Chapter 29
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 29 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၁၀၊ သံသယရှိသူ၏သက်သေခံချက်)


ရှဲ့ရှင်းဟယ်ကို စစ်ဆေးမေးမြန်းခန်းထဲသို့ ခေါ်ဆောင်ခဲ့သည်။


ရဲအရာရှိက တိုက်ရိုက်မေးသည်။

"ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လယ်ပိုင်းမှာ မင်းရဲ့အတန်းက ဓာတ်ခွဲခန်း 3 မှာ ရှိနေတယ်... ဟုတ်တယ်မလား"


"ဟုတ်ပါတယ်"


"အတန်းထဲမှာ organic phosphates အကြောင်း ပြောနေတာလား... ဓာတုဗေဒဆရာမက သရုပ်ပြဖို့ ပုလင်းကို ထုတ်ခဲ့တာလား"


ရှဲ့ရှင်းဟယ်က ငြိမ်သက်စွာ ကြည့်နေသည်။ "ဟုတ်ပါတယ်"


"နောက်ဆုံး မင်း စစ်ဆေးပြီး ဗီရိုထဲမှာ ပြန်ထည့်လိုက်တာလား"


ရှဲ့ရှင်းဟယ်က ခဏမျှ တိတ်ဆိတ်သွားသည်။ 

"ကျွန်တော်က အတန်းခေါင်းဆောင်ဖြစ်ပြီး ဓာတ်ခွဲခန်းသုံးကိရိယာတွေနဲ့ ပစ္စည်းတွေကို စစ်ဆေးဖို့က ကျွန်တော့်တာဝန်ပါ"


"organic phosphates ပုလင်းတစ်ဝက်လောက် ပျောက်နေတယ်... မင်းယူသွားတာလား"


ရှဲ့ရှင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ 

"မဟုတ်ဘူး... ကျွန်တော်စစ်ဆေးတဲ့ အချိန်မှာ ပုလင်းက ပြည့်နေတယ်"


ရဲများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှဲ့ရှင်းဟယ်သည် ငြိမ်သက်နေပြီး လိမ်နေပုံမပေါ်ကြောင်း တွေ့ရှိခဲ့သည်။ သူ၏သက်သေခံချက်တွင်လည်း ဟာကွက်များ မရှိပေ။ သူ့ကို အရင်ပြန်လွတ်လိုက်ပြီး ဓာတုဗေဒဆရာမကို ခေါ်ခိုင်းလိုက်သည်။


လက်ရှိအချိန်တွင် သံသယအရှိဆုံးဖြစ်သော ချင်ဝေးဝေးသည် အနည်းငယ် ကြောင်တောင်တောင်အမူအရာဖြင့် စစ်ဆေးမေးမြန်းခန်းထဲသို့ ဝင်သွားခဲ့သည်။


သူမက ထိုင်ပြီး တွေးဆသည်။

"ရဲအရာရှိတို့... ရှင်တို့က ဘာသိချင်တာလဲ"


"မနေ့က မင်း ခွင့်ယူခဲ့တာမလား... ဒါပေမဲ့ ငါတို့ပြန်သွားပြီး တစ်နေ့လုံးရဲ့ စောင့်ကြည့်ရေးမှတ်တမ်း စစ်ဆေးခဲ့တယ်... ကျောင်းပေါက်ဝက စောင့်ကြည့်ရေးမှတ်တမ်းမှာ နေ့လယ် 11:20 မှာ မင်းက ကျောင်းပြန်ရောက်လာပြီး 11:40 မှာ ထွက်သွားတာကို ပြသထားတယ်"


ရှောက်လုံသည် ထိုစကားကိုကြားတော့ ချက်ချင်းပင် သူ၏စိတ်နှိုးကြားလာသည်။


ချင်ဝေးဝေးက ရှင်းပြသည်။

"ကျွန်မအဖေကို ဆေးရုံခေါ်သွားပြီး သူ့ရဲ့ဆေးအာမခံကတ်ကို ကျောင်းမှာ မေ့ကျန်ခဲ့တာ သိလိုက်ရတယ်... အဲဒါကြောင့် တက္ကစီစီးပြီး ကျွန်မ ပြန်လာခဲ့တာ"


"တစ်နည်းပြောရရင် ရင့်ရှောင်ယာက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အဆောက်အဦးပေါ်ကနေ ခုန်ချတဲ့အချိန်တုန်းက မင်း ကျောင်းမှာ ရှိနေခဲ့တာပေါ့"


ချင်ဝေးဝေး၏ အမူအရာ ပြောင်းသွားသည်။

"ရှင်တို့က ကျွန်မကို သံသယဝင်နေတာလား"


ရဲအရာရှိက လေးနက်စွာကြည့်သည်။

"ကျေးဇူးပြုပြီး မေးခွန်းတွေကို ဖြေပြီးတော့ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းပါ"


ချင်ဝေးဝေက အသက်ပြင်းပြင်းရှူလိုက်သည်။

"အဲဒီတုန်းက ကျောင်းမှာ ကျွန်မ တကယ်ရှိနေတာဖြစ်ပြီး ကျောင်းသားတွေရဲ့ အခြေအနေကို မေးဖို့ PE ဆရာကိုလည်း ဖုန်းခေါ်ခဲ့တယ်... ကျောင်းသားတွေကို ဘတ်စကက်ဘောကစားဖို့ စီစဉ်ထားတယ်လို့ သူက ပြောတယ်... ရင့်ရှောင်ယာ အဆောက်အဦးပေါ်ကနေ ခုန်ချသွားတယ်ဆိုတာကို ကျွန်မမသိဘူး... ကျွန်မ ဆေးအာမခံကတ်ကို ယူပြီးတော့ ထွက်သွားခဲ့တာ"


"ပြီးခဲ့တဲ့လက လုံခြုံရေးအစောင့်က သူ့သော့တွေ ပျောက်သွားတယ်... မင်းက သော့ကိုကောက်ရပြီး သူ့ကို ပြန်ပေးခဲ့တယ်လား"


ချင်ဝေးဝေးက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ်"


"ဒါဆို ခေါင်းမိုးသော့တစ်ချောင်းကို မင်း ယူထားလို့ရတာပေါ့"


ချင်ဝေးဝေး၏ အမူအရာက ဆိုးရွားလှသည်။ 

"ဒါက ရှင် ဘာကိုဆိုလိုတာလဲ... ခေါင်မိုးကိုယူပြီး ကျွန်မ ဘာလုပ်ရမှာလဲ... ကျွန်မ သော့ကိုကောက်ယူပြီးတော့ အတန်းတက်ရမှာဖြစ်လို့ အလျင်စလိုဖြစ်သွားတယ်... ကျွန်မ သော့တွေကို ရုံးခန်းထဲမှာထားခဲ့ပြီး အတန်းပြီးတာနဲ့ လုံခြုံရေးအစောင့်ကို ပြန်ပေးလိုက်တယ်... ဒီအချိန်မှာ တစ်စုံတစ်ယောက်က သော့ယူသွားတာလည်း ဖြစ်နိုင်ပါတယ်"


"ဒီ organic phosphates ပုလင်းကို မင်းဝယ်ခဲ့တာလား"


"ဟုတ်တယ်... organic phosphates နဲ့ inorganic phosphates အကြောင်း ကျောင်းသားတွေကို ကျွန်မ ပြောပြနေတာ... ဒီအဆိပ်ကို သူတို့ မတော်တဆ မထိမိစေဖို့ ပုလင်းတစ်ခုလုံး ကျွန်မ ဝယ်လိုက်တာ... organic phosphates အဆိပ်သင့်ခြင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း ဗဟုသုတတချို့ကိုလည်း ကျွန်မ သူတို့ကို ပြောပြခဲ့တယ်... ရှင် ဘာလို့ ဒါကိုရုတ်တရက် မေးရတာလဲ"


ရဲအရာရှိက ပြန်ဖြေသည်။

"သေဆုံးသူရဲ့သွေးထဲမှာ organic phosphates ကို တွေ့ရှိခဲ့တယ်... ‌အဆောက်အဦးပေါ်က မပြုတ်ကျခင် သူမက အဆိပ်သင့်နေခဲ့ပြီ... ဓာတုဗေဒဓာတ်ခွဲခန်းထဲက ပုလင်းတစ်ဝက်လောက်က ပျောက်နေပြီး စစ်ဆေးကြည့်တုန်းက ပုလင်းအပြည့်ပဲလို့ ရှဲ့ရှင်းဟယ်က ပြောတယ်... မင်းက ဓာတ်ခွဲခန်းထဲကိုသွားပြီး အဲဒါကိုယူသွားနိုင်တဲ့ တစ်ယောက်တည်းသောသူပဲ"


ချင်ဝေးဝေး၏ မျက်နှာက ဖြူဖျော့သွားသည်။ 

"ကျွန်မ မယူဘူး"


ရဲအရာရှိက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"မစ္စချင်ဝေးဝေး... မင်းကို ရင့်ရှောင်ယာကို သတ်တယ်လို့ သံသယရှိတယ်... ဒါက ဖမ်းဝရမ်းပဲ"


ချင်ဝေးဝေးက မယုံနိုင်စွာ ထုတ်ဖော်ပြောဆိုလိုက်သည်။

"ရဲအရာရှိ... ရှင် တကယ် မှားနေပြီ... ကျွန်မ အဆိပ်ကိုလည်း မယူခဲ့သလို သော့ကိုလည်း မယူခဲ့ဘူး... အဖေ့ရဲ့ ကျန်းမာရေးအာမခံကတ်ကို ယူဖို့ ကျောင်းပြန်လာခဲ့တာ... အဖေက သက်သေခံနိုင်တယ်..."


"ဆက်လက်စုံစမ်းဖို့ ရဲစခန်းကို လိုက်ခဲ့ပါ"


သူမ စကားပြော၍ မပြီးခင်မှာပဲ အေးစက်သော လက်ထိပ်တွေကို သူမလက်ကောက်ဝတ်မှာ ချထားသည်။


ရဲသည် ဖမ်းဝရမ်းထုတ်ပြီး ချင်ဝေးဝေးကို တရားခံအဖြစ် ဖမ်းဆီးခဲ့သည်။


ရှောက်လုံသည် ရဲအရာရှိများနောက်ကနေ ပြေးထွက်လာခဲ့သည်။


ယွီဟန်ကျန်းသည် ဖြတ်သွားဟန်ပြုကာ သန့်စင်ခန်းထဲဝင်သွားသည်။ ရှောက်လုံလည်း ကိုယ်ပျောက်ဝတ်ရုံကို ဝတ်ထားကာ သန့်စင်ခန်းထဲဝင်သွားသည်။


ရှောက်လုံက ယွီဟန်ကျန်း၏ နားထဲကို တိုးတိုးလေးပြောလိုက်သည်။

"ချင်ဝေးဝေးက သံသဖြစ်စရာကောင်းလွန်းတယ်... သူမက လုံခြုံရေးအစောင့်ရဲ့ သော့ကို ကောက်ရခဲ့ပြီး အခင်းဖြစ်ပွားတဲ့အချိန်မှာ သူမက ကျောင်းမှာရှိနေပြီး PE ဆရာကို ဖုန်းဆက်ခဲ့တယ်... သူမက organic phosphates အဆိပ်ကိုလည်း ဝယ်ခဲ့တယ်"


ရှောက်လုံ၏ ကိုယ်ပျောက်ဝတ်ရုံ အကျိုးသက်ရောက်မှုက မပြီးသေးသည့်အတွက် ယွီဟန်ကျန်းသည် သူပြောနေတာကိုပဲ ကြားနိုင်ပြီး သူ့ကိုမမြင်နိုင်ခဲ့ဘူး။


ဒါတောင်မှ ယွီဟန်ကျန်းသည် လေထဲကို စကားပြောနေရင်း တည်ငြိမ်နေသည်။

"ဒါဆို ရဲအရာရှိတွေက သူမကို စုံစမ်းစစ်ဆေးဖို့ ခေါ်သွားတာပေါ့"


ထိုအချိန်တွင် ရှောက်လုံ၏ ကိုယ်ပျောက်ဝတ်ရုံသည် အကျိုးသက်ရောက်မှု ကုန်သွားပြီး ယွီဟန်ကျန်း၏ဘေးတွင် ပေါ်လာသည်။


ယွီဟန်ကျန်း သူ့ကို ကြည့်လိုက်သည်။

"ပရော်ဖက်ဆာရှောက် ဘယ်လိုထင်လဲ"


ရှောက်လုံက မျက်မှောင်ကြုတ်လိုက်သည်။ 

"မှန်တယ်လို့ မထင်ဘူး"


ထိုအချိန်တွင် သူတို့၏ လေးထောင့်ဘောင်များပေါ်၌ သတိပေးချက်တစ်ခု ပေါ်လာသည်။


[3 of Hearts လျှို့ဝှက်ခန်း၏ ကျိုးကြောင်းဆင်ခြင်ခြင်းရလဒ်: လူသတ်သမားက ဓာတုဗေဒဆရာမ ချင်ဝေးဝေး ဟုတ်ပါသလား။ Yes/No]


[မှတ်ချက်: ကျိုးကြောင်းဆင်ခြင်ခြင်း မှားယွင်းပါက ကျရှုံးသည်အဖြစ် သတ်မှတ်ပြီး ပြစ်ဒဏ်ခံယူရန် အိပ်မက်ဆိုးအခန်းသို့ ပို့ဆောင်မည်ဖြစ်သည်။]


လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး 'No' ကို တပြိုင်နက်တည်း နှိပ်လိုက်သည်။


သူတို့က တပြိုက်နက်တည်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ချင်ဝေးဝေးက လူသတ်သမားမဟုတ်ဘူး"


ယွီဟန်ကျန်းက ရှောက်လုံကို လေးစားစွာဖြင့် စိုက်ကြည့်နေသည်။ 

"ဘယ်လိုခွဲခြမ်းစိတ်ဖြာခဲ့တာလဲ"


ရှောက်လုံက သူ့အတွေးများကို ရှင်းလိုက်သည်။

"ပထမဆုံးအနေနဲ့ ဆရာမချင်မှာ ဓာတုဗေဒဓာတ်ခွဲခန်းရဲ့ သော့ရှိတယ်... အဆိပ်ကိုယူချင်ရင် ‌သော့ဖွင့်ဖို့ ကလော်စရာမလိုဘူး... ဒါပေမဲ့ မနေ့ညက ဓာတ်ခွဲခန်းကို စစ်ဆေးကြည့်တဲ့အခါ သော့ကလော်ထားတဲ့ အရိပ်အယောင်တွေရှိတယ်... ဒုတိယအနေနဲ့ သူမက ဓာတုဗေဒဆရာမလေ... ရင့်ရှောင်ယာကို အဆိပ်ခတ်ချင်တယ်ဆိုရင် သူမမှာ နည်းလမ်းအများကြီးရှိတယ်... ဓာတုဗေဒဓာတ်ခွဲခန်းက အဆိပ်ကို ယူဆောင်ပြီး အဲဒီလို ကြီးမားတဲ့သဲလွန်စတွေကို ချန်ထားခဲ့ဖို့ မလိုအပ်ဘူး..."


သူက ခဏရပ်ကာ ဆက်ပြောသည်။

"မှုခင်းဆေးစစ်ချက်အရ ရင့်ရှောင်ယာက အဆိပ်သင့်ခဲ့ပြီး အဆိပ်ရဲ့ရင်းမြစ်က ယွီဟွေးရဲ့ ချောကလက်တွေက ဖြစ်တယ်... ဒါပေမဲ့ ချောကလက်တွေမှာ အဆိပ်အများကြီးမပါဝင်နိုင်ဘဲ အဲဒီ organic phosphates ပမာဏက ရင့်ရှောင်ယာ ဗိုက်ဆာပြီး ချောကလက်တစ်ဘူးလုံးကို မစားသ၍ အသက်အန္တရာယ်မရှိနိုင်ဘူး... ယွီဟွေးရဲ့အိတ်ထဲမှာ ချောကလက်တွေ အများကြီး ကျန်နေသေးတဲ့အတွက် ရင့်ရှောင်ယာက တစ်ခု နှစ်ခုကိုပဲ စားခဲ့တာကို ညွှန်ပြနေတာကြောင့် ဒါက မဖြစ်နိုင်ဘူး"


ယိရူ၏ ယမန်နေ့က ဝန်ခံချက်ကို သေချာပြန်သုံးသပ်ခြင်းဖြင့် ယောင်္ကျားလေးများသည် PE အတန်းတွင် ဘတ်စကက်ဘောကစားနေကြပြီး လူနှစ်ဦးက စာသင်ခန်းသို့ ပြန်သွားကြသည်။ ရင့်ရှောင်ယာက သူမ အလွန်ဗိုက်ဆာနေပြီး ယိရူကို မုန့်ဆိုင်ကနေ အာလူးကြော်သွားဝယ်ခိုင်းလိုက်သည်။ ရင့်ရှောင်ယာသည် ဆာလောင်မှုကို မခံနိုင်ဘဲ ချောကလက်တစ်ပိုင်းကို စားလိုက်နိုင်သည်။


သူတို့ဘာသာစကားသင်တန်းမှာ အပြေးလုပ်နေချိန်တွင် ယွီဟွေးက ရင့်ရှောင်ယာကို ချောကလက်တစ်ခုပေးခဲ့ပြီး သူမက အိတ်ကပ်ထဲမှာ ထည့်ထားခဲ့တာ ဖြစ်နိုင်သည်။


ရှောက်လုံက ဤမြင်ကွင်းကို သတိထားမိသည်။ ယွီဟွေးသည် အပြင်ဘက်တွင် ရွှေရောင်စက္ကူပတ်ထားသော လုံးပတ် 3 စင်တီမီတာခန့်ရှိသော ချောကလက်တစ်ခုကို ပေးလိုက်သည်။ အဲဒါကို ရင့်ရှောင်ယာက စားလိုက်နိုင်သည်။


ချောကလက်တစ်ပိုင်းတွင် အဆိပ်ပါဝင်မှု အလွန်နည်းပြီး တိုက်ရိုက်သေစေမည်မဟုတ်ပါ။ ပြင်းထန်သော organic phosphates အဆိပ်သင့်ခြင်းသည် ဗိုက်နာခြင်းနှင့် ကြွက်သားများ တုန်ခါခြင်းကဲ့သို့သော လက္ခဏာများ ပြသနိုင်သေးသည်။ သူမကို အချိန်မီ ကယ်တင်နိုင်သ၍ အဆင်ပြေနိုင်ပါသည်။


ချောကလက်စားပြီးနောက် သူမသည် ခေါင်မိုးပေါ်တက်ကာ ပြုတ်ကျသေဆုံးသွားခဲ့သည်။


ရှောက်လုံက နောက်ဆုံး ကောက်ချက်ချလိုက်သည်။

"သူမ သေဆုံးရတဲ့ အကြောင်းအရင်းက အဆောက်အဦပေါ်ကနေ ပြုတ်ကျလို့ ဖြစ်ပေါ်လာတဲ့ ဦးခေါင်းခွံရိုးကျိုးတာနဲ့ ဦးနှောက်သွေးကြောပေါက်တာကြောင့်ပဲ... ချောကလက်အဆိပ်သင့်မှုပမာဏက အသက်မသေနိုင်ဘူး"


ရှောက်လုံ၏ အဆိပ်ပမာဏကို ကျွမ်းကျင်စွာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ယွီဟန်ကျန်းသည် သူ၏ကောက်ချက်အပေါ် ပိုမိုယုံကြည်လာခဲ့သည်။


သူက တိုးတိုးပြောလိုက်သည်။

"ယွီဟွေးရဲ့ ချောကလက်တွေက အလဲခံထားရတာ... အပေါ်ယံမှာ ချင်ဝေးဝေးက ပြစ်မှုကျူးလွန်ဖို့ အခွင့်အလမ်းများစွာရှိပြီး သံသယက သူမအပေါ် တိုက်ရိုက်သက်ရောက်နေပေမဲ့ ရဲတွေက အဓိကအချက်ကို လျစ်လျူရှုခဲ့တယ်"


ယွီဟန်းကျန်းက ရှောက်လုံကို စိုက်ကြည့်ကာ မေးခွန်းတစ်ခုမေးသည်။ 

"လူတစ်ယောက်ကိုသတ်ချင်ရင် သူ့ကို အဆိပ်ခတ်ပြီးမှ အဆောက်အဦးပေါ်ကနေ တွန်းချမှာလား"


ရှောက်လုံက တုန်လှုပ်သွားသည်။


ဟုတ်တယ်... အဆိပ်ခတ်ပြီး တွန်းချတာက လူတွေကို သတ်တဲ့နည်းလမ်း နှစ်ခုစလုံးပါပဲ... ဒါပေမဲ့ နှစ်ကြိမ်သုံးစရာမလိုဘူး...


ဤသည်မှာ ‘မလိုအပ်ဘဲ တစ်ခုခုထည့်ခြင်းဖြင့် အကျိုးသက်ရောက်မှုကို ပျက်စီးစေခြင်း’ဖြစ်သည်။


လူသတ်သမားသည် ရင့်ရှောင်ယာကို အဆိပ်သင့်စေလိုပါက အလွန်သေးငယ်သော အစားအစာဖြစ်သည့် 'ချောကလက်' ကို မသုံးသင့်ပါ။ အဆိပ်ကို ယွီဟွေး၏ချောကလက်များတွင်လည်း တိုက်ရိုက်ထည့်ထားသည်။ ထို့အစား ယွီဟွေးက စားမိပြီး အဆိပ်မိသွားရင် ဘယ်လိုလုပ်မလဲ။ ပိုကောင်းသောနည်းလမ်းတစ်ခုကတော့ ရင့်ရှောင်ယာ၏ အစားအစာထဲကို တိုက်ရိုက်အဆိပ်ခတ်တာက ပို၍အာမခံလို့ရသည်။


တစ်ဖက်တွင် လူသတ်သမားသည် ရင့်ရှောင်ယာကို အဆောက်အဦးပေါ်မှ တွန်းချပြီး ရင့်ရှောင်ယာက သတ်သေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် သေကြောင်းကြံစည်မှုမှတ်စုကို ပြင်ဆင်လိုပါက သူမအား အဆိပ်ခတ်ရန် မလိုအပ်ပါ။ ဆန့်ကျင်ဘက်အနေနှင့် ယင်းက ရင့်ရှောင်ယာ၏ခန္ဓာကိုယ်အတွင်း အဆိပ်ကို တွေ့ရှိပြီးနောက် ရဲများကို သံသယဖြစ်လာစေသည်။


ရှောက်လုံသည် သူ့မေးစေ့ကို ကိုင်ပြီး တွေးဆလိုက်သည်။

"လူနှစ်ယောက်က ပြစ်မှုကျူးလွန်တာများလား... ဒါပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်တွေဖြစ်နေပြီး ဟာကွက်တွေ ချန်ထားခဲ့ကြတယ်"


ယွီဟန်ကျန်း၏ အကြည့်သည် နက်နဲသည်။ 

"အင်း..."


ယွီဟန်ကျန်းသည် နောက်ဆုံးတွင် ကောက်ချက်မချခင် နှစ်ရက်အတွင်း သဲလွန်စများနှင့် သံသယရှိသူ၏ ထွက်ဆိုချက်များကို ဂရုတစိုက် စုဆောင်းခဲ့သည်။


ရင့်ရှောင်ယာ၏ အမှုက အမှန်တကယ် ကွဲသွားနိုင်သည်။


ပထမပိုင်းကတော့ အဆိပ်သင့်မှုပါပဲ။


အဆိပ်ခတ်ခြင်းနည်းလမ်းမှာ ယွီဟွေး၏ချောကလက်များမှဖြစ်သောကြောင့် တစ်ဖက်လူက ရင့်ရှောင်ယာကို အဆိပ်ခတ်ချင်တာလို့ မဆိုလိုပေ။ ယွီဟွေးသည် ရင့်ရှောင်ယာအား ချောကလက်များ မကြာခဏ ပေးတာကို အဆိပ်ခတ်သူက သိထားသောကြောင့် ယွီဟွေး အဆိပ်သင့်နိုင်ခြေ 50% နှင့် ရင့်ရှောင်ယာ အဆိပ်သင့်နိုင်ခြေ 50% ဖြစ်နိုင်ခြေရှိသည်။ အဆိပ်ခတ်သူ၏ ရည်ရွယ်ချက်ကို အတည်မပြုနိုင်သေးပေ။


အတည်ပြုနိုင်သည့်အချက်မှာ အဆိပ်ခတ်သူသည် ရင့်ရှောင်ယာကို တိုက်ရိုက်မသတ်ချင်ခဲ့ပေ။


ချောကလက် ဒါဇင်ပေါင်းများစွာကို ဘယ်သူကမှ တစ်ခါတည်း မစားနိုင်ဘဲ organic phosphates ပုလင်းတစ်ဝက်က ချောကလက် ဒါဇင်ပေါင်းများစွာကြားတွင် ပြန့်ကျဲနေသည်။ အဆိပ်အတောက်ပါဝင်မှုက အသက်မသေပေမဲ့ လူများ၏အာရုံကို ဆွဲဆောင်ဖို့ လုံလောက်ပါသည်။ အဆိပ်ခတ်သူသည် ဤနည်းလမ်းဖြင့် သတိပေးချက်ပေးရန် ကြိုးစားနေပေလိမ့်မည်။


ချောကလက်ကို နှစ်သက်ပြီး သူ့ညီမကို အဆိပ်ခတ်ရန် ရည်ရွယ်ချက်မရှိသော ယွီဟွေးမှလွဲ၍ ယိရူနှင့် ရှဲ့ရှင်းဟယ်တို့က သံသယရှိသည်။ ဓာတ်ခွဲခန်းတံခါးသော့ကို ကလော်ဖွင့်ပြီး ယွီဟွေးက ရင့်ရှောင်ယာအား ချောကလက်များ မကြာခဏ ပေးလေ့ရှိကြောင်း သူတို့သာသိသည်။


ဒုတိယအပိုင်းကတော့ ပြုတ်ကျခြင်းဖြစ်စဉ်ပဲ။


ယွီဟန်ကျန်းသည် ယမန်နေ့က အဆောက်အဦး၏ ခေါင်မိုးကို စုံစမ်းစစ်ဆေးခဲ့ပြီး ခြေရာများ မမှန်ခဲ့ပေ။ အခင်းဖြစ်ပွားရာနေရာ၌ ဒုတိယလူတစ်ယောက်ရှိနေသဖြင့် ဤလူက ရင့်ရှောင်ယာကို ခေါင်မိုးပေါ်မှ တွန်းချခဲ့ပြီး ရင့်ရှောင်ယာ၏ သေဆုံးမှုဆီသို့ တိုက်ရိုက် ဦးတည်သွားဖွယ်ရှိသည်။ ထို့အပြင် ဤပုဂ္ဂိုလ်သည် လက်ရေးမူကို ကူးယူကာ ရင့်ရှောင်ယာ ‘သေကြောင်းကြံစည်မှုမှတ်စု’ အတုပေးပြီး ရင့်ရှောင်ယာ သတ်သေသွားသည်ဟု ထင်ယောင်ထင်မှားဖန်တီးခဲ့သည်။


ဒီလူကမှ ရင့်ရှောင်ယာကို တကယ်သေစေချင်ခဲ့တာဖြစ်သည်။


ကံမကောင်းစွာပဲ ရင့်ရှောင်ယာ မပြုတ်ကျခင် ထိုလူက သူမ အဆိပ်သင့်ခဲ့ကြောင်းကို မသိခဲ့ပေ။


ရဲများသည် အလောင်းကို ပြန်ယူသွားပြီး ရင့်ရှောင်ယာက အဆိပ်သင့်ခဲ့တာကို တွေ့ရှိခဲ့သည်။ ဤနည်းဖြင့် ရဲများသည် ရင့်ရှောင်ယာ သတ်သေရန် ဖြစ်နိုင်ခြေကို လျင်မြန်စွာ ဖယ်ထုတ်ခဲ့ပြီး လူသတ်သမား၏ ရင့်ရှောင်ယာ သေကြောင်းကြံစည်မှုမှတ်စု အတုလုပ်ခြင်းက အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်လာခဲ့သည်။


မှုခင်းဆရာဝန်သည် အဆိပ်၏ရင်းမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ရဲများက ချောကလက်များ၊ organic phosphates နှင့် ဓာတ်ခွဲခန်းများကို တွေ့ရှိခဲ့သည်။ အရာအားလုံးက ဓာတုဗေဒဆရာမ ချင်ဝေးဝေးကို ညွှန်ပြနေခဲ့သည်။


ဆရာမချင်ကို စုံစမ်းစစ်ဆေးရန် ခေါ်ဆောင်သွားခြင်းဖြစ်နိုင်သော်လည်း သူမသည် လူသတ်သမားမဟုတ်ကြောင်း ရဲများက မကြာမီ ကောက်ချက်ချနိုင်မည်ဖြစ်သည်။


အဘယ်ကြောင့်ဆိုသော် ဒါက အဓိပ္ပါယ်မရှိသောကြောင့်ဖြစ်သည်။ အဆိပ်အနည်းငယ်ကိုသုံးကာ လူတစ်ဦးကို ခေါင်မိုးပေါ်မှ တွန်းချပြီး သေကြောင်းကြံစည်မှုမှတ်စု အတုလုပ်ရန် မည်သူမျှ မိုက်မဲမည်မဟုတ်ပေ။


အမှုက မကြာခင် ကွဲသွားတော့မည်။


တစ်ယောက်က ချောကလက်တွေထဲကို အဆိပ်ထည့်ခဲ့ပြီး ကျန်တစ်ယောက်က ရင့်ရှောင်ယာကို ခေါင်မိုးပေါ်ကနေ တွန်းချလိုက်သည်။ လူနှစ်ယောက်၏ လှုပ်ရှားမှုများအရ သူတို့သည် တစ်ယောက်နဲ့တစ်ယောက် မသိသည့်အတွက် ကြီးမားသော ဟာကွက်တစ်ခု ဖြစ်လာပါသည်။


ယွီဟန်ကျန်းက ရှောက်လုံကို တစ်ချက်ကြည့်လိုက်သည်။

"မနေ့ညက မိုးရွာလို့ ကျောင်းက အရမ်းရှုပ်ပွနေတယ်... ဒီနေ့မှာ ကျောင်းကို အကြီးစား သန့်ရှင်းရေး ပြုလုပ်တော့မှာဖြစ်ပြီး လူသတ်သမားက သက်သေ‌တွေကို ဖျက်ဆီးလိမ့်မယ်... ကိုယ်တို့ လူသတ်သမားကို ဖမ်းရမယ်"


ရှောက်လုံလည်း စိတ်လှုပ်ရှားသွားသည်။

"အဖွဲ့ခေါင်းဆောင်ယွီ ဘယ်မှာရှာချင်တာလဲ"


"ကျောင်းရဲ့ အကြီးဆုံးအမှိုက်ပုံးမှာ"


***


မေပယ်တောအုပ်အထက်တန်းကျောင်း၏ သင်ကြားရေးအဆောက်အဦးနှင့် ရုံးခန်းအဆောက်အဦးမှာ အမှိုက်ပုံးလေးတွေရှိသည်။ ကျောင်းသားများ နေ့တိုင်း သန့်ရှင်းရေးလုပ်သည့် အမှိုက်များကို ဒီအမှိုက်ပုံးလေးတွေထဲတွင် စုစည်းထားသည်။ ထို့နောက် သန့်ရှင်းရေးသမားများသည် ကစားကွင်းနောက်ဘက်ရှိ အမှိုက်ပုံးသို့ အမှိုက်များကို ယူဆောင်သွားကြသည်။


ဤအမှိုက်ပုံးကို နှစ်ရက်၊ သုံးရက်မှ တစ်ကြိမ် ရှင်းလင်းနိုင်ပြီး ကျွမ်းကျင်သော အမှိုက်ပစ်ထရပ်ကားမှ အမှိုက်များကို သယ်ယူသွားမည်ဖြစ်သည်။


မနေ့ညက မုန်တိုင်းကြောင့် ကျောင်းဝင်းက ရှုပ်ပွနေသည်။ နံနက်ခင်းတွင် သန့်ရှင်းရေးသမားသည် အမှိုက်များ၊ သစ်ကိုင်းကျိုးများ၊ ပန်းအိုးများနှင့် အခြားအမှိုက်များကို အမှိုက်ပုံးထဲသို့ မထည့်မီ သန့်ရှင်းရေးလုပ်ခဲ့သည်။ အမှိုက်ပုံးက ပြည့်နေပြီး ရှင်းလင်းဖို့ အမှိုက်ကားကို ခေါ်ခိုင်းလိမ့်မည်။


ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် အမှိုက်ပုံးသို့ ရောက်သောအခါ သန့်ရှင်းရေးသမားများသည် အမှိုက်များကိုသာ ကောက်ထားကြသည်။


ရှောက်လုံက ရှေ့သို့ လျင်မြန်စွာ လှမ်းပြီး သန့်ရှင်းရေးသမားဆီသို့ လှမ်းပြောလိုက်သည်။ 

"အန်တီ... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော်က ပထမတန်းဆရာတစ်ယောက်ဖြစ်ပြီး မနေ့က အရမ်းအရေးကြီးတဲ့ စာရွက်စာတမ်းကို အမှိုက်ပုံးထဲ မတော်တဆ ပစ်ချခဲ့မိလို့... ကျွန်တော် ဒီမှာရှာလို့ရလား"


"အိုး... ဘာစာရွက်စာတမ်းလဲ... ဒီမှာ အရမ်းညစ်ပတ်တယ်... ဆရာ မထိနဲ့... ကျွန်မကို ရှင်ရှာတွေ့အောင် ကူညီပေးမယ်"


ရှောက်လုံက ကြောက်ရွံ့သောအမူအရာနဲ့ပြောသည်။

"အဲဒါက ကျွန်တော့်ဆရာရဲ့ အရည်အချင်းစစ်လက်မှတ်ပါ... မနေ့က သေသေချာချာမကြည့်ဘဲ ကျွန်တော် အသုံးမဝင်တဲ့စာရွက်တွေကို ဖယ်ထုတ်လိုက်တာ... အဲဒီလိုနဲ့ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်မိတာ... ကျေးဇူးပြု၍ ကျွန်တော့်ကို ရှာပေးပါဦး... ကျွန်တော် အရမ်းကိုကျေးဇူးတင်မိမှာပါ"


ယွီဟန်ကျန်း: "..."


ပရော်ဖက်ဆာရှောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကောင်းတယ်...


ဤအကြောင်းပြချက်ကြောင့် သူတို့သည် အမှိုက်ပုံးဘေးတွင် မတ်တတ်ရပ်ပြီး စောင့်ကြည့်နေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။


သန့်ရှင်းရေးသမား အန်တီသည် အမှိုက်များကို လှန်လှောပြီး လက်မှတ်ရှာဖို့ ကူညီပေးသည်။ 

"ကျွန်မ နောက်မှ အမှိုက်ကို စစ်ကြည့်လိုက်မယ်... ဒါက အရမ်းအရေးကြီးတဲ့စာရွက်စာတမ်းပဲ... မတွေ့ရင် ဘယ်လိုလုပ်မလဲ"


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် ပေါ့ဆလွန်းခဲ့တာပါ"


ထိုအချိန်တွင် ယွီဟန်ကျန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ "ခဏနေဦး"


သန့်ရှင်းရေးသမားက မေးလိုက်သည်။

 "ဘာဖြစ်လို့လဲ"


ယွီဟန်ကျန်းသည် လမ်းလျှောက်လာပြီး အမှိုက်ပုံးထဲက စာရွက်နှင့် သစ်ရွက်ခြောက်များဖြင့် ရှုပ်ထွေးနေသော ဖိနပ်တစ်ရံကို ကောက်ယူလိုက်သည်။


ရင့်ရှောင်ယာ၏ဖိနပ်နှင့် ဆင်တူသော ဆိုဒ် 37 ရှိသည့် အမျိုးသမီး ကင်းဗတ်ဖိနပ်တစ်ရံဖြစ်သည်။


သန့်ရှင်းရေးသမားက ဒါကိုမြင်ပြီး မနေနိုင်စွာ တွေးဆလိုက်သည်။

"ဒီဖိနပ်ကို ဘယ်သူပျောက်သွားတာလဲ... အတော်ကြီးရှိသေးတာကို"

 

ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။


အရေးကြီးသော သက်သေကို တွေ့ရှိခဲ့သည်။


ခေါင်မိုးပေါ်ရှိ ရင့်ရှောင်ယာ၏ခြေရာများ အလွန်ရှုပ်ထွေးရခြင်းအကြောင်းရင်းမှာ ခြေရာများသည် လူနှစ်ဦးရှိသောကြောင့်ဖြစ်သည်။ အခြားလူက သူမနဲ့တူသော ဖိနပ်ကိုစီးထားသည်။ ရင့်ရှောင်ယာ၏ ပဝါအပိုင်းအစသည် ခေါင်မိုးပေါ်တွင် ကျန်ရစ်ခဲ့ပြီး သူမသည် တွန်းချခြင်းမခံရမီ အရှုပ်အထွေးဖြစ်ခဲ့ကြောင်း သေချာသည်။


လူသတ်သမားသည် မသင့်လျော်သော ဖိနပ်များကို အမှိုက်ပုံးထဲသို့ ပစ်ခဲ့ပြီး ကျောင်းအမှိုက်ပုံးက ယနေ့ သန့်စင်ပေးမှာကို သိနေသောကြောင့်ဖြစ်သည်။


အမှိုက်ကားက အမှိုက်သိမ်းသွားသ၍ အဆင်ပြေပါသည်။


လူသတ်သမားအတွက် ကံမကောင်းတာက ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က ဤဖိနပ်များကို တွေ့ရှိခဲ့သည်။


ဒါက သူတို့၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။


ရင့်ရှောင်ယာ၏အမှု၌ တစ်ချိန်တည်းတွင် လူသတ်သမား နှစ်ဦး ပါဝင်ခဲ့သည်။


#TK