အပိုင်း ၈၂
Viewers 29k

Chapter 82


[ ဝိုး ... Come on Challenger ကို နောက်တစ်ပတ် အသံလွှင့်တော့မှာပဲ ... တရားဝင်ပိုစတာက တကယ်‌ကြည့်ကောင်းတယ် ]


[ တိတိကျကျပြောရရင် ဒါက ရှအန်းအတွက် တရားဝင်ပိုစတာ ဖြစ်သင့်တယ် ]


[ ရှအန်းရဲ့ တရားဝင် ကြေညာချက်ပိုစတာက ကြည့်ကောင်းတယ် +1]


[ ကြည့်ကောင်းတယ် +2]


[… + 10086 ]


  …


ပြင်းထန်သည့် ကြိုတင်ပြင်ဆင်မှုများပြီးနောက် ထုတ်ဝေရေးအဖွဲ့က Come on Challenger ၏ တရားဝင်ကြေညာချက်ပိုစတာကို အင်တာနက်ပေါ် တင်ခဲ့သည်။


ပိုစတာများ တင်ပြီးသည်နှင့် အင်တာနက်ပေါ်တွင်  လျင်မြန်စွာ ပျံ့နှံ့သွားပြန်သည်။


သို့သော် လူများအာရုံစိုက်သည်က ရှိုးကို မဟုတ်ပဲ ရှိုး၏ပထမပိုင်းတွင်ပါဝင်သည့် ရှအန်းကိုဖြစ်သည်။


တရားဝင်ကြေညာချက်ပိုစတာက အလွန်လှပသည်။  အရောင်ပြုပြင်ခြင်းနှင့် အထူးပြုလုပ်ချက်များ ပြုလုပ်ပြီးနောက် ထိုပိုစတာသည် ရိုးရိုးရှင်းရှင်းနှင့် လှပသည့် အနုပညာလက်ရာတစ်ခုဖြစ်လာသည်။


ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ကောင်းကာ အားလုံး၏အသည်းစွဲဖြစ်ရသူ ရှုကျင်းယန်ကိုပင် ရှအန်းက ကျော်တက်သွားခဲ့သည်။


ပိုစတာထဲတွင် ရှအန်းက အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး သေနတ်ကိုင်ထားသဖြင့် ဆွဲဆောင်မှုရှိပြီး အလွန်လှပနေသည်။


သို့သော် ဆွဲဆောင်မှုအရှိဆုံးအရာမှာ သူမ၏ ရုပ်ရည်မဟုတ်ပေ။ 


၎င်းက ကြယ်ပွင့်များ ရှိနေသည်ဟု ထင်ရသော သူမ၏ မျက်ဝန်းတစ်စုံဖြစ်သည်။ 


ထိုလှပသောမျက်လုံးများက အေးစက်သောစိတ်ထားများဖြင့် ပြည့်နှက်နေကာ ကမ္ဘာပျက်ကပ်နေ့ရက်များတွင် နေထိုင်ရသကဲ့သို့ ရှအန်းက်ိုး ကြောက်မက်ဖွယ်ကောင်းသော အော်ရာများဖြင့် ဝန်းရံထားသကဲ့သို့ ဖြစ်နေသည်။


ဖျော်ဖြေရေးအဝန်းအဝိုင်းအတွင်း လှပသောပန်းပွင့်ကဲ့သို့ များစွာသရုပ်ဆောင်ထားပြီးသည့်အတွက် ယခုအခါ သွက်လက်ပြီး အစွမ်းထက်သော  ရှအန်း၏ပိုစတာက စွဲမက်ဖွယ်ကောင်းစေသည်။


ထို့ကြောင့် ပိုစတာများ ထုတ်လွှင့်လိုက်မှုက လေပွေတစ်ခု ဖြစ်သွားပြီး အင်တာနက်ကွန်ရက်တစ်ခုလုံးမှ အသုံးပြုသူအားလုံး Come on Challengerနှင့် ရှအန်းအကြောင်း ဆွေးနွေးနေကြသည်။


[ ရုပ်သံလွှင့်မယ့်ရက်ကို မျှော်နေပြီ.... ]


[ ရှိုးရဲ့အလှပဆုံး ဧည့်သည်ရှအန်းကို မျှော်နေပြီ... ]


[ ပိုစတာက တကယ်ကြည့်ကောင်းတာပဲ...  ] 


[ မမေ့ကြနဲ့ဦး ဒါက အသက်ရှင်အောင်နေရတဲ့ ရှိုးနော် ပန်းအိုးသရုပ်ဆောင် ရှအန်းကတော့ ဖျက်ဆီးခံရမှာပဲ.... ]


[ သူမ ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ  ရှအန်း ဒီရှိုးကိုသွားတာတွေ့တော့ နည်းနည်းတောင် ဝမ်းနည်းသွားပြီ.... ]


[ ငါလည်းစိတ်ပူတယ် +1 ရှအန်းဒဏ်ရာရသွားမှာ မကြည့်ရက်ဘူး ရှိုးရဲ့စီစဉ်သူတွေ သူမကို ဂရုစိုက်ပေးကြပါ... ]


[ ရိုက်ကူးရေးအဖွဲ့က ရှအန်းကို ဂရုစိုက်ဖို့လိုတယ်.... ] 


  …


မကြာမီ အင်တာနက်ပေါ်တွင် လူရှာဖွေမှုအများဆုံး စာရင်းများ တက်လာသည်။


အဲ့ဒါကတော့ –


# Come on Challenger အစီအစဉ်နှင့် ရှအန်း #


# လှပပြီး အရောက်တောက်ပတဲ့ ရှအန်းကို ဝတ်စုံပြည့်နဲ့ မြင်ချင်နေပြီ #


အစီအစဉ် ဒုတိယပိုင်းကို ရိုက်ကူးပြီးသွား၍ ဘီမြို့သို့ ပြန်လာသော ဟန်ယွဲ့က အင်တာနက်ပေါ်မှ မှတ်ချက်များကို မြင်သွားသည်။ သူ မျက်ဆံလှန်လိုက်ပြီး စိတ်ထဲတွင် ကောင်းကင်ပေါ် ရောက်သွားသည်ဟုပင် တွေးနေမိသည်။


သူ၏စိတ်ထဲ တီးတိုးပြောနေမိသည်မှာ ...


ရှအန်း ဘယ်သူမှန်းတောင် မသိကြတဲ့ အင်တာနက်အသုံးပြုသူတွေက အခုဆိုရင် သူမ ဒဏ်ရာရမှာတောင် စိတ်ပူနေကြပြီပဲ ...


သူ အရာအားလုံးကို ရှင်းလင်းချင်သော်လည်း သူထံတွင် ထိုသို့စွမ်းရည် မရှိပေ။ 


သူက အနိုင်ကျင့်ရမယ့်အစား ရှအန်းကပဲ အနိုင်ကျင့်သွားတာ ဘယ်သူမှ မသိကြသေးဘူး ...


အကယ်၍ ဒုတိယမြောက်အစီအစဉ်က ဉာဏ်ရည်ပေါ် မူတည်သောကြောင့် ရှအန်းက သူ့ကို ဒုက္ခမပေးနိုင်မည့် ပိုးကောင်တစ်ကောင်ဟုသာ ထင်ခဲ့သည်။


သို့သော် ရှအန်း၏ မှတ်ဉာဏ်က ကောင်းလွန်းသည့်အတွက် ပေါက်ကွဲသွားနိုင်သည်ကိုပင် သိခဲ့ရပြီဖြစ်သည်။


ပါဝင်သူများ၏ မှတ်ဉာဏ်ကို စစ်ဆေးသည့်အခါ ရှအန်းက သူမ၏ သာမန်လူထက်ကျော်လွန်သော စွမ်းရည်များကို တစ်မိနစ်အတွင်း ပြသခဲ့သည်။  စက္ကန့်ပိုင်းအတွင်း ပါဝင်သူများနှင့် ဝန်ထမ်းများကို သတ်ပစ်နိုင်ခဲ့သည်။


သူမ အကြံဥာဏ်များနှင့် ရွှေများကို အလွယ်တကူ ရခဲ့သည်။  ကြိုးစားခဲ့သော်ငြား ခက်ခဲနက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။


ရလဒ်အနေဖြင့် နတ်ဆိုးရှအန်းက သာမန်အသိဉာဏ်ဖြင့် မသိနိုင်လောက်သည့် ဖဲချပ်များကို ထုတ်ခဲ့သည်။ သူမဖြေရှင်းနိုင်သောအရာများကို ပြေလည်အောင် ဖြေရှင်းခဲ့သည်။  သူမ တစ်ခုခုကို မဖြေရှင်းနိုင်သောအခါ  သေတ္တာကို ပြင်းပြင်းထန်ထန် ဖွင့်သည် ။


၎င်း‌က အားလုံးကို အံ့ဩပြီး စကားမပြောနိုင်ဖြစ်သွားစေသည်။  


သေတ္တာတွေကို သာမန်လူလို မဖွင့်တတ်တဲ့သူ ရှိမယ်မထင်ထားခဲ့ဘူး ...


အဘယ့်ကြောင့်ဆိုသော် ပဟေဠိများက ခက်ခဲကြောင်းသိသဖြင့် သေတ္တာများပေါ်တွင် သဲလွန်စမှတ်စုများ ရေးထားသည်။


ဒါပေမဲ့ ရှအန်းက မဖြေရှင်းနိုင်ရင်  သဲလွန်စမှတ်စုကိုတောင် မကြည့်ဘဲ သေတ္တာကို ချက်ချင်းကောက်ကိုင်ပြီး ဖွင့်လိုက်မယ်လို့ ဘယ်သူထင်မှာလဲ ...