Chapter 20
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 20 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၁)


Hearts လျှို့ဝှက်ခန်း၏ ရွေးချယ်မှုကို အတည်ပြုပြီးနောက် ရှောက်လုံက စောင့်ရှောက်သူကို မေးခဲ့သည်။

"3 of Hearts နဲ့ 4 of Hearts က လျှို့ဝှက်ခန်းနှစ်ခန်းပဲ… တစ်ခုကိုရှင်းလိုက်တာနဲ့ နောက်တစ်ဆင့်အတွက် လော့ခ်ဖွင့်မှာလား? ဒါမှမဟုတ် နှစ်ခုစလုံးကို ရှင်းပြီးမှ လွတ်လပ်စွာ ရွေးချယ်နိုင်တာလား?"


A of Clubs က ရှင်းပြသည်။

"Hearts, Diamonds, Spades နဲ့ Clubs တို့ရဲ့ C အဆင့် လျှို့ဝှက်ခန်းတစ်ခုစီကို ရှင်းလင်းပြီရင် B အဆင့် လျှို့ဝှက်ခန်းတွေကို လော့ခ်ဖွင့်နိုင်တယ်…" ထို့နောက် သူက သတိပေးသည်။ "ဒါပေမယ့် အားလုံးကို စိန်ခေါ်ဖို့ အကြံပြုချင်တယ်… ဒီ C အဆင့် လျှို့ဝှက်ခန်းတွေက အတော်လေးရိုးရှင်းတာကြောင့် ‘ပြီးပြည့်စုံသောရှင်းလင်းရေး’ကို ရရှိဖို့ လွယ်ကူပြီး အကန့်အသတ်ကတ်ဆွဲခြင်းကနေ ကတ်တွေကို ပိုမိုထုတ်ယူနိုင်တယ်…"


ဒါကို ရှောက်လုံ သိခဲ့တာ ကြာပါပြီ။


သူ၏ 2 of Hearts၊ 2 of Diamonds နှင့် 2 of Spades များကို ပြီးပြည့်စုံစွာ ရှင်းလင်းနိုင်ခဲ့သည်။ သူသည် ထောင်ယွမ်မင်၊ သံလိုက်အိမ်မြှောင်နှင့် ဇွန်ဘီခေါင်းဆောင်တို့ ကတ်သုံးကတ်ကို ဆွဲခဲ့သည်။ တစ်ခုစီတိုင်းက အလွန်သန်မာသည်။ ယွီဟန်ကျန်း၏လက်နက်နှင့် ကိရိယာကတ်ကို အခြေခံ၍ ဤကမ္ဘာရှိ ကတ်များသည် ထင်ထားသည်ထက် များစွာပေါများသည်။


အဆင့်နိမ့်လျှို့ဝှက်ခန်းများသည် အတော်လေးရိုးရှင်းပြီး အကန့်အသတ်ရှိသော ကတ်ဆွဲခြင်းမှ ၎င်းတို့ကို ဆွဲနိုင်ရန် ဖြစ်စဉ်ကို ပြီးပြည့်စုံစွာရှင်းလင်းရမည်။ ကတ်ကောင်းများ ထုတ်ယူနိုင်ခြေသည် အလွန်မြင့်မားပြီး အတွေ့အကြုံမရှိသေးသူများအတွက် ကတ်ကမ္ဘာ၏ အခွင့်ထူးတချို့ဖြစ်သည်။ နောက်ပိုင်းမှာ သူတို့သည် အဖွဲ့လိုက်လျှို့ဝှက်ခန်းကို ရောက်သောအခါ ဖြစ်စဉ်ကို ကျော်ဖြတ်နိုင်တာက ကံကောင်းနေပြီဖြစ်ကာ အဲဒါကို ပြီးပြည့်စုံအောင် ကျော်ဖြတ်ဖို့က ခက်ခဲသည်။


ယွီဟန်ကျန်းသည် ရှောက်လုံကိုကြည့်ရင်း တူညီသောအတွေးအမြင်ရှိပြီး အကြံပြုခဲ့သည်။

"ကိုယ်တို့ ဒါတွေအားလုံးကို ကျော်ဖြတ်နိုင်ရင် ကိုယ်တို့တွေ ဘယ်တစ်ခုကိုမှ ကျော်မသွားသင့်ဘူး… လျှို့ဝှက်ခန်းတွေရဲ့ အခက်အခဲက ကတ်များများရဖို့ နည်းပါးတဲ့အခါ ကိုယ်တို့အခွင့်ကောင်းယူသင့်တယ်…"


ရှောက်လုံက ခေါင်းငြိမ့် သဘောတူလိုက်သည်။

"3 of Hearts ဒါမှမဟုတ် 4 of Hearts ကို သွားမယ်… အဖွဲ့ခေါင်းဆောင်ယွီ ဆုံးဖြတ်လိုက်ပါ…"


ယွီဟန်ကျန်းက မငြင်းဘဲ ‘3 of Hearts’ ကတ်ကို ဆွဲဖို့ သူ့လက်ကို ဆန့်တန်းလိုက်သည်။


စောင့်ရှောက်သူက ပြောလာသည်။ 

"3 of Hearts လျှို့ဝှက်ခန်း၊ ‘သွေးစွန်းနေသောမေပယ်ရွက်’ကို ဖန်တီးနေပါပြီ… မင်းတို့နှစ်ယောက် အဆင်သင့်ပြင်ထားပါ… နံပါတ်စဉ်ရေတွက်ပြီ 10၊ 9၊ 8…


ဆယ်ကျော်သက်၏ အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ‘5’ သို့ ရောက်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှောင်လုံ၏ အမြင်အာရုံက မှောင်မိုက်သွားခဲ့သည်။


ရှောက်လုံသည် မျက်မှောင်ကြုတ်လိုက်ပြီး စူးရှသောအလင်းရောင်ကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ကျင့်သားရအောင် ပြုလုပ်ခဲ့သည်။ နောက်တော့ သူက လှည့်ကြည့်လိုက်သည်။


—— ယွီဟန်ကျန်း ဘယ်မှာလဲ?


အဖွဲ့ခေါင်းဆောင်ယွီသည် သူ့အနားတွင် မရှိနေတာကို တွေ့ရတော့ သူ အံ့သြသွားခဲ့သည်။


စာချုပ်ပါ ကုဒ်အရ သူတို့နှစ်ယောက်သည် စာချုပ်ချုပ်ထားပြီးဖြစ်ကာ ကမ္ဘာတစ်ခုတည်းသို့ ဆွဲခေါ်သွားကြမည်ဖြစ်သည်။ ထို့ကြောင့် ယွီဟန်ကျန်းမပါဘဲ သူဝင်လာရန် မဖြစ်နိုင်ပေ။


တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူတို့နှစ်ဦးအား လျှို့ဝှက်ခန်းထဲရှိ မတူညီသောနေရာများသို့ သီးခြားစီ စေလွတ်ခဲ့ခြင်း ဖြစ်သည်။


ရှောက်လုံက မကြာခင် သဘောပေါက်သွားသည်။


မတူညီသောနေရာများတွင် မတူညီသောသဲလွန်စများကို ရှာဖွေရန် ဆိုလိုသည်။ ၎င်းသည် လူနှစ်ဦးအတွက် လျှို့ဝှက်ခန်းဖြစ်သောကြောင့် သဲလွန်စတချို့ကို တစ်ဦးချင်းရှာဖွေသင့်ပြီး သူတို့နှစ်ဦး တွေ့ဆုံပြီးသည်နှင့် သူတို့သည် သဲလွန်စများကို ပေါင်းစပ်ကာ ခွဲခြမ်းစိတ်ဖြာကြမည်ဖြစ်သည်။


၎င်းသည် ရိုးရှင်းသော ‘လွတ်မြောက်ခြင်းအခန်း’ဂိမ်းနှင့် ဆင်တူသည်။ သူသည် လူတိုင်းသဲလွန်စရှာဖွေရမည့် လက်တွေ့လွတ်မြောက်ခြင်းဂိမ်းများကို ကစားခဲ့ဖူးသည်။ သို့သော်လည်း ယခင်လွတ်မြောက်ခြင်းအခန်းများသည် နေရာအကန့်အသတ်ရှိသော အိမ်တွင်းဂိမ်းများဖြစ်သည်။ သူတို့နောက်ပြန်ကြည့်သောအခါ တစ်ယောက်နဲ့တစ်ယောက် မြင်နိုင်ပြီး လူတိုင်းကြားနိုင်ကြသည်။


ယခုအခါ 3 of Hearts ၏ လျှို့ဝှက်ခန်းကမ္ဘာကြီးက ကြီးလွန်းသည်။


ရှောက်လုံ ကြည့်လိုက်တော့ သူက ကျောင်းတံခါးဝမှာ ရပ်နေတာ တွေ့လိုက်ရသည်။


ကျောင်းတံခါးသည် အလွန်ခမ်းနားပြီး နံရံ၏ညာဘက်ခြမ်းကို ‘မြို့၏အဓိကအလယ်တန်းကျောင်း’၊ ‘စိတ်ဓာတ်ရေးရာပညာသင်ကြားရေးကျောင်း’၊ ‘အဆင့်မြင့်လူငယ်အဖွဲ့ချုပ်ကော်မတီ’၊ ‘အဆင့်မြင့်စုပေါင်းရေး’စသည့် ရွှေတံဆိပ်များစွာဖြင့် ဖုံးလွှမ်းထားသည်။


တံခါးထိပ်တွင် တင့်တယ်သော စာလုံးများဖြင့် ရေးထားသည်—


မေပယ်တောအုပ်အထက်တန်းကျောင်း။


ရှောက်လုံက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ကျောင်းဝင်းသည် အလွန်တိတ်ဆိတ်နေပြီး မည်သူကိုမျှ မမြင်ရပေ။


အဲဒီအစား ကျောင်း၏တစ်ဖက်ခြမ်းမှာရှိသည့် မေပယ်တောအုပ်ကို သူမြင်နေရသည်။


ဤလျှို့ဝှက်ခန်းကမ္ဘာ၏အချိန်သည် ဆောင်းဦးရာသီဖြစ်နိုင်သည်။ မိုးဖွဲဖွဲလေးကျပြီး မိုးရွာ၍ မြေပြင်က စိုစွတ်သည့် အနံ့ကို ပေးသည်။ လေပြင်းတိုက်ခတ်ပြီး မရေမတွက်နိုင်သော အနီရောင်မေပယ်ရွက်များ ကြွေကျကာ မြေပြင်ပေါ်တွင် ကော်ဇောထူထူခင်းထားသည်။ မေပယ်ရွက်များကို မိုးရေဖြင့် ဆေးကြောပြီးနောက် အနီရောင်သည် သွေးကဲ့သို့ လေထဲတွင် လွင့်နေသဖြင့် စွဲမက်ဖွယ်ကောင်းနေပါသည်။


မေပယ်တောအုပ်အထက်တန်းကျောင်း၊ ဤကျောင်း၏အမည်သည် ကျောင်းရှိ မေပယ်တောအုပ်နှင့် သိသိသာသာ ဆက်စပ်နေပါသည်။


ရှောက်လုံသည် သူဝင်သွားရမည်လား သို့မဟုတ် တံခါးဝတွင် ရပ်ကာ စောင့်ကြည့်နေရမည်လား မသိတော့ပေ။


သွေးစွန်းနေသောမေပယ်ရွက်ဆိုသည့် နာမည်ကို ကြည့်ပြီး သည်ကျောင်းဝင်းထဲမှာ သွေးထွက်သံယို ကိစ္စတစ်ခု ရှိသင့်သလား။ ယခင်က လျှို့ဝှက်ခန်းထဲသို့ ဝင်လာသောအခါတွင် သူသည် အချက်ပြမှုကို ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အရိပ်အမြွက်တစ်ခုမျှ မရှိကြောင်း သိရသည်။ အသုံးအများဆုံး အချိန်ရေတွက်ခြင်းတောင် မမြင်ရဘူး။


ပြန်လမ်းမရှိတော့ဘဲ ရှောက်လုံသည် ကျောင်းတံခါးကို ဖြတ်လျှောက်သွားရသည်။


ကျောင်းတံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် ရင်းနှီးပြီးသား လေးထောင့်ဘောင်နှင့် စာသားအချက်ပြမှုများက နောက်ဆုံးတွင် ပေါ်လာသည်။


[ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ကို 3 of Hearts လျှို့ဝှက်ခန်း၊ သွေးစွန်းနေသောမေပယ်ရွက်မှ ကြိုဆိုပါသည်။]


[1. ဤလျှို့ဝှက်ခန်းသည် သည်းထိတ်ရင်ဖိုစရာအခန်းဖြစ်ပြီး အချိန်ကန့်သတ်ချက်မရှိပါ။ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းပြီးသည်နှင့် သင်တို့ထွက်သွားနိုင်သည်။ လျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်ရင် လျှို့ဝှက်ခန်းကမ္ဘာမှာ ထာဝရရှိနေမှာပါ။]


[2. C အဆင့် လျှို့ဝှက်ခန်းများတွင် ‘သဲလွန်စစုဆောင်းခြင်း’ အချက်ပြစနစ်မရှိတော့ပါ။ ရှင်းလင်းရေးရမှတ်သည် ပဟေဠိ၏အချိန်နှင့် ဆက်စပ်နေသည်။ အချိန်ပိုတိုလေ၊ ရမှတ်ပိုမြင့်လေဖြစ်သည်။]


[3. 3 of Hearts လျှို့ဝှက်ခန်း၏ အချိန်စီးဆင်းမှုနှုန်းသည် ကတ်ကမ္ဘာနှင့် ကွဲပြားသည်။ ဤနေရာက နေ့တိုင်းသည် ကတ်ကမ္ဘာတွင် 24 မိနစ်သာရှိသည်။ 3 of Hearts လျှို့ဝှက်ခန်း၏ အချိန်စီးဆင်းမှုအပေါ်အခြေခံ၍ သင်တို့ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များသည် ပုံမှန်အတိုင်းအလုပ်လုပ်နေပါသည်။ ဆာလောင်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော သက်ရှိကိစ္စများတုံ့ပြန်မှုတစ်ခု သင်တို့တွင် ရှိလိမ့်မည်။ ကျောင်းအတွင်းတွင် မုန့်သရေစာကောင်တာရှိသည်။ Clubs လျှို့ဝှက်ခန်းမှရရှိသော ရွှေဒင်္ဂါးများဖြင့် ‘ငတ်သေခြင်း’ ၏ရလဒ်ကို စိုးရိမ်စရာမလိုဘဲ ဤနေရာတွင်အသုံးပြုနိုင်ပါသည်။]


[4. ဒီနေ့က ပိတ်ရက်ပါ။ အတန်းတက်မည့်သူ မရှိသဖြင့် သင်တို့နှစ်ယောက်ကိုယ်တိုင် ကျောင်းဝင်းအတွင်း စူးစမ်းလေ့လာနိုင်သည်။]


[5. သင်တို့က အပြင်လူဖြစ်ကြောင်း သတိပြုပါ။ လုံခြုံရေးအစောင့်များက တွေ့ရှိပြီးတာနဲ့ ကျောင်းကနေ နှင်ထုတ်ခံရမှာ ဖြစ်ပါသည်။ လုံခြုံရေးကင်းလှည့်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် ကျောင်းလုံခြုံရေးအစောင့်များနှင့် မထိတွေ့မိစေရန် သတိပြုပါ။ လုံခြုံရေးအစောင့်များက ဖမ်းမိရင် ကျရှုံးမှာဖြစ်ပြီး သင်တို့ကို တိုက်ရိုက်ဖယ်ရှားပစ်လိမ့်မည်။]


[6. ဤသည်မှာ ကျိန်စာသင့်ထားသောကျောင်းဖြစ်သည်။ မေပယ်ပင်များသည် သွေးအလွန်အကျွံစုပ်ယူသောကြောင့် မေပယ်ရွက်များက အလွန်နီသည်ဟု ဆိုကြသည်။]


စာသားက ပြီးဆုံးသွားပြီး သူ့နားထဲမှာ ‘ဒင်း’အသံတစ်ခု ပေါ်လာသည်။

"လျှို့ဝှက်ခန်းကန့်သတ်ကတ်ကို ရထားပါတယ်… ကျေးဇူးပြုပြီး ကတ်ထုပ်ကို စစ်ဆေးပါ…"


ရှောက်လုံသည် ချက်ချင်းဆိုသလိုပဲ သူ့ကတ်ထုပ်ကို ဖွင့်လိုက်ပြီး အထဲမှာ ကတ်အသစ်တစ်ခုကို တွေ့လိုက်သည်။


[ကိရိယာကတ်: ကိုယ်ပျောက်ဝတ်ရုံ]


ရှားပါးမှု: A


ဖော်ပြချက်: 3 of Hearts လျှို့ဝှက်ခန်း ကန့်သတ်ကတ်ဖြစ်သည်။ 3 of Hearts လျှို့ဝှက်ခန်းမှ ထွက်သွားပြီးနောက် ကတ်သည် အလိုအလျောက် ပျက်စီးသွားလိမ့်မည်။


အကျိုးသက်ရောက်မှု: ကိုယ်ပျောက်ဝတ်ရုံကိုဝတ်ပြီး မိနစ် 30 ကြာ မမြင်နိုင်သည့်အခြေအနေကို ချက်ချင်းဝင်ရောက်ပါ။ မမြင်နိုင်သည့်အခြေအနေတွင် သင်သည် အကြည်ရောင်လူသား ဖြစ်လာလိမ့်မည်။ လျှို့ဝှက်ခန်းကမ္ဘာကလူများသည် သင့်ကိုမမြင်နိုင်သလို သင့်ပါတနာကလည်း သင့်ကိုမမြင်နိုင်ဘူး။


ကန့်သတ်ချက်များ: တစ်နေ့တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ အချိန်ကို ဂရုစိုက်ပါ။


ရှောက်လုံသည် ကတ်ကို ဖယ်လိုက်ပြီး အဓိကအချက်အလက်ကို ထုတ်ယူဖို့ ကြိုးစားရင်း လေးထောင့်ဘောင်ထဲက စာသားကို ပြန်ကြည့်လိုက်သည်။


ယခင်က 2 of Hearts တွင် သူသည် အိမ်ထဲသို့ဝင်ပြီး အခင်းဖြစ်ပွားရာနေရာ၌ သဲလွန်စများစုဆောင်းခဲ့ကာ ကျိုးကြောင်းဆင်ခြင်ပြီး လူသတ်သမားကို ဖော်ထုတ်ခဲ့သည်။ ဤသည်မှာ သက်သေအားလုံးကို တည်ရှိနေသည့် အငြိမ်လျှို့ဝှက်ခန်းဖြစ်သည်။ လုံလောက်အောင် သူ ဂရုပြုနေသ၍ သဲလွန်စများကို အမြဲရှာတွေ့နိုင်ပါသည်။


ထိုအချိန်တွင် 3 of Hearts အခန်းသည် ရွေ့လျားလျှို့ဝှက်ခန်းဖြစ်သည်။


သူက ကျောင်းကို ရပ်ကြည့်သူအဖြစ်နဲ့ ဝင်ရမည်။


ဖြေရှင်းရန် လိုအပ်သော လျှို့ဝှက်ဆန်းကြယ်မှု ပေါ်မလာသေးပါ။


သည်နေ့က ပိတ်ရက်ဖြစ်ပြီး အတန်းမဖွင့်သည့် ကျောင်းပတ်ဝန်းကျင်နဲ့ သူ့ကိုယ်သူ ရင်းနှီးဖို့ သည်အချိန်ကို အသုံးပြုပြီး အကြံပြုချက်များကနေ ကောက်ချက်ချနိုင်သည်။ သည်အချိန်အတွင်း အနည်းဆုံး သူတို့သည် ကျောင်း၏မြေပုံကိုဖတ်ပြီး အတန်းနှင့်ရုံးတစ်ခုစီ၏တည်နေရာကို ရှာဖွေရမည်ဖြစ်သည်။


တနင်္လာနေ့ ကျောင်းစဖွင့်သောအခါ အမှုဖြစ်လိမ့်မည်။


သူတို့သည် ကျောင်းအတွင်း အမြန်စုံစမ်းစစ်ဆေးရန်နှင့် လုံခြုံရေးအစောင့်များက ရှာဖွေတွေ့ရှိခြင်းမရှိဘဲ လူသတ်သမားကို ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။ ဤအခက်အခဲသည် လူတစ်ဦးတည်းဖြင့် သက်သေစုဆောင်းသည့် တည်ငြိမ်လျှို့ဝှက်ခန်းထက် နှစ်ဆကျော်ဖြစ်သည်။


သို့သော် C အဆင့် လျှို့ဝှက်အခန်းက သိပ်မခက်ခဲပါဘူး။ ထို့အပြင် ‘လုံခြုံရေး’ အတားအဆီးတစ်ခုတည်းကိုသာ ထားရှိထားခဲ့သည်။


လုံခြုံရေးအစောင့်များက သူတို့ကို ဖမ်းမိရင် ဖြစ်စဉ်ကို ရှင်းလင်းဖို့ ကျရှုံးလိမ့်မယ်လို့ စည်းကမ်းချက်များက ဆိုထားသည်။ ဆရာများနှင့် ကျောင်းသားများက တွေ့ရှိပါက သူတို့ကို ကျောင်းမှ ထုတ်ပယ်မည်ဟု မဆိုထားပေ။ ထို့အပြင် လျှို့ဝှက်ခန်းသည် ‘ကိုယ်ပျောက်ဝတ်ရုံ’ ကန့်သတ်ကတ်ကို ထုတ်ပေးခဲ့သည်။ သူတို့ အန္တရာယ်ကြုံလာရင် ကိုယ်ပျောက်ဝတ်ရုံဝတ်ထားပါက သူတို့အသက်ကို ကယ်နိုင်သည်။


ရှောက်လုံသည် ဒါကို သဘောပေါက်ပြီး ချက်ချင်း ကျောင်းထဲဝင်ကာ ပတ်ဝန်းကျင်ကို အမြန်စစ်ဆေးကြည့်လိုက်သည်။


မကြာမီ သူသည် ကျောင်းတံခါးနှင့်နီးသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ကျောင်းဝင်းတစ်ခုလုံး၏ မြင်ကွင်းကို အကျဉ်းချုံးပြီး တွေ့လိုက်ရသည်။


***


မေပယ်တောအုပ်အထက်တန်းကျောင်းကို လွန်ခဲ့သောငါးနှစ်က စတင်တည်ထောင်ခဲ့သည်။


ဤနေရာတွင် ဗိသုကာဆိုင်ရာ ဆောင်ပုဒ်သည် မေပယ်ပင်များနှင့် ဆက်စပ်နေပြီး အားလုံးသည် မေပယ်ရွက်ကဲ့သို့ အနီရောင်ခြယ်ထားသည်။


ကျောင်း၏ သင်ထောက်ကူပစ္စည်းက စုံလင်သည်။ သင်ကြားရေးဝန်ထမ်းများက အားကောင်းပြီး စက်ပစ္စည်းအဆောက်အဦးများက ပထမတန်းစား ဖြစ်သည်။ အားကစားကွင်း၊ ပြေးလမ်း၊ ပြင်ပဘတ်စကက်ဘောကွင်းရှစ်ကွင်း၊ မိုးလုံလေလုံအားကစားရုံများနှင့် စာကြည့်တိုက်များပါ ရှိခဲ့သည်။ ၎င်းက တက္ကသိုလ်ငယ်လေးတစ်ခုနဲ့ ယှဉ်လုနီးပါးပါပဲ။


အဓိကဒေသခံအထက်တန်းကျောင်းအနေဖြင့် မေပယ်တောအုပ်အထက်တန်းကျောင်းတွင် ကျောင်းသား 3,000 ကျော်နှင့် ဆရာ 300 ကျော်ရှိသည်။ သူတို့အနက် ‘ပထမတန်း အလယ်တန်းအဆင့် ဆရာ 23 ဦး’၊ ဤသည်မှာ ကျောက်သင်ပုန်း၏ အကျဉ်းချုပ်တွင် ဖော်ပြထားသော အချက်အလက်ဖြစ်သည်။


ရှောက်လုံသည် တက္ကသိုလ်တစ်ခုမှ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်ပြီး ပညာရေးစနစ်နှင့် အလွန်ရင်းနှီးသူဖြစ်သည်။ ပထမတန်း အထက်တန်းပြဆရာများအတွက် ခရိုင်တစ်ခုစီရှိ ပညာရေးဗျူရိုတွင် လူဦးရေကန့်သတ်ချက်ရှိမည်ဖြစ်ပြီး ဆရာဟောင်းများ အငြိမ်းစားယူသည့်အခါမှသာ ကန့်သတ်ပမာဏမှ လွတ်မည်ဖြစ်သည်။ ထို့အပြင် ပထမတန်း ခေါင်းစဉ်သည် လုပ်ငန်းခွင်လိုအပ်ချက်နှင့် 10 နှစ်အထက် သင်ကြားခွင့်ရှိသူများသာ အရည်အချင်းပြည့်မီကြောင်း အကဲဖြတ်ခဲ့သည်။


ကျောင်းတွင် ပထမတန်း ဆရာ 23 ဦးရှိသဖြင့် ၎င်းသည် မြို့၏အဓိကအထက်တန်းကျောင်း ဖြစ်ထိုက်သည်။ ထူးဆန်းတာက သည်ကျောင်းက ဟောင်းကျောင်းမဟုတ်ဘူး။ လွန်ခဲ့သည့်ငါးနှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ဆရာအများစုသည် အခြားနေရာမှ ပြောင်းရွှေ့လာကြသည်ကို ညွှန်ပြခဲ့သည်။


ကျောင်းမှာ အဆောက်အဦးခြောက်ခုရှိသည်။ ကျောင်းတံခါးကို မျက်နှာမူထားသည့် အဆောက်အဦးသည် အမြင့်ခုနစ်ထပ်ရှိပြီး အုပ်ချုပ်ရေး အဆောက်အဦးဖြစ်သည့် ဟန်ကျီးအဆောက်အဦးဟု ဆိုသည်။


အုပ်ချုပ်ရေးအဆောက်အဦး၏ နောက်တွင် ရှည်လျားသော အဆောက်အဦး 3 ခုရှိပြီး လေးထပ်မြင့်သည်။ အဆောက်အဦးတစ်ခုစီတွင် စင်္ကြံတစ်ခုနှင့်တစ်ခုက ချိတ်ဆက်ထားပြီး အုပ်ချုပ်ရေး အဆောက်အဦးကို စတုဂံပုံသဏ္ဌာန်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ အဆောက်အဦးသုံးခုကို ကျစ်ယွမ်အဆောက်အဦး၊ စစ်းချီအဆောက်အဦးနှင့် ချုံဝမ်အဆောက်အဦးဟူ၍ခေါ်သည်။ အမည်တစ်ခုစီသည် အဓိပ္ပါယ်ရှိပြီး 1၊ 2၊ 3 သင်ကြားရေးအဆောက်အဦးများဖြစ်သည်။


နောက်ပိုင်းတွင် ရှူးရှန်းအဆောက်အဦး ဟုခေါ်သော သုံးထပ်အဆောက်အဦးကို ဆောက်လုပ်ခဲ့ပြီး ကျောင်းစာကြည့်တိုက်နှင့် ကျောင်းအချက်အလက် အဆောက်အဦးဖြစ်သည်။


မေပယ်ရွက်ပုံသဏ္ဌာန်ရှိသော နောက်ဆုံးအဆောက်အဦးကို ‘အားကစားရုံ’ ဟူသော စာလုံးဖြင့် အမှတ်အသားပြုထားသည်။


ထိုအဆောက်အဦးများ၏ နောက်တွင် ကျယ်ပြောသော ကစားကွင်းတစ်ခုရှိသည်။


မိုးရွာပြီးနောက် လေထုက ထူးထူးခြားခြား လတ်ဆတ်နေသည်။ တိတ်ဆိတ်နေသော ကျောင်းဝင်း၊ အနီရောင် ရော်ဘာပြေးလမ်း၊ မြက်ခင်းစိမ်းစိမ်း၊ ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူများ— မြင်ကွင်းတစ်ခုလုံးသည် လှပသောရှုခင်းပန်းချီကားတစ်ချပ်လိုပင်။


လူများသည် သူတို့၏ ကျောင်းသားနှစ်များကို မနေနိုင်စွာ ပြန်လည်သတိရမိကြသည်။


ကစားကွင်းနောက်တွင် လှပသော မေပယ်တောအုပ်ရှိသည်။ ကစားကွင်းတစ်ဝိုက်တွင် သစ်သားထိုင်ခုံများစွာ ဖြန့်ကျက်ထားရှိပြီး အားလပ်ချိန်တွင် ကျောင်းသားများသည် ဤနေရာ၌ အနားယူကာ မေပယ်ရွက်၏ လှပသောရှုခင်းများကို ခံစားနိုင်သည်။


မေပယ်ပင်များအပြင် ကျောင်းအဆောက်အဦးတစ်ခုစီ၏အောက်တွင် ပန်းခင်းများပါရှိကာ ပတ်ဝန်းကျင်လည်း ကောင်းမွန်လှသည်။


အိပ်ဆောင်အဆောက်အဦး မရှိသောကြောင့် ဤကျောင်းသည် နေ့ကျောင်းသား ဖြစ်နိုင်သည်။


ရှောက်လုံသည် ကျောင်းကို တစ်ချက်လှည့်ပတ်ကြည့်ကာ ကျောင်းတစ်ခုလုံး၏ အပြင်အဆင်ကို အမြန်ရှာဖွေခဲ့သည်။


သူသည် ကစားကွင်းပေါ်တွင် ရပ်နေသော်လည်း ယွီဟန်ကျန်း၏ အရိပ်အယောင်များကို မတွေ့ရသေးပေ။


အဖွဲ့ခေါင်းဆောင်ယွီက ဘယ်မှာလဲ?


လူနှစ်ယောက်အမြန်ဆုံး ဆုံတွေ့နိုင်စေရန်အတွက် ရှောက်လုံသည် မေပယ်တောအုပ်ဘေးရှိ သစ်သားခုံတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။ ကျောင်းဝင်းကြီးက ကြီးလွန်းတော့ လျှောက်သွားနေရင် တစ်ယောက်နဲ့တစ်ယောက် လွဲနေလိမ့်မည်။ အဖွဲ့ခေါင်းဆောင်ယွီသည် မေပယ်တောအုပ်ကိုကြည့်ဖို့ သေချာပေါက်လာမှာဖြစ်ပြီး သူ့ကို သည်မှာစောင့်နေတာက ပိုကောင်းပါသည်။


ရှောက်လုံသည် သူ့စိတ်ထဲတွင် ကျောင်းအပြင်အဆင်ကို စီစဉ်ရင်း စောင့်ဆိုင်းနေခဲ့သည်။


ခဏကြာတော့ သူ့နောက်မှာ တည်ငြိမ်သောခြေသံများကို ကြားလိုက်ရသည်။


ရှောက်လုံ နောက်ပြန်လှည့်ကြည့်လိုက်တော့ နက်မှောင်ပြီးနက်နဲသည့် မျက်လုံးတစ်စုံကို တွေ့လိုက်သည်။ သူက တစ်ဖက်လူကို ပြုံးပြပြီး ဘေးဘက်သို့ ရွှေ့ကာ ထိုင်ရန် ယွီဟန်ကျန်းအား လက်ဟန်ပြသည်။ 

"ခင်ဗျား ဘယ်ရောက်နေတာလဲ? ခင်ဗျား ဘယ်သွားနေတာလဲ?"


ယွီဟန်ကျန်းက သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

"ကိုယ် ကျောင်းရဲ့အတွင်းပိုင်း စောင့်ကြည့်ရေးကင်မရာကို စစ်ဆေးဖို့ သွားခဲ့တာ!"


ရှောက်လုံ: "..."


ရဲတစ်ယောက်က တကယ့်ကို ကျွမ်းကျင်တာပဲ။


"သင်ကြားရေအဆောက်အဦးသုံးခုရဲ့ အထပ်တိုင်းမှာ စောင့်ကြည့်ရေးကင်မရာတွေရှိပြီး အတန်းတိုင်းမှာ စောင့်ကြည့်ရေးကင်မရာတွေရှိတယ်… ကျောင်းတစ်ခုလုံးရဲ့ စောင့်ကြည့်ရေးကင်မရာဗဟိုက ဟန်ကျီးအဆောက်အဦးရှိ လုံခြုံရေးအခန်းဖြစ်တယ်… ကိုယ်သွားကြည့်တော့ ကင်မရာတော်တော်များများက မကောင်းဘူး…"


ယွီဟန်ကျန်းသည် စာရွက်အလွတ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်းကို ထုတ်ကာ ရှောက်လုံအား ရှင်းပြစဉ် ပုံဆွဲပြသည်။

"ချုံဝမ်အဆောက်အဦးရဲ့ ပထမထပ်၊ ဒုတိယထပ်နဲ့ တတိယထပ်ရဲ့ အနောက်ဘက်ခြမ်းက ကင်မရာ၊ စစ်းချီအဆောက်အဦးရဲ့ အရှေ့ဘက်ခြမ်းက ကင်မရာ၊ ကျစ်ယွမ်အဆောက်အဦးရဲ့ တောင်ဘက်ခြမ်းက အတန်း 3၊ 6၊ 2၊ 1 နဲ့ 7 တို့မှာ သူတို့အားလုံးရဲ့ စောင့်ကြည့်ရေးကင်မရာတွေက အမည်းရောင်တွေဖြစ်နေတယ်… ကိုယ် သင်ကြားရေးအဆောက်အဦးတွေကို သွားကြည့်တော့ ကင်မရာတွေက တော်တော်ဆိုးတယ်…"


ရှောက်လုံ: "..."


ရဲတစ်ယောက်က တကယ်တော့ မတူဘူး။ အချိန်တိုလေးအတွင်းမှာ သင်ကြားရေးအဆောက်အဦသုံးခုတွင် တပ်ဆင်ထားသော စောင့်ကြည့်ရေးကင်မရာများက ပျက်စီးနေပြီး စောင့်ကြည့်ရေးမှတ်တမ်းက ရပ်တန့်နေကြောင်း သူတကယ်တွေ့ရှိခဲ့သည်။


ဖြန့်ချီရေးမြေပုံကို ညွှန်ပြရင်း ရှောက်လုံး၏ မျက်လုံးများ တောက်ပလာသည်။ 

"လုံခြုံရေးအခန်းက ကျောင်းမှာရှိတဲ့ စောင့်ကြည့်ရေးကင်မရာအားလုံးကို မြင်နိုင်တယ်… တနင်္လာနေ့မှာ ကျောင်းစဖွင့်တာနဲ့ ကျွန်တော်တို့တွေ ဒီစောင့်ကြည့်ရေးကင်မရာတွေကို ရှောင်သင့်တယ်မဟုတ်ဘူးလား?"


ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ 

"ဟုတ်တယ်၊ စောင့်ကြည့်ရေးကင်မရာက နေရာလွတ်တွေကို ရွေးပြီး လုံခြုံရေးအစောင့်တွေ ရှာမတွေ့အောင် ကြိုးစားရမယ်…"


ရှောင်လုံ၏ရင်ထဲ လေးစားမှုဖြင့် ပြည့်နှက်နေသည်။ အဖွဲ့ခေါင်းဆောင်ယွီကြောင့်သာ မဟုတ်ပါက သင်ကြားရေးအဆောက်အဦး၏ စောင့်ကြည့်ရေးကင်မရာကို စစ်ဆေးရန် သူစိတ်ကူးရှိမည်မဟုတ်သလို လုံခြုံရေးအစောင့်က သူလုပ်ရှားနေစဉ်အတွင်း လုံခြုံရေးအစောင့်က တွေ့ရှိသွားခြင်းဖြစ်နိုင်သည်။ လုံခြုံရေးအစောင့်ကို သူ့ကိုဖမ်းဖို့ တယ်လီပို့လို့ မရပါဘူး။ သူ့ကိုတွေ့ခဲ့ရင်တောင် လုံခြုံရေးအစောင့်ဆီကနေ ထွက်ပြေးရန် နည်းလမ်းရှာနိုင်ပါသည်။ သို့သော် ၎င်းသည် နောက်ထပ်အကောင်းဆုံးမူဝါဒဖြစ်သည်။ ထို့အပြင် လုံခြုံရေးအစောင့်များ လိုက်ဖမ်းခြင်းခံရတာက မကောင်းသလို ဝတ်ရုံကို အသုံးပြုဖို့ကလည်း ကန့်သတ်ချက်များ ရှိသည်။


ယွီဟန်ကျန်း၏ ထောက်လှမ်းရေးဆန့်ကျင်ခြင်းစွမ်းရည်သည် ပထမတန်းစားဖြစ်သည်။ ဤပြစ်မှုစုံစမ်းစစ်ဆေးစဉ်အတွင်း သူ့ဘေးတွင် လူတတ်ကြီးတစ်ယောက်ရှိသောကြောင့် ရှောက်လုံ၏ ယုံကြည်မှုက ရုတ်တရက် နှစ်ဆတိုးလာသည်။


ယွီဟန်ကျန်းက မေးလိုက်သည်။

"မင်းဘာတွေ့ထားလဲ?"


"ကျွန်တော်က ကျောင်းကို ဖြတ်လျှောက်ပြီး ကျောင်းတစ်ခုလုံးရဲ့ အသွင်အပြင်ကို ကြည့်ခဲ့တယ်… ကျွန်တော် ခင်ဗျားအတွက် ပုံဆွဲပြမယ်…"


သူသည် ယွီဟန်ကျန်း၏စာအုပ်နှင့် ဘောပင်ကိုယူကာ အဆောက်အဦးအားလုံးကို စာရွက်လွတ်ပေါ်တွင် အမြန်ဆွဲလိုက်သည်။


ရှောက်လုံ၏ မှတ်ဉာဏ်သည် ကောင်းမွန်ပြီး ဂရပ်ဖစ်အပေါ် အလွန်အမင်း အာရုံခံစားနိုင်သူဖြစ်သည်။ သူရေးဆွဲထားသော အထပ်အစီအစဉ်သည် ပရော်ဖက်ရှင်နယ်ဗိသုကာစံနှုန်းများနှင့်မကိုက်ညီသော်လည်း အဆောက်အဦးတစ်ခုစီ၏ ပုံသဏ္ဌာန်၊ အရွယ်အစားနှင့် အကွာအဝေးကို ရှင်းလင်းစွာပြသထားသည်။


ယွီဟန်ကျန်းက သူ့ကို လေးစားစွာဖြင့် စိုက်ကြည့်နေသည်။

"ကိုယ် ဒီကမ္ဘာထဲဝင်လာတာနဲ့ ဟန်ကျီးအဆောက်ဦးရဲ့ ပထမထပ်မှာရောက်နေပြီး စောင့်ကြည့်ရေးကင်မရာမှာ ပြဿနာရှိနေတာကို တွေ့ခဲ့တယ်… တစ်ကျောင်းလုံးကို ပတ်ကြည့်ဖို့ အချိန်မရသေးခင် ကိုယ် အရင်ဆုံး စောင့်ကြည့်ရေးကင်မရာကို စစ်ဆေးဖို့ သွားခဲ့တယ်…"


သူတို့နှစ်ဦးသည် သင်ကြားရေးအဆောက်အဦးအတွင်းပိုင်းနှင့် ကျောင်း၏အပြင်အဆင်ကို စစ်ဆေးကြည့်ရှုခဲ့ကြသည်။ အချင်းချင်းပူးပေါင်းကာ မေပယ်တောအုပ်အထက်တန်းကျောင်းတွင် အခြေအနေကို လျင်မြန်စွာ အကြံဉာဏ်ရယူခဲ့ကြသည်။ သူတို့နှစ်ဦးသည် စာအုပ်တွင် ရေးဆွဲထားသော စောင့်ကြည့်ရေးကင်မရာမြေပုံနှင့် ကျောင်းဝင်းအထပ်အစီအစဥ်ကို မိတ္တူပြုလုပ်ပြီး နောက်ပိုင်းအသုံးပြုရန်အတွက် သူတို့၏အိတ်ကပ်ထဲတွင် ထည့်ထားကြသည်။အနာဂတ်တွင် လူခွဲရန် လိုအပ်ပါက နေရာမှားသွားမည်မဟုတ်ပေ။


ရှောက်လုံသည် ကျောင်းတံခါးနှင့် မျက်နှာချင်းဆိုင် အထပ်မြင့် အဆောက်အဦးကို ညွှန်ပြပြီး မေးလိုက်သည်။

"ဟန်ကျီးအဆောက်အဦးကို တက်ဖူးလား?"


ယွီဟန်ကျန်းက ခေါင်းယမ်းလိုက်သည်။

"ပထမထပ်မှာ လုံခြုံရေး ရုံးခန်းကို တွေ့ခဲ့တယ်… တာဝန်ကျ လုံခြုံရေး အစောင့်တစ်ယောက် ရှိတယ်… ဒါပေမယ့် သူက အိပ်ပျော်နေတယ်… မင်းဆီ အရင်လာချင်လို့ အပေါ်ထပ်ကို မစစ်ဆေးခဲ့ရဘူး…"

 

ရှောက်လုံက ခဏလောက်စဉ်းစားလိုက်သည်။

"ဒီနေ့က ပိတ်ရက်လို့ လေးထောင့်ဘောင်ထဲမှာ သတိပေးထားတာကြောင့် ကျောင်းမှာ အတန်းမရှိဘဲ ကျွန်တော်တို့တွေ တစ်ချက်လောက် စူးစမ်းလေ့လာကြည့်လို့ရတယ်… လုံခြုံရေးအစောင့် အိပ်နေတာက ကျောင်းရဲ့အပြင်အဆင်ကို ကျွန်တော်တို့ကို တတ်နိုင်သမျှ မြန်မြန်ရှာဖွေခိုင်းတာဖြစ်မယ်… ကျွန်တော်တို့အတူ သွားရှာကြည့်ကြမလား?"


ယွီဟန်ကျန်းက ရိုးရှင်းစွာ ထရပ်လိုက်သည်။

"သွားရအောင်…"


#TK