတ်ကစားဖူးတဲ့သူတွေပဲ ဒီကိုလာမှာလား?"


"သဲလွန်စတွေက အရမ်းနည်းပြီး သက်သေရှာဖို့ ကျွန်တော်တို့ အခြားစိန်ခေါ်သူတွေကို ရှာဖို့လိုတယ်…" ရှောက်လုံက နိဂုံးချုပ်လိုက်သည်။


"…" Clubs ဆယ်ကျော်သက်သည် ဘေးမှာရပ်ပြီး သူတို့စကားစမြည်ပြောနေတာကို နားထောင်နေသည်။ သူတို့သည် အချိန်အတော်ကြာ ခွဲခွာပြီးနောက် ပြန်ဆုံတွေ့ကြပြီး စောင့်ရှောက်သူကိုပင် မေ့သွားကြသည်။


ယွီဟန်ကျန်းက ဆိုသည်။

"ရွေးချယ်မှုရဲ့ စည်းမျဉ်းတွေက ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာက အစစ်အမှန်ပဲ…"


"အဲဒါက ကြီးမားတဲ့ဂိမ်းလိုပဲ…" ရှောက်လုံက နာမဝိသေသနကို သေချာစဉ်းစားပြီး ပြောသည်။ "ကျွန်တော် ရဟတ်ယာဉ်နဲ့ Spades ခန်းကနေ ထွက်လာတဲ့အခါ ဂိမ်းတစ်ခုက ဖြစ်စဉ်တစ်ခုလိုမျိုး ဇွန်ဘီမြို့ပုံစံတူတွေ အများကြီးရှိနေတာကို တွေ့ခဲ့တယ်… စောင့်ရှောက်သူလေးယောက်ကလည်း ဂိမ်းတစ်ခုမှာရှိတဲ့ NPC တွေလိုမျိုး မတူညီတဲ့နေရာတွေကိုသွားပြီး စိန်ခေါ်သူတွေနဲ့ စကားပြောဖို့ မရေမတွက်နိုင်ကိုယ်ပွားတွေအဖြစ် ခွဲနိုင်တယ်…"


"ငါက NPC မဟုတ်ဘူး…" Clubs ဆယ်ကျော်သက်က ဝင်စွက်ဖက်လိုက်သည်။


"…" ရုတ်တရက် အသံကြောင့် လူနှစ်ယောက်က လန့်သွားပြီး သူ့ကို ပြန်ကြည့်လာကြသည်။


"ငါ ဒီမှာတစ်ချိန်လုံးရှိနေတာကို မင်းတို့မတွေ့ဘူးလား?"

Clubs ဆယ်ကျော်သက်၏ အသံသည် သံသယများနှင့် ပြည့်နှက်နေ၏။


"အဟန့်…" ရှောက်လုံက သူ့ကိုယ်သူ တွေးလိုက်သည်။ သူတို့တွေ စကားပြောနေသည့်အထဲကို နှစ်မြှုပ်သွားပြီး သည်လူကို လျစ်လျူရှုခဲ့သည်။ သူက ဆယ်ကျော်သက်ကို ကြည့်ပြီး အပြုံးဖြင့် မေးလိုက်သည်။ "ဟုတ်သား၊ ငါတို့ ဘယ်လောက်ကြာကြာ အနားယူနိုင်လဲ? D အဆင့် လျှို့ဝှက်ခန်းတွေအားလုံးကို ဖြတ်ကျော်ဖို့က ခက်ခဲတယ်… ငါတို့ နောက်တစ်ဆင့်ကို ချက်ချင်းတက်ဖို့ မလိုဘူးမလား?"


"မိနစ် 30 အနားယူပါ…" A of Clubs က ပြန်ဖြေသည်။ "အဲဒီအချိန်အတွင်း မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင်လုပ်ပြီး ဘယ်လျှို့ဝှက်ခန်းကို သွားရမလဲဆိုတာ ဆွေးနွေးသင့်တယ်…"


"ကတ်ကမ္ဘာရဲ့ ရွေးချယ်မှုစည်းမျဉ်းတွေ…" ရှောက်လုံစကားမဆုံးခင် A of Clubs က နှောင့်ယှက်လိုက်သည်။ "ငါ့ကိုမမေးနဲ့၊ ငါမင်းကို အချက်အလက်တစ်ခုမှ ထုတ်ဖော်မှာမဟုတ်ဘူး…"


"ကောင်းပြီ…" ရှောက်လုံက သူ့စိတ်ကူးများကို ဖျက်ပစ်လိုက်သည်။


လူနှစ်ယောက်၏နေရာက ပေါင်းစည်းသွားသောကြောင့် အနားယူဆိုဖာသည် နှစ်ခုဖြစ်လာပြီး အလယ်တွင် စားပွဲတစ်လုံးရှိသည်။ ရှောက်လုံက ယွီဟန်ကျန်းကို ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုဖာဆီသွားကာ ထိုင်လိုက်သည်။ ယွီဟန်ကျန်းလည်း လိုက်လာ၏။


မိနစ် 30 အနားယူချိန်သည် သူတို့ကို အနားယူစေပြီး အချင်းချင်း အချက်အလက်ကို ဖလှယ်နိုင်စေသည်။


ယွီဟန်ကျန်းက မေးသည်။

"အရင်အခန်းတွေမှာ ဘာကတ်တွေရခဲ့လဲ?"


သူတို့တွေ အဖွဲ့ဖွဲ့ပြီးပြီဆိုတော့ သူတို့အဖွဲ့သားများ၏ ကတ်အခြေအနေကို သိထားဖို့လိုသည်။


ရှောက်လုံက သူ့ကတ်ထုပ်ကို ထုတ်ပြီး စားပွဲပေါ်တင်ကာ ယွီဟန်ကျန်းလည်း ထိုနည်းတူပြုလုပ်ခဲ့သည်။


နှင်းဆီဈာပန ဇာတ်ကွက်ကတ်၊ သစ်သီးဓားနှင့် နှင်းဆီရေမွှေးတို့သည် 2 of Hearts လျှို့ဝှက်ခန်းကို ပြီးပြည့်စုံစွာရှင်းလင်းနိုင်ခြင်းမှ ရရှိခဲ့သည်။ ဇွန်ဘီဗိုင်းရပ်စ်နှင့် အထူးအကျိုးသက်ရောက်မှုကာကွယ်ဆေးသည် 2 of Spades လျှို့ဝှက်ခန်းကို ပြီးပြည့်စုံစွာ ရှင်းလင်းခြင်းမှ ဖြစ်သည်။ လူနှစ်ယောက်စလုံးမှာ ဤကတ်များရှိသည်။


2 of Diamonds လျှို့ဝှက်ခန်းအတွက် ယွီဟန်ကျန်းက ခေါက်စက္ကူကို မရခဲ့ပါ။ သို့သော်လည်း သူ့တွင် နန်းတော်ကိုးခုလေးထောင့်ကွက်ရှိနေသေးသည်။ ရှောက်လုံမှာ မရှိဘူးဆိုတာကို သူတွေ့ခဲ့ပြီး အလွန်အံ့ဩသွားသည်။

"မင်းရဲ့နန်းတော်ကိုးခုလေးထောင့်ကွက်က ဘယ်မှာလဲ? ဒီမေးခွန်းက အရိုးရှင်းဆုံးဖြစ်ပြီး 2 of Diamonds လျှို့ဝှက်ခန်းကို မင်း ကမ္ဘာ့စံချိန်ချိုးခဲ့တာ ကိုယ်မှတ်မိသေးတယ်… မင်းမှာ ဘယ်လိုလုပ် နန်းတော်ကိုးခုလေးထောင့်ကွက် မရှိရတာလဲ?"


ရှောက်လုံက ခါးသက်သက် ပြုံးလိုက်သည်။

"ကျွန်တော် အဲဒါကို ဇွန်ဘီတွေဆီသုံးလိုက်ရင်း ကုန်သွားပြီ…"


ယွီဟန်ကျန်း: "…"


ဒီလူက ဇွန်ဘီမြို့မှာ ဘာသွားလုပ်နေတာလဲ? သူ တကယ်ပဲ နန်းတော်ကိုးခုလေးထောင့်ကွက်အားလုံးကို သုံးခဲ့တာလား?


သူ၏နန်းတော်ကိုးခုလေးထောင့်ကွက်အား အသုံးမပြုရသေးတာကို မြင်ပြီး ရှောက်လုံက အံ့အားသင့်စွာ မေးသည်။

"ဒီကတ်ကို မသုံးဘူးလား? ဒါဆို ခင်ဗျား ဇွန်ဘီမြို့ကို ဘယ်လိုရှင်းပြီး ကမ္ဘာစံချိန်တင်ခဲ့တာလဲ?"


ယွီဟန်ကျန်းက တိုးတိုးလေးပြောသည်။

"ကိုယ် လမ်းဘေးကနေ တုတ်တစ်ချောင်း ကောက်လိုက်တာ… ဇွန်ဘီတွေက နှေးကွေးပြီး သူတို့ကိုသတ်ဖို့ ခေါင်းရိုက်လိုက်တာ…"


ရှောက်လုံ: "…"


အသည်းအသန်ပြေးရင်း ခြေထောက်တွေနာနေခဲ့သည့် ရှောက်လုံသည် အဖွဲ့ခေါင်းဆောင်ယွီ၏စကားကိုကြားတော့ ရယ်ရမလား ငိုရမလား မသိတော့ဘူး။


ယွီဟန်ကျန်းသည် အမှန်ပင် ဘူဒိုဇာကို အသုံးပြု၍ ဖြတ်သွားပုံရသည်။


ယွီဟန်ကျန်းသည် စားပွဲပေါ်ရှိ ထောင်ယွမ်မင်ကတ်ကို မြင်ပြီး မနေနနိုင်စွာ မှန်းဆခဲ့သည်။

"ဒီကတ်က ထောင်ယွမ်မင်ကို တကယ်ဆင့်ခေါ်နိုင်တာလား?"


"ဟုတ်တယ်…" ရှောက်လုံသည် ကတ်ပေါ်က ဇာတ်ကောင်ရုပ်ပုံကို ညွှန်ပြပြီး ပြောသည်။ "ဆင့်ခေါ်ခံရတဲ့ ထောင်ယွမ်မင်က ကတ်ပေါ်မှာဆွဲထားတဲ့ ပုံနဲ့ တူတယ်… သူက မက်မွန်ပွင့်နွေဦးကို 24 နာရီကြာပြီးတိုင်း တစ်ခါတွေ့နိုင်တယ်… ထောင်ယွမ်မင်ရဲ့ စွမ်းရည်က အရမ်းအစွမ်းထက်ပြီး အရေးကြီးတဲ့အခိုက်အတန့်မှာ အကျပ်အတည်းကို ရှောင်ရှားနိုင်ပြီးတော့ နေရာလွတ်ထဲကို ချက်ချင်း ပြောင်းရွှေ့နိုင်တယ်… လက်ရှိကတ်အဆင့်က 3 ဖြစ်ပြီး လူနှစ်ယောက်ကို ကျွန်တော်ခေါ်လို့ရတယ်… ဒါပေမယ့် ဒီကတ်ကို ကျွန်တော် ဒီနေ့အသုံးပြုထားပြီးဖြစ်တာကြောင့် 24 နာရီအကြာမှပဲ အသုံးပြုလို့ရမှာ…"


"မင်း အခွင့်အရေးရရင် ကိုယ့်ကိုခေါ်သွားလေ…" ယွီဟန်ကျန်းသည် ထောင်ယွမ်မင်စွမ်းရည်ဖော်ပြချက်ကို အလွန်စိတ်ဝင်တစားကြည့်ရှုခဲ့သည်။ သူသည် သံလိုက်အိမ်မြှောင်နှင့် ဇွန်ဘီခေါင်းဆောင်၏ ကတ်နှစ်ကတ်ကို ဆက်၍ကြည့်ခဲ့သည်။ "သံလိုက်အိမ်မြှောင်က ကောင်းတယ်… မင်းက လက်နက်တွေကို အချိန်မရွေးဆွဲနိုင်တယ်… ဒီဇွန်ဘီခေါင်းဆောင်က လျှိုရှောင်ယွမ်လား?"


"သူပဲ…" ရှောက်လုံက မေးသည်။ "နောက်ဆုံးမှာ သူ ခင်ဗျားကို တံခါးဖွင့်ဖို့ တောင်းဆိုသေးလား?"


"အင်း…"


"ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ?"


"သူက ဇွန်ဘီဖြစ်နေတာကြောင့် ကိုယ် သူ့ကို သတ်လိုက်တယ်…" ယွီဟန်ကျန်းက တည်ငြိမ်စွာ ပြောသည်။


ရှောက်လုံ: "…"


ယွီဟန်ကျန်းသည် သူ့ကိုသတ်ဖို့ တုတ်ကိုမသုံးခင် လျှိုရှောင်ယွမ်က ဇွန်ဘီများကို အော်ခေါ်ဖို့ အချိန်မရှိခဲ့ဘူးလို့ ခန့်မှန်းရသည်။ ယွီဟန်ကျန်းသည် ဖြစ်စဉ်ကို 15 မိနစ်အတွင်း အပြီးတိုင်ရှင်းလင်းနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါ။ ထိုလူသည် ဖြစ်စဉ်ကိုရှင်းရန် အကြမ်းနည်းကို လုံးဝအသုံးပြုခဲ့သည်။


ရှောက်လုံသည် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်—အဖွဲ့ခေါင်းဆောင်ယွီသည် ရှင်သန်ခြင်းလျှို့ဝှက်ခန်းကို ကစားရန် မှန်ကန်သောနည်းလမ်းဖြစ်သည်။


ယွီဟန်ကျန်းက သူ့ကိုယ်ပိုင်ကတ်များကို ရှောက်လုံအား ပေးလိုက်သည်။

"ဒါက ကိုယ်ဆွဲထားတဲ့ S အဆင့်ကတ်တွေပဲ…"


ရှောက်လုံက သူတို့ကို ကောက်ကိုင်လိုက်ပြီး အနီးကပ်ကြည့်သည်။


[လက်နက်: ငွေလ]


ရှားပါးမှု: S


ဖော်ပြချက်: လျှို့ဝှက်ခန်းကို ပြီးပြည့်စုံစွာရှင်းလင်းပြီးနောက် အကန့်အသတ်ကတ်ဆွဲခြင်းမှ ၎င်းကိုရယူရန် ဖြစ်နိုင်ခြေအလွန်နည်းပါသည်။


အချက်အလက်: ပေါ့ပါးသောသေနတ်၊ သေနတ်ပြောင်း၏အချင်း 5.5 မီလီမီတာ၊ အလေးချိန် 4 ကီလိုဂရမ်၊ 8x ပြောင်းလဲနိုင်သော မြင်ကွင်းတပ်ဆင်ထား၊ ထိရောက်သောအကွာအဝေး 500 မီတာ၊ သေးငယ်သော သေနတ်ပြောင်းရှိသော ရိုင်ဖယ်ကျည်ဆန်များ၊ ကျည်ဆံ 10 တောင့်။


နောက်ထပ်စွမ်းရည်များ: တိကျသောချိန်ရွယ်မှု


စွမ်းရည်ကို အသုံးပြုပြီးနောက် သင်သည် အကွာအဝေးအတွင်း ပစ်မှတ်တစ်ခုသို့ ချက်ချင်းလော့ခ်ခတ်နိုင်ပြီး အခြားတစ်ဖက်၏ဦးခေါင်းကို တိကျစွာချိန်ရွယ်ကာ မောင်းခလုတ်ကိုဆွဲပြီး အသေသတ်နိုင်သည်။ စွမ်းရည်စောင့်ဆိုင်းချိန်က 5 မိနစ်ဖြစ်သည်။


မှတ်ချက်: လက်နက်ကတ်၏ စွမ်းရည်သည် သေနတ်မပစ်တတ်သောသူများအတွက်ဖြစ်သည်။ သေနတ်ကို ပစ်ခတ်နိုင်သော ကျွမ်းကျင်သူသည် စွမ်းရည်ကို လျစ်လျူရှုပြီး စွမ်းရည်စောင့်‌ဆိုင်းချိန်ကြောင့် ကန့်သတ်ထားခြင်းမရှိဘဲ ချိန်ရွယ်ရန် အတိုင်းအတာကို ဖွင့်နိုင်သည်။ ကျည်ဆံများကို အသုံးပြုပြီးသောအခါ ရွှေဒင်္ဂါးများဖြင့် လက်နက်ရောင်းချသူထံမှ ဝယ်ယူပါ။


တိုးတက်မှုအဆင့် 1 နှင့် ထိရောက်မှုအကွာအဝေးသည် အဆင့်တိုင်းတွင် မီတာ 100 တိုးလာမည်ဖြစ်သည်။ အမြင့်ဆုံးအဆင့်တွင် 1,500 မီတာသို့ ရောက်ရှိမည်။


၎င်းသည် ‘ငွေလ’ အမည်ကို သံယောင်လိုက်သည့် အေးမြသော အလင်းရောင်နှင့် လခြမ်းပုံသဏ္ဌာန် အမှတ်အသားဖြင့် ငွေရောင်ခြယ်ထားသော စူပါအလင်းရောင်စနိုက်ပါသေနတ်ဖြစ်သည်။


ရှောက်လုံသည် 2 of Hearts လျှို့ဝှက်ခန်းကို ရှင်းလင်းပြီးနောက် ထောင်ယွမ်မင်ကတ်ကို ရရှိခဲ့သည်။ ဤကမ္ဘာ၏ပုံစံက ထူးဆန်းသည်ဟု သူထင်ခဲ့ကာ အခြားသူများကလည်း ထူးဆန်းသော ဆင့်ခေါ်ခြင်းကတ်များကို ဆွဲခဲ့ကြသည်။ သည်လောက်လေးနက်သော လက်နက်ကတ်များရှိမယ်လို့ သူမမျှော်လင့်ထားဘူး။


သည်လက်နက်က သူ့လက်ထဲမှာ မပြင်းထန်ဘူး။ သူသည် သေနတ်ကို မထိဖူးသလို လုံးဝမအသုံးမပြုနိုင်ပါ။


သို့သော်လည်း အဖွဲ့ခေါင်းဆောင်ယွီ၏လက်ထဲမှာတော့ ကျားတစ်ကောင်ကို အတောင်ပံတပ်ပေးလိုက်သလိုပင်။


ယွီဟန်ကျန်းသည် ရဲတစ်ဦးဖြစ်ပြီး သေနတ်အမျိုးအစားအားလုံးကို ကျွမ်းကျင်ရမည်။ ဤသေနတ်၏ တည်ရှိမှုသည် အကွာအဝေးအတွင်းမှ ပစ်မှတ်များကို သေချာပေါက် သတ်နိုင်သည်ဟု ဆိုလိုပြီး ၎င်းသည် အနာဂတ် ရှင်သန်ခြင်းအခန်းများတွင် အသုံးဝင်လာမည်ဖြစ်သည်။


ရှောက်လုံက အခြား S အဆင့်ကတ်ကို ကောက်ယူလိုက်သည်။


[ကိရိယာကတ်: လေပြင်း]


ရှားပါးမှု: S


ဖော်ပြချက်: လျှို့ဝှက်ခန်းကို ပြီးပြည့်စုံစွာရှင်းလင်းပြီးနောက် အကန့်အသတ်ကတ်ဆွဲခြင်းမှ ၎င်းကိုရယူရန် ဖြစ်နိုင်ခြေအလွန်များပါသည်။ ၎င်းသည် မမြင်နိုင်သော ဘွတ်ဖိနပ်တစ်စုံဖြစ်ပြီး အသုံးပြုသူ၏ခြေဖဝါးအရွယ်အစားအရ အရွယ်အစားကို အချိန်မရွေး ချိန်ညှိနိုင်သည်။ ၎င်းကို ခြေဖဝါးပေါ်တွင် မမြင်နိုင်သလို ပျက်စီးမှာလည်း မဟုတ်ဘူး။


နောက်ထပ်စွမ်းရည်များ: လကိုလိုက်သောလေ


စွမ်းရည်ကို အသုံးပြုပြီးနောက် ငါးမိနစ်ကြာ အသုံးပြုသူ၏ လှုပ်ရှားမှုအမြန်နှုန်းကို ငါးဆတိုးစေသည်။ စောင့်ဆိုင်းချိန်က မိနစ် 30 ဖြစ်သည်။


တိုးတက်မှုအဆင့် 1၊ အဆင့်တိုးလာတိုင်း စောင့်ဆိုင်းချိန်က တစ်မိနစ်တိုးသွားနိုင်သည်။ အဆင့်ပြည့်က 15 မိနစ်အထိ တိုးသွားလိမ့်မည်။ 


မှတ်ချက်: သင်အနိုင်မယူနိုင်ရင် အရှိန်မြင့်ဖိနပ်နဲ့ ပြေးတာက အကောင်းဆုံးရွေးချယ်မှုပါပဲ 🙂


ရှောက်လုံ: "..."


အဖွဲ့ခေါင်းဆောင်ယွီက သေနတ်တစ်လက်နှင့် ဖိနပ်တစ်ရံဖြစ်သော ကတ်နှစ်ကတ်ကို ဆွဲခဲ့ပြီး လက်တွေ့တွင် အတော်လေး အသုံးဝင်သည်။ အထူးသဖြင့် ဖိနပ်ပဲ။ ရှောက်လုံမှာ သည်ဖိနပ်များရှိခဲ့ရင် ဇွန်ဘီမြို့မှာ သူ၏အတွေ့အကြုံက သိပ်ဆိုးမှာ မဟုတ်ဘူး။


ယွီဟန်ကျန်းသည် ရှောက်လုံ၏အတွေးများကို မြင်နေပုံရသောကြောင့် သူက ပြောလိုက်သည်။

"ဒီကတ်က မင်းအတွက်ပဲ…"


ရှောက်လုံသည် ၎င်းကိုယူရန် အားနာသွားပြီး ချက်ချင်းငြင်းဆန်ခဲ့သည်။ "ခင်ဗျားက ဒီကတ်ကိုဆွဲခဲ့တာလေ… ဘယ်လိုလုပ် ကျွန်တော့်ကို လွယ်လွယ်နဲ့ပေး‌နေရတာလဲ?"


"မင်းက အဲဒါကို ပိုလိုတယ်…"


ထိုလူက ငြင်းဆန်ခွင့်မပြုဘဲ ရှောက်လုံ၏ကတ်ထုပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။ 

"ကိုယ်က အဖွဲ့လိုက် လေ့ကျင့်ပေးလေ့ရှိပြီး ရဲကျောင်းကနေ ဆင်းလာတဲ့သူပါ… ကိုယ်က တကယ်ပြေးချင်ရင် လူအနည်းငယ်လောက်ပဲ ကိုယ့်ကို ကျော်သွားနိုင်မယ်…"


အဖွဲ့ခေါင်းဆောင်ယွီသည် တစ်နှစ်ပတ်လုံး လူသတ်သမားများနှင့် ဆက်ဆံနေခဲ့သည်။ သူ့ဘဝအတွက် ပြေးနေသည့် အကျဉ်းသားတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို အသုံးပြုမှာ သေချာပါသည်။ ယွီဟန်ကျန်း အမီမလိုက်နိုင်ပါက လူသတ်သမားကို ဘယ်လိုဖမ်းနိုင်မှာလဲ။ ထို့အပြင် ကတ်ကို သူ၏ ကတ်ထုပ်ထဲသို့ ထည့်ထားပြီးဖြစ်သည်။ ယခု ငြင်းဆိုရန်မှာ ယုတ္တိမဲ့လွန်းလှသည်။


ရှောက်လုံက ကတ်ကို လက်ခံပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ကျေးဇူးပါ…" 


သူက စားပွဲပေါ်ရှိ သူ့ကတ်များကိုပြကာ မေးလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ယွီ စိတ်ဝင်စားတဲ့ ကတ်တွေ တွေ့လား?"


ယွီဟန်ကျန်း၏မျက်လုံးများက စားပွဲပေါ်ကို ကြည့်လိုက်သည်။ သူက မပြောခင် စဉ်းစားခဲ့သည်။

"ကိုယ့်ကို ခေါက်စက္ကူပေးလိုက်…"


ရှောက်လုံက သူ့ကို တအံ့တဩနဲ့ ကြည့်လိုက်သည်။

"ခင်ဗျား Origami ဂိမ်းတွေ ကစားသေးတာလား?"


"ကိုယ်ငယ်ငယ်က ကစားဖူးတာပါ…" ယွီဟန်ကျန်းက ပြန်ဖြေခဲ့သည်။ "ကားတွေနဲ့ လှေငယ်တွေကို ကိုယ်ခေါက်တတ်တာကြောင့် နောက်ပိုင်းမှာ အသုံးဝင်လာနိုင်တယ်…"


"ကောင်းတာပေါ့!" ရှောက်လုံသည် စက္ကူလေယာဉ်တစ်စင်းသာ ခေါက်တတ်ပြီး လူများကို မသယ်ဆောင်နိုင်ပေ။ ယွီဟန်ကျန်းသည် Origami ဂိမ်းများကို ကစားပြီး စက္ကူခေါက်တတ်သည်။ သူက ၎င်းကို အကောင်းဆုံး အသုံးပြုနိုင်သည်။


နှစ်ယောက်သားသည် အချင်းချင်း ကတ်များကို ရင်းနှီးလာကာ ကတ်များကို ပြန်လည်ပြင်ဆင်ကြသည်။


ထိုအချိန်တွင် A of Clubs မှ ရုတ်တရက် သတိပေးလာသည်။

"အနားယူချိန် 5 မိနစ်… နောက်ဖြစ်စဉ်အတွက် ပြင်ဆင်ပါ…"


အချိန်တွေကုန်တာမြန်သည်။


ကံကောင်းထောက်မစွာ ဤမိနစ် 30 အနားယူခြင်းက သူတို့၏ ကြံ့ခိုင်မှုကို ပြန်လည်ရရှိနေပြီဖြစ်သည်။


ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး တစ်ချိန်တည်းတွင် ထကာ ကတ်နံရံဆီသို့ လျှောက်သွားလိုက်သည်။


သူတို့၏ ကိုယ်ပိုင်နေရာက ပေါင်းစပ်ထားပြီး ကတ်နံရံကိုလည်း ပေါင်းစပ်ထားသည်။


ထိုအချိန်တွင် ကြီးမားသော ကတ်နံရံက သိသိသာသာ ပြောင်းလဲသွားသည်။


အောက်ခြေလျှို့ဝှက်ခန်းတွင် 2 of Hearts၊ 2 of Diamonds၊ 2 of Spades နှင့် 2 of Clubs ရှိသည်။ ညာဘက်အောက်ထောင့်တွင် အစိမ်းရောင်ဖြင့် ‘ရှင်းလင်းခဲ့ပြီး’ ဟု ရေးထားသည်။ ၎င်းတို့ဘေးတွင် လူနှစ်ဦး၏ သက်ဆိုင်ရာ ရှင်းလင်းရေးရမှတ်များလည်း ရှိသည်။ Hearts နှင့် Spades တွင် ယွီဟန်ကျန်း၏ ရှင်းလင်းရေးရမှတ်များသည် S ဖြစ်ပြီး Diamonds တွင် B ဖြစ်သည်။ ရှောက်လုံ၏ရမှတ်များမှာ Hearts နှင့် Diamonds တွင် S ဖြစ်ပြီး Spades တွင် A ဖြစ်သည်။


သူတို့နှစ်ဦးစလုံးတွင် Clubs အတွက် အဆင့်သတ်မှတ်ချက် မရှိကြပေ။


2 of Clubs သည် စိန်ခေါ်ခြင်းအဆင့်ဖြစ်ပြီး မှတ်တမ်းမှာ လူနှစ်ဦးအနိုင်ရခဲ့သော ရွှေဒင်္ဂါးများဖြစ်သည်။ ရှောက်လုံတွင် ရွှေဒင်္ဂါး 10,000 ရှိပြီး စာချုပ်တစ်ခုဝယ်ရန် အသုံးပြုခဲ့သည်။ ဒုတိယဂိမ်းတွင် ယွီဟန်ကျန်းသည် နံပါတ် 6 ၏ ပိုက်ဆံကိုအနိုင်ရခဲ့ပြီး နောက်ထပ်ဂိမ်းအနည်းငယ်ကို fold ခဲ့သည်။ သူ၏နောက်ဆုံးပမာဏမှာ 17,000 ဖြစ်သည်။


ယွီဟန်ကျန်းသည် ကတ်နံရံပေါ်ရှိ ရွှေဒင်္ဂါးအချက်အလက်ကိုမြင်ပြီး စဉ်းစားပြီးနောက် ရွှေဒင်္ဂါး 17 ပြားကို ရှောက်လုံထံ ပေးလိုက်သည်။


ရှောက်လုံက တွေးတောခဲ့သည်။

"ခင်ဗျားဘာလို့ ဒါကို ကျွန်တော့်ဆီပေးရတာလဲ?"


ယွီဟန်ကျန်းက ရှင်းပြသည်။

"ကိုယ်တို့က စာချုပ်မှာ လက်မှတ်ရေးထိုးထားပြီး အတူတူ ဖြတ်ကျော်ရမှာဖြစ်တဲ့အတွက် ရွှေဒင်္ဂါးတွေကိုလည်း အတူတူ အသုံးပြုရမှာလေ… အနာဂတ်မှာ မင်းပဲ ငွေစာရင်းတွေကို စီမံခန့်ခွဲလိုက်ပေါ့… ပိုက်ဆံနဲ့ပတ်သက်ပြီး ကိုယ့်မှာ ဘာစိတ်ကူးမှမရှိဘူး၊ ပြီးတော့ ဘယ်လောက်ကုန်ကျတယ်ဆိုတာလည်း မမှတ်မိဘူး…"


…ဒါဆို သူက ပိုက်ဆံသုံးပြီး ငွေစာရင်းစာအုပ်တွေကို ဘယ်တော့မှ မသိမ်းဘူးလား။


ထိုလူ၏ လေးနက်သောမျက်လုံးများက နောက်ပြောင်နေပုံမပေါ်ချေ။ ရှောက်လုံသည် အပြုံးဖြင့် ရွှေဒင်္ဂါးများကို လက်ခံခဲ့ရသည်။ "ကောင်းပြီ၊ ရွှေဒင်္ဂါးတွေကို ကျွန်တော် ယာယီသိမ်းထားမယ်… ခင်ဗျား တစ်ခုခုဝယ်ချင်ရင် ကျွန်တော် တိုက်ရိုက်ပြောလိုက်…" သူသည် ရွှေဒင်္ဂါး 17 ပြားကို အိတ်ကတ်ထဲသို့ အသေအချာ ထည့်လိုက်သည်။ သူတို့နှစ်ယောက်မှာ လောလောဆယ် ပိုက်ဆံနည်းနည်းပဲရှိတော့ ပိုက်ဆံစုရမည်။


ကတ်နံရံကို ပြန်ကြည့်လိုက်တော့ 3 နှင့် 4 of Hearts၊ 3 နှင့် 4 of Diamonds၊ 3 နှင့် 4 of Clubs နှင့် 3 နှင့် 4 of Spades တို့၏ ထိပ်ဆုံးနှစ်တန်းကို သူတွေ့လိုက်ရသည်—— ကတ်ရှစ်ခုစလုံးတွင် ‘ရွေးချယ်နိုင်သည်’က တောက်ပသောအခြေအနေဖြစ်လာတာကို သူတွေ့ရှိခဲ့သည်။ ကတ်များ၏ ညာဘက်အပေါ်ထောင့်တွင် စာလုံးတစ်လုံးပါရှိသည်— C။


ရှောက်လုံက မေးလိုက်သည်။

"ဒါတွေအားလုံးက C အဆင့် လျှို့ဝှက်ခန်းတွေလား?"


"အင်း…" ဆယ်ကျော်သက်က ပြန်ဖြေသည်။ "D အဆင့် လျှို့ဝှက်ခန်းတွေအားလုံးကို ရှင်းလင်းခြင်းက C အဆင့် လျှို့ဝှက်ခန်းတွေကို အလိုအလျောက် လော့ခ်ဖွင့်ပေးတယ်… C အဆင့်ရဲ့ suit တစ်ခုစီမှာ လျှို့ဝှက်ခန်းနှစ်ခန်းပါရှိပြီး အခက်အခဲက အတူတူပဲ… ဝင်ရောက်ရန် သူတို့ထဲက တစ်ခုကို မင်းတို့ လွတ်လပ်စွာ ရွေးချယ်နိုင်တယ်…"


ရှောက်လုံက ယွီဟန်ကျန်းကို ပြန်ကြည့်လိုက်သည်။ 

"ကျွန်တော်တို့ Hearts လျှို့ဝှက်ခန်းကို အရင်သွားကြမလား?"


ယွီဟန်ကျန်းက ရိုးရှင်းစွာ ခေါင်းငြိမ့်လိုက်သည်။

"ကိစ္စမရှိဘူး…"


မှုခင်းရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် မှုခင်းဆရာဝန်တစ်ဦးတို့သည် အခြားမည်သည့်အရာကို ပထမဆုံးအကြိမ် ရွေးချယ်မည်နည်း။


ပဟေဠိများကိုဖြေရှင်းဖို့ သူတို့သည် Hearts လျှို့ဝှက်ခန်းသို့ ထုံးစံအတိုင်းသွားကြမည်။


#TK