Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 22 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၀၃)
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ရင့်ရှောင်ယာ၏နောက်သို့ ပေါ့ပါးသောခြေလှမ်းများနှင့်အတူ လိုက်လာခဲ့ကြပြီး အတန်း 3 သင်ကြားရေးအဆောက်အဦးဖြစ်သည့် ချုံဝမ်အဆောက်အဦးသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့ကြသည်။
7:40 မှာ အတန်းတွေစနေပြီ။ စာသင်ခန်းထဲတွင် စာဖတ်သံများ ရံဖန်ရံခါ ကြားနေရသည်။ ရင့်ရှောင်ယာသည် တတိယထပ်ရှိ အတန်း 3 သို့ လျှောက်သွားခဲ့သည်။ သူမသည် စာသင်ခန်းတံခါးဝတွင် ရပ်ကာ တွန့်ဆုတ်နေပုံပေါ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
အနီးကပ်ကြည့်လိုက်တော့ ရင့်ရှောင်ယာသည် တကယ်ကို အလွန်လှသည်။ သူမသည် ဖြူစင်သောအသားအရည်၊ ထူးကဲသော မျက်နှာအသွင်အပြင်နှင့် အလွန်မှတ်မိနိုင်သော မျက်လုံးကြီးတစ်စုံရှိသည်။ သူမသည် ပိန်ပါးပြီး ဆံပင်များက နားရွက်အောက်သို့ ကျဆင်းသွားသည်။ သူမ၏မျက်နှာက သေးပြီး နူးညံ့သိမ်မွေ့ကာ သူမသည် ကျောင်းတွင်းဇာတ်လမ်းတွဲ၏ အမျိုးသမီးဇာတ်လိုက်အဖြစ် လုံးဝသင့်လျော်သည်။
သူမသည် တံခါးရှေ့တွင် ခဏတာ တုံ့ဆိုင်းနေပြီး နှုတ်ခမ်းကို ကိုက်ကာ အော်လိုက်သည်။
"သတင်းပို့ပါတယ်!"
စာသင်ခန်းတံခါးပွင့်လာပြီး ဖြောင့်စင်းနေသော ဆံပင်ရှည်ရှည်နဲ့ ဂါဝန်အကပ်ဝတ်ထားသော ဆရာမက အေးစက်စွာပြောသည်။
"ရင့်ရှောင်ယာ ဘယ်အချိန်ရှိပြီလဲ နင်သိလား? ဒီနေ့ ငါ သတ်ပုံစာမေးပွဲ လုပ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တယ်လေ… နင်က အခုမှ အတန်းကို လာတတ်တာပေါ့?"
မရေတွက်နိုင်သော မျက်လုံးများသည် စာသင်ခန်းထဲမှ လှမ်းကြည့်နေသည်။ ရင့်ရှောင်ယာသည် ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်မ တောင်းပန်ပါတယ်…"
ဆရာမက မျက်မှောင်ကြုတ်ပြီး သူမကို ဝင်ခွင့်ပြုလိုက်သည်။ ရင့်ရှောင်ယာသည် ထိတ်လန့်စွာဖြင့် သူမ၏ ထိုင်ခုံဆီသို့ ပြေးသွားပြီး ဖြစ်စဉ်တွင် ကောင်လေးက စားပွဲပေါ်တင်ထားသော သတ္တုဘောပင်ဘူးကို သူမက တိုက်မိလိုက်သည်။ တိတ်ဆိတ်သောစာသင်ခန်းထဲတွင် ‘ဘမ်း’ဟူသောအသံဖြင့် ဘောပင်များ၊ ခဲဖျက်များနှင့် ပေတံများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေတာကို ကြားရသည်။ ရင့်ရှောင်ယာသည် ထိုအရာများကို သူ့အား ကူကောက်ပေးရန် ပြေးလာပြီး တိုးတိုးပြောသည်။
"တောင်းပန်ပါတယ် အတန်းခေါင်းဆောင်၊ ငါ တမင်လုပ်တာမဟုတ်ပါဘူး…"
ကောင်လေးသည် ငုံ့လိုက်ပြီး ပြန့်ကျဲနေသော စာရေးကိရိယာများကို ကောက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး…"
ရင့်ရှောင်ယာသည် နောက်ဆုံးတွင် သူမ၏ ထိုင်ခုံသို့ ရောက်လာသည်။
အတန်းထဲတွင် ကျောင်းသား စုစုပေါင်း 40 ရှိသည်။ စားပွဲတစ်ခုတွင် လူနှစ်ယောက်ထိုင်ပြီး ရင့်ရှောင်ယာ၏ထိုင်ခုံသည် တံခါးအနီး ပဉ္စမတန်းတွင်ရှိသည်။ သူမ၏ ထိုင်ခုံဖော်သည် ဆံမြီးကျစ်ထားသော ဝတုတ်သည့် မိန်းကလေးဖြစ်ပြီး သူမကို မေးလိုက်သည်။
"နင်အဆင်ပြေရဲ့လား?"
ရင့်ရှောင်ယာသည် ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး စားပွဲနောက်သို့ လှမ်းထိုင်ကာ သူမ၏ အိတ်ထဲမှ အင်္ဂလိပ်ဖတ်စာအုပ်ကို အမြန်ထုတ်လိုက်သည်။
ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ပြတင်းပေါက်သေးသေးလေးမှနေ၍ အနောက်တံခါးဝတွင် ရပ်နေကြစဉ် စာသင်ခန်းတံခါးကို အမျိုးသမီးဆရာမက ပိတ်ထားသည်။
အနောက်တံခါးနားတွင် ထိုင်နေသော မိန်းကလေးတစ်ဦးသည် စူးစူးရှရှ မျက်လုံးများနှင့် သူတို့ကို တွေ့သွားသည်။ သူမက ရှောက်လုံကိုကြည့်ကာ တိုးတိုးလေးပြောသည်။
"အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ?"
"သူတို့က ကျောင်းရဲ့ကြီးကြပ်ရေးရုံးအပိုင်းက နေမှာပေါ့… စာသင်ခန်းရဲ့ စည်းကမ်းကို စစ်ဆေးနေတာဖြစ်မယ်…"
"သူတို့ကို ငါမမြင်ဖူးဘူး… သူတို့က အသစ်တွေလား? သူတို့က အရမ်းချောတာပဲ…"
"သူတို့က တော်တော်ချောတယ်… ဟေး၊ ဆရာမ ကြည့်နေတယ်… စကားမပြောနဲ့…"
ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။
3 of Hearts အခန်းတွင် လုံခြုံရေးအစောင့်များ၏ ဖမ်းဆီးခြင်းကို ခံရမှသာ ကျောင်းကနေ ထုတ်ပယ်ခြင်း ခံရမည်ဖြစ်သည်။ ကျောင်းသားများနှင့် ဆရာများ သူတို့ကိုတွေ့ရှိပါက ဆိုးကျိုးမရှိပါ။ ယွီဟန်ကျန်းက ရှောက်လုံ၏ နားထဲကို တိုးတိုးလေးပြောလိုက်သည်။
"ပရော်ဖက်ဆာရှောက်၊ ကိုယ်တို့ ဒီကျောင်းရဲ့ဆရာတွေလို ဟန်ဆောင်ဖို့ ဖြစ်နိုင်လား?"
ရှောက်လုံက ပေါ့ပေါ့ပါးပါးအသံနဲ့ ပြန်ပြောသည်။
"ဖြစ်နိုင်တယ်… ဒီကျောင်းမှာ ဆရာအရေအတွက်က 300 ကျော်ရှိပြီး ကျောင်းသားတွေက အကုန်လုံးကို သေချာပေါက် မှတ်မိမှာမဟုတ်ဘူး…"
ယွီဟန်ကျန်းသည် ခေါင်းငြိမ့်လိုက်ပြီး ရှောက်လုံကိုဆွဲခေါ်ကာ နောက်ပြန်ဆုတ်သွားသည်။
သူတို့နှစ်ဦးသည် တတိယထပ်ရှိ စောင့်ကြည့်ရေးကင်မရာ မမြင်နိုင်သောနေရာတွင် ပုန်းအောင်းနေပြီး လုံခြုံရေးအစောင့်များ မြင်တွေ့ရန်အတွက် စိုးရိမ်စရာ မလိုပေ။ ထို့အပြင် မနက်ပိုင်း အတန်းများအားလုံးသည် အတန်းတက်နေပြီး စင်္ကြံလမ်းက အလွန်တိတ်ဆိတ်နေပါသည်။ စာသင်ခန်းအတွင်း လှုပ်ရှားမှုများသည် ရှင်းလင်းပြတ်သားပြီး ယွီဟန်ကျန်း ရွေးချယ်သောနေရာသည် ပြတင်းပေါက်မှ ရင့်ရှောင်ယာကို မြင်နိုင်စေမည့် နေရာတစ်ခုဖြစ်သည်။
စာသင်ခန်းထဲမှာ ဆရာမက ရင့်ရှောင်ယာ၏ နှောင်းပိုင်းအခန်းကို လျစ်လျူရှုပြီး စာဆက်သင်သည်။
လစဉ် စာမေးပွဲရလဒ်များကို ဝေပေးရန် အတန်းခေါင်းဆောင်အား သူမတောင်းဆိုခဲ့သည်။
စာရွက်ကို လက်ခံရရှိချိန်တွင် ရင့်ရှောင်ယာ၏မျက်နှာ၌ သွေးများမရှိတော့ပေ။
အင်္ဂလိပ်ဆရာမက သူမကို စိုက်ကြည့်ပြီး အေးစက်စွာပြောသည်။
"ဒီလစဉ်စာမေးပွဲအတွက် ငါတို့အတန်းမှာ 15 မှတ်ပဲ စာမေးပွဲဖြေနိုင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ရှိတယ်! စာရွက်က စုစုပေါင်း 150 မှတ်… နင်မျက်လုံးမှိတ်ပြီး ခဲဖျက်နဲ့ပစ်တာ ဒါမှမဟုတ် ABCD ကို ခန့်မှန်းပြီးရွေးရင်တောင် ဒီထက်ရမှတ်ပိုများဦးမယ်!"
စာသင်ခန်းက တိတ်ဆိတ်နေပြီး ရင့်ရှောင်ယာ၏ခေါင်းက စားပွဲကို ထိလုနီးပါးပါပဲ။
အင်္ဂလိပ်ဆရာမက သူမကို တိုက်ရိုက် ခေါ်ခဲ့သည်။
"ရင့်ရှောင်ယာ"
မိန်းကလေးက မတ်တတ်ရပ်လိုက်သည်။
အင်္ဂလိပ်ဆရာမက မေးသည်။
"‘ငါ့မိသားစုက ကျိန်စာသင့်နိုင်တယ်’— အဲဒီစာကြောင်းကို ဘယ်လိုဘာသာပြန်သလဲ?"
"My Family is…"
သူမသည် စကားလုံးကို မေ့သွားပြီး ဆက်မပြောနိုင်တော့ပေ။
အင်္ဂလိပ်စာဆရာမသည် မျက်မှောင်ကြုတ်ပြီး တတိယတန်းအလယ်မှာ ထိုင်နေသည့် ကောင်လေးကို လှည့်ကြည့်လိုက်သည်။
"ရှဲ့ရှင်းဟယ်၊ နင်ပြောလိုက်…"
ခဲတံဘူးပြုတ်သွားခဲ့သော ကောင်လေးသည် မတ်တတ်ရပ်ကာ အရပ်မြင့်မြင့်နဲ့ အေးစက်သောမျက်နှာထားရှိသည်။ သူသည် သူ၏နှာတံပေါ်မှ ငွေရောင်မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆရာမကို တည်ငြိမ်စွာ ကြည့်နေသည်။
"Maybe there is a curse my family"
ဤလူငယ်လေးသည် သူ့အသံပြောင်းလဲနေသည့်အချိန်ဖြစ်ပေမယ့် သူ့အသံက ကြည်လင်ပြီး အင်္ဂလိပ်လိုပြောသောအခါ အထူးကောင်းမွန်သည်။
ဆရာမက ကျေနပ်စွာ ခေါင်းငြိမ့်ပြပြီး ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူမသည် ရင့်ရှောင်ယာကို တစ်ချက်ကြည့်လိုက်သည်။ "ကြားလား? ရင့်ရှောင်ယာ၊ ငါ ဒီမေးခွန်းကို ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပေမယ့် နင်က ငါ့ကို တိုက်ရိုက် လေဗလာ ပေးနေတာလား? နင် အတန်းထဲမှာ ဘာလုပ်နေတာလဲ?"
အတန်းတစ်တန်းလုံး၏ မျက်လုံးများသည် သူမဆီသို့ စူးစူးစိုက်စိုက်ကြည့်နေပြီး ရင့်ရှောင်ယာက ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်ကာ သူမခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားသည်။
အင်္ဂလိပ်ဆရာမက ပြတ်ပြတ်သားသားပြောလိုက်သည်။
"ဒီအတန်းအတွက် နင့်ရဲ့စာရွက်တွေ ယူသွားပြီး နောက်တန်းမှာ မတ်တတ်ရပ်ပြီး နားထောင်နေ!"
ရင့်ရှောင်ယာသည် စာရွက်ကိုယူကာ နောက်တန်းသို့ သွားခဲ့သည်။ သူမက ခေါင်းကို ငုံ့ထားပြီး သူမ၏အမူအရာကို မမြင်ရပေ။ သူမသည် လက်သီးများကို ဆုပ်ထားရင်း လှုပ်ယမ်းနေသည်။
ရှောက်လုံက မျက်မှောင်ကြုတ်လိုက်သည်။ အင်္ဂလိပ်ဆရာမသည် ကျောင်းသားအားလုံးရှေ့မှာ သူမကို အပြစ်ရှာပြီး လူပုံလယ်ပြစ်ဒဏ်ပေးသည့်နေရာသို့ ပို့လိုက်သည်။ ဒါက မိန်းကလေး၏ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို ထိခိုက်စေလိမ့်မည်။ အထူးသဖြင့် ရင့်ရှောင်ယာသည် ယခုအခါ အသက် 17 နှစ် သို့မဟုတ် 18 နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူမသည် စိတ်ထိခိုက်လွယ်၏။ သည်အပြစ်တင်မှုကို သည်းမခံနိုင်လောက်ဘူးလို့ ခန့်မှန်းရသည်။
ရင့်ရှောင်ယာ၏ခေါင်းက နိမ့်ပြီးရင်းနိမ့်သွားတာကို မြင်လိုက်ရသဖြင့် ရှောက်လုံသည် သူ့စိတ်ထဲတွင် မကောင်းသော ခံစားချက်ကို ခံစားနေရသည်။
ပုံမှန်အတန်းစပြီး ဆရာမသည် လစဉ်စာမေးပွဲစာရွက်ကို ရှင်းပြခဲ့သည်။
ရှောက်လုံသည် ခဏမျှ စောင့်ကြည့်နေခဲ့ပြီး ယွီဟန်ကျန်း၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်ယွီ၊ တစ်ခုခုတော့ မူမမှန်ဘူးလို့ ကျွန်တော် ခံစားရတယ်…"
ယွီဟန်ကျန်းက လေးနက်သော မျက်လုံးများဖြင့် လှည့်ကြည့်လာပြီး တိုးတိုးပြောသည်။
"မင်း ဘာတွေ့လို့လဲ?"
"ဒါက ရွေ့လျားတဲ့ဇာတ်ကွက်လျှို့ဝှက်ခန်းဖြစ်ပြီး ပတ်ပတ်လည်က သဲလွန်စတွေကို စုဆောင်းဖို့ လိုတယ်… ပြီးခဲ့တဲ့လက စာမေးပွဲမှာ အင်္ဂလိပ်စာ စာမေးပွဲစာရွက်ပေါ်က မေးခွန်းတွေကို အင်္ဂလိပ်ဆရာမက ရင့်ရှောင်ယာကို ဘာသာပြန်ခိုင်းပြီး သူမက မဖြေနိုင်တာကြောင့် ရှဲ့ရှင်းဟယ်ကို ဆက်ဖြေခိုင်းတယ်… အဲဒီမေးခွန်းက သဲလွန်စဖြစ်မယ်လို့ ကျွန်တော် ခံစားရတယ်…"
ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ကာ ခဏမျှ တွေးတောပြီးနောက် သူ့မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခု ပေါ်လာသည်။
"မင်းဆိုလိုတာက ‘ငါ့မိသားစုက ကျိန်စာသင့်နိုင်တယ်’မှာ အဓိကစကားလုံးက ‘ကျိန်စာ’ပဲ… ဒါက လျှို့ဝှက်ခန်းထဲ ဝင်သွားတဲ့အခါ ငါတို့ နောက်ဆုံးရလာတဲ့ အရိပ်အမြွက်နဲ့ သက်ဆိုင်နေသလား?"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်၊ ဒါက ကျိန်စာသင့်ကျောင်းပဲ…"
လျှို့ဝှက်ခန်းထဲဝင်သွားတော့ နောက်ဆုံးအကြံပြုချက်မှာ မေပယ်တောအုပ်အထက်တန်းကျောင်းက ကျိန်စာသင့်ကျောင်းဖြစ်တယ်လို့ ဆိုထားသည်။ မေပယ်ရွက်သည် သွေးအလွန်အကျွံစုပ်ယူသောကြောင့် အနီရောင်ဖြစ်နေသည်။
ထိုအချိန်တုန်းက ရှောက်လုံသည် ဤဝါကျကို တမင်တကာ ကြောက်မက်ဖွယ်ရာ ဖန်တီးထားသည်ဟုသာ ခံစားခဲ့ရသော်လည်း ယခုတော့ ရိုးရှင်းပုံမပေါ်ဘူး။
ကျိန်စာလား။ ကျောင်းဝင်း၏ သွေးထွက်သံယိုကိစ္စသည် ကျိန်စာနှင့် ဆက်စပ်နေပါသလား။
နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့၏အမူအရာက လေးနက်လာပြီး စာသင်ခန်းကို ဆက်ကြည့်ကြသည်။
နောက်တော့ အတန်းထဲမှာ ဘာမှမဖြစ်ခဲ့ဘူး။ အင်္ဂလိပ်ဆရာမသည် ခေါင်းလောင်းသံမြည်ပြီး သူမထွက်သွားသည်အထိ စာမေးပွဲစာရွက်အကြောင်း ဆက်ပြောနေခဲ့သည်။
စာသင်ခန်းက အသက်ဝင်လာသည်။ ကျောင်းသား နှစ်ယောက်၊သုံးယောက် စုပြီး စကားစမြည်ပြောကြသည်။ တချို့လူများက ရှဲ့ရှင်းဟယ်၏ အိမ်စာများကို ငှားပြီး တချို့လူများက သန့်စင်ခန်းထဲဝင်ရန် ပြေးထွက်သွားကြကာ တချို့က မနက်စာစားဖို့ ပေါင်မုန့်များထုတ်ကြသည်။
ရင့်ရှောင်ယာတစ်ယောက်တည်းသာ စာသင်ခန်းနောက်ဘက်တွင် တစ်ယောက်တည်း ရပ်နေပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။
သူမ၏ ထိုင်ခုံဖော်က သွားကာ စက္ကူသုတ်ပုဝါတစ်ထည်ကို ပေးပြီး သူမလက်ကို နှစ်သိမ့်စွာ ဆုပ်ကိုင်လိုက်သည်။
"ရှောင်ယာ၊ ဘာမှမဖြစ်ပါဘူး… နင် ဒီတစ်ခေါက် စာမေးပွဲကောင်းကောင်း မဖြေနိုင်ပေမယ့် နောက်လမှာ ရလဒ်က ပိုကောင်းလာမှာပါ… ကျန်းချင်၊ အဲဒီမိန်းမက ရက်စက်တယ်၊ ဒါပေမယ့် သူမက နင်တစ်ယောက်တည်းကို အဲလိုလုပ်တာမဟုတ်ပါဘူး… လူအများကိုလည်း သူမ ဆူပူကြိမ်းမောင်းတာပဲ… စိတ်ထဲမထားပါနဲ့…"
ကျန်းချင်က အခုလေးတင် အင်္ဂလိပ်စာဆရာမဖြစ်ပုံရသည်။
ရင့်ရှောင်ယာသည် သူမမျက်ရည်များကို အမြန်သုတ်လိုက်ပြီး ပြုံးရုံသာပြုံးလိုက်သည်။
"ကျေးဇူးပါ ယိရူ…"
ထိုအချိန်တွင် အတန်းခေါင်းဆောင် ရှဲ့ရှင်းဟယ်သည် အေးစက်သောမျက်နှာဖြင့် ရောက်လာသည်။
"ရင့်ရှောင်ယာ၊ မင်းဒီနေ့နောက်ကျလို့ ငါတို့အတန်းက 2 မှတ်လျှော့ခံလိုက်ရပြီ… ဒီအပတ်မှာ ငါတို့က အဆင့်မြင့်အတန်းအဖြစ် အဆင့်သတ်မှတ်ခံရမှာမဟုတ်ဘူး… ကျေးဇူးပြုပြီး အတန်း 3 ကို မင်း ဆွဲချနေတာ ရပ်ပေးလို့ရမလား?"
ရင့်ရှောင်ယာသည် ရှက်ရွံ့သည့်ပုံစံဖြင့် ခေါင်းငုံ့လိုက်သည်။
"အတန်းခေါင်းဆောင်၊ ငါတမင်လုပ်တာမဟုတ်ပါဘူး၊ ငါ…"
ရှဲ့ရှင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။
"နောက်တစ်ခါ နှိုးစက်နာရီကို သုံးဖို့ သတိရပြီး နောက်တစ်ကြိမ် မနောက်ကျစေနဲ့…"
ထိုအချိန်တွင် အရပ်မြင့်မြင့် ကောင်လေးတစ်ယောက် ရုတ်တရက်ရောက်လာပြီး ရင့်ရှောင်ယာ ရှေ့ကနေ ပိတ်ဆို့ကာ အတန်းခေါင်းဆောင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ရှဲ့ရှင်းဟယ်၊ မင်းဒီမှာ ဘာတွေလာပြောနေတာလဲ? သူမပြောတာ မင်းမကြားဘူးလား? သူမ တမင်လုပ်တာမဟုတ်ဘူး!"
ရင့်ရှောင်ယာက ဖြူဖျော့နေသောမျက်နှာဖြင့် သူ့ကို ဆွဲလိုက်သည်။
"ယွီဟွေး မပြောနဲ့တော့…"
ယွီဟွေးသည် မျက်ခုံးပင့်ကာ အတန်းခေါင်းဆောင်၏ မျက်လုံးများကို စိုက်ကြည့်နေသည်။
"မင်းရဲ့သူတော်ကောင်းယောင်ဆောင်နေတာကို ငါနားမလည်ဘူး… မင်းက ဘာလို့ ကျောင်းရဲ့ အမှုဆောင်လိုမျိုး သရုပ်ဆောင်နေရတာလဲ? အတန်းခေါင်းဆောင်လုပ်ရတာ အရမ်းကောင်းနေလား?"
ရှဲ့ရှင်းဟယ်က သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။
"ငါမှားလား? သူမက အခုလမှာ အကြိမ်းအနည်းငယ် နောက်ကျခဲ့တာ… မင်းကိုယ်တိုင် သူမကို မေးကြည့်လိုက်…"
ကောင်လေးနှစ်ယောက်သည် ထိပ်တိုက်ရင်ဆိုင်ရင်း မျက်လုံးများဖြင့် ဖိအားများ ထုတ်လွှတ်နေကြပြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
"လခွမ်း၊ အတန်းပိုင်ဆရာလာနေပြီ!"
အခန်းသည် ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်းက ထိုင်ခုံဆီသို့ ပြန်ပြေးသွားကာ သူတို့၏ ဘာသာစကား ဖတ်စာအုပ်ကို ထုတ်ပြီး ဟန်ဆောင်ဖတ်နေကြသည်။ အိမ်စာများ ကူးနေသည့် ကျောင်းသားများက ကြောက်လွန်းလို့ စာအုပ်များကို စားပွဲခုံအောက်ထဲသို့ အမြန်ထည့်ကြသည်။ စာသင်ခန်းနောက်ဘက်ရှိ လူလေးယောက်လည်း ထိုင်ခုံဆီသို့ ပြန်သွားကြသည်။
ရှောက်လုံ: "..."
အတန်းပိုင်ဆရာသည် အလွန်အာဏာရှင်ပုံပေါ်သည်။ ကျောင်းသားအုပ်စုသည် ကြောင်သံကြားလိုက်ရသော ကြွက်ကဲ့သို့ အတန်းဆရာကို တုံ့ပြန်ခဲ့သည်။
အတန်းပိုင်ဆရာသည် လူလတ်ပိုင်းအရွယ် သန်စွမ်းသောပုံစံရှိသည်။ သူ့မျက်လုံးများက အခန်းထဲကို ဝေ့ကြည့်ကာ ပြုံးလိုက်သည်။
"အိုး မင်းတို့ ဒီနေ့ အရမ်းလေးနက်နေပါလား? ဒါပေမယ့် မင်းတို့ရဲ့သရုပ်ဆောင်ပုံက တော်တော်ဆိုးတယ်… တချို့ကျောင်းသားတွေ သူတို့ရဲ့ဖတ်စာအုပ်တွေကို ဇောက်ထိုးကိုင်ထားကြတယ်…"
စာအုပ်ဇောက်ထိုးကိုင်ထားသော ကျောင်းသားများသည် ချက်ချင်းပင် မျက်နှာအနီရောင်ပြောင်းသွားကာ သူတို့၏ဖတ်စာအုပ်များကို အတည့်လုပ်လိုက်သည်။
အတန်းပိုင်ဆရာက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီလရဲ့ စာမေးပွဲ အောင်စာရင်း ထွက်လာပြီ… ငါတို့ရဲ့ အထက်တန်း အတန်း 3 က သိပ္ပံအတန်းမှာ နောက်ဆုံးနေရာရပြီး ဒီအထဲကကျောင်းသားတစ်ယောက်ကလည်း အတန်းလုံးရဲ့ နောက်ဆုံးနေရာကို ဆွတ်ခူးထားတယ်… ဒီလို‘အောင်ပန်း’မျိုးကို ဂုဏ်ပြုထိုက်ပါတယ်…"
ကျောင်းသားများ: "…"
အတန်းပိုင်ဆရာက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"မင်းတို့ရဲ့ထူးချွန်တဲ့ရလဒ်တွေကို ဂုဏ်ပြုဖို့အတွက် ဒီနေ့ဘာသာစကားအတန်းကို မသင်ဘူး! အားကစားကွင်းကို သွားပြီး ငါ့အတွက်ပြေးပေး၊ အဲဒါမှ အခြားဆရာတွေနဲ့ ကျောင်းသားတွေအားလုံးက မင်းတို့ရဲ့ပုံစံကို မြင်ခွင့်ရမှာ… ယွီဟွေးက ဦးဆောင်ပြီး 10 ပတ်ပြီးမှ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့!"
ကျောင်းသားအုပ်စုသည် နာကျင်သောအမူအရာများဖြင့် စာသင်ခန်းထဲမှ ထုတ်ပယ်ခံခဲ့ရသည်။
ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ဆရာ၏ ပြုလုပ်ပုံကြောင့် အံ့အားသင့်ခဲ့ပြီး အချိန်မီ လမ်းကနေ မထွက်သွားနိုင်ခဲ့ပေ။ သူတို့သည် စာသင်ခန်းထဲက ထွက်လာသော ကျောင်းသားများနဲ့ တိုက်ရိုက် ပက်ပင်းတိုးလေသည်။
ကျောင်းသားတော်တော်များများက သူတို့ကို စူးစူးစိုက်စိုက်ကြည့်ကြပြီး မိန်းကလေးတချို့က သူတို့၏အထောက်အထားများအကြောင်း တိုးတိုးပြောနေကြသည်။
အတန်းပိုင်ဆရာက တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။
"မင်းတို့နှစ်ယောက်…?"
ရှောက်လုံက ပြုံးပြီး ရှေ့ကို တိုးလာသည်။
"မင်္ဂလာပါ၊ ကျွန်တော်တို့က ပထမတန်း ဆရာအသစ်တွေပါ… ကျွန်တော့်မျိုးရိုးနာမည်က ရှောက်ဖြစ်ပြီး ဒါက ဆရာယွီပါ… ကျွန်တော်တို့က ကျောင်းပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လေ့လာနေတာပါ… နောက်ကျရင် စီနီယာက ကျွန်တော့်ကို ဂရုစိုက်ပေးပါဦး…"
ယွီဟန်ကျန်း: "…"
သူသည် ရှောက်လုံကို ပြန်ကြည့်လိုက်ပြီး တစ်ဖက်လူက လိမ်သောအခါ မျက်နှာအမူအရာ မပြောင်းလဲတာကို တွေ့လိုက်ရသည်။ သည်တုံ့ပြန်မှုက တကယ်မြန်သည်။
ဆရာဖြစ်ဟန်ဆောင်ခြင်းသည် ရှောက်လုံအတွက် သဘာဝကျသည်။
အတန်းပိုင်ဆရာက ရှောက်လုံ၏စကားကို ယုံပြီး ပြုံးကာ ရှောက်လုံကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မစ္စတာရှောက်၊ မစ္စတာယွီ၊ မင်းတို့ ဖြည်းဖြည်းချင်း ပတ်ဝန်းကျင်ကို လေ့လာကြည့်ကြပါ… ငါ ကျောင်းသားတွေကို အားကစားကွင်းဆီ အရင်ခေါ်သွားလိုက်ဦးမယ်…"
ကျောင်းသားများနှင့် အတန်းဆရာသည် စင်္ကြံလမ်းအဆုံးတွင် ပျောက်ကွယ်သွားမှ ယွီဟန်ကျန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
"ဒီကျောင်းမှာ ဆရာတွေ အရမ်းများနေပုံရပြီး ကျောင်းသားတွေနဲ့ ဆရာတွေက လူတိုင်းမသိဘူး… ဆရာအဖြစ်ယောင်ဆောင်ဖို့ မင်းရဲ့ဆုံးဖြတ်ချက်က အရမ်းအမြော်အမြင်ရှိတယ်…"
ရှောက်လုံသည် တက္ကသိုလ်မှာတုန်းက သူ့ဌာနမှာ လုပ်ဖော်ကိုင်ဖက် ဘယ်လောက်ရှိတယ်ဆိုတာ သူမသိဘူး။ သည်ကျောင်းကြီးမှာ ဆရာ 300 ကျော်ရှိပြီး အတန်းမတူသည့် ဆရာများ အချင်းချင်း မသိကြတာက ပုံမှန်ပါပဲ။ သူက ပြုံးပြီး တစ်ဖက်ကိုလှည့်သွားသည်။
"အဖွဲ့ခေါင်းဆောင်ယွီ၊ နေရာခွဲပြီး လှုပ်ရှားရအောင်… ခင်ဗျားက စာသင်ခန်းထဲမှာ ရှာဖွေနေစဉ် ကျွန်တော်က ရင့်ရှောင်ယာကို ကြည့်ထားလိုက်မယ်…"
ယွီဟန်ကျန်းကအလွယ်တကူ ခေါင်းငြိမ့်လိုက်သည်။
"အင်း၊ အတန်း 3 မှာ သဲလွန်စတွေကို ငါရှာလိုက်မယ်… မင်း သူတို့နောက်ကို လိုက်သွားပြီး ကင်မရာတွေ ရှောင်ဖို့ သတိထားဦး… အတန်းမပြီးခင် တတိယထပ်က လေဝင်စင်္ကြံမှာ ငါတို့တွေ့ကြမယ်…"
#TK