အပိုင်း ၈၁
Viewers 29k

Chapter 81


" ရှအန်း ဒုတိယပိုင်းပြီးတဲ့အထိ စောင့်ပေးပြီးမှ ဒီကိစ္စ‌တွေကို တွေးပါလား ... ငါ့တူလေးက အလုပ်လုပ်တာ တော်ပါတယ် ... သူက အခကြေးငွေယူပြီး ကောလဟာလဖြန့်တဲ့လူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ အပြစ်ပေးမှာပါ ... အဲ့အချိန်ရောက်ရင် မင်းကိုနာမည်ဖျက်တဲ့ သတင်းတွေလည်း သူ့အလိုလို ပျောက်သွားမှာ ..."


သို့သော် ထိုအချိန်မတိုင်မီမှာပင်  သူ့တူလေးက ရှအန်းကို တရားဥပဒေဘောင်အတွင်းမှ ကူညီပြီး နာမည်ဆိုးများ ပျောက်ပျက်သွားအောင်လုပ်ရန်မလိုအပ်သည်ကို ဟန်ယွဲ့လုံးဝမသိခဲ့ပေ ။


ရှအန်းကိုယ်တိုင်သည်လည်း သူမ၏ အနာဂတ်ဦးတည်ချက်က သူမကို အံ့ဩသွားအောင် လုပ်နိုင်မည်ဟု မထင်ခဲ့ပေ။ 


ကားက လျင်မြန်စွာဖြင့် လေဆိပ်ကိုရောက်လာသည်။


နာရီအနည်းငယ်ခန့် လေယာဉ်စီးပြီးနောက် ဘတ်စ်ကားစီးပြီးသောအခါ ဒုတိယပိုင်း၏ ရိုက်ကူးရေးနေရာသို့ ရောက်လာကြသည်။


" 'Come on Challenger' အစီအစဉ်ရဲ့ စိန်ခေါ်သူအားလုံးကို ကြိုဆိုပါတယ် ... စိန်ခေါ်သူအားလုံးလည်း အရမ်းစောင့်မျှော်နေကြမယ်လို့ ထင်ပါတယ် ... ဒုတိယပိုင်းရဲ့  themeနဲ့ စည်းမျဉ်းတွေက ပထမပိုင်းနဲ့ လုံးဝကွဲပြားနေပါတယ် ..."


" ပထမပိုင်းက အားလုံးရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုအပေါ်  အခြေခံထားခဲ့ပေမယ့် ဒုတိယပိုင်းကတော့ ဉာဏ်ရည်ဉာဏ်သွေးအပေါ်  အားကိုးရမှာပါ ..."


" ပြီးတော့ ဒီအပိုင်းရဲ့ themeက " Golden Robbery" ပဲဖြစ်ပါတယ် ...လူဆိုးနဲ့ ဖြောင့်မတ်တဲ့ရဲတွေ ... တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျော်ကြားတဲ့လူတွေ ပါဝင်ပါတယ် ..."

(Golden Robbery - နာမည်ကြီး လုယက်မှုဇာတ်ကား )


" ဒီအပိုင်းမှာဆိုရင် မင်းတို့ရဲ့ ဇာတ်ကောင်တိုင်းမှာ နောက်ထပ် အရည်အချင်းတစ်ခုစီ ရှိကြမှာဖြစ်ပါတယ် ..."


" ရွှေချောင်းကိုခိုးဖို့ ကြိုးစားနေစဉ်မှာ ပင်လယ်ဓားပြတွေရဲ့ အဖမ်းမခံရအောင် သတိထားပါ ..."


“Come on Challenger”အစီအစဉ်၏ ဒုတိယပိုင်းကို တရားဝင်စတင်ရိုက်ကူးနေပြီဖြစ်သည်။ 


Bမြို့တော်နှင့် ဝေးကွာနေသော ရှုလင်းက Come on Challenger ၏ ပထမဆုံးအပိုင်းကို တည်းဖြတ်ပြီး ထုတ်လွှင့်ရန်အတွက် အလုပ်များနေသည်။


ပထမပိုင်းကို တည်းဖြတ်နေစဉ်မှာပင် ရှုလင်းသတိထားမိသည်က ရှုအန်း၏မျက်နှာက တီဗွီမျက်နှာပြင်အကြီးနှင့် အလွန်လိုက်ဖက်လှသည်။


ရှအန်း၏ မျက်နှာကအလွန်လှပလွန်းသည်။ ဤကဲ့သို့ မျက်နှာမျိုးက ရုပ်ရှင်ရိုက်ရန် ပို၍သင့်တော်သည်။ သူမ၏မျက်နှာက ကြယ်ပွင့်တိုင်းအလိုရှိသည့် ရှားပါးသောမျက်နှာမျိုးဖြစ်သည်။


ထိုမျက်နှာမျိုးကို ‌ပြောင်မြောက်သည့် သရုပ်ဆောင်စွမ်းရည်နှင့် ဇာတ်ညွှန်းကောင်းတစ်ခုနှင့် တွဲဖက်လိုပါက ဇာတ်လမ်းတွဲ သို့မဟုတ် ရုပ်ရှင်ကားပင် ဖြစ်ပါက အမြင့်ဆုံးဆုကို ရနိုင်မည်မှာ သေချာလှသည်။



" ရုပ်ရှင်မရိုက်ရ‌တာတော့ နှမြောစရာပဲ ..."


ရှုလင်း ရေရွတ်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် နောင်တများဖြင့် ပြည့်နှက်နေသည်။


သူမနှင့် နောက်ဆုံးတစ်ခေါက်စကားပြောခဲ့စဉ်က သူမက ရုပ်ရှင်ရိုက်ရန် စိတ်မဝင်စားကြောင်း တွေ့ခဲ့ရသည်။


သို့သော် ဘေးနားတွင် တည်းဖြတ်နေသည့် ဝန်ထမ်းတစ်ယောက်က ရှုလင်းရေရွတ်လိုက်သည်ကိုကြားပြီး ပြောလိုက်သည်။

" ဆရာရှု ဒါလေးပြောပါရစေ ... ရှအန်းသာဆိုရင် နောက်အပိုင်းတွေမှာလည်း special effectမလိုဘူး ..."


ထိုဝန်ထမ်းက အလွန်စိတ်လှုပ်ရှားနေသည်။


" တကယ်လို့ ကျွန်တော်သာ ဗီဒီယိုတွေကို တည်းမဖြတ်ရရင် သူမရဲ့ လှုပ်ရှားမှာတွေကို အတုပဲ ထင်မိမှာ ..."


ရှအန်း၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်က ထိုကဲ့သို့ သွက်လက်ပြီး ခက်ခဲသော လှုပ်ရှားမှုများကို ပြုလုပ်နိုင်ခြင်းကြောင့် သူ့ကို အံ့အားသင့်စေခဲ့သည် ။


ဒီ အမျိုးသမီးစတားကဘယ်လိုလဲ ... သူက သေချာပေါက်ကို အမျိုးသမီး အေးဂျင့်ပဲ ...


" မဟုတ်ဘူး  ... ဒါက ရှအန်းကြောင့်ပဲ ... သူမကတော်လွန်းတော့ သူမရဲ့ကင်မရာရိုက်ချက်တွေကို နည်းနည်းပဲ တည်းဖြတ်ဖို့လိုတာ ..."


ရှုလင်း မျက်လုံးမှေးကျဉ်း၍ ဗီဒီယိုထဲမှ ရှအန်း၏ လှပသောမျက်နှာကိုသာမက သူမ၏စွမ်းရည်ကိုပါ ကြည့်နေမိသည်။ ယခုအချိန်တွင် သူ၏စိတ်ထဲတွင် အရောင်အသွေးမျိုးစုံဖြင့် သူမ၏ဗီဒီယိုကလစ်များဖြင့် ပြည့်နေသည်။


သူက ဒါရိုက်တာတစ်ဦးဖြစ်သော်ငြားလည်း အနုပညာအကယ်ဒမီမှ ဘွဲ့ရရှိထားသူဖြစ်၍ အရောင်အသွေးနှင့် ဖွဲ့စည်းမှုတွင် အာရုံခံကောင်းသူဖြစ်သည်။


သူမ၏ ဗီဒီယိုများကိုကြည့်လျက်  ဘောင်တိုင်းကို နှေးကွေးစေပြီး ပထမထုတ်လွှင့်မှုနောက်ပိုင်းတွင် ရှင်းလင်းပြတ်သားသော ဦးတည်ချက်ရှိကြောင်း ခံစားခဲ့ရသည်။


" ရှောင်ကျား ငါပြောသလို မြန်မြန်တည်းဖြတ်ပေးစမ်းပါ ... ပြီးရင်တည်းဖြတ်ထားတဲ့အပိုင်းတွေကို ထုတ်ဝေရေးအဖွဲ့ကို ပို့ပေး .."


ထုတ်ဝေရေးပိုင်းတွင်လည်း Come on Challenger ၏ ပထမပိုင်းကို ထုတ်ဝေရန် အလျင်စလို ကြိုးစားနေရသည်။


Come on Challenger ကြော်ငြာဌာနသည်လည်း ရှိုးတွင် ပါဝင်သူခြောက်ယောက်၏ ပိုစတာများပြုလုပ်ခြင်း  ရှိုး၏တရားဝင်ကြေငြာချက်အတွက် ပြင်ဆင်ခြင်းနှင့် ရှိုးပွဲဦးထွက်အတွက် ပြင်ဆင်မှုများဖြင့်  အလုပ်များနေကြသည်။


" ဝိုး ရှုယင်းတိက အရမ်း‌ချောတာပဲ ..."


" ရှအန်းရဲ့ ပိုစတာက ပြုပြင်ဖို့တောင် မလိုဘူး ... အရမ်းလှလွန်းတယ် ..."


" ငါ အရင်‌တုန်းက ဟယ့်ရှောင်ရှောင်ကို ချောတယ်ထင်ခဲ့တာ .. ဒါပေမဲ့ ရှအန်းနဲ့ ယှဉ်လ်ုက်ရင် သာမန်လူတစ်ယောက်လိုပဲ ..."