အပိုင်း ၈၀
Viewers 29k

Chapter 80


" ဘာလို့လဲဆိုတော့ ရှိုးကိုအချိန်စောပြီး ထုတ်လွှင့်မှာမို့လေ ..."


အချိန်စောပြီး ထုတ်လွှင့်မှာလား ...


ရှအန်း ထိုအကြောင်းကို ကြားသည့်အခါ အံ့ဩလွန်း၍ ဘာပြောရမည်မသိတော့ပေ။


သူမ စတားတစ်ယောက် မဖြစ်ခဲ့ဖူးသော်လည်း တီဗွီ ကြည့်သည့် လူတစ်ယောက်ဖြစ်သည်။


သာမန်အသိဉာဏ်အရဆို ပထမပိုင်းကိုရိုက်ကူးပြီးတာ သိပ်မကြာသေးပဲ  မြန်မြန်ထုတ်လွှင့်ရတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ ...


သူမ သံသယဝင်သွားသော်လည်း ဟန်ယွဲ့၏ အသံထဲတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေသည့်အတွက် ရှအန်း ခုတင်ပေါ်မှ အမြန်ဆင်းကာ သူမနှင့် ရှရှင်းချန်အတွက် ခရီး‌ဆောင်အိတ်များ ပြင်ဆင်ရတော့သည်။


သူမ အောက်ထပ်ဆင်းလာပြီး ဟန်ယွဲ့၏ကားပေါ်တက်ကာ လေဆိပ်ကို ဦးတည်သွားကြသည်။ ဟန်ယွဲ့က အခြေအနေကို ရှင်းပြသည်။ အစီအစဉ်၏ ရိုက်ကူးရေးအချိန် စောသွားသည်က သူမနှင့် သက်ဆိုင်နေကြောင်းကို ရှအန်းသဘော‌ပေါက်ထားသည်။


" အင်း ... ငါဒါကို စောစောတော့ ထုတ်လွှင့်ချင်ပါတယ် ... ဒါပေမဲ့ အခုကတော့ အရမ်းစောလွန်းနေတယ် ..."


ယခု ဤကိစ္စကို ပြောနေစဉ်မှာပင် ဟန်ယွဲ့ ခေါင်းကိုက်လာသည်။ အဘယ့်ကြောင့်ဆိုသော် ရှိုးက မကြာမီ ထုတ်လွှင့်တော့မည်ဖြစ်၍ ဖိအားအလွန်များနေခြင်းပင်။


မူလက သူသည်အလုပ်ကို အေးအေးလူလူဖြင့်သာ လုပ်တတ်သူတစ်ယောက်ဖြစ်သည်။ သို့သော် ယခုအချိန်၌ သူ့က်ိုအလုပ်‌ဖြည်းဖြည်းလုပ်ခွင့် မပြုတော့ကြောင်း ရှင်းလင်းလာသည်။


" အခု လောင်ရှုက အရင်စတူဒီယိုမှာ ထုတ်လုပ်သူနဲ့ ကြီးကြပ်သူ လုပ်နေတယ် ... ငါတို့ ရသစုံရှိုးကို ထုတ်လွှင့်တာ ချောချောမွေ့မွေ့ဖြစ်ဖို့ပဲ မျှော်လင့်ရတော့မှာပဲ ..."


ဟန်ယွဲ့ကိုကြည့်ရသည်မှာ ဂယောင်ခြောက်ခြား ဖြစ်နေပုံပင်။ ရှအန်းသူ့ကိုကြည့်ရသည်က အနည်းငယ်ရယ်စရာကောင်းသည်ဟု ထင်လာသည်။


" အိုကေ ဟန် ... ကိစ္စတွေက ဒီလိုဖြစ်ပြီးပြီပဲ အရမ်းမတွေးနေပါနဲ့တော့ ..."


ရှအန်းက အမြဲတမ်း ရှေ့ရေးကိုသာ ကြိုတွေးတတ်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမ ဤကမ္ဘာကိုရုတ်တရက် ရောက်လာသော်လည်း သူမညီမကို စိတ်မပူတော့ပေ။


သူမ နောင်တရ၍ စိတ်ပူနေပါကလည်း ပြန်မသွားနိုင်ပေ။ 


ထို့အပြင် တစ်စုံတစ်ယောက်က သူမညီမလေးကို ဂရုစိုက်မည်ဟု ယုံကြည်ထားသည်။


" ကောင်မလေးရယ် ဒီရှိုးက ငါရိုက်ထားတဲ့ ပထမဆုံးရှိုးလေ ... ငါ့အတွက် ပထမဆုံး ပွဲဦးထွက် ..."


ဟန်ယွဲ့ ရင်ထဲတွင် လေးလံနေသောကြောင့် သက်ပြင်းချလိုက်သည်။


" တောင်းပန်ပါတယ် ... ဝေ့ပေါ်မှာ ပို့စ်တင်လိုက်ရုံနဲ့ ဒီလောက်အများကြီးဖြစ်လာမယ်လို့ မထင်ထားခဲ့လိုက်ဘူး ..."

ရှအန်း ရေရွတ်လိုက်သည်။


" မင်းက ဝေ့ပေါ်မှာ ပို့စ်တင်ရုံပဲမဟုတ်ဘူး ... မင်းရဲ့ ဝေ့ပေါ်ရဲ့စွမ်းအားက ဗုံးတစ်လုံးလို ဖြစ်နေတာ ... "


ဟန်ယွဲ့ ခေါင်းခါပြီး ရှအန်းကို တိတ်တဆိတ်ကြည့်လိုက်သည်။ သူပို၍ကြည့်လေ ဤပန်းအိုး၏စွမ်းအားက ပို၍ ကြီးမားလေဟု ခံစားလာရသည်။


" အင်တာနက်ပေါ်မှာ အားလုံးက မင်းရဲ့အကြောင်းတွေ ပြောနေကြတယ် ..."


အမျိုးသမီးကဘယ်သူလဲဆိုတာ ... ဒါမှမဟုတ် ကလေးအဖေက ဘယ်သူလဲဆိုတော ဆွေးနွေးနေကြတာ ...


ဤအဖြစ်အပျက်က နေရာတိုင်းကို ပျံ့နှံ့သွားသဖြင့် ကလေးလူကြီးမရွေး ရှအန်းဟုခေါ်သည့် လူတစ်ယောက်ကို သတိပြုမိသွားကြသည်။


ကံကောင်းသည်မှာ ရှအန်း၏နည်းလမ်းက တဲ့တိုးဆန်သည့်အပြင် ဝေ့ပေါ်ပိုစ့်ကလည်း အလွန်ရိုးသားလှသည်။ ထို့ကြောင့် လူထု၏ထင်မြင်ချက်က အလွန်မဆိုးဝါးနေပေ။


"ဒါနဲ့ စကားမစပ် ဟန် ရှင်ကျွန်မပြောတဲ့ ရှေ့နေကိစ္စ စီစဉ်ပြီးပြီလား ..."


ဟန်ယွဲ့ ဤကိစ္စကို ပြောသောအခါ ရှအန်း ရှေ့နေအကြောင်းက်ု စဉ်းစားမိသွားသည်။


သူမ retweetခဲ့စဉ်က ရှေ့နေမငှားရသေးပေ။ ထို့အပြင် သူမ ဤကမ္ဘာသို့ ခုမှရောက်လာခြင်းဖြစ်သည့်အတွက် သူမ ဘဝနှင့် မရင်းနှီးသေးသည့်အပြင် ကွန်ယက်တစ်ခုလုံးကို နာမည်ဖျက်ခြင်းကို ခံရသည်။


ထို့ကြောင့် ရှေ့နေရှာသည့်အခါ သူမနှင့် တစ်လျှေည်းစီးသည့် ဟန်ယွဲ့ကို မေးမြန်းရသည်။


" မင်းအတွက် ငါ စီစဉ်ပေးလို့ရတယ် စိတ်အေးအေးနေပါ ... ဒီရှေ့နေက ငါ့တူလေ .. သူက အသက်မကြီးသေးပေမယ့် လုပ်ရည်ကိုင်ရည်ရှိပြီး ကျွမ်းကျင်ပါတယ် ..."

ဟန်ယွဲ့ပြောသည်ကိုကြားမှ ရှအန်း စိတ်အေးသွားသည်။


‌လုံလောက်သည့် ကျွမ်းကျင်မှုရှိပါက သူမ အသက်အရွယ်ကို ဂရုမစိုက်ပေ။


ပြီးတော့ ဟန်ယွဲ့ရဲ့အမျိုးဆိုတော့ ဈေးလျှော့ပေးမလား မေးကြည့်ရမယ် ...